မူးယစ်ဆေးထုတ်လုပ်မှုတွင် မြန်မာစစ်အရာရှိများပါဝင်ဟု တိုင်းရင်းသားလူငယ်အဖွဲ့

ခွန်အောင်မြတ်။
ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၀၇ ခုနှစ်။

ရှမ်းပြည်တောင်ပိုင်းတွင် ဘိန်းစိမ်းနှင့် ဘိန်းဖြူ အများအပြား ဖမ်းဆီးရမိခဲ့သော်လည်း စစ်အရာရှိကြီးများ ပါဝင် ပတ်သက်နေ၍ သတင်းထုတ်ပြန်ခြင်းမရှိဘဲ လျှိ့ဝှက်ထားခဲ့သည်ဟု တိုင်းရင်းသားလူငယ်များ ပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့(မြန်မာနိုင်ငံ)က ယနေ့ အစီရင်ခံစာ ထုတ်ပြန်သည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ ၃တန်ခန့်ရှိပြီး ရှမ်းပြည်တောင်ပိုင်းတွင် အကြီးမားဆုံး ဖမ်းဆီးရမိခြင်းဖြစ် သည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကာလတန်ဖိုးမှာ ကျပ်သိန်း နှစ်ထောင့်ငါးရာခန့် ရှိသည့် ယင်းမူးယစ်ဆေးများကို မြန်မာစစ်တပ်နှင့် မူးယစ်အဖွဲ့ က လွန်ခဲ့သည့်လ ၄ရက်နှင့် ၈ရက်နေ့တွင် ဆီဆိုင်မြို့နယ် လွယ်မောတောင် ထီတမ်းကျေးရွာအနီးရှိ ဘိန်းချက် စက်ရုံမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ယင်းစက်ရုံသည် မြန်မာစစ်အစိုးရထံ လက်နက်ချသွားသော ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့(ရလ လဖ) အဖွဲ့၏ ဥက္ကဌဟောင်းဖြစ်သူ ဦးချစ်မောင် ထိန်းချုပ်သည့် ဒေသတွင်တည်ရှိပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တွင် မြန်မာစစ်တပ်အရာရှိများ ပါဝင်ပတ်သက် နေသည်ဟု အစီရင်ခံစာတွင်ဖော်ပြသည်။

ယင်းဖမ်းဆီးမှုနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ယခုလို သုံးသပ်သည်။

“ထန်းယန်းကျေးရွာရဲ့ အရှေ့ဖက် နည်းနည်းသွားကျမှာပေါ့ အဲဒီနေရာမှာက ထီတမ်းလို့ ခေါ်တယ်။ အဲဒီမှာ ဘိန်းချက်စခန်းတခုမိတယ်လို့ ကျနော်တို့ အဲလိုမျိုးကြားရတယ်။ အဲလိုဟာကို ကျနော်တို့ ကြည့်လိုက်ခြင်းအားဖြင့် အဲဒီဟာတွေဟာ သူတို့နဲ့ မပတ်သက်ရင် တခြားလူနဲ့ ပတ်သက်စရာ အ ကြောင်းမရှိဘူးလို့ကျနော်တို့က ဒီလိုပဲသုံးသပ်တယ်။နောက်ထပ်တခုကတော့ အစိုးရအနေနဲ့ စစ်တပ် အနေနဲ့ မပါဝင်လာဘူး ဆိုတာကလည်းပဲ ကျနော်တို့ ပြောလို့မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မိနေတဲ့ နေရာနဲ့ အဲဒီ အမှတ် (၄၂၅) (၄၂၆) တပ်ရင်း ထိုင်တဲ့ နေရာက ငါးမိုင် ၀န်းကျင်ပဲ ရှိတယ်။ အဲဒီတပ်နယ် အတောတွင်း အဲဒီပတ်လည်မှာပဲ ရှိနေတယ်ဆိုနေတဲ့ အချိန်ကျတော့ ဒါကို ကျနော်တို့ ကြည့်လိုက်ခြင်းအားဖြင့် အဲဒီနေရာမှာ မူးယစ်ဆေးဝါးချက်တဲ့ စက်ရုံပေါ်လာနိုင်တာက အဲဒီမှာ ရှိနေတဲ့ ဒေသခံ အာဏာပိုင်၊ နောက် အစိုးရတပ်တွေရော၊ ရဲတွေရော မပါဝင် မပတ်သက်လို့ ကတော့ အဲဒီနေရာမှာ လုပ်လို့ မရဘူးလို့ ကျနော်တို့ အဲဒီလိုပဲ သုံးသပ်ပါတယ်။ ”

မြန်မာအာဏာပိုင်များက ဘိန်းချက်စက်ရုံအစောင့် ထီတမ်းရွာသား ဦးပညာ (ခေါ်) တလော ဆိုသူကို ဖမ်းဆီး ထားပြီး စက်ရုံပိုင်ရှင်အဖြစ် ယူဆရသော ခွန်ချစ်အောင်( ဥက္ကဌဟောင်း ဦးချစ်မောင်၏ သား)မှာ တိမ်းရှောင်နေ ကြောင်းနှင့် လက်နက်ချ ရလလဖ ဥက္ကဌဟောင်း ဦးချစ်မောင်နှင့်သား ခွန်ချစ်အောင်တို့သည် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဗျူဟာမှူး-ဗိုလ်မှူးကြီးမြ၀င်းကို လစဉ် ကျပ်သိန်း (၅၀) ၊ ဒေသခံ တပ်ရင်းများဖြစ်သည့် ခမရ(၄၂၅)နှင့် ခမရ (၄၂၆) တပ်ရင်းတို့ကို လစဉ် ကျပ်သိန်း (၃၀)စီ ပေးသွင်းနေရကြောင်း အစီရင်ခံစာတွင် ပါရှိ သည်။

