မြန်မာနိုင်ငံတွင် ဥရောပ-တရုတ် ပူးပေါင်းတည်ဆောက်မည့်ရေကာတာစီမံကိန်းကြောင့် လူပေါင်း ၈,၀၀၀ ကျော် အိုးအိမ်အခြေပျက် ပြောင်းရွှေ့ရဖွယ် ရှိနေခြင်း

မေလ ၃၁ ရက်၊ ၂၀၁၁

မြန်မာစစ်အာဏာပိုင်များက ဥရောပနှင့် တရုတ်ကုမ္ပဏီများပူးပေါင်း တည်ဆောက် မည့် ရေအားလျှပ်စစ်စီမံကိန်းအတွက်ရေကာတာ တည်ဆောက်ရေး လုပ်ငန်း ပြင်ဆင်မှုအနေဖြင့် ပြည်သူပေါင်း ၈,၀၀၀ ကို သူတို့၏ အိုးအိမ်များမှပြောင်းရွှေ့ရန်အမိန့်ပေး နှင်ထုတ်ခဲ့ပါသည်။ ဤစီမံကိန်းမှ ရရှိလာသော လျှပ်စစ်ဓာတ်အားကို မြန်မာနိုင်ငံ မြို့တော်သစ် နေပြည်တော်သို့ ပို့ဆောင်ရန် ရည်ရွယ် ထားသည်ဟု သိရသည်။

အသက် ၁၂ အရွယ် ပအိုဝ်းလူမျိုးကျောင်းသူကလေး ရန်ကုန်တွင် ပျောက်ဆုံးနေ


နန်းကြည်ဝင်းမေ (ခ) ခမ်းလောင်းသည် (၂၃.၅.၂၀၁၁) ရက်နေ့တွင် ဦးသန်းလွင်အိမ်မှ ထွက်ပြေးသွားပါသည်။ ပျောက်ဆုံးချိန်ညနေ(၅း၀၀) နာရီ အချိန်ခန့်တွင် ပျောက်ဆုံးသွားပါသည်။ သူကပအိုဝ်းလူမျိုးဖြစ်ပါသည်။ အရွယ် (၁၂)နှစ်၊ ဗမာစကားအနည်းငယ်ပြောတတ်ပါသည်။ တွေ့ရှိပါက အမြန်အကြောင်းကြားပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

ကျေးဇူးတင်းပါသည်။


တွေ့ရှိပါက အကြောင်းကြားရန်လိပ်စာ
ဦးပညာဗလ၊ ထီရီး
တောင်ကြီးကျောင်းတိုက်
အမှတ် (၇၁)၊ မဟာစည်သာသနာ့ရိပ်သာလမ်း၊ ဗပာန်းမြို့နယ်၊ ဖုန်း- ၀၁-၅၄၂၅၀၂

ဦးကောဝိဒ ၊
ဝိဇာလင်္ကာရကျောင်းတိုက်၊
သာကေတမြို့နယ်၊ ရန်ကုန်။ ဖုန်း- ၀၉-၇၃၁၄၅၂၂၀

နန်းကြည်ဝင်းမေ (ခ) ခမ်းလောင်း ဇာတိရွာ၏ လိပ်စာမှာ
အဖအမည် - ဦးခွန်ဖေ
ထီရီကျေးရွာ၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ဆီဆိုင်မြို့နယ်၊ တောင်ကြီးခရိုင်၊ ရှမ်းပြည်တောင်ပိုင်း။

နန်းကြည်ဝင်းမေ (ခ) ခမ်းလောင်း၏ ရန်ကုန်ရှိ နေအိမ်လိပ်စာမှာ
ဦးသန်းလွင်
ဆီးဆုံလမ်း၊ ရှမ်းလမ်းမှတ်တိုင်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၁-၅၁၀၄၃၀

ကရင်နယ်ခြားစောင့်တပ်အတွင်း ပုန်ကန်မှုဖြစ်

 စောရန်နိုင် | Saturday, 28 May 2011

ဒု ဗိုလ်မှူးကြီး ပိုဘီ ဦးဆောင်သည့် ကရင်ပြည်နယ် မြိုင်ကြီးငူအခြေစိုက် ကရင်နယ်ခြားစောင့် တပ်ရင်း ၁၀၁၂ သည် မြိုင်ကြီးငူဒေသ ကို ထိန်းချုပ်၍ ပုန်ကန်မှုပြုလုပ်နေကြောင်း သိရသည်။

စစ်အစိုးရပြောင်းလဲခဲ့သည့် Myanmar ကို ဒေါ်အောင်ဆန်းစုကြည် အသိအမှတ်မပြု

2011-05-27 | RFA
မြန်မာနိုင်ငံရဲ့အမည်ကို အင်္ဂလိပ်လို ခေါ်ဝေါ်သုံးစွဲရာမှာ မူလ အသုံးအနှုန်း ဖြစ်တဲ့ Burma ကနေ မြန်မာလို့ စစ်အစိုးရက အဓမ္မ ပြောင်းလဲခဲ့တာဟာ ဒီမိုကရေစီ နည်းလမ်းမကျတဲ့အတွက် မိမိတို့ အသိအမှတ်မပြုခြင်း ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

Shan govt militias ‘aiding opium trade’

By DVB | 26 May 2011

Burmese army troops and local militias in southern Shan state are reportedly taking bribes from local farmers in return for allowing the continued cultivation of opium, despite government assertions that it is stamping out the trade.

