ပအိုဝ်းဒေသမှာ ရွေးကောက်ပွဲအတွက် PNO မဲဆွယ်နေပြီ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ (၃၀) ရက်၊ ၂၀၁၀။ ဗုဒ္ဓဟူးနေ့

ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းလူမျိုးများနေထိုင်ရာဒေသဖြစ်သည့် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ လွိုင်လင်မြို့နယ်နှင့် အခြားသောမြို့နယ်များအတွင်းတွင် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNO မှ ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးရေးကွင်းဆင်းပြီး ဟောပြောပွဲများ ပြုလုပ်ပြီဖြစ်ကြောင်း သိရသည်။

ယခု ဇွန်လ (၁၂) ရက်မှ (၁၃) ရက်အထိ ဆီဆိုင်မြို့အနီး ပုံလောင်းရွာဘုန်းကြီးကျောင်းတွင် PNO မှ ခေါင်းဆောင်များနှင့် စစ်အစိုးရဒေသခံအာဏာပိုင်များ ပူးတွဲ၍ ဒေသခံပြည်သူလူထုများကို အစည်း အဝေး ခေါ်ယူ၍ ရွေးကောက်ပွဲနှင့် ဆိုင်သည့် အကျောင်းအရာများ ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။

စပိန်အသင်း ပေါ်တူဂီကို ဖြုတ်ချပြီး ကွာတားသို့ တက်ပြီ

တောင်ကြီးတိုင်းမ်
ဇွန်လ (၂၉) ရက်၊ ၂၀၁၀။ အင်္ဂါနေ့

ယနေ့ ၁၆ သင်းရှုံးထွက်ပွဲစဉ်ရဲ့ နောက်ဆုံးပြိုင်ပွဲကို စပိန်အသင်းက ပေါ်တူဂီအသင်းကို ၁ ဂိုး ဂိုးမရှိ ခြေအသာနဲ့ ခြေစွမ်းပြ အနိုင်ယူပြီး၊ ကွာတားဖိုင်နယ်သို့ ဆက်ကစားရန် အခြားအသင်း (ရ) သင်းနဲ့တူ တက်သွားပြီးဖြစ်ပါတယ်။

စပိန်ရဲ့အဓိကတိုက်စစ်ကစားကွက်နဲ့ ပြိုင်ပွဲတချိန်လုံးလိုလိုမှာ ဖိအားပေး ကစားခဲ့ပြီးတော့ ပေါ်တူဂီအသင်းရဲ့ ခံစစ်စနစ်ကြာရှည်မခံနိုင်ခဲ့ပေ။


ပဲန်နယ်တီလွဲချော်မှုဖြင့် ဂျပန်အသင်းအိမ်ပြန်ရ


တောင်ကြီးတိုင်းမ်
ဇွန်လ (၂၉) ရက်၊ ၂၀၁၀။ အင်္ဂါနေ့
 
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး ပဲန်နယ်တီအဆုံးအဖြတ်နဲ့ ပေးရတဲ့ပွဲပဲဖြစ်ပါတယ်။

ကစားချိန် မိနစ်ပေါင်း ၁၂၀ ယှဉ်ပြိုင်ရာမှ အချင်းချင်းဂိုးမသွင်းနိုင်ကြပဲ ပဲန်နယ်တီအဆုံးအဖြတ်နဲ့ နောက်တန်းကစားသမား ကျောနံပါတ် ၃ ကာမနိုရဲ့ ပဲန်နယ်တီကန်ချက်လွဲချော်ခဲ့မှုဖြင့် ဂျပန်အသင်းမှ ဥရုကွေးအသင်းကို ၅ ဂိုး ၃ ဂိုးနဲ့ ရှုံးနှိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ခွဲခွါလိုက်ရပါတယ်။


ချီလီအသင်းထွက်ပြီး တောင်အမေရိကမှ ၃ သင်း ကွာတားဖိုင်နယ်ရောက်ပြီ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ (၂၈) ရက်၊ ၂၀၁၀။ တနင်္လာနေ့