ဦးချစ်မောင်အဖွဲ့သည် ပြီးခဲ့သည့် မေလအစောပိုင်းက ရလလဖ ဗဟိုဌာနချုပ် နောင်ထောင်ဝ်မှ ထွက်ခွာခဲ့ပြီး နအဖထံ လက်နက်ချခဲ့သည်။

လွန်ခဲ့သောအပတ်က ရှမ်းပြည်အရှေ့ပိုင်းတွင် မြန်မာစစ်တပ်နှင့် မူးယစ်အဖွဲ့က ဘိန်းခင်း ၁၅၀ခန့်တွေ့ရှိ ဖျက်ဆီးခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သော်လည်း ယခုဖမ်းဆီးရမှုကို ဖော်ပြခြင်းမရှိခဲ့ပေ။

ခွဲထွက် ရလလဖ အမည်သစ် ပြောင်းလဲ ခွဲထွက် ရလလဖ အမည်သစ် ပြောင်းလဲ

အောင်မိုးမြင့်
နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်

မြန်မာစစ်အစိုးရကို ပြန်လည်လက်နက်တော်လှန်ခဲ့သော ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ (ရလ လဖ) ခွဲထွက်အဖွဲသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲအဖြစ် အမည်ပြောင်းလဲဖွဲစည်းလိုက်ပီး ပအိုဝ်း အမျိုးသားအရေးကို ဦးတည်ဆောင်ရွက်သွားမည်ဟု ယနေ ထုတ်ပြန်ကေညာသည်

အဖွဲ့၏ နိုင်ငံရေး ရည်မှန်းချက်များနှင့် ပတ်သက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၏ အထွေထွေ အတွင်းရေးမှုး ဗိုလ်မှူးကီး ခွန်သူရိန်က ယခုလို ပြောသည်

စစ်အာာရှင်စနစ်ကို ကျနော်တိုတိုက်ဖျက်မယ် မဟာလူမျိုးကီးဝါဒကီးစိုမှုကို ကျနော်တို တိုက် ဖျက်မယ် ဒီမိုကရေစီနိုင်ငံ ကျနော်တို ထူထောင်မယ် ပြည်ထောင်စု စစ်စစ်ဖြစ်ပေါ်လာအောင် ကျ နော်တို တည်ထောင်မယ် နောက်ပီးတော့ ပိုသွားတာ တစ်ခုကတော့ ဟိုးတုန်းကတော့ပြောမယ် ဆိုရင် အကျယ်ချဲ့ပြီးတော့မှ ခုံပီးပြောတာပေါ့ ဒီကနေကျတော့ ကျနော်တို ချူပ်လိုက်ပါတယ် အဲ့ ဒီနိုင်ငံရေး အဓိက ရည်မှန်းချက်ကတော့ ကျနော်တို ပအိုဝ်း အမျိုးသားများ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ ရေးနဲ တန်းတူရေးဆိုတဲ့ဟာတွေပဲဖြစ်ပါတယ်ခင်ဗျ

အမည်ပြောင်းလဲခြင်းအခမ်းအနားကို ကရင်နီတိုးတက်ရေးပါတီထိန်းချုပ်ရာ ထိုင်းမြန်မာနယ်စပ်ဒေသတွင် ယနေ နံနက် ဂနာရီက ကျင်းပခဲ့သည်

အမည်ပြောင်းလဲဖွဲစည်းလိုက်သော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲကို ဗဟိုကော်မတီဝင် ၁၁ဦး ဗဟို အလုပ်အမဆောင် ၅ဦးနှင့်ဖွဲစည်းလိုက်ကာ ဥကဌအဖြစ် ဗိုလ်မးချုပ်ခွန်ထိဆောင် အထွေထွေအတွင်းရေးမး ဗိုလ်မကီးခွန်သူရိန်နှင့် တွဲဘက်အထွေထွေအတွင်းရေးမး ဗိုလ်မကီးအောင်ကျော် တိုကို တာဝန်ပေးအပ်ခဲ့ သည်

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၏ မူလအဖွဲအစည်းဖြစ်သော ရလလဖသည် ၁၉၉၄ခုနှစ်က မြန်မာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်

ရလလဖ ဒုဥကဌအဖြစ်တာဝန်ယူခဲ့သူ ခွန်ထိဆောင်နှင့် အဖွဲသည် ပီးခဲ့သည့် ဇွန်လအတွင်းက ဌာနချုပ်မှ ခွဲထွက်ကာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီထိန်းချုပ်ရာ နယ်မြေတွင် အခြေစိုက်ခဲ့ မြန်မာအစိုးရကို ပြန် လည် တော်လှန်တိုက်ခိုက်ခဲ့သည်

ရလလဖ ဥကဌ ခွန်ချစ်မောင်ဦးဆောင်သောအဖွဲသည် ဇူလိုင်လအတွင်းတွင် စစ်အစိုးရထံ လက်နက် ချသွားခဲ့ပီး ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မိုနယ် နောင်ထော်ရှိ ဌာနချုပ်စခန်းကို နာယက အဖွဲက ဆက် လက် ဦးဆောင်ခဲ့သည်