ပအိုဝ်းအပစ်ရပ်အဖွဲ့ ကျေးရွာသားများအား စစ်သင်တန်းတက်ရန် အမိန့်ထုတ်

သီတာထွန်း။
စက်တင်ဘာလ ၂ရက်၊ ၂၀၀၈ ခုနှစ်။


ရှမ်းပြည်တောင်ပိုင်းရှိ ကျေးရွာများတွင် အပစ်ရပ်အဖွဲ့၏ အမိန့်ဖြင့် ရွာသားများအား အခြေခံစစ်သင်တန်းနှင့် သ တင်းအပေးအယူသင်တန်းကို မတက်မနေရ အမိန့်ထုတ်ထားသည်။


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) မှ ရှမ်းပြည်တောင်ပိုင်း ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ အသက် ၁၈-၄၅ နှစ် ပြည့်သူ ကျေးရွာသားများအား စစ်သင်တန်းနှင့် သတင်းအပေးအယူ သင်တန်းတက်ကြရန် အမိန့်ထုတ်ထား ခြင်းဖြစ်ပြီး သင်တန်း ကာလမှာ သုံးလကြာမြင့် မည်ဟု ယင်းအဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။


“တရွာကို ဆယ်ယောက်နှုန်းနဲ့၊ အခြေခံစစ်သင်တန်းနဲ့ သတင်းအပေးအယူသင်တန်းပေါ့၊ သုံးလ သင် တန်းခင်ဗျ၊ ဦးအောင်ခမ်းထီဖက်က ဆင့်ထုတ်တာပေါ့နော်၊ (၂၀) ရက်နေ့ (၈) လက (PNO) ကိုယ် တိုင်က ထုတ်တာပေါ့နော်၊ ဟိုပုံးမြို့နယ်နဲ့ ဆီဆိုင်မြို့နယ်လို့ ပြောတယ်။ အဲဒါကို မတက်ဘူး ပျက်ကွယ် တယ်ဆိုလို့ရှိရင် တဦးကို ဒဏ်ငွေ လေးသောင်းနှုန်းနဲ့ ဒဏ်ရိုက်မယ်ပေါ့။”


သုံးလ သင်တန်းပြီးသွားပါက အတိုက်အခံအင်အားစုများ၏ လှုပ်ရှားမှု သတင်းများကို ရွာသားများမှ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ထံ အမြဲသတင်းပေးပို့ အစီရင်ခံရမည်ဟု သင်တန်း တက်ရောက်သည့် ဒေသခံများက ပြော သည်။


မတက်မနေရ သင်တန်းကြောင့် အိမ်ထောင်ဦးစီး ယောက်ျားများမှာ အလုပ်လုပ်ချိန် မရှိသဖြင့် စားဝတ်နေရေး အတွက် အခက်အခဲများနှင့် ရင်ဆိုင်ရကြောင်း ဟိုပုံးမြို့နယ်မှ ဒေသခံတဦးက ပြောသည်။


“ရွာသားဆိုတာက တောင်သူလယ်လုပ်သမားတွေ၊ အခုသင်တန်းတက်မယ်ဆိုရင် တပတ် ကို တရက် ကနှစ်ရက်ဆိုရင် အလုပ်ချိန်က မရှိတော့ဘူး၊ အမှန်က အိမ်ထောင်ဦးစီး ဆိုတာ ယောင်္ကျားက အဓိက ပေါ့၊ ယောင်္ကျားက ဒီလိုမျိုးဆို အခက်အခဲအများကြီး ရှိတာပေါ့။”


ယခု လောလောဆယ်ဆယ်တွင် သင်တန်းကို ဆီဆိုင်မြို့နယ်အတွင်းရှိ စဗျက်တိုက်နယ် ကျေးရွာအုပ်စုတွင် စတင် အကောင်အထည်ဖော်နေပြီဖြစ်ပြီး ရွာသားများမှာ မတက်ချင်ကြ သော်လည်း မတက်မနေရ အမိန့် ကြောင့် တက်နေရသည်ဟု သိရသည်။


ယင်းဒေသများသည် အပစ်ရပ်အဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ထိန်းချုပ်ရာနယ်မြေ ဖြစ်ပြီး၊ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)၊ မြန်မာစစ်အစိုးရတပ် နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့တို့လည်း လှုပ်ရှားနေသည့် နယ်မြေဖြစ်သည်။

