အပြစ်မဲ့ပြည်သူတစ်ဦးကို ရိုက်နက်ဖမ်းဆီးပြီး ပိုက်ဆံနှင့်ပြန်ရွေးခိုင်း

ခွန်ကံလောင်သွေး | ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ်ရှိ ထီတယမ်အုပ်စု မြို့နယ်အမှုဆောင်ဗိုလ်ကြီးခွန်ကျော်နီနှင့် သူ၏အဖွဲ့ဝင် ၂ ဦးသည် ဒီဇင်ဘာလ ၁ ရက်နေ့ညတွင် အပြစ်ရှိသည်ဟု ခိုင်လှုံသော သက်သေအထောက်ထားများမရှိပဲ အပြစ်မဲ့ပြည်သူ ခွန်အေးကို အကြမ်းဖက် ဖမ်းဆီးရိုက်နက်သည်ဟု သိရသည်။

ဦးထုပ်ခြောက်လုံးစဉ်းစားတွေးခေါ်မှု သင်တန်း ဆီဆိုင်တွင်ဖွင့်လှစ်

နန်းဒီမိုကရေစီ (ဆီဆိုင်) | နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ ဆီဆိုင်မြို့နယ်တွင် ကောင်ရွေပအိုဝ်းလူငယ်ကွန်ရက်အဖွဲ့မှ ဦးထုပ်ခြောက်လုံးစဉ်းစားတွေးခေါ်မှုနှင့် လူ့အခွင့်အရေး၊ ရွေးကောက်ပွဲစနစ်သင်တန်းကို နိုဝင်ဘာ ၁၄ ရက် နောင်ကျောကျေးရွာအုပ်စု ပုံးလောင်းကျေးရွာ အောင်သုခကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

RCSS/SSA အဖွဲ့မှ နမ့်စန်ဒေသတွင် အတင်းအဓမ္မ တပ်သားစုဆောင်းနေ

ခွန်ရာဇာ (တောင်ကြီး) | နိုဝင်ဘာ ၂၆၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုတွင် ရွာကြီးလျှင် လူ ၅ ဦး၊ ရွာသေးလျှင် ၃ ဦးဖြင့် RCSS/SSA လက်နက်ကိုင်အဖွဲ့အစည်းမှ အတင်းအဓမ္မ စစ်သားစုဆောင်းနေကြောင်းကို နိုဝင်ဘာ ၉ ရက်နေ့တွင် ဒေသခံများပြောပြချက်အရ သိရှိရပါသည်။

ဂျူနီဗာမြို့တွင် ကလေးစောင့်ရှောက်ရေးစာချုပ် ပအိုဝ်းအဖွဲ့ (PNLO) လက်မှတ်ရေးထိုး

ခွန်သွီးပအိုဝ်းခမ်းကောင် | နိုဝင်ဘာ ၂၆ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ဆွစ်စလန်နိုင်ငံ ဂျူနီဗာမြို့တွင် ဂျူနီဗာကောအဖွဲ့မှ ပြုလုပ်သောတတိယအကြိမ်အစည်းဝေးတွင် လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း ကလေးသူငယ်စောင့်ရှောက်ရေးသဘောတူစာချုပ်ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်း တက်ရောက် လက်မှတ်ရေးထိုးခဲ့ကြောင်း နိုဝင်ဘာ၂၃ ရက်နေ့တွင် သိရသည်။

ကြီးနိုင်ငယ်ညှင်းတဲ့တိုင်းရင်းသားတော်လှန်တော်ရေးနှင့် ပအိုဝ်းအမျိုးသားညီလာခံသို့

စါင်ဖါအောင် နှင့် ဗွေစါင်ပေ | အမြင်ဆောင်းပါး
နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

စာရေးသူအနေနှင့် ဗွေစါင်ပေ နှင့် မတွေ့ဖြစ်သည်က တကြောင်း၊ သတင်းအရင်းအမြစ် ဖြစ်သော ပအိုဝ်းလူကြီးများ အလုပ်ရှုပ်နေ၍ မဆုံဖြစ်ကြသည်က တကြောင်း တို့ကြောင့် “အမျိုးသားခေါင်းဆောင်ဆိုသည်မှာ” ဆောင်းပါး နောက်ပိုင်း စာမရေး ဖြစ်ခဲ့ပါ။ ယ္ခု မြေပြန့်ဒေသ ပအိုဝ်းအမျိုးသားတို့၏ ညီလာခံဆိုင်ရာ နှီးနှောဖလှယ်ပွဲတရပ် ကျင်းပမည်ဟူသော ထုတ်ပြန်ကြေငြာချက်ကို ဖတ်ရှုရသဖြင့် ဤဆောင်းပါးကို အချိန်မီရေးသားရန် စိတ်ကူးရလာခြင်းဖြစ်သည်။

ငါးမန်းဂိမ်းလောင်းကစားဝိုင်း လူငယ်များဘ၀ကို ခြိမ်းခြောက်နေ

ခွန်နဂါးဗွာ | နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်


တောင်ကြီးမြို့တွင် ခေတ်စားနေသော ငါးမန်းဂိမ်းလောင်းကစားဝိုင်းသည် ဥပဒေမဲ့ဖွင့်လျစ်နေခြင်းပြီး တက္ကသိုလ်ကျောင်းသားများ၊ လက်လုပ်လက်စားပြည်သူလူထုများကို ဘဝပျက်အန္တရာယ်ပြုသော လောင်းကစားဝိုင်းများကြောင့် အိမ်ပေါင်၊ ကားပေါင်သည့်အပြင် မြို့ပြနှင့် ကျေးရွာများအတွင်း သူခိုးများ ပေါများလာသည့်အဆင့်ဖြစ်နေကြောင်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ပြည်သူ့ရဲတပ်ဖွဲ့မှ ပစ်သတ်လိုက်သောဟိုးပုံးမြို့နယ် ကြားဖြူပါတီ ဒုဥက္ကဌဦးလုံးရွှေအား အမှုမှန်ပေါ်ပေါက်ရန် သတင်းစာရှင်းလင်းပွဲပြုလုပ်

ခွန်ရာဇာ (တောင်ကြီး) | နိုဝင်ဘာလ ၇ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖါလဲကျေးရွာနေ ကျားဖြူပါတီ ဟိုပုံးမြို့နယ် ဒုဥက္ကဌ ဦးလုံးရွှေသည် စက်တင်ဘာ၁၂ ရက်နေ့တွင် ဟိုပုံးပြည် သူ့ရဲတပ်ဖွဲ့ဝင်က ပစ်သတ်ကာသေဆုံးမှုကို အမှုမှန်ပေါ်ပေါက်စေရန် နိုဝင်ဘာ၇ ရက်က တောင်ကြီးမြို့ မြို့မရပ်ကွက်ရှိ ကျားဖြူပါတီရုံးတွင် သတင်းစာရှင်းလင်းပွဲကျင်းပကြောင်း သိရသည်။

ဒီမိုကရေစီအပြောင်းလဲကာလမှာ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ရွေးကောက်ပွဲအတွက် တိုင်းရင်းသားများ စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ခွန်ရာဇာ (တောင်ကြီး) | နိုဝင်ဘာလ ၃ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်



American cannot be bluffed by the Burmese Generals

Kanbawza Win | 3 November 2014 | Taunggyi Time

The U.S. has imposed sanctions on Burmese lawmaker and businessman linked to attacks on the country’s democratic opposition. The sanctions, announced just come days before President Barack Obama is scheduled to visit Burma, as part of a gathering of regional leaders. The sanctions will require U.S.-connected firms and individuals to freeze the assets of Aung Thaung, a current member of Burma’s lower house of parliament and former industry minister and army officer. [1]

ဘိန်းနွံတွင်းက ငိုရှိုက်သံ - အစီရင်ခံစာအပြည့်အစုံ

မြန်မာနိုင်ငံအစိုးရ ဘိန်းတိုက်ဖျက်ရေးစီမံကိန်းမှာ အာဏာပိုင်ဝန်ထမ်းများ အဂတိလိုက်မှုနဲ့ အကျင့်ပျက်ခြစားခြင်း၊ ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းတိုက်ဖျက်ရေး စီမံကိန်းကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်အကျိုးဆက်များ၊ လူထုများဘိန်းစိုက်ပျိုးလာရသည့် အကြောင်းအရင်းများနဲ့ အစိုးရရဲ့ဘိန်းပပျောက်ရေးစီမံကိန်း မအောင်မြင် ရတဲ့ အကြောင်းအရင်းများကို သုတေသနပြုလုပ်ထားတဲ့ “ဘိန်းနွံတွင်းက ငိုရှိုက်သံ“ ဆိုတဲ့ အစီရင်ခံစာ တစ်စောင်ကို ပအိုဝ်းလူငယ်အစည်းအရုံး (PYO) နဲ့ တောင်တန်းဒေသ လူမှုဖွံ့ဖြိုးရေး လှုပ်ရှားဆောင်ရွက်မှုအဖွဲ့(AHLSD) တို့မှ ပူးတွဲပြီးတော့ လွန်ခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ဝေခဲ့ပါတယ်။ 

အဲဒီ အစီရင်ခံစာ အပြည့်အစုံကို အောက်ပါ links များအတိုင်း သွားရောက် လေ့လာဖတ်ရှုနိုင်ရန် ဝေငှလိုက်ပါတယ်။

၁) ဘိန်းနွံတွင်းက ငိုရှိုက်သံ - မာတိကာ ခေါင်းစဉ်အကျဉ်း
၂) ဘိန်းနွံတွင်းက ငိုရိုက်သံ - အစီရင်ခံစာ အပြည့်အစုံ

ကျောင်းသားများအပေါ်ရိုက်နက်မှုကြောင့် ဒဏ်ရာရရှိပြီး မိဘများမကျေနပ်ဖြစ်

ခွန်ရာဇာ (တောင်ကြီး) | အောက်တိုဘာ ၂၅ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



Myanmar’s Step Father and Step Son?

