မိုးမရွာသောကြောင့် တောင်ကြီးမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ ဒုက္ခရောက်

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ ၁ ရက်၊ ၂၀၁၀ ခုနှစ်။ အင်္ဂါနေ့

ယခုနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်သည့်ရာသီ ရောက်လာသော်လည်း မိုးရွာသွန်းမှုအလွန်နည်းပါးသောကြောင့် တောင်ကြီးမြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများ တောင်ယာ ခြံ လယ်လုပ်ငန်းများ မလုပ်ကိုင်နိုင်သောကြောင့် လာမည့်နှစ်များအတွက် စားဝတ်နေရေးအခက်အခဲဖြစ်မည်ကို ပူပန်နေကြကြောင်း သိရသည်။

နိုင်ငံရေးပါတီများ ရက် ၉၀ အတွင်း ပါတီဝင်ဦးရေတင်ပြရန် ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်

တောင်းကြီးတိုင်းမ်၊ နောင်ခမ်းခါ
မေလ (၂၉) ရက်၊ ၂၀၁၀ ခုနှစ်။ စနေနေ့

၂၀၁၀ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် မှတ်ပုံခွင့်ရရှိပြီးသော နိုင်ငံရေးပါတီများသည် မှတ်ပုံတင်ခွင့်ရရှိပြီး ရက် ၉၀ အတွင်း မိမိတို့ပါတီအဖွဲ့ဝင်များစာရင်းကို ပြည်ထောင်စု ရွေးကောင်ပွဲကော်မရှင်သို့ တင်ပြရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ မေလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပိတ်ပင်ခံထားရသည့် ပအိုဝ်းရိုးရာ မီးဒုံးလွတ်ပွဲအား ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပခွင့် ပြန်လည်ရရှိ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
မေလ၂၈ ရက်နေ့၊ ၂၀၁၀ ခုနှစ်။ သောကြာနေ့။

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် တွင် နာမည်ကြီးသည့် ပအိုဝ်းရိုးရာမိုးခေါ်ပွဲခေါ် မီးဒုံး လွတ်တင်ပွဲကို ပြန်လည် ကျင်းပခွင့်ရရှိခဲ့သည်။

တောင်ကြီးမြို့တွင် နှစ်စဉ်ပအိုဝ်းရိုးရာဒုံးလွတ်ပြိုင်ပွဲကို အာဏာပိုင်များမှ ၁၄ နှစ်ခန့်ကြာ တားမြစ်ပိတ်ပင်ခြင်းခံခဲ့ရာမှ ၂၀၁၀ ခုနှစ်၊ မေလ ၂၇ မှ ၂၈ ရက်နေ့များတွင် ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခွင့် ရရှိခြင်းဖြစ်သည်။

Work cut out for Shan party

Thursday, 27 May 2010 17:23 Hseng Khio Fah

According to local sources in Shan State, especially in Shan State South and East, the main challenge for the Shan Nationals Democratic Party (SNDP) to face in Shan State is to convince the non-Shan voters.

Currently in Shan State South’s Loilem Township, there are four parties already canvassing for the votes in the areas. They are: the Union Solidarity and Development Party (USDP), National Unity Party (NUP), Shan National Democratic Party (SNDP) and Pa-O National Organization (PNO).

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတဒေါက်တာ အေပီဂျေ အဗ်ဗဒူလ်ကလမ်တို့၏ တွေ့ဆုံဆွေးနွေးချက် မှတ်တမ်း

Than Shwe and India Government Secret Meeting

၂၀၁၀ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ ရှမ်းအဖွဲ့ လက်မခံ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
မေလ (၂၆)၊ ၂၀၁၀

နအဖစစ်အစိုးရရေးစွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသလို၊ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများကိုလည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေဖြင့် ဆန့်ကျင်သွားမည်ဟု သိရသည်။

ပအိုဝ်းပြည်သူဘ၀ဖွံ့ဖြိုးရေးအတွက် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခြင်းဟု PNO ဆို

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
မေလ (၂၅)၊ ၂၀၁၀

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ပအိုဝ်းပြည်သူလူထုများ၏ လူနေမှုဘ၀အခြေအနေ မြင့်တင်ရန်နှင့် ပအိုဝ်းဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ကျင်းပမည့်နေ့ရက် မသတ်မှတ်ရသေးသည့် ၂၀၁၀ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပအိုဝ်းခေါင်းဆောင် ဦးအောင်ခမ်းထီ ရွေးကောက်ပွဲမ၀င်ဟုဆို

ရန်ကုန်၊ မေ ၁၇
The Voice Weekly (Monday, May 24-30, 2010)