မြန်မာတပ်အား ပအိုဝ်းအဖွဲ့ ခြုံခိုတိုက် မြန်မာစစ်တပ်မှ ၈ ဦး သေဆုံးဟု ပအိုဝ်းအဖွဲ့မှ ပြော

နွယ်လေး။
စက်တင်ဘာလ ၂ ရက်၊ ၂၀၀၈ ခုနှစ်။


ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO) သည် ဆီဆိုင် မြို့မှ ပြန်လာသည့် မြန်မာစစ်အစိုးရတပ်ဖွဲ့များကို ခြုံခိုတိုက်ခိုက်ရာ မြန်မာစစ် တပ်ဘက်မှ (၈) ဦး သေဆုံးပြီး ဒဏ်ရာ အများပြား ရသည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့က ပြောသည်။


သြဂုတ်လ (၃၁) ရက်နေ့တွင် ခလရတပ်ရင်း ၄၂၅၊ ၄၂၆ နှင့်အတူ တောင်ကြီးမြို့ ကုန်းလမ်းပို့ဆောင် ဆက် သွယ်မှု ညွန်ကြားရေး ဦးစီးဌာန(ကညန)၊ လူဝင်မှု ကြီးကြပ်ရေးဌာန (လ၀က)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ ဖြိုးရေးအဖွဲ့မှ တာဝန်ရှိများသည် ဆီဆိုင်မြို့နယ် တွင်းရှိ ကျေးရွာများတွင် အခွန်ငွေများကောက်ခံပြီး တောင်ကြီး သို့ အပြန် နမ့်အောနှင့် ထီတမောင်း ကျေးရွာကြား ဆီဆိုင်-တောင်ကြီး ကားလမ်းမတွင် (PNLO) တပ်ဖွဲ့နှင့် တစ်နာရီခန့် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။


ဆီဆိုင်မြို့နယ်တွင်းရှိ ကျေးရွာများတွင် ဒေသခံများကို အခွန်အခများ ကောက်ခံသည်ကို မကျေနပ်သဖြင့် (PNLO) အဖွဲ့မှ ဗိုလ်မှုးကျော်ထင် ဦးစီးပြီး ခြုံခိုတိုက်ခိုက်သည်ဟု ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီဝင်တဦးဖြစ်သှူ ခွန်ကျွဲထိုက ယခုလို ပြောသည်။


“နအဖစစ်သားတွေက မြို့နယ်ကိုလာပြီးတော့ လူထုကို အနိုင်ကျင့်တယ်။ မတရားအခွန် ကောက်ပြီး ပြန်လာတဲ့ သူတို့ အဖွဲ့ကို စောင့်ပစ်တာ။ လူထုဆီက ခြံမြေကို မတရားသိမ်းတယ်။ ဆိုင်ကယ် တစ်စီး လိုင်စင်လုပ်ပေးတာကို ၁၀ သိန်း ထိယူတာမျိုး အများကြီးယူတယ်။ ပြည်သူ တွေက အားကိုးရာမဲ့ တော့ ဘာမှ မတတ်နိုင်ဘူး။ လိုင်စင်လုပ် နိုင်သူက လုပ်ပြီး မတတ်နိုင်တဲ့ သူတွေက ဆိုင်ကယ်ကို ၀ှက် ထားရတာမျိုး။ သက်သေခိုင်လုံမှု မရှိပဲနဲ့ မတရားစွပ်စွဲ ဖမ်းဆီးတာမျိုး တွေလုပ်တယ်။ လွယ်တဖရီး ကျေးရွာက ရွာသူကြီး တစ်ယောက်ကို တော်လှန်ရေးအင်အားစုကို ဆက်ကြေးပေးရကောင်းလား ဆို ပြီး မတရားဖမ်းဆီး ရိုက်နှက် တယ်။”


ကျေးရွာလူထုများကို အတင်းအဓမ္မ အခွန်ကောက်ယူခြင်း၊ အဓမ္မစေခိုင်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဆက်လက်ပြုလုပ်ပါက စစ်ရေးအရ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု ခွန်ကျွဲထိုက ပြောသည်။


“ပြည်သူလူထုကို မတရားအခွန် ကောက်ခံတာကို သူတို့ဘက်က တတ်နိုင်သမျှ နောက်ဆုတ်ပေးပါ။ ဒါမှ မဟုတ်ရင် ကျနော်တို့ဘက်က စစ်ရေး အရှိန်ပိုမြင့်တက် မယ်လို့”


ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာစစ်အစိုးတပ် ခမရ ၄၂၃ က ဆီဆိုင်မြို့နယ်ရှိ ရွာသူကြီး သုံး ယောက်အား PNLO အဖွဲ့ကို ဆက်ကြေးပေးသည့် မသင်္ကာ မှုဖြင့် ဖမ်းဆီးပြီး စစ်ဆေးရိုက်နှက်ရာ ယခုချိန်ထိ ရွာသူကြီး တဦးသည် တောင်ကြီးမြို့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြင့် ကုသမှု ခံနေရသည်။


ပီအဲန်အယ်အို အဖွဲ့မှာ အပစ်ရပ် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့မှ ၂၀၀၆ ခုနှစ် အတွင်းက ခွဲထွက်ပြီး တောပြန်ခိုလာသော အဖွဲ့ဖြစ်သည်။


မြန်မာတပ်မှ ဆီဆိုင်မြိ့နယ်အတွင်း လူထုထံ အခွန်ကောက်ခံခြင်းများ ယခင်ကပင်ရှိခဲ့ပြီး ယခုချိန်ထိ လူထုများ မှာ မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် ဒေသခံအဖွဲ့စည်းများထံ တိုင်ကြားသော်လည်း တစုံတရာ ဆောင် ရွက်ပေးခြင်း မရှိဟု ဒေသခံများက ပြောသည်။

အပစ်ရပ်အဖွဲ့များ ပူးပေါင်းမည် စိုးရိမ်သဖြင့် နယ်စပ်တွင် နအဖ တပ်များတိုးချဲ့

သီတာထွန်း။
စက်တင်ဘာလ ၁ရက်၊ ၂၀၀၈ ခုနှစ်။


အပစ်ရပ်အွဲ့များကို လက်နက်စွန့်ပြီး ပါတွီဲ့ရန် ဖိအားပေးမှုများရှိနေချိန်တွင် မြန်မာ စစ်အစိုးရက ထိုင်း-မြန်မာ နယ်စပ်တလျောက်တွင် တပ်အင်အားတိုးချဲ့ချထားလာသည်ဟု ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-S) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။


မကြာမီက ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာစစ်တပ်က တပ်ရင်း()ရင်း တိုးမြှင့်ချထား လိုက်ပြီး ယင်းသည် အပစ် ခတ်ရပ်စဲထားသည့် အွဲ့များနှင့် လက်နက်ကိုင်တော်လှန် နေသောအွဲ့များ ပူးပေါင်းမည်ကို တားဆီးရန် စြ် နိုင်ကြောင်း ရှမ်းပြည်တပ်မတော်-တောင်ပိုင်း (SSA-S)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်စိုင်းဆိုင်မိန်းက ပြောသည်။


"သူတို့က ဘယ်လိုလည်းဆိုတော့ ကျနော်တို့က ဖြတ်တောက်ထား မှာပေါ့နော်၊ အကယ်၍ အပစ်အ ခတ်ရပ်စဲရေးအွဲ့တွေကို သူတို့ ညှစ်လာပြီ ဖိလာပြီဆိုတဲ့အချိန်မှာ ဒီအပစ်အခတ်ရပ်ွဲ့တွေနဲ့ ဒီ တိုက်ခိုက်နေဆဲ အွဲ့တွေ လာမပူးပေါင်းနိုင်အောင် အက်က်က ၀ိုင်းပြီးတော့ ဒီအပစ်အခတ် ရပ်ထားတဲ့ အွဲ့တွေကို ညှစ်လာနိုင်အောင် သူတို့အစီအစဉ် ရှိလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ် ခင်ဗျ၊ ဒါကောင့်မို့ ဒီလိုမျိုးနယ်မြေ တိုးချဲ့ပြီး တပ်တွေထပ်ဖြည့်ထားတယ်လို့ ကျနော်တို့ ယုံကည် တယ်ခင်ဗျ။"


မြန်မာစစ်အစိုးရ တပ်အင်အားတိုးချဲ့ရာတွင် မသိမသာတိုးချဲ့ခြင်းဖြစ်ပြီး တပ်အလွဲအပြောင်း ပြုလုပ်ရာတွင် ပြန် သွားသည့် တပ်ထက် ပြန်လာသည့်တပ်က အင်အား ပိုမို များပြားလာသည်ဟု ၎င်းက ဆက်လက်ပြောသည်။