Kanbawza Win | 25 October 2014 | Taunggyi Time

According to the Burmese saying the people of the country are the father and mother of the Tatmadaw (ပြည်သူလူထုသာလျှင် တပ်မတော်၏ မိနှင့်ဘ) but this has changed since 8888 democratic uprising when the Tatmadaw (military) takes over. The Tatmadaw has unwittingly opted for a Step father (ဘထွေး) after way siding its biological father.[1]

ယင်းကြားတိုင်းရင်းသားများကို RCSS/SSA က တပ်သားအဓမ္မစုဆောင်း

ရှမ်းတောင်သား | အောက်တိုဘာ ၂၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



RCSS/SSA ထောင်မိုင်း နှင်းမိ၍ ရွာသားနှစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ထွက်ဇောတိက | အောက်တိုဘာ ၁၈ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

၂၀၁၄ အောက်တိုဘာလ (၁ရ) ရက်နေ့ မနက်ပိုင်း (၈) နာရီအချိန်တွင် မောက်မယ်မြို့နယ်၊ ကန္တူကြီးကျေးရွာအုပ်စု၊ နမ်းပတက်ရွာနေ အမျိုးသမီး (၄) ဦးနှင့် အမျိုးသား (၁) ဦး ရွာအနောက်ဘက်တွင် တောင်ယာသွားစဉ် ထောင်မိုင်းနှင်းမိပြီး နန်းထွဉ်း ပွဲချင်းသေးဆုံးပြီး၊ နန်းအုံးရွှေ က ဒဏ်ရာပြင်းထန်သဖြင့် ညနေပိုင်း ၄ နာရီ မိနစ် ၃၀ အချိန်တွင် သေဆုံးခဲ့ကြောင်း သိရသည်။ ကျန်ရှိသည့်အမျိုးသမီး (၂) ဦးဖြစ်သော မွိုးနွတ်နှင့် နန်းမွံတို့နှစ်ဦးက ဒဏ်ရာရခဲ့သော်လည်း အသက်အန္တာရယ် စိုးရိမ်သည့်အခြေအနေ မရှိပေ။

လူမျိုးနှစ်မျိုးကြား တိုက်ပွဲမဟုတ်ပါ

အမြင်ဆောင်းပါး | ခွန်သွီးပအိုဝ်းခမ်းကောင်
အောက်တိုဘာ ၉ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့် RCSS/SSA လက်နက်ကိုင်အဖွဲ့နှင့် PNLO/PNLA လက်နက်ကိုင်နှစ်ဖွဲ့ကြား နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲဖြစ်ပွားရသည်ဟု သိရသည်။ ထိုတိုက်ပွဲကြောင့် နှစ်ဘက်ထိခိုက်နှစ်နှာမှုများ ရှိခဲ့သည်ဟု သိရသည်။ PNLO တပ်ဖွဲ့မှ တပ်သားနှစ်ဦး ကျဆုံးကာ ကားနှင့်အဆောင်းအဦးများကို လက်နက်ကြီးများထိမှန်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ RCSS/SSA ဘက်မှ ငါးဦးကျဆုံးပြီး ဒဏ်ရာအပြင်းအထန်ရရှိကာ စုစုပေါင်း ၂၂ ဦးကျခန့် ဆုံးမည်ဟု သိရသည်။

လူမျိုးနဲ့စာပေ ပျောက်ဆုံးခြင်းနိဒါန်း

ခိုင်လင်း(မေဃ၀တီ) | အောက်တိုဘာ ၇ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

ကိုယ့်အမျိုးသားယဉ်ကျေးမှုတွေနေရာမှာ အခြားယဉ်ကျေးမှုတွေက လွှမ်းမိုးအား ကြီးမားလာတာနဲ့ အမျှ ကိုယ်ပိုင်ယဉ်ကျေးမှုတွေ တစတစ ပျောက်ဆုံးသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် မိမိရဲ့ အမျိုးသားယဉ်ကျေးမှုတွေကို အမျိုးသားရေးအသိစိတ်ဓါတ်နဲ့ ထိမ်းသိမ်းကာကွယ်တတ်ကြပါတယ်။

အရပ်သားကားတစ်စင်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ တစ်ဦးသေ လေးဦးဒဏ်ရာရ

ထွက်ဇောတိက | အောက်တိုဘာ ၇ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

RCSS/SSA Soldiers
သြဂုတ်လ (၆) ရက်နေ့ မနက် (၈) နာရီအချိန်က မောက်မယ်မြို့နယ်၊ ဟိုနမ်းကျေးရွာအုပ်စုမှ ထီဖက်နမ်ရွာနှင့် နမ်းယန်းရွာကြားမှာ ဟိုနမ်းရွာမှ ပြန်လာတဲ့ ဟိုက်လက်တိုက်ကားတခန်းခွဲ ကားတစ်စင်းကို မိုင်းခွဲတိုက်ခိုက်ခံရပြီး ကားပေါ်ပါလာသော နောင်မီရဲရွာသား တမြင့်က ပွဲချင်းပြီး သေဆုံးကာ ကျန် (၃) ဦးက ဒဏ်ရာများရရှိပြီး ဟိုနမ်းကျေးရွာအုပ်စု ဆေးပေးခန်းသို့ တင်ထားခဲ့ရတယ်လို့ သိရပါတယ်။


A BURMESE PERSPECTIVE: Will the Foreign Policy Success of Obama place Burma in the Proxy Hot War?

By Kanbawza Win | 25 August 2014 | Taunggyi Time

President’s Obama’s foreign policy struggles in Afghanistan, Iraq, Libya, Syria, Palestine and most of the Middle East, not to mention Ukraine and the Pacific rim nations is a cause for “a palpable sense of disappointment on the world stage as well.”[1] Having failed elsewhere in the world, Obama finds his foreign policy assailed by critics, and his legacy on the global stage in doubt. [2] Details of Secretary of State John Kerry’s talks with both Thein Sein and Daw Aung San Suu Kyi were kept Hush even though Kerry offered a slightly more critical assessment in remarks at the East-West Center in Honolulu following his trip to Burma, with the remark that in the end the leadership will have to make the critical choices.[3]

ခြောက်တိုင်းကြောက်မဲ့ပြည်သူ မဟုတ်တော့ပါ

အမြင်ဆောင်းပါး | ခွန်သွီပအိုဝ်းခမ်းကောင်
သြဂုတ်လ ၁၉ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံသည် နှစ်ပေါင်းငါးဆယ်ကျော် စစ်အာဏာရှင်၏ဖိနှိပ်မှုကို ကြုံလာခဲ့ခြင်းဖြစ်ပြီး ၂၀၁ဝ နောက်ပိုင်းတွင် ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးလာခဲ့သည်။ အပြည့်အဝ ဒီမိုကရေစီမဟုတ် သော်လည်း အသင့်သင့်ပြောင်းလဲကျင်းသုံးနေသည်ကို တွေ့ရသည်။

ပအိုဝ်းနှင့် ရှမ်းလက်နက်ကိုင်အဖွဲ့အကြား အမြင်လွဲမှားမှုဖြစ်ပွား


ခွန်သွီပအိုဝ်းခမ်းကောင် | သြဂုတ်လ ၁၁ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/ PNLA) တို့ တော်လှန်ရေး လက်နက်ကိုင်အချင်းချင်း အမြင်လွဲးမှားမှုရှိကြောင်း တောင်ကြီးတိုင်းမ်မှ လက်ခံရရှိသည့် ၎င်းတို့အပြန်အလှန်ပေးစာအရ သိရသည်။

(၂၆) နှစ်မြောက် ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနား တောင်ကြီးမြို့တွင်ကျင်းပ

ခွန်ကံလောင်သွေး | သြဂုတ်လ ၁၁ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

(၂၆) နှစ်မြောက် ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားတရပ်ကို ၈၈ မျိုးဆက်နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းများမှ ဦးဆောင်ပြီး တောင်ကြီးမြို့ စိန်ပန်းရပ်ကွက် လောကမာန်အောင် ဘုန်းတော်ကြီးကျောင်းတွင် သြဂုတ်လ ၈ ရက်နေ့ ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြေယာသိမ်းဆည်းမှုဖြေရှင်းပေးရေး ကျေးရွာပေါင်းစုံတောင်သူများ စုပေါင်းဆန္ဒပြ