ပအိုဝ်းအမျိုးသားခေါင်းဆောင်ဖြစ်သူ ဦးအောင်ခမ်းထီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်မဟုတ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၏ နာယက (၃) ဖြစ်သူ ဦးခွန်မောင်တုတ်က ပြောကြားသည်။

ဆီဆိုင်မြို့တွင် အာဏာပိုင်မှ လိုင်းဖုန်းများတပ်ဆင်ပေး

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
မေလ (၂၄)၊ ၂၀၁၀

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင်တကြိမ်နှင့် ယခု ၂၀၁၀ ခုနှစ် နှစ်ဦးပိုင်းတွင် တကြိမ် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အစိုးရမှ လိုင်းဖုန်းများ တွယ်တန်းတပ်ဆင်ပေးကြောင်း သိရသည်။

ရန်ကုန် မင်္ဂလာဈေး မီးလောင်

ဧရာဝတီ Monday, May 24, 2010

အကြီးဆုံး လက်ကား ဈေးကြီး တခုဖြစ်သော မင်္ဂလာ တောင်ညွန့် မြို့နယ် အတွင်းရှိ မင်္ဂလာဈေးတွင် ယနေ့ နံနက် ၈ နာရီမှ စ၍ မီးလောင်ကျွမ်း ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် မိုးသဲထန်ရွာ၊ ပြည်သူလူထုများ အမှိုက်ရှင်းရန် လုပ်အားပေးခိုင်းခံရ

မေလ (၂၀)၊ ၂၀၁၀။ နောင်ခမ်းခါ

တောင်ကြီးမြို့တွင် လွန်ခဲ့သည့် မေလ (၁၆) ရက်နေ့၌ မွန်းလွဲပိုင်း ၃ နာရီလောက်တွင် တကြိမ်နှင့် ညတန်းခေါင် ၁၂ ချိန်လောက်တွင် တစ်ကြီမ် မိုးသဲထန်စွာ ၂ ကြိမ် ရွာသွန်းခဲ့ကြောင်း သိရသည်။

ပအိုဝ်းရိုးရာ မောင်းကြီးဆိုင်းအက

Thursday, 20 May 2010: Network Media Group

ကိုအောင်ကျော်။ ။ မင်္ဂလာပါ။ အပတ်စဉ်တင်ဆက်နေကျ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အစီအစဉ်မှာ ဒီအပတ် တင်ဆက်ပေးမှာကတော့ ပအိုဝ်းလူမျိုးရဲ့ ရိုးရာအတီးအကထဲမှာ မပါမဖြစ် ပါတဲ့ မောင်းမွူးချုန် ဆိုတဲ့ မောင်းကြီးဆိုင်းအက အကြောင်းပဲ ဖြစ်ပါတယ်။ ပွဲလမ်းသဘင်ရှိတဲ့အခါမှာ မောင်းကြီးဆိုင်းဟာ ရှေ့ကနေ ဦးဆောင်ပြီး တီးကြ ရပါတယ်။ ဒီအကြောင်းကို ကျနော်အောင်ကျော်နဲ့ မစံပယ်က တင်ဆက်သွားပါမယ်။

When will the Oil Corporate Rules the World?

Kanbawza Win
May 18, 2010

As BP's (British Petroleum) fire-ravaged, sunken offshore rig and the ruptured well gushing a reported 210,000 gallons of oil per day into the Gulf of Mexico, it brought home to the Americans the fact of how huge oil companies can cajoled the people and destroyed the world. But the most important story involving Big Oil companies is that shatters not only the environment but the essential First Amendment Rights of Journalists to tell truth and shame the devil.

မိုးမရွာခြင်းကြောင့် ဆီဆိုင်မြို့နယ်ရှိ လယ်သမားများဒုက္ခရောက်

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
မေလ (၁၈)၊ ၂၀၁၀

မိုးရေကို မှီခို၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်နေရသည့် ဆီဆိုင်မြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများအား ယခုနှစ်တွင် လယ်ယာခြံလုပ်ငန်းများ ထွန်ယက်စိုက်ပျိုးချိန်ရောက်သော်လည်း မိုးမရွာသဖြင့် ယခုချိန်ထိ လယ်ယာလုပ်ငန်းများ မပြုလုပ်ကိုင်နိုင်သေးကြောင့်သိရှိပါသည်။

အင်းလေးကန်ရဲ့နောက်ဆုံးအခြေအနေ ဓာတ်ပုံများ

ဤဓာတ်ပုံများကို ဒိမိုဝေယံ ဆိုဒ်မှ ပြန်လည်ကူးယူ ဖေါ်ပြထားပါသည်။




Dual Policy on Burma

Kanbawza Win
May 17, 2010

Following a seven-month policy review, the American administration launched a "policy of pragmatic engagement with Burma,” while President Barack Obama formally extended sanctions for another year, Assistant Secretary of State, Kurt Campbell of East Asian and Pacific Affairs said that “The United States stands by the Burmese people in their desire for a more democratic, prosperous, and peaceful nation." Will that rhetoric sound hallow or will be follow up by actions is still to be seen.

