အင်းလေးဟိုတယ်ဇုန်စီမံကိန်း ဒေသခံများ၏ တောင်းဆိုမှုအရ ခေတ္တရပ်နားလိုက်ရ

By ဖိုးဇေ | ဇန်န၀ါရီ ၃၁၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာအုပ်စု၊ အင်ကြင်းကုန်းကျေးရွာရှိ
ဟိုတယ်စီမံကိန်းနေရာတွင် (၂၉-၁-၂၀၁၃) ရက်နေ့ နေ့လည် (၁၁) နာရီအချိန်တွင် မြေသားလမ်းဖောက်လုပ်နေသော မြေထိုးစက်များအား ဆက်လက်လုပ်ကိုင်မှု မပြုလုပ်ရန် အင်ကြင်းကုန်းကျေးရွာနေ ကိုအောင်ကျော်မျိုး ဦးဆောင်သော ရွာသူရွာသား (၄၀) ဦးခန့်တို့နှင့် ဟဲယာရွာမကျေးရွာရှိ အနောက်ရွှေကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးခေမာနန္ဒ ဦးစီးသော သံဃာတော် (၁၅) ပါးခန့်တို့သည် မြေထိုးစက်၏ရှေ့မှ ပိတ်ဆို့တားဆီးခဲ့သဖြင့် ဟိုတယ်ဇုန်စီမံကိန်း
မြေသားလုပ်ငန်းအား ရပ်ဆိုင်းခဲ့ရကြောင်း သိရှိရသည်။

တောင်ကြီးမြို့တရားရုံးမှ ထူးဆန်းသောအမှုကြီး

ဇန်န၀ါရီ ၃၀ ၊ ၂၀၁၃

တစ်နေ့ တောင်ကြီးမြို့တရားရုံးကို ကျွန်တော် (စာရေးသူ) ကိစ္စတစ်ခုနဲ့ ရောက်သွားတုံး ကြားသိရတဲ့ အမှုအကြောင်းပါ။ ဒီအမှုအကြောင်းကို အများသိအောင်ရေးပြချင်တဲ့ အချက်တွေအများကြီး ရှိနေလို့ပါ။
အမှုအကြောင်းချင်းရာနဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အမိန့်ကိုကြည့်ရင် ဒီအမှုမှာ ဝေဖန်သုံးသပ်စရာတွေ
တသီတတန်းကြီး ပေါ်လာပါတယ်။

International Folklore Festival ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အကအဖွဲ့ The Most Informative Performance ဆုရရှိ

By ခွန်စိမ်းမောင် (တောင်ကြီး) | ဇန်န၀ါရီလ 27 ရက် ၊ 2013 ခု | တောင်ကြီးတိုင်းမ်

ထိုင်းနိုင်ငံရှိ သူရိန်ရာဇဖတ်တက္ကသိုလ် ဦးစီးကျင်းပပြုလုပ်သည့် (၈) ကြိမ်မြောက် Surin International Folklore Festival ယဉ်ကျေးမှုဖလှယ်ပွဲတော်တွင် မြန်မာနိုင်ငံမှ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအကအဖွဲ့မှ The Most Informative Performance ဆုရရှိကြောင်း သိရသည်။

တောင်ကြီး - အောင်သပြေ Toll Gate လမ်းအသုံးပြုခ ယခင်ထက်ပိုမို ကောက်ခံနေ


By ဖိုးဇေ(တောင်ကြီး) | ဇန်န၀ါရီလ ၂၂၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီး (တောင်ကြီးတိုင်းမ်) ။    ။ တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက် ဟဲဟိုး -တောင်ကြီး (၂၄) မိုင် ယာဉ်ဖြတ်သန်းခကောက်ခံရေးဂိတ် အောင်သပြေ Toll Gate မှ လမ်းအသုံးပြုခ
ငွေကြေးကောက်ခံနေမှုမှာ ပုံမှန်သတ်မှတ်ငွေကြေးအတိုင်း ကောက်ခံမှုမဟုတ်ပဲ
ပြောင်းလဲကောက်ခံမှုများရှိနေကြောင်း သိရပါတယ်။

လိမ်ညာသော သမိုင်းတွေနဲ့ တိုင်းရင်းသားမဖြစ်နိုင်

By ခိုင်လင်း(မေဃ၀တီ) | ဇန်န၀ါရီ (၂၀) ၂၀၁၃ | တောင်ကြီးတိုင်းမ်

ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့လုပ်ရပ်တွေ၊ သမိုင်းလိမ်၊ သမိုင်းတုတွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးရဲ့ အကြီးမားဆုံးသော အဟန့်အတားတွေဖြစ်သလို နောက်ထပ်ပြဿနာတွေ ဖြစ်ပေါ်စေရေးကိုလည်း ဦးတည်နေပြန်တယ်။

If Laiza falls, the Union of Burma is finished?