၂၀၁၀ ကမ္ဘာ့ဖလားဘော်လုံးပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်တဲ့ တိုက်အလိုက် နိုင်ငံတွေကတော့ ဥရောပတိုက်က ၁၃ နိုင်ငံ၊ အာဖရိကတိုက်က ၆ နိုင်ငံ၊ တောင်အမေရိကတိုက်က ၅ နိုင်ငံ၊ မြောက်အမေရိကတိုက်က ၃ နိုင်ငံ၊ အာရှတိုက်က ၃ နိုင်ငံ၊ သြစရေးလျနဲ့ နယူးဇီလန် စသည့် နိုင်တို့ပဲဖြစ်ပါတယ်။


နယ်သာလန်က စလိုဗေးခီးယားကို ၂-၁ နဲ့ ဆက်တိုက်အောင်ပွဲဆင်နေပြီ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ (၂၈) ရက်၊ ၂၀၁၀။ တနင်္လာနေ့

ကမ္ဘာ့ဖလား စတင်တဲ့နေ့ ကတည်းက သရေပွဲမရှိ၊ ရှုံးပွဲမဲ့ နိုင်ပွဲနဲ့သာ အောင်မြင်မှုတွေရလာတဲ့ နယ်သာလန်ကတော့ ဒီကနေ့လဲ Durban အားကစားကွင်းမှာ စလိုဗေးခီးယားအသင်းကို ၂ ဂိုး ၁ ဂိုး အသာအယာ အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ် ပွဲစဉ်သို့ ဆက်သွားနိုင်ပြီဖြစ်ပါတယ်။ ဒီပွဲမှာတော့ တောင်အဖရိကနိုင်မှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း နယ်သာလန်အသင်းအတွက် ၄ ကြိမ်မြောက် အောင်ပွဲဖြစ်တယ်။


နာမည်ကြီးအင်္ဂလန်က ဂျာမနီကိုအပြတ်သတ်ရှုံးနှိမ့်

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ (၂၇)၊ ၂၀၁၀။ တနင်္ဂနွေနေ့

ဇွန်လ ၁၁ ရက်နေ့အထိ အကြီးဆုံးကမ္ဘာ့အားကစားပြိုင်ပွဲ မစတင်ခင်တုန်းက ၂၀၁၀ ကမ္ဘာ့ဖလားကို ချန်ပီယံဆုပဲ ဆွတ်ခူးနိုင်တော့မလိုလိုနဲ့ နာမည်ကြီးနေတဲ့ ဘော်လုံးအကျော်အမော် အင်္ဂလန်အသင်း ကတော့ နာမည်ကြီး ထမင်းငတ်ဆိုသလို ဂျာမနီအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ မရှုမလှ အပြတ်အသတ်ရှုံးနှိမ့်ခဲ့ ပါတယ်။

USA နဲ့ ကာနာ၊ ကိုးရီးယားနဲ့ ဥရုကွေး တို့ပွဲ ဘယ်အသင်းကျန်ခဲ့မှာလဲ

တောင်ကြီးတိုင်းမ်
ဇွန်လ (၂၆) ရက်၊ ၂၀၁၀။ စနေနေ့

လွန်ခဲ့တဲ့ ဇွန်လ (၁၁) ရက်၊ သောကျာနေ့က တကမ္ဘာ့လုံးမှ အသင်းပေါင်း ၃၂ သင်းနဲ့ စတင်ကစားခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလာဘော်လုံးပြိုင်ကြီးဟာ ဇွန်လ (၂၅) ရက်နေ့၊ သောကျာနေ့ အုပ်စုပွဲစဉ်အားလုံး ယှဉ်ပြိုင်ပြီးတဲ့နောက်ပိုင်းမှာ အသင်းပေါင်း ၁၆ ကတော့ ကျန်ရစ်ခဲ့ပြီဖြစ်ပါတယ်။ ကျန်တဲ့ တ၀ှက်ကတော့ စနေနေ့မှာ ရှုံးထွက်ပွဲစဉ်ကို ဆက်ပြီးတော့ ကစားရတော့မှာဖြစ်ပါတယ်။