ခါတိုင်းနှစ်များထက် အပူရှိန်လွန်ကဲမူကြောင့် တောင်ကြီးမြို့တွင် ရေခန်းခြောက်နေ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
မေလ (၁၅)၊ ၂၀၁၀

ယခုနှစ်တွင် ခါတိုင်းနှစ်များနှင့်မတူပဲ ရာသီဥတု အဆမတန်လွန်စွာပူပျင်းမှုကြောင်း တောင်ကြီးမြို့သည် ရေများခန်းခြောက်လာပြီး မြို့နေပြည်သူလူထုများ သောက်သုံးရေအခက်အခဲပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း သိရသည်။

Innlay Lake faces water decreased


A well known as a beautiful lake which brings most tourists’ attraction, Innlay Lake, in Taunggyi, the capital city of Shan State is facing water level decreased.

The water level of Innlay has been decreasing since last year and this year, it has made ferryboats difficult to travel as the water level has gone down significantly, said local sources in Innlay.

လိတ်လဲုင် အက္ခရား၊ တဲမ်းလိတ်ဆရားတွမ်း နီပအိုဝ်းလွိုဆန်ရေ

လိတ်လဲုင် အက္ခရား၊ တဲမ်းလိတ်ဆရားတွမ်း နီပအိုဝ်းလွိုဆန်ရေ

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ခြေလှမ်းနှင့်နိဂုံး

ဗွာသရား။ မေလ (၉) ရက်၊ ၂၀၁၀။ တနင်္ဂနွေနေ့

ဒုတိယကမ္ဘာစစ်အပြီးတွင် ကိုလိုနီလက်အောက်ကျရောက်ခဲ့သော မြန်မာနိုင်ငံသည် နိုင်ငံ ရေးအလှည့်အပြောင်းဖြစ်လာသည်ကို ကြိုမြင်သည့် ပအိုဝ်းမျိုးချစ်ပုဂ္ဂိုလ်များက ပအိုဝ်း ပြည်သူများကို စည်းရုံးနိုးဆော်ပြီး ပအိုဝ်းလွောင်းဗူးအဖွဲ့ကို ၁၉၄၆ တွင် ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုနောက် ၁၉၅ဝ ခုနှစ် သြဂုတ်လ(၂)ရက်နေ့တွင် ယခင်က ဖွဲ့စည်းထားသော ပအိုဝ်း လွောင်းဗူးအဖွဲ့ကို ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)အဖြစ်သို့ ပြောင်းလဲဖွဲ့ စည်းခဲ့သည်။ ၎င်းကို ဟိန်မောင်က ဥက္ကဋ္ဌ၊ အတွင်းရေးမှူးက ဖေရှင်နှင့် အမှုဆောင် (၁၃)ဦး ရွေးချယ်ကြသည်။

Cancer is No 1 killer since 2000

About 300,000 people in Thailand have died from cancer annually since 2000, the Public Health Ministry reported.

"Cancer is the most common cause of death for the past decade," Public Health permanent secretary Paichit Sarachit said on Sunday.

NDF Party to Ally with Pro-democracy, Ethnic Groups

By WAI MOE
Friday, May 7, 2010 (The Irrawaddy)

A former leader of the National League for Democracy (NLD) who plans to form a new political party to contest in the coming election said the party will ally with other pro-democracy and ethnic parties to shape the pro-democracy movement.

“တပ်မတော်အစိုးရ”ဟု ရေးသား ဖော်ပြခွင့်မပြု


မီဒီယာများတွင် လက်ရှိ အစိုးရကို "တပ်မတော် အစိုးရ" ဟု ခေါ်ဝေါ် သုံးစွဲခြင်း မပြုကြရန် ကာကွယ်ရေးဦးချုပ် (ကြည်း) ၏ ညွှန်ကြားချက် မကြာသေးမီက ထွက်ပေါ်လာကြောင်း သိရသည်။

ပြီးခဲ့သည့်လ ၂၆ ရက်နေ့က ကာကွယ်ဝန်ကြီးဌာန၏ မီဒီယာများ၊ ပြန်ကြားရေးဝန်ကြီးဌာန၏  သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား ဌာနများသို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်ဟု  နေပြည်တော်မှ အဆင့်မြင့် အရာရှိ တဦးက ဆိုသည်။