ဆန်ဒပြပြည်သူကို ချိန်ပစ်ပြီး ထိတော့ ၀မ်းသာအားရခုန်ကတဲ့ စစ်ခွေးများ

ဗွီဒီမှတ်တမ်းလေးမှာ ပါတဲ့အတိုင်း မယုံနိုင်စရာ လူးသားမဆန်တဲ့ယုတ်မာမှုတွေ တွေ့ရမှာပါ။

ထား၀ယ်မြို့က ၂/၂၈/၂၀၂၁ ရက်နေ့ ဆန်ဒပြပြည်သူများကို ပစ်သတ်ဖို့ စစ်သားတစ်ဦီးက ရဲကိုသေနတ်လမ်းပေးလိုက်ပါတယ်။ ပြီးတော့ အဲဒီရဲက ဆန်ဒပြသူများ စစ်သေနတ်နဲ့ သေသေချာချာချိန်ပစ်၍ ထိမှန်တဲ့အတွက် အားရ၀မ်းသာပြီးတော့ မြူးတူးစွာခုန်ပေါက်ကြပါတယ်။

  

ဗွီဒီယို မူရင်းကို https://www.facebook.com/100010746343574/videos/1341918292843036/


လက်နက်ကိုင် အင်အားစုများ နိုးထကြလော့


တတိုင်းပြည်လုံးက အလွှာပေါင်းစုပြည်သူလူထုများ နိုးကြားထကြွစွာ စစ်အာဏာရှင်အမြှစ်ပြုတ်ခြေမှုန်းရေး ဒီမိုကရေစီရေး တိုက်ပွဲ၀င်နေကြပြီ။ အထူးသဖြင့် ကျောင််းသား/သူများ နိုင်ငံ့၀န်ထန်းများနှင့် တိုင်းရင်းသားလူငယ်ထုအင်အားစုများ တတိုင်းပြည်လုံးရှေ့တန်းက ဦီးဆောင်နေတာကို ကြည့်ရင်းအားရလွန်းလို့ မျက်ရည်တောင် ကျမိတယ်။
 

အာဏာရှင်တို့ သဘောသဘာ၀

စစ်အာဏာရှင်အားလုံးက လက်ထဲမှာအာဏာရှိရင် သူတို့မိသားစုအကျိုးစီးပွားအတွက် အတားအဆီးမဲ့ အစစ်အဆေးမဲ့ စိတ်တိုင်းကျ ကိုင်တွယ်ချယ်လည်နိုင်တယ်။ အဲဒီထင်သလိုချယ်လည်ခွင့်ကို လက်လွတ်ဆုံးရှုံးရမှာ သူတို့အကြောက်ဆုံးပဲ။

ကိုယ်ကျိုးမက်တဲ့ အုပ်စုနှစ်ခုကြားက အလူးအလဲခံနေရတဲ့ ပအို၀််းပြည်သူ

မနေ့တနေ့ကမှ post နှနှစ်ခုရေးတင်လိုက်ပါသေးတယ် Post နှစ်ခု။ ပအိုဝ်းအနုပညာအဖွဲ့တွေ ဘုရားပူဇော်ပွဲလုပ်မယ့်အကြောင်းနဲ့ အမျိုး ဘာသာ သာသနာအကြောင်း

​Post မှာ သတိပေးရေးတင်တဲ့အတိုင်း တိတိကျကျကို ဖြစ်လာတာ။
 

ပအို၀််းပြည်သူကို ဘာသာရေးမှိုင်းတိုက်ခြင်း

မနေ့တနေကမှ အာဏာရူးစစ်ခွေးတွေ တိုင်းပြည်လူထုအာဏာကို မတရားလုယူတယ်။ ပြည်သူလူထုတရပ်လုံးကို မင်းမဲ့စရိုက်နဲ့ သေနတ်ပြောင်း၀မှာ အနိုင်ကျင့်မင်းမူနေတယ်။ အခုလက်ရှိ ဒီစက်ကန့် ဒီမိနစ် ဒီအချိန်မှာတောင် စစ်ခွေးတွေ တတိုင်းလုံး တပြည်လုံးက အပြစ်မဲ့ပြည်သူတွေကို ဖမ်းချင်သလိုဖမ်း သေနတ်တကားကားနဲ့ ပစ်ချင်သလိုပစ်ပြီး ဥပဒေမဲ့ထင်တိုင်းလိုက်ရမ်းကားနေဆဲ ဖြစ်နေတာကို ဘာမှမဖြစ်သလို မျက်ကွယ်ပြုနေသလား။

အမျိုး ဘာသာ သာသာနာ။

ဖေဖေါ််၀ါရီလ ၂၄၊ ၂၀၂၁

ဒီအသုံးအနှုန်းက နားထောင်လို့သိပ်ကောင်းတယ်၊ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးပါ လို့ကြားလိုက်ရင် အလိုလိုနဲ့စိတ်ထဲမှာ နိုးကြွလာတယ်။