ဂိုးမဲ့နဲ့အဆုံးသတ်ခဲ့တဲ့ ဘရာဇီးနဲ့ ပေါ်တူဂီနှစ်သင်းလုံးဆက်သွား၊ မြောက်ကိုးရီးယားကို ၃-၀ နဲ့ အနိုင်သွင်းခဲ့တဲ့ အိုင်ဗရီကိုစ် ကွန်မြူနစ်နိုင်ငံနဲ့အတူ အိမ်ပြန်

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ (၂၅) ရက်၊ ၂၀၁၀။ သောကျာနေ့

နာမည်ကြီးအသင်းနှစ်သင်းဖြစ်တဲ့ ဘရာဇီးနဲ့ ပေါ်တူဂီအသင်း အပြန်အလန် အကြီးအကျယ် တိုက်စစ်ဆင် ထိုးဖေါက်ခဲ့ကြသော်လည်း ပွဲပြီးတဲ့အထိ တဂိုးမှ မသွင်းနိုင်ခဲ့ပဲ ၁ မှတ်စီဖြင့်သာ ခွဲဝေယူကြပြီး နှစ်သင်းစလုံး ၁၆ သင်း ရှုံးထွက်ပွဲစဉ်အဆင့်သို့ အတူဆက်သွား ကြပါတယ်။

အာရှတိုက်ကအသင်း ၂ သင်း အုပ်စုပွဲစဉ်အောင်ပြီ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ (၂၄) ရက်၊ ၂၀၁၀။ ကျာသပတေးနေ့

နှစ်သင်းစလုံးခြေမသိမ်းမယိမ်းနဲ့ သူဘက် ကိုယ်ဘက်အပြန်အလှန် တိုက်စစ်ဆင် ဖိကစားခဲ့ ကြပါတယ်။ ပထမပိုင်းစတင်ပြီး သိပ်မကြာ ၁၇ မိနစ်လောက်မှာပဲ ဟွန်ဒါတိုက်ရိုက်သွင်းတဲ့ ပြစ်ဒဏ်ဘောနဲ့ ဂျပန်အသင်းက ဦးဆောင်ဂိုးသွင်းပြီး၊ မိနစ် ၃၀ လောက်မှာ ပြစ်ဒဏ်ဘောနဲ့ပဲ ဂျပန်အသင်း ကျောနံပါတ် (၇) ယာစူဟိတိုအဲန်ဒို မှ ဒုတိယဂိုး ဆက်သွင်းလိုက်ပါတယ်။ နှစ်ဂိုးစလုံး ပြစ်ဒဏ်ဘောနဲ့ ဂျပန်အသင်းက ဦးဆောင်ခဲ့ပါတယ်။ ဒိန်းမတ်အသင်းမှ ပထမပိုင်း ဂိုးသွင်းခွင့်ရခဲ့သော်လည်း ၀င်အောင်မသွင်းနိုင်ခဲ့ပေ။

ချန်ပီယံအီတလီ အိမ်ပြန်ပြီ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ ၂၄ ရက်၊ ၂၀၁၀။ ကျာသပတေးနေ့

၂၀၀၆ ချန်ပီယံ အီတလီအသင်းကတော့ ပြီးခဲ့တဲ့ နှစ်ပွဲလုံးက သရေကျခဲ့ပြီး ရမှတ် ၂ မှတ်သာရရှိခဲ့တာမို့ ဒီပွဲကိုမနိုင်ရင် ထွက်ရမှာဖြစ်တယ်။ ဒါကြောင့် အီတလီအသင်းက ရေကုန်ရေခန်း ယှဉ်ပြိုင်ရမှာဖြစ်တယ်။

ကမ္ဘာ့ဖလားနောက်ဆုံးပြိုင်ပွဲရလဒ်များ။ ပြင်သစ် မရှုမလှအိမ်ပြန်ခဲ့ရ။ ၁၆ သင်း ရှုံးထွက်ပွဲစဉ်မှာ အင်္ဂလန်အသင်း အလားအလာမကောင်း

