ဘိန်းနွံတွင်းက ငိုရှိုက်သံ - အစီရင်ခံစာအပြည့်အစုံ

မြန်မာနိုင်ငံအစိုးရ ဘိန်းတိုက်ဖျက်ရေးစီမံကိန်းမှာ အာဏာပိုင်ဝန်ထမ်းများ အဂတိလိုက်မှုနဲ့ အကျင့်ပျက်ခြစားခြင်း၊ ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းတိုက်ဖျက်ရေး စီမံကိန်းကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်အကျိုးဆက်များ၊ လူထုများဘိန်းစိုက်ပျိုးလာရသည့် အကြောင်းအရင်းများနဲ့ အစိုးရရဲ့ဘိန်းပပျောက်ရေးစီမံကိန်း မအောင်မြင် ရတဲ့ အကြောင်းအရင်းများကို သုတေသနပြုလုပ်ထားတဲ့ “ဘိန်းနွံတွင်းက ငိုရှိုက်သံ“ ဆိုတဲ့ အစီရင်ခံစာ တစ်စောင်ကို ပအိုဝ်းလူငယ်အစည်းအရုံး (PYO) နဲ့ တောင်တန်းဒေသ လူမှုဖွံ့ဖြိုးရေး လှုပ်ရှားဆောင်ရွက်မှုအဖွဲ့(AHLSD) တို့မှ ပူးတွဲပြီးတော့ လွန်ခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ဝေခဲ့ပါတယ်။ 

အဲဒီ အစီရင်ခံစာ အပြည့်အစုံကို အောက်ပါ links များအတိုင်း သွားရောက် လေ့လာဖတ်ရှုနိုင်ရန် ဝေငှလိုက်ပါတယ်။

၁) ဘိန်းနွံတွင်းက ငိုရှိုက်သံ - မာတိကာ ခေါင်းစဉ်အကျဉ်း
၂) ဘိန်းနွံတွင်းက ငိုရိုက်သံ - အစီရင်ခံစာ အပြည့်အစုံ

ကျောင်းသားများအပေါ်ရိုက်နက်မှုကြောင့် ဒဏ်ရာရရှိပြီး မိဘများမကျေနပ်ဖြစ်

ခွန်ရာဇာ (တောင်ကြီး) | အောက်တိုဘာ ၂၅ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



Myanmar’s Step Father and Step Son?

Kanbawza Win | 25 October 2014 | Taunggyi Time

According to the Burmese saying the people of the country are the father and mother of the Tatmadaw (ပြည်သူလူထုသာလျှင် တပ်မတော်၏ မိနှင့်ဘ) but this has changed since 8888 democratic uprising when the Tatmadaw (military) takes over. The Tatmadaw has unwittingly opted for a Step father (ဘထွေး) after way siding its biological father.[1]

ယင်းကြားတိုင်းရင်းသားများကို RCSS/SSA က တပ်သားအဓမ္မစုဆောင်း

ရှမ်းတောင်သား | အောက်တိုဘာ ၂၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



RCSS/SSA ထောင်မိုင်း နှင်းမိ၍ ရွာသားနှစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ထွက်ဇောတိက | အောက်တိုဘာ ၁၈ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

၂၀၁၄ အောက်တိုဘာလ (၁ရ) ရက်နေ့ မနက်ပိုင်း (၈) နာရီအချိန်တွင် မောက်မယ်မြို့နယ်၊ ကန္တူကြီးကျေးရွာအုပ်စု၊ နမ်းပတက်ရွာနေ အမျိုးသမီး (၄) ဦးနှင့် အမျိုးသား (၁) ဦး ရွာအနောက်ဘက်တွင် တောင်ယာသွားစဉ် ထောင်မိုင်းနှင်းမိပြီး နန်းထွဉ်း ပွဲချင်းသေးဆုံးပြီး၊ နန်းအုံးရွှေ က ဒဏ်ရာပြင်းထန်သဖြင့် ညနေပိုင်း ၄ နာရီ မိနစ် ၃၀ အချိန်တွင် သေဆုံးခဲ့ကြောင်း သိရသည်။ ကျန်ရှိသည့်အမျိုးသမီး (၂) ဦးဖြစ်သော မွိုးနွတ်နှင့် နန်းမွံတို့နှစ်ဦးက ဒဏ်ရာရခဲ့သော်လည်း အသက်အန္တာရယ် စိုးရိမ်သည့်အခြေအနေ မရှိပေ။

လူမျိုးနှစ်မျိုးကြား တိုက်ပွဲမဟုတ်ပါ

အမြင်ဆောင်းပါး | ခွန်သွီးပအိုဝ်းခမ်းကောင်
အောက်တိုဘာ ၉ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့် RCSS/SSA လက်နက်ကိုင်အဖွဲ့နှင့် PNLO/PNLA လက်နက်ကိုင်နှစ်ဖွဲ့ကြား နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲဖြစ်ပွားရသည်ဟု သိရသည်။ ထိုတိုက်ပွဲကြောင့် နှစ်ဘက်ထိခိုက်နှစ်နှာမှုများ ရှိခဲ့သည်ဟု သိရသည်။ PNLO တပ်ဖွဲ့မှ တပ်သားနှစ်ဦး ကျဆုံးကာ ကားနှင့်အဆောင်းအဦးများကို လက်နက်ကြီးများထိမှန်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ RCSS/SSA ဘက်မှ ငါးဦးကျဆုံးပြီး ဒဏ်ရာအပြင်းအထန်ရရှိကာ စုစုပေါင်း ၂၂ ဦးကျခန့် ဆုံးမည်ဟု သိရသည်။

လူမျိုးနဲ့စာပေ ပျောက်ဆုံးခြင်းနိဒါန်း

ခိုင်လင်း(မေဃ၀တီ) | အောက်တိုဘာ ၇ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

ကိုယ့်အမျိုးသားယဉ်ကျေးမှုတွေနေရာမှာ အခြားယဉ်ကျေးမှုတွေက လွှမ်းမိုးအား ကြီးမားလာတာနဲ့ အမျှ ကိုယ်ပိုင်ယဉ်ကျေးမှုတွေ တစတစ ပျောက်ဆုံးသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် မိမိရဲ့ အမျိုးသားယဉ်ကျေးမှုတွေကို အမျိုးသားရေးအသိစိတ်ဓါတ်နဲ့ ထိမ်းသိမ်းကာကွယ်တတ်ကြပါတယ်။

အရပ်သားကားတစ်စင်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ တစ်ဦးသေ လေးဦးဒဏ်ရာရ

ထွက်ဇောတိက | အောက်တိုဘာ ၇ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

RCSS/SSA Soldiers
သြဂုတ်လ (၆) ရက်နေ့ မနက် (၈) နာရီအချိန်က မောက်မယ်မြို့နယ်၊ ဟိုနမ်းကျေးရွာအုပ်စုမှ ထီဖက်နမ်ရွာနှင့် နမ်းယန်းရွာကြားမှာ ဟိုနမ်းရွာမှ ပြန်လာတဲ့ ဟိုက်လက်တိုက်ကားတခန်းခွဲ ကားတစ်စင်းကို မိုင်းခွဲတိုက်ခိုက်ခံရပြီး ကားပေါ်ပါလာသော နောင်မီရဲရွာသား တမြင့်က ပွဲချင်းပြီး သေဆုံးကာ ကျန် (၃) ဦးက ဒဏ်ရာများရရှိပြီး ဟိုနမ်းကျေးရွာအုပ်စု ဆေးပေးခန်းသို့ တင်ထားခဲ့ရတယ်လို့ သိရပါတယ်။