နှင်းသစ္စာ (တောင်ကြီး) | သြဂုတ်လ ၈ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



ရပ်စောက်မြို့တွင် မြေယာသိမ်းဆည်းခံရသည့်တောင်သူုများ ဆန္ဒပြဖော်ထုတ်

ဝါးတိန်လောဝ်း | သြဂုတ်လ ၈ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ရပ်စောက်မြို့နယ်၊ ငါးကြောင်းကျေးရွာအုပ်စု၊ ယမ်းတွင်းရွာရှိတောင်သူများသည် စိုက်ပျိုးရေးစရိတ် ချေးငွေတိကျမှန်ကန်စွာ ရရှိရေး တိုင်ကြားထားသော မြေယာကိစ္စ အမြန်ဆုံးဆောင်ရွက်ပေးရေး၊ ကျေးရွာချေးငွေ စီစစ်ရေးအဖွဲ့ကောက်ခံမှု ရပ်ဆိုင်းရေး၊ ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီများ ထားရှိရန် အလိုမရှိသောကြောင့် ရွာထိပ်ဘောလုံးကွင်းမှ ဓမ္မာရုံထိ ၂၀၁၄ ခုနှစ် သြဂုတ် ၂ ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ဆန္ဒုထုတ်ဖော်သွားကြောင်း သိရသည်။

ငွေအလွဲသုံးစားမှုကြောင့် စုံစမ်းမှုပြုလုပ်ပေးရန် သတင်းစာရှင်းလင်းပွဲပြုလုပ်

ခွန်ရာဇာ (တောင်ကြီး) | သြဂုတ်လ ၈ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်



Will Business Always Over-rules the Conscience?

By Kanbawza Win | 8 August 2014 | Taunggyi Time

With John Kerry landing in Nyapydaw this Saturday, whatever lingering moral authority remaining in the administration of President Barack Obama may fell to dust. In a country like Burma; one is immediately struck by the staggering glibness that tore a great many people to pieces, among them many innocents, particularly the non Myanmar ethnic nationalities.

Is Burma Better or Worse?: Between the Visit of President Obama and Secretary of State John Kerry

By Kanbawza Win | 5 August 2014


US Secretary of State John Kerry in attending the ARF (ASEAN Regional Forum)

ရန်ကုန်မြို့ပအိုဝ်းဘုန်းကြီးကျောင်းများသို့ ပအိုဝ်းတက္ကသိုလ်ကျောင်းသူ/သားနှင့် မိသားစုများ စုပေါင်းကန်တော့

နန်းခမ်းဟွမ်နွိုး | သြဂုတ်လ ၄ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



ပအိုဝ်းတစ်အိုဝ်းရှိဖို့ဆို စာမူတစ်မူဖြစ်ဖို့လို

အမြင်ဆောင်းပါး | ခွန်သန်းအောင်
သြဂုတ်လ ၄ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

“ပအိုဝ်း တအိုဝ်းထဲရှိဖို့လိုသည်“ ဆိုသည့် စကားအရ၊ စာအရ ခဏခဏ ကြားဖူးမှတ်ဖူးသည်။ သို့သော် ထိုစကား ဆိုသောသူသည် ပအိုဝ်းစာမူ တမူဖြစ်ရေးကို တွေးဖူးပါသလား။ စဉ်းစားဖူးပါသလား။

ဒဲဉ်သီးဗွေကွင်းအစည်းဝေးမှ ပအိုဝ်းတစ်မျိုးသားရေးဆီသို့

အမြင်ဆောင်းပါး | ခွန်သွီးပအိုဝ်းခမ်းကောင်
သြဂုတ်လ ၃ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

သမိုင်းစဉ်လာအရ စည်းလုံးမှုအားကောင်းနေသော ပအိုဝ်းအမျိုးသားများသည် နိုင်ငံရေးပြောင်းလဲမှု ဖြစ်ပေါ်လာသည်နှင့်အမျှ စည်းလုံးမှုပျက်ပြာလာပြီး အဖွဲ့အစည်းများလည်း ထင်မြင်ယူဆခြင်း ကွဲပြားလာသည်ကို တွေ့ရသည်။ စုစည်းရန် ပေါင်းစည်းရန် စသည့်များကို ဘယ်နည်းဘယ်ပုံ ပြန်လည်ပေါင်းစည်းနိုင်ဖို့ အဖြေရှာရန် အလွန်ခက်ခဲနေသည်ဟု ထင်မိသည်။

ရှမ်းပြည်တောင်ပိုင်း လူငယ်ကွန်ယက်ဖွဲ့စည်း

ခွန်ထူးလွေခမ်း (တောင်ကြီး) | ဇူလိုင် ၃၀၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်



မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ရှမ်းပြည်နယ်တွင် ဦးစီးကျင်းပသော “လူငယ်နှင့် ငြိမ်းချမ်းရေး Forum“ အပေါ် အမြင်သဘောထားနှင့် ထုတ်ပြန်ကြေညာချက်

ဇူလိုင် ၂၉ ရက်၊ ၂၀၁၄ ခု

မြန်မာ့ငြိမ်းချမ်းရေးစင်တာ Myanmar Peace Centre (MPC) မှ ဦးစီးကျင်းပသော “လူငယ်နှင့်ငြိမ်းချမ်းရေးဖိုရမ်” အပေါ် ရှမ်းပြည်နယ်အတွင်းရှိ ပါတီများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ အရပ်ဖက်လူအဖွဲ့အစည်းများနှင့် လူငယ်အဖွဲ့အစည်းများ၏ သဘောထားအမြင်များ။

ဝင်းယရွာတွင် PNA စစ်သားများ ရွာသားကို ဖမ်းဆီးပစ်ခတ်မှုဖြစ်

ခမ်းသားခွန် | ဇူလိုင်လ ၂၈ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်



ပဒေသရာဇ်ကိုတော်လှန်ခဲ့သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) သည် ပဒေသရာဇ်စနစ်၏ အမွေကိုဆက်ခံနေသလား

အမြင်ဆောင်းပါး | ခွန်ထီးခမ်း နှင့် သထွုံးပေးခွန်
ဇူလိုင် ၂၀ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

တော်လှန်ရေးဟုဆိုရာတွင် မနှစ်သက်သော စနစ်တစ်ခုမှ အများလက်ခံသော စနစ်တစ်ခုသို့ ပြောင်းလဲရန်အတွက် လက်နက်အင်အား၊ ပြည်သူအင်အား၊ အတွေးအခေါ်သစ်များဖြင့် စုပေါင်းပြီး မနစ်သက်သော စနစ်ကို အန်တုကာ အမြစ်ဖြုတ်ခြင်းဖြစ်သည်ဟု စာရေးသူက လက်ခံယူဆပါသည်။

မဟာသန္တိသုခအရေး (သို့မဟုတ်) ဂုဏ်သိက္ခာ မာန်မာနတွေ အားပြိုင်တဲ့ ပွဲတစ်ခုလား

အမြင်ဆောင်းပါး | ရဝေသျှင် (မြိုင်နန်းမြေ)
ဇွန်လ ၂၀ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ခုတလော အွန်လိုင်းမှာ ပေါ်ပြူလာအဖြစ်ဆုံး လူအများ စိတ်အ၀င်စားဆုံးနဲ့ လူပြောအများဆုံးကတော့ မဟာသန္တိသုခ သတင်းပါပဲ။ အဲဒီဖြစ်ရပ်ကြောင့် သံဃာအချင်းချင်း စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောကြသလို သံဃာနဲ့ပြည်သူလဲ စိတ်ဝမ်းတွေကွဲလာနိုင်တယ်လို့ တော်တော်များများ ရေးသားကြတာကိုလဲ တွေ့ရပါတယ်။ အဲဒီရေးသားချက်တွေကို မမှန်ဘူးလို့တော့ ငြင်းချက်မထုတ်လိုပါဘူး။ ဒါပေမယ့် စိတ်ထဲမှာ သတိပြုမိတာက အဲဒီဖြစ်ရပ်ကြောင့် ပဋိပက္ခဖြစ်ပွားလာမှာထက် အဲဒီဖြစ်ရပ်ကို ရေးပြထားတဲ့ သတင်းအရေးအသားတွေကြောင့် ပဋိပက္ခကို ပိုပြီးတွန်းအားပေးနေတယ်လို့ ထင်မြင်မိတယ်။ မီးထက် လောင်စာက ပိုကြောက်စရာ ကောင်းတတ်လို့ပါ။ ဒီလိုပြောလိုက်တော့ တစ်ချို့က ပြောကြလိမ့်မယ်။ မဟန ဘက် ပါတယ်။ အစိုးရလက်ကိုင်တုတ် အစရှိသဖြင့်ပေါ့။