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ ၂၃ ရက်၊ ၂၀၁၀။ ဗုဒ္ဓဟူးနေ့

ဇွန်လ ၂၃ ရက်နေ့ အုပ်စု (C) ရဲ့ ယှဉ်ပြိုင်တဲ့ပွဲတွေကတော့ ဗြိတိန် နိုင်ငံသားများနဲ့ အမေရိကန်နိုင်ငံသားများအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးဖြစ်တဲ့ပွဲလို့ ပြောရင် မှားမယ်မထင်ပါဘူး။ နှစ်သင်း စလုံးမှာ ပြီးခဲ့တဲ့ ၂ ပွဲစလုံးက နိုင်ပွဲမဲ့ သရေပွဲနဲ့ ရမှတ် ၂ မှတ်သာ ရခဲ့ကြတဲ့အတွက် ဒီနေ့ပွဲမှာ ရှုံးရင် ထွက်ရမှာဖြစ်တဲ့ အတွက်ကြောင့်ပါ။

ယမ်းငွေ့လည်းပြေ ဘိန်းပန်းလည်းဝေ (၃)

ဇွန်လ ၂၁ ရက်၊ ၂၀၁၀။ တနင်္လာနေ့

PNO နှင့် န၀တ အစိုးရ ငြိမ်းချမ်းရေးသဘောတူမှု ပြုလုပ်ပြီးနောက် ပအိုဝ်းဒေသတွင်း ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ အကြောင်းပြချက်နဲ့ ဒေသခံရွာသားများ ပိုင်ဆိုင်တဲ့ မြေယာအမြောက်အများကို သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်များက အဓမ္မသိမ်းယူလာခဲ့ကြတယ်။ ဟိုပုံးမြို့မှာဆိုရင် မွေတော်ဘုန်းကြီးကျောင်းရဲ့ တောင်ဘက်မှ စပြီး နောင်ပါ့ဖာ အနောက်ဘက်အထိ ရှိတဲ့ သနပ်ဖက်ခြံတွေကို မြို့နယ်အာဏာပိုင်နှင့် စစ်တပ်တို့ မြေတိုင်းဦးစီးဌာနတို့ ပူးပေါင်းကြပြီး ၀န်ထမ်းရပ်ကွက်(၁) နဲ့ ၀န်ထမ်းရပ်ကွက် (၂) အမည်နဲ့ မြေကွက်ဖော်ပြီး ပြန်ရောင်းချခဲ့တယ်။

ဟိုပုံးမြို့နယ်တွင် ပအိုဝ်းရိုးရာ မီးဒုံးလွတ်ပြိုင်ပွဲကျင်းပ

တောင်ကြီးတိုင်းမ်။ ခွန်ခမ်းကို
ဇွန်လ ၂၀ ရက်၊ ၂၀၁၀ ခုနှစ်။ တနင်္ဂနွေနေ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဟိုပုံမြို့နယ်ရှိ နောင်တောင်ကျေးရွာတွင် နောင်တောင်ဆရာတော်မှဦးစီး၍ ၂၀၁၀ ခုနှစ်၊ ဇွန်လ ၂၀ မှ ၂၁ ရက်နေ့အထိ ပအိုဝ်းရိုးရာမိုးခေါ်ပွဲ ခေါ် ပအိုဝ်းရိုးရာ မီးဒုံးလွတ်ပွဲတော် စည်ကားစွာ ကျင်းပသည်။

ပအိုဝ်းရိုးရာမီးဒုံးလွတ်ပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်မှာ ပအိုဝ်းရိုးရာမီးဒုံးလွတ်ပွဲ အစဉ်အလာမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်လျှောက်သွားရန်၊ ကျောင်းရန်ပုံငွေ ရရှိရန်နှင့် နောင်တောင်ဘုန်းကြီးကျောင်းပရဟိတပညာရေးရန်ပုံငွေ ရရှိရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်သည်။