By Kanbawza Win | January 20, 2013

There cannot be the Union of Burma but only the Union of Myanmar, with the imperial Mahar Myanmar race lording perpetuity over the ethnic nationalities was authentically proven to the world when “The decision to use air power against ethnic militias, a tactic unheard of even under military rule, runs counter to reformist President Thein Sein’s assurances that troops were acting only in self defense,” wrote Martin Petty of Reuters.[1] Very lately there was indiscriminate shelling kills some civilians including some women and children in Laiza.[2] 
 

နိုင်ငံတကာ Folklore Festival ယဉ်ကျေးမှုပွဲတော် မြန်မာနိုင်ငံအကအဖွဲ့ အထူးအားပေးမှုခံရ

By ခွန်စိမ်းမောင် (တောင်ကြီး) | ဇန်န၀ါရီလ ၁၈ ရက် ၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဒေသရှိ ဆူရင်းခရိုင်မှာ ကျင်းပပြုလုပ်တဲ့ (၈) ကြိမ်မြောက် Surin International Folklore Festival လို့ခေါ်တဲ့ နိုင်ငံတကာယဉ်ကျေးမှုဖလှယ်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ဖျော်ဖြေ တင်ဆက်ကပြတဲ့ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား ဆူရင်းခရိုင်ရှိ တက္ကသိုလ်ကျောင်းသားကျောင်းသူများနှင့် ပြည်သူလူထုများရဲ့ အထူးအားပေးမှုကို ခံရကြောင်း ထိုင်းဒေသခံသတင်းက ဖော်ပြထားတာ သိရပါတယ်။

လဲချားမြို့နယ် ရဲတပ်ဖွဲ့မှ အပြစ်မဲ့ရွာသားတစ်ဦးအား အကြောင်းမဲ့ပစ်သတ်

ဇန်န၀ါရီလ ၁၆ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်၊ ပုံတိုက်ကျေးရွာအုပ်စု၊ ၀မ်ပုံကျေးရွာနေ ဦးလုံးအော အသက် (၄၅) နှစ်အား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၁) ရက်နေ့၊ နေ့လည် (၁) နာရီအချိန်ခန့်တွင် လဲချားရဲတပ်ဖွဲ့ဝင် (၉) ဦးမှ မည်သည့် အကြောင်းပြချက်မှ မရှိပဲ M22 သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင် ကျင်းပမည့် နိုင်ငံတကာယဉ်ကျေးမှုဖလှယ်ပွဲသို့ မြန်မာပြည်ကိုယ်စား သွားရောက်မည့် ပအိုဝ်းတိုင်းရင်းသားအကအဖွဲ့ ရန်ကုန်တွင် ပဏာမဖျော်ဖြေတင်ဆက်ခဲ့

By ခွန်ထီးခမ်း | ဇန်န၀ါရီလ ၁၄ ၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ရန်ကုန် (တောင်ကြီးတိုင်းမ်)။ ။ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၈) ကြိမ်မြောက် Surin International Folklore Festival ယဉ်ကျေးမှုဖလှယ်ပွဲသို့ မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖျော်ဖြေ တင်ဆက်ကပြမည့် ပအိုဝ်းအမျိုးသားကိုယ်စား အကအဖွဲ့က ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၁၃ ရက်နေ့၌ ရန်ကုန် ဗဟန်းမြို့နယ်ရှိ တောင်ကြီးကျောင်းတိုက်တွင် ပဏာမ ဖျော်ဖြေကပြခဲ့ကြောင်းသိရသည်။

ရွှေ့ပြောင်းအလုပ်သမားများအတွက် အခမဲ့ ထိုင်း အင်္ဂလိပ် နှင့် ကွန်ပျုတာ သင်တန်းကျောင်း ဘန်ကောက်မှာ စတင်ဖွင့်လှစ်

ခွန်စိမ်းမောင် (တောင်ကြီး) | ဇန်န၀ါရီ ၁၃ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာပြည်ကလာတဲ့ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာနှင့် ကွန်ပျုတာပညာရေးဆိုင်ရာ အခမဲ့သင်တန်းကျောင်းကို ဒီနေ့ (၁၃-၁-၂၀၁၃ ) ခုနှစ် ဘန်ကောက်မြို့ ဘန်ကပိ (ဟက်ပီးလဲန်) ရပ်ကွက်မှာ စတင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရှိပါတယ်။ 