(အွိုင်း)ခေါ် PNO လူကြီးက စစ်သားခေါ်ပြီး ရွာသားကို ဖမ်းဆီးရိုက်နက်

ခွန်ရာဇာ (တောင်ကြီး) | ဇွန်လ၉ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု လဲင်းနျားကျေးရွာနေ ဦးပန်း၊ ထီမန်းကျေးရွာနေ ဦးပေနှင့် ထီဟန်းထွိုင်းရွာနေ ဦးသူရိန်တို့ကိုဇွန် ၁၅ ရက်နေ့တွင် (အွိုင်) ခေါ် PNO လူကြီးက မကျေနပ်မှုတစ်ခုဖြင့် ဥပဒေမဲ့ လာရောက်ရိုက်နက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဇွန် ၁၈ ရက်တွင် စုံစမ်းသိရှိရသည်။

လူငယ် နှင့် တက္ကသိုလ်ကျောင်းသူ/သားများအတွက် လူငယ်များကယ်တင်ခြင်း ဖြစ်သော “Youth Class” အတန်း စသည်ခြင်း။

ကောင်ရွေလူမှုလုပ်ရှားဆောင်ရွက်ရေးကွန်ယက်သည် ၂၀၁၀ ခုနှစ်မှစတင်ပြီး တက္ကသိုလ်ကျောင်းဖွင့်ချိန် First Semester နှင့် Second Semester ကာလတွင်တက္ကသိုလ်ကျောင်းသသူ/သားများအတွက် အင်္ဂလိပ် စာနှင့် အခြားလူမှုရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးရေး၊ ပညာရေး ၊ နိုင်ငံခြားပညာတော်သင်အခွင့်အလမ်းများစည့် အထွေထွေ ဗဟုသုတများကို လေ့လာနိုင်ရန် Youth Class ဆိုသော ခေါင်းစဉ်ဖြင့် လူငယ်များအတွက် နေရာတစ်ခု ဖန်တီးပေးနေပါသည်။

ပြန်လည်လုပ်ကိုင်ခွင့်ရမြေယာကို အေဒင်ကုမ္ပဏီမှာလာကန့်ကွက်

နန်းဒီမိုကရေစီ | မေလ ၃၁ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ဂေါက်ကွင်းအနောက်ဘက်ရှိ နောင်အင်ရွာသားများ ပိုင်ဆိုင်သော မြေယာများကို အမှတ်(၂) စစ်တပ်က ၂၀၀၄ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး ယခုအခါ မြေယာအချို့ကို ပြန်လည်လုပ်ကိုင်ခွင့်ပေးသော်လည်း မေလ ၂၈ ရက်နေ့တွင် မြေယာ ပိုင်ရှင်ဖြစ်သူ ဦးခွန်တပိုးက ပြန်လည်လုပ်ကိုင်ရာ အမည်မသိသူတချို့က လာကန့်ကွက်ကြောင်း သိရသည်။

၄၃၆ ကို ပြင်ဆင်ရန် NLD နှင့် ၈၈ မျိုးဆက်အဖွဲ့အစည်းတို့ဆွေးနွေး

နှင်းသစ္စာ (တောင်ကြီး) | မေလ ၃၁ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



လူးဖဲုင်းခေါ် ပအိုဝ်းရိုးရာမီးရှူး (ဒုံး) ပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပြီး လက်ပြတ်ဒဏ်ရာရရှိ


နန်းဟွမ်စု (ပင်လောင်း) | မေလ ၃၀ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တင်းထက်ရွာတွင် လူအများက လူးဖဲုင်းခေါ် ပအိုဝ်းရိုးရာ မီးရှူး (ဒုံး) ပြုလုပ်နေစဉ် မတော်တဆကြောင့် မီးရှူး(ဒုံး) ပေါက်ကွဲပြီး လူတစ်ယောက်ဒဏ်ရာရရှိကြောင်း သိရသည်။

နယ်နိမိတ်နှင့် မြေယာပြဿနာ အထွေထွေအုပ်ချုပ်ရေးမှူးကွင်းဆင်းလေ့လာ

ခွန်ရာဇာ (တောင်ကြီး) | မေလ ၃၀ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



(၁၄) ရာစု မြောက်ဦးနန်းတော်ကို သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

အမြင်ဆောင်းပါး | ခိုင်လင်း (မေဃ၀တီ)
မေလ ၂၃ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ရခိုင်ပြည်လွှတ်တော်က မြောက်ဦးနန်းတော် ပြန်လည်တည်ဆောက်ရေးကို တညီတညွတ်တည်း ဆုံးဖြတ်လိုက်တဲ့ သတင်းက သမိုင်းအမြင်အရ တုန်လှုပ်စေခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်သမိုင်းပညာရှင်တွေ ၊ ရခိုင်သမိုင်းကို တန်ဖိုးထား သူတွေရဲ့  ကန့်ကွက်မှုကြောင့် ပျက်ပြယ်သွားနိုင်ကောင်းပါရဲ့ လို့ တွေးခဲ့ပါတယ်။ သို့သော် တလကျော်လာသည့်တိုင် ကန့်ကွက်တဲ့သတင်းတွေ မကြားရတဲ့အခါ သမိုင်းအမြင်အရ ကျွန်တော့်ရဲ့  တုန်လှုပ်ခြောက်ခြားမှုကို ရခိုင်လူထုအား တင်ပြဖို့ လိုအပ်တယ်ဆိုတဲ့ အသိနဲ့ သမိုင်းရှုထောင့်က တတ်သလောက် တင်ပြပါ့မယ်။


ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာတွင် အမျိုးသမီးကဏ္ဍဆွေးနွေးပွဲ ကျင်းပပြုလုပ်

စင်လေခမ်း (နောင်မွန်) | မေလ ၂၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စုတွင် ရှမ်းပြည်မျိုးဆက်သစ်အဖွဲ့မှ ဦးဆောင်သော အမျိုးသမီးများကဏ္ဍ ဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်၊ မေလ ၁၀ ရက် မှ ၁၂ ရက်နေ့ထိ ဟိုနောင်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သွားကြောင်း သိရသည်။

နိုင်ငံခြားအလုပ်သွားလုပ်ရန် လ၀ကရုံးတွင်မှတ်ပုံတင်ပြုလုပ်သူ များပြား

စင်လေခမ်း (နောင်မွန်) | မေလ ၂၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ်အတွင်း နေထိုင်သောပြည်သူလူထုများသည် ပြည်ပနိုင်ငံသို့ အလုပ်သွားလုပ်ရန် ဆီဆိုင်မြို့ လ၀ကရုံးတွင် အမျိုးသား အများအပြား မှတ်ပုံတင်လာပြုလုပ်ကြကြောင်း သိရသည်။

ဘန်းယဉ်ရဲစခန်းတွင် ရဲဘော်စုဆောင်းရေးပြုလုပ်

စင်လေခမ်း (နောင်မွန်) | မေလ ၂၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ရဲစခန်းမှ ရဲအရာရှိများနှင့်ရဲအဖွဲ့ဝင်များသည် ဘန်းယေဉ်ရဲစခန်းတွင် တာဝန်ထမ်းဆောင်ရဲဘော်များနည်းပါးနေသဖြင့် နောင်မွန်ကံသာဦး လူငယ်များအား ကံသာဦးဘုန်းကြီးကျောင်း၌ ရဲဘော်စုဆောင်းရေးလုပ်ငန်းကို ၂၀၁၄ မေလ ၁ ရက်နေ့တွင် ပြုလုပ်ကြောင်း သိရသည်။

၂ဝ၁၅ နီးလေ ပအိုဝ်းပြည်သူများ ပိုပြီးရင်လေးလေ

အမြင်ဆောင်းပါး | ခွန်ရာဇာ (တောင်ကြီး) |
မေလ ၁၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ခေတ်စနစ်အရ နိုင်ငံရေးသည် လွှတ်တော်နိုင်ငံရေးဘက်သို့ ကူးပြောင်းလာပြီး ပြည်သူလူထုသည် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေပြီ ဖြစ်သည်။ အာဏာရှင်ဆန်ဆန် ကျင့်သုံးနေသော အုပ်ချုပ်သူအချို့က ရှိနေပါ သေးသည်။ အပြန်အလှန်ထိန်းညှိရန် လိုအပ်ပေသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်စောင်း အုပ်ချုပ်ခြင်းသည် ပြည်သူအတွက် နှစ်နှာမှုများပြီး တိုင်းပြည်အေးချမ်းမှုကိုလည်း ရရှိစေမည်မဟုတ်ပေ။