"သူတို့ တညြ်းညြ်းနဲ့တော့ တပ်တွေဒီလိုမျိုးစုဆောင်းလာတယ်၊ သူတို့ တပ် Change (လွဲပြောင်း)သလို လိုနဲ့ ၀င်လာတဲ့တပ်ရှိတယ်၊ ထွက်သွားတာလညရှိတယ်၊ ဒီလိုမျိုးနဲ့ တဖြည်းညြ်း သူတို့ အင် အား ထပ်ညြ့်လာတယ်လို့ ကျနော်တို့ ယုံကည်ရတယ်ခင်ဗျ။"

ယခုကဲ့သို့ တပ်အင်အားတိုးချဲ့မကြောင့် SSA-S က်မှလည်း စစ်ရေးအရ ပြင်ဆင်မှုများပြုလုပ်နေသည်ဟု ၎င်းက ပြောသည်


ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းတွင် ပအိုဝ်းနီခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအွဲ့ကို မြန်မာစစ် အစိုးရကိအားပေးကာ လက်နက်အပ်နှံစေခဲ့သလို အခြားအပစ်ရပ်အဖွဲ့များကိုလည်း လက်နက်စွန့်ရနိအား ပေး မှုများရှိနေသည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်

မသင်္ကာမှုဖြင့် ဖမ်းဆီးခံရသော ရွာသူကြီး အခြေအနေစိုးရိမ်ရ

ခွန်အောင်မြတ်။
သြဂုတ်လ ၃၀ ရက်၊ ၂၀၀၈ ခုနှစ်။


ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ရွာသူကြီးသုံးယောက်ကို မသင်္ကာမှုဖြင့် မြန်မာ စစ် တပ်က ဖမ်းဆီးရိုက်နှက်ရာ တဦးမှာ ဆေးရုံတွင် ဒဏ်ရာအပြင်းထန်ခံစားရပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိ နေသည်ဟု ဒေသခံများက ပြောသည်။


မြန်မာစစ်တပ်မှ ဖမ်းဆီးရိုက်နှက်ခြင်း ခံရသော လွယ်တဖရီး ရွာသူကြီး မောင်ဦးသည် ဒဏ်ပြင်းထန်စွာရရှိပြီး ယခု တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်ဟု ယင်းဒေသခံက ပြောသည်


“စစ်တပ်ထဲမှာတုန်းကလည်း စကားပြောလို့ မရဘူး။ ပါးစပ်ကလည်း သွေးထွက်နေတယ်။ တအား လည်းနာလို့ထင်တယ်။ (၄၂၃)ကနေ ရဲစခန်းကို အပ်လိုက်တယ်။ ရဲစခန်းလည်း အခြေအနေ မဟန် လို့ ဆေးရုံမှာ သွားထားပေးတယ်။ ထားတဲ့အခါလည်း ရဲနှစ်ယောက်က ပါတယ်။ စောင့်နေကြတယ်။ အခု စကားတောင် မပြောဘူး။ တအားနာတယ်။ ဒဏ်ရာက ထိလို့တောင် မရဘူး။ ကိုင်လို့တောင် မရဘူး။ နာနေတယ်။ ထမင်းစားလို့ မရဘူး။ ပိုက်နဲ့ သွင်းပေးရတယ်၊ နောက်ပြီးတော့ ကျင်ငယ် လည်း မသွားဘူး။ ပိုက်နဲ့ စုပ်ထုတ်ပေးရတယ်။ ခုထိက စကားတောင် မပြောဘူး။ သေမယ့် သဘော ရှိတာပေါ့ ရှင်းရှင်းပြောမယ် ဆိုရင်။ ”


ယခုလလယ်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ လွယ်တဖရီးကျေးရွာ၊ နားဗောင်ရွာနှင့် ကောင်းမူးဗွာ ရွာသူကြီးများ အား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပီအဲန်အယ်လ်အို)အား ငွေကြေး ထောက်ပံ့ပေးသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။


