ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မရခင်နှင့် ရပြီးနောက်ပိုင်းထိ ပအိုဝ်းနေထိုင်ရာ ဒေသဟာ အရင်အတိုင်းပါဘဲ။ ပအိုဝ်းပြည်သူတွေရဲ့ဘ၀ဟာလည်း ဒီတိုင်းတိုင်းပါဘဲ။ ဘာမှ ထွေထွေထူးထူးတော့ ပြောင်းလဲလာတာ မရှိပါဘူး။ ပအိုဝ်းပြည်သူတွေ ယခင်အတိုင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့ မိရိုးဖလာ ခြံအလုပ်နှင့် ရိုးရာသနက်ဖက်လုပ်ငန်းကို ကိုယ်ထူကိုယ်ထ လုပ်ကိုင်စားသောက်နေရ တုန်းပါပဲ။
ချိန်ခါမဟုတ်မိုးရွာသွန်းမှုကြောင့် သခွါးမွေးပျက်စီး
နန်းခမ်းဟွမ်နွိုး (တောင်ကြီး) | ဧပြီလ ၁၀ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်
ချိန်ခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဟိုပုံးမြို့နယ် ရန်ကင်းကျေးရွာရှိ သခွါးမွေးစိုက်ပျိုးသည့်တောင်သူများ သခွါးမွေးအပင်အောက်တွင် ရေဝပ်ကာ သခွါးမွေးသီး ပုပ်ကုန်ပြီး ထွက်ကုန်အများအပြားဆုံးရှုံးနေရကြောင်း ဧပြီ လ ၅ ရက်နေ့တွင် သိရသည်။

ဈေးတည်ငြိမ်မှုမရှိသောကြောင့် စတော်ဘယ်ရီစိုက်တောင်သူများ အခက်တွေ့
နန်းနုနွယ် | ဧပြီလ ၁၀ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်
စတော်ဘယ်ရီသီးများ ဈေးနှုန်းမတည်ငြိမ်မှုကြောင့် စတော်ဘယ်ရီစိုက် တောင်သူများ အခက်တွေ့နေကြကြောင်း ကန်းတန်ရွာရှိ စတော်ဘယ်ရီစိုက်သည့် တောင်သူမွိုးဖြားပွန်းက ဧပြီလ (၆) ရက်နေ့တွင် ပြောကြားခဲ့သည်။

ဇနီးနှင့်စကားများပြီး လင်ယောင်္ကျားဖြစ်သူ ပေါင်းသတ်ဆေးသောက်ကာသေဆုံး
ခွန်ထွိုက် (ဆီဆိုင်) | ဧပြီလ ၁၀ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်
ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာနေ သမီးငယ် (၂) ဦးရှိ မောင်သောင်းအား အလုပ်မလုပ်၍ ဇနီးဖြစ်သူက ဆဲဆိုကာ မခံနိုင်သောကြောင့် ပေါင်းသတ်ဆေး သောက်ပြီး ဧပြီ ၃ ရက်နေ့တွင် တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံတွင် သေဆုံးကြောင်း သိရသည်။

အသိုင်းဝိုင်းဖွံ့ဖြိုးအောင်ဆောင်ရွက်ခြင်း သင်တန်းဖွင့်လှစ်
နန်းကျွန် (ဆီဆိုင်) | ဧပြီလ ၁၀ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်
တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ကောင်ရွေပအိုဝ်းလူငယ်ရုံးတွင် A.B.C.D (ကိုယ့်မှာရှိတဲ့ ပိုင် ဆိုင်မှုပေါ်ကို အခြေခံပြီး အသိုင်းဝိုင်းကိုဖွံ့ဖြိုးအောင်ဆောင်ရွက်ခြင်း) သင်တန်းကို ဧပြီ ၆ ရက်နေ့ ကောင်ရွေပအိုဝ်းလူငယ်အဖွဲ့အစည်းက စတင်ပို့ချပေးကြောင်း သိရသည်။

မိုးသည်းထန် ရွာသွန်းရာ မြေပြို၍ တဲနှင့်လူသုံးယောက် မျောပါ
နန်းခမ်းဟွမ် | ဧပြီလ ၁၀ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်
မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးသောကြောင့် ဟိုပုံးမြို့နယ် ဖက်ယန်းကြီးရွာ တောတွင်းတစ်နေရာတွင် မြေပြို၍ တောင်ကျရေနှင့်အတူ တဲနှင့်လူသုံးယောက် မျောပါသွားသည်ဟု အသက် (၃၅) နှစ် ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

Subscribe to:
Posts (Atom)