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဘယ်မှာလဲ

အမြင်ဆောင်းပါး | ခွန်သွီးပအိုဝ်းခမ်းကောင်
မေလ ၁၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားများသည် သုဝဏ္ဏဘူမိသထုံပြည်တွင် သမိုင်းစဉ်ဆက်အရ မင်းမျိုးနွယ်ဖြစ်ခဲ့ပါသည်။ ဗုဒ္ဓဘာသာအရင်ကိုးကွယ်ခဲ့သော လူမျိုးတစ်မျိုးဖြစ်ခဲ့သည်။ ကိုယ့်ထီးကိုယ့်နန်းဖြင့် တည်ရှိခဲ့သော်လည်း ခွန်မနုဟာမင်းလက်ထက်တွင် ပုဂံမင်းအနော်ရထာက ထီးနန်းသိမ်းပိုက်ပြီးချိန်ကစပြီး ပအိုဝ်းတိုင်းရင်းသား များသည် တကွဲတပြားဖြစ်ခဲ့ရသည်။ ရေကြည်ရာမြက်နုရာပြောင်းရွေ့နေထိုင်လာပြီး ကမ္ဘောဇတိုင်းခေါ် ရှမ်းပြည်တောင်ပိုင်းသို့ ပြောင်းရွေ့နေထိုင်သည်က အများစုပင်ဖြစ်သည်။ ထို့အပြင် နဂိုမူလနေထိုင်နေသော ပအိုဝ်းလူမျိုးလည်း ရှိခဲ့ပါသည်။ ၎င်းကို သံလွင်မြစ်အရှေ့ဘက်ကျွန်းတွင် နေထိုင်သောပအိုဝ်းလူမျိုးသည် ကွန်လုံပအိုဝ်းဟု ခေါ်သည်။

ဟိုပုံးမြို့မဆည်တွင် မိန်းကလေးတဦး ရေနှစ်သေဆုံး

နန်းခမ်းဟွမ် (မဲုင်းကောင်) | မေလ ၁၂ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

ဟိုပုံးမြို့မြို့မဆည်တွင် အသက် ၁၀ နှစ်ခန့်ရှိသော မိန်းကလေးတစ်ဦးသည် မေလ ရက်နေ့တွင် ရေချိုးရာမှ ရေနစ်သေဆုံးသွားကြောင်း သိရသည်။

ပအိုဝ်းအမျိုးသမီးသမဂ္ဂရုံးတွင် ပအိုဝ်းမီးသားစုတွေဆုံဆွေးနွေးပွဲ ကျင်းပ

ခွန်မွိုင်ကြွိုင် | မေလ ၁၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



ပုလဲရတု ပအိုဝ်းစာပေပြန့်ပွားရေးနှင့် ဆရာဖြစ်သင်တန်းဆင်းပွဲပြုလုပ်

နန်းခမ်းဟွမ်နွိုး (တောင်ကြီး) မေလ ၁၀ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



အရှုပ်အထွေးများနှင့် ရှမ်းပြည်နယ်

အမြင်ဆောင်းပါး | စိုင်းခွန်ခမ်း | မေလ ၉ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

ကျနော်စာအုပ်ဆိုင်တွေတော်တော်များများရောက်သွားတော့ ယ္ခုတလော ရှမ်းပြည်နိုင်ငံရေးနှင့်ဆိုင်တဲ့ စာအုပ်စာတမ်းတွေ တော်တော်များများတင်ရောင်းလာတာကို စာဖတ်ပရိတ်သတ်များ သတိထားမိမယ်ထင်ပါတယ်။ ၂၀၁၀ - ခုနှစ်မတိုင်မှီကပင် ထိုစာအုပ်များကို လိုအပ်လို့ပင် မနည်းရှာဝယ်ရသည့် စာအုပ်များ အထူးသဖြင့် ရှမ်းပြည် ဘယ်လဲ? ပင်လုံစစ်တမ်း၊ ကိုယ်တွေ့ပင်လုံ၊ ……. စသည့်စာအုပ်များ၊ တောခိုကျောင်းသားဟောင်းများရေးသားသည့် ထို့ကြောင့်ဤသို့ စာအုပ်သည်လည်း ရှမ်းပြည်နယ်အရေးကိစ္စတွေကို အထူးရေးသားထားတဲ့စာအုပ် ကောင်းတွေ ဖြစ်ကြပြီး မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် ရှမ်ပြည်နိုင်ငံရေးသမားများ၏ လှုပ်ရှားမှုများဟုလည်းပြော လို့ရပါသည်။

Why is the Anglo-American Team helping the Burmese Putin?

By Kanbawza Win | May 09, 2014

Imagine how hilarious to see an Anglo-American team helping the Burmese Putin (quasi-military government) to colonise the non-Myanmar ethnic nationalities by force. Not that the blood of imperialism still runs strong in the veins of these Caucasians who profess their Judeo Christian values of democracy and human rights and paradoxically has taken stern measures against Vladimir Putin.

အမျိုးသားခေါင်းဆောင် - National Leader

အမြင်ဆောင်းပါး | စါင်ဖါအောင် နှင့် ဗွေးစါင်ပေ | မေလ ၈ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

လွန်ခဲ့သောလပိုင်းမှ စ၍ ပအိုဝ်းလူကြီး၊ လူငယ်၊ နိုင်ငံရေး အသိုင်းအ၀ိုင်းများအကြားတွင်အမျိုးသားခေါင်းဆောင်ဟူသော အပြောအဆို သုံးနှုန်းမှုများ ရှိလာခဲ့သည်ကို တွေ့ရှိရသည်။ အထူးသဖြင့် ကျန်းမာရေး မကောင်းသော်လည်း ဇွဲကောင်းကောင်းဖြင့် PNO နာယကကြီး ဦးအောင်ခမ်းထီ ကိုယ်တိုင် သန်းခေါင်စာရင်း အကြို လူထုတွေ့ဆုံပွဲများတွင် ပို၍ သုံးစွဲလာသည်ကို တွေ့မြင်ရသည်။ 

အမည်ခံ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသနဲ့ ကျေနှပ်နှစ်သိမ့်ရတော့မှာလား

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မရခင်နှင့် ရပြီးနောက်ပိုင်းထိ ပအိုဝ်းနေထိုင်ရာ ဒေသဟာ အရင်အတိုင်းပါဘဲ။ ပအိုဝ်းပြည်သူတွေရဲ့ဘ၀ဟာလည်း ဒီတိုင်းတိုင်းပါဘဲ။ ဘာမှ ထွေထွေထူးထူးတော့ ပြောင်းလဲလာတာ မရှိပါဘူး။ ပအိုဝ်းပြည်သူတွေ ယခင်အတိုင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့ မိရိုးဖလာ ခြံအလုပ်နှင့် ရိုးရာသနက်ဖက်လုပ်ငန်းကို ကိုယ်ထူကိုယ်ထ လုပ်ကိုင်စားသောက်နေရ တုန်းပါပဲ။

ဝရမ်းအမိန့်စာထုတ်ပြီးအိမ်ပေါ်မှနှင်ထုတ်ခံရ၍မိသားစုဒုက္ခရောက်

ခွန်ရာဇာ (တောင်ကြီး) | ဧပြီလ ၁၅ ရက်၊ ၂၀၁၄ ခု၊ တောင်ကြီးတိုင်းမ်



ချိန်ခါမဟုတ်မိုးရွာသွန်းမှုကြောင့် သခွါးမွေးပျက်စီး

နန်းခမ်းဟွမ်နွိုး (တောင်ကြီး) | ဧပြီလ ၁၀ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

ချိန်ခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဟိုပုံးမြို့နယ် ရန်ကင်းကျေးရွာရှိ သခွါးမွေးစိုက်ပျိုးသည့်တောင်သူများ သခွါးမွေးအပင်အောက်တွင် ရေဝပ်ကာ သခွါးမွေးသီး ပုပ်ကုန်ပြီး ထွက်ကုန်အများအပြားဆုံးရှုံးနေရကြောင်း ဧပြီ လ ၅ ရက်နေ့တွင် သိရသည်။

ဈေးတည်ငြိမ်မှုမရှိသောကြောင့် စတော်ဘယ်ရီစိုက်တောင်သူများ အခက်တွေ့

နန်းနုနွယ် | ဧပြီလ ၁၀ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

စတော်ဘယ်ရီသီးများ ဈေးနှုန်းမတည်ငြိမ်မှုကြောင့် စတော်ဘယ်ရီစိုက် တောင်သူများ အခက်တွေ့နေကြကြောင်း ကန်းတန်ရွာရှိ စတော်ဘယ်ရီစိုက်သည့် တောင်သူမွိုးဖြားပွန်းက ဧပြီလ (၆) ရက်နေ့တွင် ပြောကြားခဲ့သည်။

ဇနီးနှင့်စကားများပြီး လင်ယောင်္ကျားဖြစ်သူ ပေါင်းသတ်ဆေးသောက်ကာသေဆုံး

ခွန်ထွိုက် (ဆီဆိုင်) | ဧပြီလ ၁၀ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာနေ သမီးငယ် (၂) ဦးရှိ မောင်သောင်းအား အလုပ်မလုပ်၍ ဇနီးဖြစ်သူက ဆဲဆိုကာ မခံနိုင်သောကြောင့် ပေါင်းသတ်ဆေး သောက်ပြီး ဧပြီ ၃ ရက်နေ့တွင် တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံတွင် သေဆုံးကြောင်း သိရသည်။