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး ကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း

By ဦးသားညွန့်ဦး | အင်္ဂါ, 24 မေ 2011 | ဗွီအိုအေ

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ လူ့အဖွဲ့အစည်းတရပ်ကို ခွဲခြားပစ်လိုက်တာပဲလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက ဖြစ်ရပ်တွေကို ထောက်ပြပြီး ပြောသွားပါတယ်။ ကနေဒါနိုင်ငံ ကွေးဗက်မြို့မှာ ပြုလုပ်နေတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာ ညီလာခံကို ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောသွားတာပါ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ဟိုတယ် အတွက်သိမ်းယူသည့် ကိုင်းခြံမြေများ ပြန်ရရန် တိုင်ကြား

ဟိန်းသူ | Saturday | 21 May 2011 | ဧရာဝတီ

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ခေါင်တိုင်ရွာမှ ကိုင်းခြံမြေများ အသိမ်းခံခဲ့ရသည့် ရွာသားများက ၎င်းတို့ ကိုင်းမြေများ ပြန်လည်ရရှိရန် သက်ဆိုင်ရာ အာဏာပိုင်များထံ တိုင်ကြားကြောင်း သိရသည်။

လွှတ်မြောက်လာသူ ၃၁ ဦးအား နယူးဒေလီ လေဆိပ်တွင် သောင်းသောင်းဖျဖျ ကြိုဆို

၂၀ မေလ ၂၀၁၁  နိရဉ္စရာ

ကာလကတ္တား အကျဉ်းထောင်မှ လွတ်မြောက်လာသူ ရခိုင်နှင့် ကရင် ၃၁ ဦးအား ယမန်နေ့က နယူးဒေလီလေဆိပ်တွင် မြန်မာနိုင်ငံသားများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။

ရွှေမော်တွင် ကချင်အမျိုးသမီးငယ်များ လိင်ကျွန်အဖြစ် စေခိုင်းခံရ

Tuesday, 17 May 2011 09:22 KNG 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ဖက် မလိခ-အင်မိုင်ခ မြစ်ဆုံဒေသ အထက်ရှိ တယန်ဇွပ်ရွှေမော်တွင် အမျိုးသမီးတစ်ဦးမှ ကချင်မျိုးနွယ် ရ၀မ်၊ ဂျိမ်းဖေါ၊ လီဆူး အမျိုးသမီးငယ်များ ကို ခေါ်ယူမွေးစားသယောင်ပြု၍ လိင်ကျွန်အဖြစ် စေခိုင်းနေကြောင်း သိရှိရသည်။

တရားမဝင် မြန်မာ ၉ ဦးကို မလေးရှားရဲဖမ်းဆီး

လွတ်လပ်တဲ့ အာရှအသံ 2011-05-11

မလေးရှားနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၉ ဦးနဲ့ ဒေသခံ ပွဲစားတဦးကို မလေးရှားနိုင်ငံ ပါလစ်ပြည်နယ် ကန်ဂါးမြို့ ဆေးရုံဝင်းအတွင်း ကားတစီးပေါ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့ကို ကိုးကားပြီး မလေးရှားအစိုးရ သတင်းဌာန Bernama က ရေးပါတယ်။

ပအိုဝ်းလူငယ်မှ "အာရုဏ်သစ်" ဂျာနယ်ထုတ်ဝေ

တောင်ကြီးတိုင်းမ် | မေလ ၁၀၊ ၂၀၁၁ | အင်္ဂါနေ့ | နောင်ခမ်းခါ

ပအိုဝ်းဘာသာဖြင့် "အာ;ရုဏ်;တသာ" ၊ အိင်္ဂလိပ်ဘာသာဖြင့် "New Dawn" လို့ အမည်ပေးထားတဲ့ ပအိုဝ်းဘာသာဂျာနယ်စာစောင်ကို ပအိုဝ်းလူငယ်အစည်းအရုံးမှ ယခုလမှာ စတင်ထုတ်ဝေလိုက်ပါတယ်။

ရှမ်းပြည် တရားမ၀င် ဘိန်းစိုက်ပျိုးမှု အာဏာပိုင်များ ငွေကြေးယူခွင့်ပြု

နရီလင်းလက် Wednesday, 04 May 2011

ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဒေသဆိုင်ရာ အာဏာပိုင်များက ငွေကြေးယူ၍ တရားမ၀င် ဘိန်းစိုက်ပျိုးမှုကို လက်ခံခွင့်ပြုပေး နေသည်ဟု သိရသည်။

ဘိန်းစိုက်ပျိုးနိုင်ရန် သက်ဆိုင်ရာဒေသရှိ စစ်တပ်နှင့်ရဲ အရာရှိများကို စိုက်ပျိုးသည့် ဧကအလိုက် တဧက ကျပ် ၅ သောင်း နှုန်း ပေးရသည်ဟု ဒေသခံများက ပြောသည်။


A BURMESE PERSPECTIVE : Osama bin Laden is Dead Burmese hope is Spread

By Kanbawza Win | 3 May 2011 | Tuesday

Burma (now under the chauvinist name of Myanmar), inspire to be the first nuclear power with the help of North Korea is just is notorious for its gross human rights violation and the world knows about the brave lady Daw Aung San Suu Kyi that stand up against the ruling Generals. In private and public forums, many of the tea-leaf-readers as well as the self appointed Burmese experts interested in the country continue to discuss without putting their finger on the single most fundamental issue of the daily misery and country’s bleak future.