ပြည်တွင်း စီးပွားရေးအဆင်မပြေမှုကြောင့် ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်သည့် ပအိုဝ်းရွှေ့ပြောင်း အလုပ်သမားများ တိုးပွားလာ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ ၁၆ ရက်၊ ၂၀၁၀။ ဗုဒ္ဓဟူးနေ့

မြန်မာနိုင်ငံအတွင်း မိမိတို့နေထိုင်ရာမြို့ရွာများတွင် မိသားစုစားဝတ် နေရေးအတွက် စီးပွားရေးလုပ်ငန်း အဆင်မပြေမှုနှင့် ရာသီဥတု ဆိုးရွားလာမှုကြောင့် တောင်ယာခြံ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် အဆင်မပြေမှုများကြောင့် ပအိုဝ်းလူမျိုးများသည် အခြားသော တိုင်းရင်းသားလူမျိုးများနည်းတူ ပြည်ပ (ထိုင်းနိုင်ငံ) သို့ အလုပ်ရှာဖွေ လုပ်ကိုင်ရန် နည်းအမျိုးမျိုးဖြင့် ၀င်ရောက်လာသည့်ဦးရေမှာ တနေ့တခြား များပြားလာသည်။

မိုးမရွာသောကြောင့် တောင်ကြီးမြို့နယ်နှင့် ဟိုပုံးလွင်ပြင်ဒေသရှိ လယ်သမားများ အလုပ်လက်မဲ့ဖြစ်နေ

တောင်ကြီးတိုင်းမ်။ ခွန်ခမ်းကို
ဇွန်လ ၁၄ ရက်၊ ၂၀၁၀။ တနင်္လာနေ့

ရာသီဥတုဖေါက်ပြီး ရာသီဥတုအလွန်ပူးပျင်းမှု မိုးခေါင်မှုနှင့် ချောင်းရေခန်းခြောက်မှု တို့ကြောင့် ယခုနှစ် စိုက်ပျိုးရာသီတွင် တောင်ကြီးမြို့၊ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်ရှိ တောင်သူ လယ်သမားများ လယ်ယာလုပ်ငန်းများ မလုပ်နိုင်ပဲ အလုပ်လက်မဲ့ဖြစ်နေကြသည်။

မေးမြန်းရန်ခေါ်သွားခံရသည့် ရွာသားများအတွက် ဆွမ်းသွပ်ပေးရန် ၄၂၄ တပ်ရင်း ပြော

တောင်ကြီးတိုင်းမ်။ ခွန်ခမ်းကို
ဇွန်လ ၁၁ ရက်၊ ၂၀၁၀။ သောကျာနေ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စု၊ သိန်းဖြီနာကျေးရွာနေ အဖဦးဟွမ်း၏သားဦးဝိုင်နှင့် အဖဦးချွန်း၏သား ဦးအောင်မာန်တို့နှင့် အခြားရွာသားငါးယောက်ပါတစ်ပြိုင်တည်း ဆီဆိုင်မြို့တွင်အခြေချသော နအဖ၏ ခြေမြန်တပ်ရင်း အမှတ် (၄၂၃) မှ ဖေဖေါ်ဝါရီလ ၁၃ ရက်၊ ၂၀၁၀ ရက်နေ့တွင် တပ်ရင်းသို့ မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားခဲ့သည်။

ပင်းပက်တောင်စီမံကိန်း နျူကလီးယားနှင့် ဆက်စပ်မှုရှိနိုင်

တောင်ကြီးတိုင်းမ်။ နောက်ခမ်းခါ
ဇွန်လ ၁၁ ရက်၊ ၂၀၁၀ ခုနှစ်။ သောကျာနေ့

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အနီး ပင်းပက်တောင်သတ္တုတူးဖေါ်ရေးနှင့် သံမဏိစက်ရုံစီမံကိန်း သည် မြန်မာ့စစ်အစိုးရ နျူကလီးယားလက်နက်စီမံကိန်းအစီအစဉ်နှင့် ဆက်စပ်နိုင်ကြောင်း ယင်းအကြောင်းကို စောင့်ကြည့်လေ့လာနေသည့် ခွန်ချန်ကီက ဘီဘီစီမြန်မာပိုင်း အစီအစဉ်သို့ ပြောသည်။