အသိုင်းဝိုင်းဖွံ့ဖြိုးအောင်ဆောင်ရွက်ခြင်း သင်တန်းဖွင့်လှစ်

နန်းကျွန် (ဆီဆိုင်) | ဧပြီလ ၁၀ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ကောင်ရွေပအိုဝ်းလူငယ်ရုံးတွင် A.B.C.D (ကိုယ့်မှာရှိတဲ့ ပိုင် ဆိုင်မှုပေါ်ကို အခြေခံပြီး အသိုင်းဝိုင်းကိုဖွံ့ဖြိုးအောင်ဆောင်ရွက်ခြင်း) သင်တန်းကို ဧပြီ ၆ ရက်နေ့ ကောင်ရွေပအိုဝ်းလူငယ်အဖွဲ့အစည်းက စတင်ပို့ချပေးကြောင်း သိရသည်။

မိုးသည်းထန် ရွာသွန်းရာ မြေပြို၍ တဲနှင့်လူသုံးယောက် မျောပါ

နန်းခမ်းဟွမ် | ဧပြီလ ၁၀ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးသောကြောင့် ဟိုပုံးမြို့နယ် ဖက်ယန်းကြီးရွာ တောတွင်းတစ်နေရာတွင် မြေပြို၍ တောင်ကျရေနှင့်အတူ တဲနှင့်လူသုံးယောက် မျောပါသွားသည်ဟု အသက် (၃၅) နှစ် ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

သန်းခေါင်စားရင်းကောင်ယူရာတွင် ပအိုဝ်းအမျိုးသားအတွက် သီးခြား Code နံပါတ်ဖြင့်သာ ကောက်ယူပေးရန် တောင်ဆိုခြင်း

မတ်ခ်ျလ ၁၆ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းတိုင်းရင်းသားလူမျိုးသည် ပုဂံခေတ်မထွန်းကားခင် ကတည်းကမှစ၍ လွတ်လပ်ရေးမရမီကာလအထိ ညီနောင်တိုင်းရင်းသားများနှင့် အုပ်ချုပ်သူများတို့က တောင်သူလူမျိုးဟု ခေါ်ဝေါ်မှတ်တမ်းပြုခဲ့ကြသည်။ ကိုလိုခေတ်တွင် ပအိုဝ်းအမျိုးသားကို ကရင်အမျိုးသားများနှင့် ဥပဒေဖြင့် ပူးပေါင်းထားခဲ့သည်။ 

ပအမဖ ပါတီရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲပြုလုပ်

ခွန်ရာဇာ (တောင်ကြီး) | မတ်ခ်ျလ ၁၆ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်


ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ပါတီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇန်နဝါရီ ၂၃ ရက်တွင် နိုင်ငံရေးပါတီအမှတ် ၇၃ ရရှိထားပြီး ပါတီရုံးချုပ်ဖွင့်ပွဲနှင့်ဆိုင်းဘုတ်တင်ပွဲကို မတ်လ ၁၅ ရက်နေ့ တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်၊ ည/၁၀၇၄ အနောက်မြို့ပတ်လမ်းပေါ်တွင် ဖွင့်လှစ်ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားနေ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွတ်တော်ဥက္ကဌတို့ သဝဏ်လွှာပေးပို့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ အခန်းအနားဖွင့်လှစ်ပေး

ခွန်ရာဇာ တောင်ကြီး | မတ်ခ်ျလ ၁၆ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



ပအိုဝ်းပြည်နယ် ထူထောင်ကြမယ်ဆိုရင်

By ခွန်နီပအိုဝ်း | အမြင်ဆောင်းပါး

လူမျိုးတစ်မျိုးမှာ မိမိတို့ လူမျိုးစုအဖို့ တိုင်းရင်းသားအခွင့်အရေးတရပ်ဖြစ်တဲ့ ပြည်နယ်ထူထောင်ခွင့် အတွက် တိုက်ပွဲဝင်လှုပ်ရှားမယ်၊ တောင်းဆိုတော့မယ်ရင် အဓိကအားဖြင့် ပြည်သူတွေ နိုင်ငံရေး နိုးကြားတက်ကြွမှု၊ နိုင်ငံရေး အပြောင်းအလဲထဲ ပူးပေါင်းပါဝင်လုပ်ဆောင်လိုမှု၊ တမျိုးသားလုံးဆိုင်ရာ ရှင်းလင်းတဲ့ ဘုံနိုင်ငံရေး ဦးတည်ချက် ချမှတ်ပြဌာန်းထားမှု စတဲ့အခြေခံလိုအပ်ချက်တွေ ရှိထားရပါမယ်။

ယနေ့ပအိုဝ်းခေါင်းဆောင်များ မှန်ကိုပြန်ကြည့်သင့်ပြီ

ဆောင်းပါး | ခွန်ရာဇာ (တောင်ကြီး) | မတ်ခ်ျလ ၁၄ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

တစ်နိုင်ငံလုံးတွင် ကျင့်သုံးနေပြီဖြစ်သော ဒီမိုကရေစီစနစ်ကို နိုင်ငံသူနိုင်ငံသားများက သိသောသူ ရှိသလို မသိသေးသောသူလည်း ရှိနေပါသေးသည်။ အထူးသဖြင့် တိုင်းရင်းသားများ တောရွာနေပြည်သူများ သိရှိခြင်း မရှိသေးပေ။ လူဦးရေသန်းပေါင်း ၆ဝ ကျော်သော တိုင်းရင်းသားများသည် ဒီမိုကရေစီအရွေ့ကို ပါဝင်ပါတ်သက်ခြင်း မရှိသေးပေ။ ယခု မတ်လတွင် ကောက်ခံမည့် သန်းခေါင်စာရင်းမှ ထွက်လာမည့်စာရင်းကို မတွက်ဘဲ ယခင်က စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆၀ ရှိသည့်အထဲတွင် ပအိုဝ်းတိုင်းရင်းသားများသည် လူဦးရေအဆင့် ၇ ရှိသည်ဟု သိရသည်။

အောင်လံတော်ကို လွှင့်ထူကြလော့ ခွန်ပအိုဝ်း

အမြင်ဆောင်းပါး | ခမ်းစဲ့ဟောဝ် | မတ်ခ်ျလ ၁၃ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ယနေ့ကာလသည် ဒီမိုကရေစီစနစ်ဆီသို့ ပြောင်းလဲစပြုနေသည့်အချိန်ကာလအတွင်း ရောက်ရှိနေပြီဟု ဆိုရမည်ဖြစ်သည်။ ခေတ်သစ်၊ စနစ်သစ်ဆီသို့ ပြောင်းလဲ နေချိန်တွင် မိမိတို့လည်း အလိုက်သင့် လိုက်ပါပြောင်းလဲနိုင်ရန်အတွက် ကြိုးစားကြရမည်။

အပြည်ပြည်ဆိုင်ရာ မီဒီယာညီလာခံ ရန်ကုန်တွင်ကျင်းပ

ခွန်သန်းအောင် (တောင်ကြီး) | မတ်ခ်ျလ ၁၂၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



ပအိုဝ်းလူမျိုးသည့် သီးခြားတိုင်းရင်းသားလူမျိုးစုဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်

ပအိုဝ်းပို (တောင်ကြီး) | မတ်လ ၁၀ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



စာဆိုတော်နေ့နှင့် သက်ကြီးစာပေ ပညာရှင်များ ပူဇော်ပွဲကျင်းပ

ခွန်ရာဇာ (တောင်ကြီး) | မတ်ခ်ျလ ၁၀ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



သတင်းကျင့်ဝတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ခွန်ရာဇာ (တောင်ကြီး) | မတ်ခ်ျလ ၁၀ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) နှင့် အပြည်ပြည်ဆိုင်ရာ မီဒီယာပံ့ပိုးရေးအဖွဲ့တို့မှ ပူးပေါင်းစီစဉ်ပြီး ရှမ်းပြည်နယ်ရှိ သတင်းသမားများ အတွေ့အကြုံနှင့် အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၈ ရက် တောင်ကြီးမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှု စာသင်ဆောင်တွင် ကျင်းပကြောင်း သိရသည်။

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ) ပါတီနှီးနှောဖလှယ်ပွဲကျင်းပ

ခွန်ရာဇာ (တောင်ကြီး) | မတ်လ ၈ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



တောင်ကြီးမြို့ဘုရားဖြူရွာတွင် စစ်တပ်သိမ်းမြေယာများ ဖြေရှင်းခြင်းမရှိဘဲ ရောင်းချလွဲပြောင်းမှုရှိနေ

ခွန်သန်းအောင် (တောင်ကြီး) | ဖေဖေါ်ဝါရီလ ၂၇ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့၊ ပါမိုးနဲရွာ (ယခု ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၄) မှ စိုက်ပျိုးခြံယာမြေ (၇၂၀) ဧကကို စစ်တပ်၏ သိမ်းဆည်းမှုကြောင့် ဒေသခံတောင်သူများ စားဝတ်နေရေး နစ်နာမှုများအား ဖြေရှင်းဆောင်ရွက်ပေးရန် မြေယာသိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌဦးတင်ထွဋ်ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့စာဖြင့် ယခုလို တတိယအကြိမ် ထပ်မံစာတင်ရခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တောင်သူများ တွေ့ဆုံပွဲ ပါမိုးနဲရွာနေ မြေယာပိုင်ရှင် ဦးမတ်က ပြောသည်။