အောင်ပန်းမြို့ အောင်ချမ်းသာစာသင်တိုက်၌ သာသနဟိတကာရီ သုံးထပ်ကျောင်းဆောင်ကြီး ရေစက်ချပွဲ ကျင်းပ

ခွန်စိမ်းမောင် (တောင်ကြီး) | ဇန်န၀ါရီ ၁၂ ရက်၊ ၂၀၁၃ ခုနှစ် | (တောင်ကြီးတိုင်းမ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ အောင်ချမ်းသာစာသင်တိုက်၌ ၁၃၇၄ ခုနှစ်၊ နတ်တော်လ ကွယ် (လဆုတ် ၁၄ ရက်) (၁၁၊ ၁၊ ၂၀၁၃) သောကြာနေ့တွင် စာသင်တိုက်အတွင်းရှိ သာသနဟိတကာရီ သုံးထပ်ကျောင်းတော်ကြီး ရေစက်ချအလှူပွဲတစ်ရပ်ကို ကြီးကျယ်ခန်းနားစွာ ကျင်းပခဲ့ကြောင်း သိရပါတယ်။
 

လိုင်ဇာတိုက်ပွဲအခြေအနေအား UNFC ညီလာခံ၌ တင်ပြသွားမည်

အောင်အောင် (မြစ်မခ) | Jan 5, 2013 | Myit Makha Mediagroup

ကေအိုင်အိုဌာနချူပ်အနီးက တိုက်ပွဲအခြေအနေတွေ့ရှိချက်များအား ဇန်န၀ါရီလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပမည့် UNFC ၏ ဒုတိယအကြိမ်မြောက်ညီလာခံတွင် တင်ပြသွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် ဥက္ကဌနှင့် UNFC ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

Moral and Morale of the Super Powers

By Kanbawza Win | January 5, 2012

The video link shot by the humanitarian group Free Burma Rangers, and publicized by BBC is an authentic proof, that real power is the hands of the sullen face, bulldog Than Shwe who controls the eleven member NDSC (National Defense and Security Council) hand picked by him, where Thein Sein is almost powerless and could not do anything. Than Shwe had successfully tricked the world and now got all the international community recognizing the quasi military government.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆၅) မြောက် လွတ်လပ်ရေးနေ့ကို ဟိုပုံးမြို့ရှိ နောင်တောင်းပရိဟိတကျောင်းတွင် ကျင်းပ

ခွန်စိမ်းမောင် (တောင်ကြီး) ဇန်န၀ါရီ ၄ ရက်၊ ၂၀၁၃ ခုနှစ် ။ (တောင်ကြီးတိုင်းမ်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ နောင်တောင်းပရဟိတကျောင်းတိုက်၌ ယနေ့နံနက် ၁၁ နာရီအချိန်တွင် ကျင်းပခဲ့သည်။ 

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထိုင်းစာသင်ကျောင်းနှင့် ထိုင်းလူထုအကျိုးပြု အလှူငွေများပေးအပ်

ခွန်စိမ်းမောင်(တောင်ကြီး)၊ ဇန်န၀ါရီ ၃ ရက်၊ ၂၀၁၃ ခုနှစ်၊ တောင်ကြီးတိုင်းမ်

ဖန်ငါခရိုင်၊ တကိုထုန်းမြို့နယ်၊ ခုတ်ကလွယ်ရပ်ကွက်ရှိ ကျောင်းသားကျောင်းသူ တစ်ရာကျော် စာသင်နေတဲ့ ဆောက်လုပ်ဆဲအခြေခံပညာမူလတန်း ၀ပ်ထာနွန်စာသင်ကျောင်းအတွက် ၀ပ်ထာနွန်ကျောင်းထိုင် ဆရာတော်မှတဆင့် ကျောင်းအုပ်ဆရာကြီးအား စာသင်ကျောင်း တည်ဆောက်ရေး မြန်မာရွှေ့ပြောင်းအလုပ်သမားများ စုပေါင်းအလှူငွေ ဘတ် (၂၀၀၀၀၀) နှစ်သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

မဲဆောက်ဒေသရှိ တိုင်းရင်းသားများ နှစ်သစ်ကြိုဆို ဆွမ်းဆန်စိမ်းလောင်းလှူ

ခွန်စိမ်းမောင်(တောင်ကြီး) | ဇန်န၀ါရီ ၁ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ထိုင်း-မြန်မာ နယ်စပ် အထူးစီးပွားရေးဇုန်ဒေသရှိ မဲဆောက်မြို့မှ တိုင်းရင်းသား (၇) မျိုးတို့၏ စည်းလုံးညီညွတ် စုပေါင်းကာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို (၁-၁-၂၀၁၃ ) ခုနှစ်မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရပါတယ်။