RFA
မြန်မာစစ်အစိုးနဲ့ငြိမ်းချမ်းရေးယူထားတဲ့ ရှမ်းပြည်အဖွဲ့တစ်ဖွဲ့က မြန်မာစစ်အစိုးရကို လက်နက်အပ်လိုက်သလို တခြားလက်နက်ကိုင်တပ်ဖွဲ့တွေလဲ လက်နက်ချဖို့ကိစ္စကို စစ်အစိုးရက ဖိအားပေး တောင်းဆိုနေတယ်လို့ သိရပါတယ်။
၁၉၉၄ ခုနှစ်က မြန်မာစစ်အစိုးရနှင့်ငြိမ်းချမ်းရေးယူခဲ့ပြီး ရှမ်းပြည်တောင်ပိုင်းနောင်ထောဝ်မြို့မှာ အခြေစိုက်တဲ့ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ ရလလဖတပ်ဖွဲ့တွေဟာ သြဂုတ်လ (၃) ရက်၊ ညနေ ၃ နာရီမှာ စစ်အစိုးရစီမှာ လက်နက်အပ်လိုက်ရတယ်လို့ ရလလဖ အဖွဲ့နဲ့နီးစပ်သူတစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က ဗိုလ်မှူးကြီးဦးခွန်တိဆောင် ဦးဆောင်တဲ့အဖွဲ့ဟာ နောင်ထောဝ်မြို့မှ အခြေစိုက်တဲ့ ရလလဖအဖွဲ့ကနေ လွတ်မြောက်နယ်မြေကို ခွဲထွက်လာခဲ့ပြီးနောက်ပိုင်းမှာ စစ်အစိုးရကနေဖိအားပေးလာတာဖြစ်တယ်လို့ ပြောပါတယ်။
ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO နဲ့ ဇူလိုင်လဆန်းပိုင်းက ပူးပေါင်းလိုက်တဲ့ ဦးဆိုင်းဖခေါင်းဆောင်တဲ့ ရလလဖတပ်ဖွဲ့ဝင်တချို့ကိုလည်း ယခုအခါ စစ်အစိုးရအာဏာပိုင်တွေက ဖိအားပေးနေပြီလို့သိရပါတယ်။
“ဦးဆိုင်ဖတို့က ဘယ်လိုအခြေအနေရှိလဲဆို PNO နဲ့ပေါင်းထားတယ်၊ သူတို့လဲ အဲလို ( ….. ) တောပြန်ခိုမလား လက်နက်အပ်မလားပေါ့၊ အဲလိုအနေအထားမျိုးနဲ့ ဖိအားပေးထားတယ်ရှိတယ်၊ တောင်းဆိုထားတာရှိတယ်”
လောလောဆယ်ဆယ်မှာတော့ ရလလဖအခြေစိုက်တဲ့ နောင်ထောဝ်မြို့နယ်အနီးတ၀ိုက်မှာ စစ်အစိုးရရဲ့တပ်တွေ အများအပြားတိုးချဲ့ချထားလိုက်သလို လုံခြုံရေးတင်းကျပ်မှုတွေရှိနေတယ်လို့လဲပြောဆိုသွားပါတယ်။
သြဂုတ်လ ၅ ရက်၊ ၂၀၀၈ RFA မှ ထုတ်လွင့်သည့် အသံလွင့်အစီအစဉ်မှ ပြန်လည်ရိုက်နှိပ် တင်ပြခြင်းဖြစ်ပါသည်။