အစိုးရအာဏာပိုင်များ ဟိုပုံးမြို့နယ်ရှိ ဂနိုင်ထုံရွာမြေယာများ သိမ်းဆည်းမှုဖြစ်ပွား

ခွန်သန်းအောင် (တောင်ကြီး) | ဖေဖေါ်ဝါရီလ ၂၆ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



ရှေးခေတ်ဂျပန်ဓါး သယ်ဆောင်လာသည့် ရွာသားနှစ်ဦး တောင်ကြီးမြို့အမှတ်(၁) ရဲစခန်းမှ နှစ်ညထိန်းချုပ်ခြင်းခံရ

ခွန်ထီးခမ်း | ဖေဖေါ်ဝါရီလ ၂၁ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ပြီးခဲ့သော ဖေဖော်ဝါရီ (၁၆) ရက်နေ့တွင် ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုမှ ရွာသားနှစ်ဦးသည် တောင်ကြီးမြို့သို့ ရှေးခေတ်ဂျပန်ဓါးနှင့် ရေခရားအိုး ကိုသယ်ဆောင်လာ၍ မြို့အ၀င် သစ်တောဂိတ်မရောက်ခင်၌ ယာဉ်ထိန်းရဲက ယာဉ်မောင်းလိုင်စင် စစ်ဆေးရာမှ ငွေနှစ်သောင်းခွဲ တောင်းခဲ့သည်။

ယခင်နှင့် ယခု ပအိုဝ်းခေါင်းဆောင်တို့ ပြုမှု

ဆောင်းပါး | ခွန်ရာဇာ (တောင်ကြီး) | ဖေဖေါ်ဝါရီလ ၁၈ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

ကျွန်တော်တို့ပအိုဝ်းတိုင်းရင်းသားသည် ခေတ်အဆက်ဆက်မှ တည်ရှိနေသော တိုင်းရင်းသားဟု သမိုင်းဖော်ပြချက်အရ သိရှိရပေသည်။ သူရိယစန္ဒာမင်း မတိုင်ခင်ကတည်းက တည်ရှိနေပါသည်။ သထုံသုဝဏ္ဏဘူမိသည် ပအိုဝ်းတိုင်းပြည်ဟု ခေါ်လျှင်မမှားပေ။ ပြည်နယ်နှင့်တိုင်းသည် ပင်လုံစာချုပ် ချုပ်ဆိုပြီး နောက်ပိုင်းမှ ပေါ်ပေါက်လာသည်။ သုဝဏ္ဏဘူမိသည် နောက်ဆုံးမင်းဖြစ်သော ခွန်မနုဟာသည် ဘုန်းတန်ခိုးကြီးမှားပြီး ၎င်း၏ အုပ်ချုပ်မှုကို တိုင်းသူပြည်သားများက လိုက်နာကြောင်း သမိုင်းရာဇဝင်အရ သိရှိရပေသည်။ ၎င်းအား အရင်ခေတ် ပအိုဝ်းသမိုင်းစဉ်ဆက်နေထိုင်ခဲ့သောပအိုဝ်းဟု ပြောလျှင်မမှားပေ။

ပထမဆုံးအကြိမ် ပအိုဝ်းအမျိုးသမီးအဖွဲ့ (PWO) ရံပုံငွေ ဂီတပွဲတော် ကျင်းပ

ခွန်စိမ်းမောင်(တောင်ကြီး) ၊ ဖေဖေါ်ဝါရီ (၁၈) ရက်၊ ၂၀၁၄ ခုနှစ် ၊ တောင်ကြီးတိုင်းမ် ၊

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း (တပေါင်းကွင်း) ၌ ဖေဖေါ်ဝါရီ ၁၄ ရက် ညနေ ၅ နာရီတွင် ပအိုဝ်းအမျိုးသမီးအဖွဲ့ (PWO) အတွက် ပထမဆုံးအကြိမ် ပအိုဝ်းတေးဂီတ၊ ပအိုဝ်းရိုးရာယဉ်ကျေးမှုအက နှင့် ပအိုဝ်းရိုးရာဝတ်စုံ ဖက်ရှင်ရှိုးပွဲတော်တရပ် ကျင်းပခဲ့ကြောင်း သိရသည်။


အပစ်ရပ်စဲရေးသဘောတူတိုင်း ငြိမ်းချမ်းရေးရပြီဟု ယုံကြည်မှုမရှိဟု မကဒတ ဆို

ခွန်ဇာရာ (တောင်ကြီး) | ဖေဖေါ်ဝါရီလ ၁၅ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရေစီတပ်ဦး (မကဒတ) ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတုအထိမ်းအမှတ်နှင့် ဒီမိုကရေစီသူရဲကောင်း ဂုဏ်ပြုပွဲကို ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ တောင်ကြီးမြို့ ကက်သလစ်အောက်မေ့ဖွယ်ဓမ္မရုံတွင် ကျင်းပရာ (မကဒတ) ရပ်တည်ချက်နှင့် အဖွဲ့စည်းသဘောထားများကို တင်ပြသွားကြောင်း သိရသည်။

မကဒတ ၂၅ နှစ်မြောက် ငွေရတုအခန်းနားနှင့်ကျဆုံးရဲဘော် ဂုဏ်ပြုပွဲ ကျင်းပ

ခွန်ဇာရာ (တောင်ကြီး) | ဖေဖေါ်ဝါရီလ ၁၅ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်



ပြည်ထောင်စုနှင့် ပအိုဝ်း ( “နီပအိုဝ်;ယို အောဝ်;မိုင်,ကို" )

ပအိုဝ်းဘယ်လဲ ပအိုဝ်းဘာလဲ (ဆောင်းပါးအဆက်၊ အမှတ် - ၃)

အမြင်ဆောင်းပါး | ဖေဖေါ်ဝါရီလ ၁၃ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

စာရေးသူ စာဖာအောင် နှင့် ဗွေစင်ပေတို့သည် ယခုတလော မဆုံဖြစ်သည်က တကြောင်း သက်ဆိုင်ရာ ပအိုဝ်းအဖွဲ့အစည်းလူကြီးများ အလုပ်များနေ၍ မဆုံဖြစ်ခဲ့ကြသည်က တကြောင်း နောက်ထပ်အကြောင်းအရာတရပ်အပေါ် စာမရေးနိုင်သေးခဲ့ပေ၊ သို့သော် ယခု (၆၇) နှစ်မြောက် ပြည်ထောင်စုနေ့သို့ ရောက်ရှိလာသောအခါ ဗွေစင်ပေက ပြည်ထောင်စုနေ့နှင့် ပတ်သက်၍၎င်း၊ ပအိုဝ်းအမျိုးသားတို့ ဆက်စပ်မှုနှင့်ပတ်သက်သည့်အကြောင်းအရာအပေါ်၎င်း အမြင်ဆောင်းပါး ဆက်လက်ရေးသားသင့်ကြောင်း တင်ပြလာသည့်အပေါ် ယခုဆောင်းပါးကို ရေးသားဖြစ်ခဲ့လေသည်။

ရေရှည်အတွက် ရေအရင်းအမြစ်ကို ထိမ်းသိမ်းကြစို့

ဆောင်းပါး | ခွန်သန်းအောင် (တောင်ကြီး) | ဖေဖေါ်ဝါရီ ၉ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

အရှေ့တောင်တန်းနှင့် အနောက်တောင်တန်း နှစ်သွယ်ကြား ရှင်သန်နေလျက်ရှိသည့် သဘာဝအင်းလေးကန်သည် ရှမ်းပြည်နယ်အပြင် မြန်မာနိုင်ငံအနှံ့အပြားက အမှီပြုနေရသည့် သဘာဝအရင်းအမြစ် တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအနှံ့ အသုံးပြုနေသည့် လျပ်စစ်မီးသည် လောပီတရေအားလျပ်စစ်မှ ရရှိခြင်းဖြစ်သည်။ လောပီတရေအားလျပ်စစ်သည် အင်းလေးကန်မှတဆင့် ဖြစ်တည်လာရခြင်း ဖြစ်သည်။

မွတ်ဆလင်နိုင်ငံတည်ဆောက်ရေး ကြိုးစကို ဆွဲကြည့်ခြင်း

အမြင်ဆောင်းပါး | ခိုင်လင်း (မေဃ၀တီ) | ဖေဖေါ်ဝါရီ ၆ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံတော်ထဲက နောက်ထပ်နိုင်ငံ တနိုင်ငံထွက်ပေါ်လာအောင် UN အဖွဲ့အစည်းတွေနဲ့ INGO အဖွဲ့တွေက စနစ်တကျလုပ်ဆောင်နေတာလားဆိုတာ သံသယဖြစ်မိတယ်ဆိုတဲ့အကြောင်း လွန်ခဲ့တဲ့နှစ်က ဆောင်းပါးတပုဒ်မှာ အစလေးတခု ဖော်ပေးခဲ့ပါတယ်။ အဲဒီအစလေးကို ဆွဲထုတ်ဖို့ ဇန္န၀ါရီ (၁၃) ရက် မောင်တောဖြစ်စဉ်က ကျွန်တော့်ကို တွန်းအားပေးခဲ့ပါတယ်။

(၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ (အကြို)စကားဝိုင်းနဲ့ ကျွန်တော်အမြင်

ခိုင်လင်း(မေဃ၀တီ) | ဇန်န၀ါရီလ ၃ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံအကြောင်းပြောရင် သမိုင်းကြောင်းတွေကို ချန်လှပ်ထားလို့မရဘူး။ အတိတ်သမိုင်းတွေရဲ့အမှားတွေ ၊ အမှန်တွေကို ပစ္စုပ္ပန် ကာလမှာ ကျွန်တော်တို့အနေနဲ့ မဖြစ်မနေ သုံးသပ်ဖို့အထူးလိုအပ်ပါတယ်။ ဒီ ပစ္စုပ္ပန်ကာလမှာ (Analysis)ခေါ်တဲ့ သုံးသပ်ချက်တွေဟာ အနာဂတ်လှပဖို့အတွက် လုပ်ဆောင်ခြင်းဖြစ်တယ်လို့ နားလည်ပါတယ်။ ဒီသုံးသပ်ချက်အဖြေတွေ သမာသမတ်ကျလေ ပြဿနာတွေကို ဖြေရှင်းရ လွယ်ကူလေဘဲလို့ ယုံကြည်ပါတယ်။ သေချာတာတခုကတော့ သမာသမတ်ကျတဲ့ သုံးသပ်ချက်အဖြေတွေအတိုင်း ကျွန်တော် တို့ အလုပ်မလုပ်ဘူးဆိုရင်တော့ မြန်မာနိုင်ငံရဲ့ပြဿနာတွေဟာ ဒီအတိုင်းဘဲ ဆက်ရှိနေပါလိမ့်မယ်။

ပအိုဝ်းကျောင်းသား/သူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ကျောင်းသားဟောင်းနှုတ်ဆက်ပွဲကျင်းပ

ခွန်ရာဇာ (တောင်ကြီး) | ဇန်န၀ါရီလ ၂၈ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးနည်းပညာတက္ကသိုလ် ပအိုဝ်းကျောင်းသား/သူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ကျောင်း သားဟောင်းနှုတ်ဆက်ပွဲကို အနာဂတ်ပအိုဝ်းကျောင်းသားလူငယ်များ ပညာရေးမြင့်တင်ခြင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွှတ်ခြင်းကို ရည်ရွယ်၍ ဇန်နဝါရီ ၂၆ ရက်၊ တောင်ကြီးမြို့ အေးသာယာနည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တပ်မတော်နှင့်ပြည်သူကြား ရန်တိုက်ပေးဒါ ဖွဲ့စည်းပုံအခြေခံဥပဒေပါဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ခွန်ရာဇာ (တောင်ကြီး) | ဇန်န၀ါရီလ ၂၈ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



သင်ခန်းစာထဲက ရတနာသိုက်

ဆောင်းပါး | ခွန်သန်းအောင် (တောင်ကြီး) | ဇန်န၀ါရီလ ၂၈ ရက်၊ တောင်ကြီးတိုင်းမ်

လှပသည့်တောင်ပေါ်မြို့ဆိုပြီး တောင်းကြီးမြို့သည် အေးချမ်းသော တောင်ပေါ်မြေ အနောက်တောင် လေညှင်းပြေပြေရှု့သည့် ရှမ်းပြည်၏ ရှု့ခင်းမြို့တော်ဖြစ်သည်။ အရှေ့တောင်တန်းနှင့် အနောက်တောင်တန်း နှစ်သွယ်ကြားမှ လှပစွာနဲနှင့် ရှင်သန်လာခဲ့သည့် မြန်မာ့နိုင်ငံဂုဏ်ဆောင် သဘာဝအင်းလေးကန်လည်း တည်ရှိနေသည်။ အခြား ပင်းတယလှိုင်ဂူ၊ ထန်စန်းဂူနှင့် ကက္ကူဘုရား စေတီများသည်လည်း ပြည်တွင်းပြည်ပ ရွေဧည့်သည် မိတ်ဆွေတော်များအား အလည်ပျော်ရန် စွဲဆောင်နိုင်သော သဘာဝရှု့ခင်းအပြည့် ဆောင်ကျဉ်းပေးသည့် နေရာများဖြစ်သည်။

ဘန်ကောက်ရောက်ပအိုဝ်းမိသားများမှ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဟိုပုံးမြို့) အား ဂုဏ်ပြုကြိုဆို

ခွန်စိမ်းမောင် (တောင်ကြီး)၊ ဇန်န၀ါရီလ ၂၈ ရက်၊ ၂၀၁၄ ခု |တောင်ကြီးတိုင်းမ်



ဘုန်းကြီးကျောင်းအသစ် ဆောက်လုပ်ပေးခြင်းမရှိ၍ ဆရာတော်အခက်တွေ့


ခွန်ရာဇာ (တောင်ကြီး) | ဇန်န၀ါရီလ ၂၁၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

လိန်းလီဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်နှင့် တကာများ တောင်းဆိုမှုကို လိုက်လျောပေးမည်ဟု နုတ်ကတိပေးပြီး ယခုနောက်တစ်မျိုး လိမ်လည်မှု ပြုလုပ်သောကြောင့် ကျောင်းဆောက်လုပ်ခြင်း အကြွေးတင်နေသော ဆရာတော်သည် ကျေနပ်မှု မရှိ၍ ပြောင်းရွှေမှု မလုပ်နိုင်ကြောင်း သိရသည်။

အထက်ပေါင်းလောင်းကျေးရွာများ ဒုက္ခကြုံရခြင်း သတင်းစာရှင်းလင်းပွဲပြုလုပ်

ခွန်ရာဇာ (တောင်ကြီး) | ဇန်န၀ါရီလ ၂၁၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်



Constitutional Change and the Future for Burma

By Kanbawza Win | January 11, 2014 | Taunggyitime

I dread at the thought of future and sometimes my fickle mind would have a nightmare of that a second Galon U Saw has appeared. (ဒုတိယဂဠုန်ဦးစော ပေါ်လာတော့မည်လား။) In Burma the word “Galon U Saw” is somewhat similar to Judas Iscariot, for he is the one that orchestrated the killing of Aung San and his cabinet ministers just before the Union of Burma, came into being in 1948. So also now with the impending change of the 2008 Nargis Constitution will someone take a pot shot at Daw Aung San Suu Kyi?

စာပေမြှင့်မှ လူမျိုးသင့်မည်

ခွန်ရာဇာ (တောင်ကြီး) | ဇန်န၀ါရီ ၉ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ် | ဆောင်းပါး

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်နေသော တိုင်းရင်းသားလူမျိုးစုများသည် လူမျိုးကိုယ်စီဍ် စာပေနှင့် ယဉ်ကျေးမှုများရှိကြပါသည်။ တိုင်းရင်းသားပေါင်း တစ်ရာ (၁၀၀) ကျော်ရှိသည့်အနက် ပအိုဝ်းလူမျိုးများသည် သမိုင်းစဉ်ဆက် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်းစဉ်လာများ ရှိခဲ့သော တိုင်းရင်းသားလူမျိုးငယ် ဖြစ်ပါသည်။

သမိုင်းတွေနှင့် ယက်လုပ်ထားသော

အမြင်ဆောင်းပါး | ခိုင်လင်း(မေဃ၀တီ) | ဇန်န၀ါရီ ၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

၁၇၈၄ ခုနှစ် ဒီဇင်္ဘလာ(၃၁) ရက်ဟာ ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးတဲ့နေ့လို့ အစဉ်အလာအားဖြင့် မှတ်သားဖူးပါတယ်။ ကျနှော်လေ့လာဖူးတဲ့ မဟာဝိဇ္ဇာဘွဲ့ယူ ကျမ်းနှစ်စောင်မှာတော့ ၁၇၈၅ ခုနှစ် ဇန္န၀ါရီလ (၂) ရက်နေ့လို့ သတ်မှတ်ပါတယ်။

ပအိုဝ်းတွေ ဘယ်ရောက်နေလဲ? ဘာတွေ လုပ်နေလဲ? အမှတ် (၂)

အမြင်ဆောင်းပါး | ဇန်န၀ါရီလ ၁ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

အမျိုးသားညီလာခံ ခေါ်ဆိုရန် လိုအပ်ခြင်းအကြောင်းရင်း။

ယ္ခင်စာရေးသူ စါင်ဖါအောင် နှင့် ဗွေးစါင်ပေ ပြုစုရေးသားခဲ့သော ဆောင်းပါးအမှတ် (၁) တွင် အခြားလူမျိုးစု အသီးသီးက အမျိုးသားညီလာခံများ ခေါ်ယူပြီးစီးခဲ့ကြသော်လည်း ပအိုဝ်းတို့မှာ မသေချာ မရေရာ ဖြစ်နေခြင်းကို အားမလို အားမရဖြစ်မိ၍ ရေးသားဖေါ်ပြရခြင်းဖြစ်ပေသည်။