“၀ါခေါင်လပြည့်နေ့က ဖြစ်တာ။ လွယ်တဖရီးရွာရယ် နောက် နားဗောင်ရွာ၊ နောက် ကောင်မူးဗွာရွာ သုံးရွာ၊ ရွာသူကြီး သုံးယောက် အရိုက်ခံရတယ်။ ခွဲထွက်တဲ့ ရလလဖ အဖွဲ့ က သူတို့က ရွာမှာ ပိုက် ဆံလိုက်တောင်းတယ်။ အဲဒီစာကို သူတို့က တရွာပြီးတရွာ လိုက်ပေးတာပေါ့။ နောက် သူတို့ ၀ါးခရာ ရွာရောက်တဲ့အခါကျတော့ အဲဒီ ရွာက လူတယောက်ပေါ့ အဲဒီလူတယောက်က သတင်းသွားပေးတာ။ (ခမရ) ၄၂၃ ကို သတင်းသွားပေးတာ။ သတင်းသွားပေးတော့ အဲဒီညက သူတို့ စာတွေ လိုက်သိမ်း တာပေါ့။ အဲဒီညမှာပဲ လွယ်တဖရီးရွာက သူကြီး သုံးယောက်ကို ဖမ်းခဲ့တယ်။ အဲဒီ ၄၂၃ မှာပဲ စခန်းထဲ မှာပဲ ဖမ်းထည့်တယ်။ အဲဒီရွာသူကြီး သုံးယောက်ကို ခေါ်လာပြီးတော့ အဲဒီတပ်ထဲရောက်တော့ မေး မြန်းပြီးမှ အဲဒီစစ်တပ်ထဲမှာပဲ သူတို့ ရိုက်တာ။ အမှန်အတိုင်းပြောလည်း ရိုက်တယ်။ လိမ်ပြောလည်း ရိုက်တယ်။ ဘယ်လိုပြောပြောလဲ မရဘူး။”


ကျန်ရွာသူကြီးနှစ်ယောက်ထဲမှ တစ်ယောက်သည် ပီအဲန်အယ်လ်အို ပေးပို့လာသည့် စာကို လက်ခံသည့် ရွာသူ ကြီးကို သွားခေါ်ရန် စေလွတ်ရာမှ ထွက်ပြေးသွားပြီး ကျန်တယောက်သည် ဆီဆိုင်ရဲစခန်းတွင် ဆက်လက် ဖမ်း ဆီး ထားသည်ဟု သိရသည်။


ဆီဆိုင်မြို့နယ်မှ ရယက လူကြီးများက ခမရ ၄၂၃ မှ ဒု-တပ်ရင်းမှူး မင်းမင်းထွန်းအား ဖမ်းဆီးထားသည့် ရွာသူ ကြီးများကို ပြန်လွတ်ပေးရန် သွားရောက် တောင်းပန်သော်လည်း မလွတ်ပေးသည့်အပြင် ရယက ဥက္ကဌအား ပါးရိုက်လွတ်သဖြင့် အခြားရွာသူကြီးများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ရွာသားများက ပြောသည်။


ယခုကျေးရွာသားများသည် မြန်မာစစ်အစိုးရကို ဆန့်ကျင်တိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုလည်း ကြောက်နေကြရပြီး မြန်မာစစ်တပ်မှ အရေးမှုကို ကြောက်နေကြရသည်ဟု အခြားရွာသား တစ် ယောက်က ပြောသည်။


“ဒီဟာမျိုးက မလုပ်ကောင်းဘူးပေါ့နော်။ မလုပ်သင့်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ရွာသားက လည်း ဒီအပြင်(လက်နက်ကိုင်အုပ်စု)ကိုလည်း မလွန်ဆန်နိုင်ဘူးပေါ့။ အပြစ်ဒဏ် ဆိုရင်လည်းပဲ အပြင်က ကြောက်ရတယ်ပေါ့နော်။ တပ်မတော်ကလည်း တာဝန်မယူပေးဘူး။ သူတို့ကလည်း တာဝန် ယူနိုင်မှာ မဟုတ်ဘူး။ မပေးရင် တောင်သူလယ်သမားဆိုတော့ ဖမ်းမလား၊ ရိုက်မလားပေါ့။ အဲဒါလည်း ကြောက်တယ်။ ပေးပြန်ရင်လည်းပဲ အစိုးရဖက်က တခါ ပြန်ရိုက်တယ်။ ဘယ်လိုနေရမလဲ။ ဒီရွာသား တွေက အားကိုးရာမဲ့နေတယ်။”


ဆီဆိုင်မြို့နယ်သည် ယခင်က ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ ရလလဖ ထိန်းချုပ်ရာနယ်မြေဖြစ်ပြီး ယခုအခါ မြန်မာစစ်တပ်အပြင် ရှမ်းပြည်တပ်မတော် (အက်စ်အက်စ်အေ) တောင်ပိုင်း၊ ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး (ကလလတ)နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (ပီအဲန်အယ်လ်အို) တပ်ဖွဲ့ များလည်း လှုပ်ရှားသည့် နယ်မြေ ဖြစ်သည်။