တောင်ကြီးမြို့ မီးပုံမှန်မလာ၍ တရုတ်ပြည်ထုတ် မီးစက်သာအားကိုးနေရ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ ၉ ရက်၊ ၂၀၁၀။ ဗုဒ္ဓဟူးနေ့

တောင်ကြီးမြို့သည် ယနေ့အချိန်ထိ မီးပုံမှန်မလာခြင်းကြောင့် မြို့နေပြည်သူလူများ တရုတ်ပြည်မှ ထုတ်လုပ်တင်ပို့သည့် မီးစက်များကိုသာ ၀ယ်ယူအသုံးပြုနေရသည်။

မြို့တွင်းရှိ စစ်နှင့် အစိုးရအရာရှိ အရာခံများနေသည့်ရပ်ကွက်နှင့် စစ်တပ်စခန်း ရဲစခန်း များမှလွဲ၍ ကျန်ရပ်ကွက်များမှာ အလှည့်ကျစနစ်ဖြင့် သုံးနေရကြောင်း သိရသည်။

ဖာမွန်းကျေးရွာကို ရဲနှင့် မူးယစ်နှိမ်နင်းအဖွဲ့များ ဥပဒေမဲ့ ၀င်ရောက်ဆီးနှင်းရှာဖွေမှုပြုလုပ်

တောင်ကြီးတိုင်းမ်။ ခွန်ခမ်းကို
ဇွန်လ ၈ ရက်၊ ၂၀၁၀။ အင်္ဂါနေ့

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းရှိ ဖာမွုန်းကျေးရွာအား မြို့နယ်ရဲနှင့် မူးယစ်အထူးတပ်ဖွဲ့က မူးယစ်ဆေးဝါး မသင်္ကာမှုဖြင့် ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ ဒေသခံများ ထိတ်လန့်မှုများ ဖြစ်ခဲ့ရသည်။

နောင်တရားမြို့တွင် အခြားမြို့ထက် ကျောင်းဝင်ကြေး အကုန်ကျများ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ ၈ ရက်၊ ၂၀၁၀။ အင်္ဂါနေ့

ယခုနှစ် ပညာသင်နှစ်တွင် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ အခြေခံပညာအထက်တန်းကျောင်းတွင် လာရောက်အပ်နှံသည့် ကျောင်းသားသစ်များသည် ကျောင်းဝင်ကြေးပေးဆောင်ရသည်မှာ အခြားမြို့များထက် အကုန်အကျများသည်။

ပအိုဝ်းနဲ့ အမေရိကန်တို့ရဲ့ စာစကား (၂)

ဇွန်လ ၇ ရက်၊ ၂၀၁၀။ တနင်္လာနေ့

ပအိုဝ်းစာပေ ဒုတိယခေတ်ရဲ့ တစ်ချို့သောစကားလုံးတွေမှာ အသံအမျိုးမျိုးထွက်နေသလို အနက်အဓိပါယ်လည်း အဖုံဖုံဖြစ်နေတဲ့ ချို့ယွင်းချက်တွေကြောင့် အကြီးစားပြုပြင်ဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ဒီအခက်ခဲတွေကို ဖြေရှင်းနိုင်ဖို့ စာပေပညာရှင်တွေ သံဃာတော်တွေက ပိုပြီးကောင်းမွန်မယ့်၊ အများကလက်ခံ အသုံးပြုနိုင်မယ့် စာမူသစ်တစ်ခုကို တီထွင်ကြဖို့ စာမူသစ်ရွေး ချယ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သလို ရွေးချယ်ပြီးလာမယ့်စာမူကိုလည်း ပအိုဝ်းစာပေမူသေအဖြစ် အရှည်တည်တန့်အောင် ပအိုဝ်းစာပေ မူသေဖြစ်မြှောက်ရေးအဖွဲ့ကိုပါ ဖွဲ့စည်းခဲ့ကြတာကိုတွေ့ရပါတယ်။

Is the Treaty of Brest-Litovsk come back haunting?

Monday/June 7, 2010
By Kanbawza Win

Very few students of history would recollect the Treaty of Brest–Litovsk between Germany and the Soviet Union signed on March 3rd 1918 in World War I. From the outset, both states sought to overthrow the system that was established by the victors of World War I. Germany, laboring under onerous reparations and stung by the collective responsibility provisions of the Treaty of Versailles, was a defeated nation in turmoil. Whereas the Russian Civil War made both Germany and the Soviets into international outcasts, and their resulting rapprochement during the antebellum was a natural convergence. At the same time, the dynamics of their relationship was shaped by both a lack of trust and the respective governments' fears of its partner's breaking out of diplomatic isolation and turning towards the French Third Republic which at the time was thought to possess the greatest military.

Myanmar Military Ambition Part 1, 2, 3 & 4 (From Aljazeera)



ပင်းပက်သံမဏိစက်ရုံ အလုပ်သင်များခေါ်ယူနေ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ ၅ ရက်၊ ၂၀၁၀။ စနေနေ့

တောင်ကြီးမြို့အနီးရှိ ပင်းပက်သံမဏိစက်ရုံတွင် လွန်ခဲ့သည့် ဧပြီလ သင်္ကြန်ပြီးသည့် နောက်ပိုင်းမှစတင်၍ ပညာအရည်အချင်း အနည်းဆုံး ၈ တန်းအောင်၊ အသက် ၁၇ နှစ်နှင့် အထက်ရှိသူများအား အလုပ်သင်အဖြစ် ခေါ်ယူနေကြောင်း သိရသည်။

Burmese Crisis, Through the Alien Eyes

Kanbawza Win
June 2, 2010

People having an interest in Burma may have come across of quite a comprehensive report on the coming unfair elections and equally dubious constitutions. The one sided prognosis, as published in Los Angeles Times and the release ICC report are just some of the classic examples. Of course, the people of Burma should thank these aliens for having an interest in Burma, which most of the world has forgotten, if not forsaken.

ကချင်ပြည် မြစ်ဆုံရေကာတာ ဗုံးကွဲပြီး ခရီးသွားလာမှုလုံခြုံရေးတင်းကျပ်

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ ၂ ရက်၊ ၂၀၁၀။ ဗုဒ္ဓဟူးနေ့

ဧပြီလအတွင်း၌ ကချင်ပြည်ရှိ ဧရာဝတီမြစ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဗုံးပေါက်ကွဲခဲ့သည့် နောက်ပိုင်းတွင် မကွေးနှင့် မန္တလေးမြို့တို့တွင် ခရီးသွားလာမှု လုံခြုံရေးတင်းကျပ်၍ စစ်ဆေး မေးမြန်းမှု ထူပြောများပြားကြောင်း သိရသည်။

ရွေးကောက်ပွဲအတွက် ပအိုဝ်းဒေသတွင် မဲရုံကော်မတီစတင်ဖွဲ့စီးပြီ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ ၁ ရက်၊ ၂၀၁၀။ အင်္ဂါနေ့

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် မသတ်မှတ်ရသေးသော်လည်း မဲထည့်ဖို့အတွက် ပအိုဝ်းဒေသရှိ ကျေးရွာများတွင် ဦးအောင်ခမ်းထီအမိန့်ဖြင့် မဲရုံကော်မတီများ စတင်ဖွဲ့စည်းနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ထူးဂုဏ်းလွေ ထွာနွောင်ဆရား လိတ်ပအိုဝ်းဗဟိုးသွဉ်တန် အမဲုင် (၂၀)

Pa-Oh Feature Article - ထူးဂုဏ်းလွေ ထွာနွောင်ဆရား လိတ်ပအိုဝ်းဗဟိုးသွဉ်တန် အမဲုင် (၂၀)