ပအိုဝ့် ပအိုဝ် ပအိုဝ်း သုံးမျိုးပြသနာ

ခွန်ရာဇာ | အောက်တိုဘာ ၁၆ ရက်၊ ၂၀၁၅ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းတိုင်းရင်းသားတွေဟာ ဟိုးရှေးဘုရားရှင်လက်ထက်ကတည်းက မြန်မာနိုင်ငံမှာ မှီတင်းနေထိုင် လာခဲ့တာဖြစ်ပြီး သမိုင်းအစဉ်အလာအရ ကြီးမားခဲ့တဲ့လူမျိုးတစ်မျိုးဖြစ်ပါတယ်။ သမိုင်းအရ သုဝဏ္ဏဘူမိလို့ခေါ်တဲ့ သထုံမှာ ပအိုဝ်းတိုင်းရင်းသားကိုယ့်ဘုရင်ကိုယ့်ထီးနန်းအနေနဲ့ နေထိုင်လာတဲ့လူမျိုးဖြစ်တယ်လို့သိခဲ့ရပါတယ်။ ပိဋိကတ်သုံးပုံကြောင့် ခွန်မနုဟာ ဘုရင်မင်းလက်ထက်မှာ ပုဂံမင်းအနော်ရထာ လာတိုက်ယူတဲ့အတွက် သုဝဏ္ဏဘူမိသထုံပြည် ကျဆုံးခဲ့ရတယ်လို့လည်းသိရပါတယ်။

ပအိုဝ်းအမျိုးသားထံ ပေးစာ

လာမည့်နိုဝင်ဘာလ(၈) ရက်နေ့ ၂၀၁၅ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ
နှင့်အနာဂတ်အပေါ် ပအိုဝ်းအမျိုးသားများအား အမျိုးသားတာဝန်တစ်ရပ်အဖြစ်
အောက်ပါမေးခွန်းမှားကို ဖြေကြားပေးပါရန် မေတ္တာရပ်ခံလိုက်ပါသည်။

၁။ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ပအိုဝ်းအမျိုးသားကြား အထူးခြားဆုံးအချက်တစ်ချက်မှာ ဘာပါလဲ။
၂။ ပအိုဝ်းအမျိုးသားတွင် နိုင်ငံရေးပါတီ တစ်ခုထက်မက ရှိခြင်းအပေါ် ဘယ်လိုမြင်ပါသလဲ။
၃။ မဲဆန္ဒနယ်တစ်ခုတည်းတွင် ပအိုဝ်းအမျိုးသားနိုင်ငံရေး ပါတီချင်း ထိတ်တိုက်ယှဉ်ပြိုင်ခြင်းအပေါ် ဘယ်လိုမြင်ပါသလဲ။
၎။ ပအိုဝ်းနိုင်ငံရေးပါတီချင်း ထိတ်တိုက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်ဖြစ်လျှင် မည်သည့် ပါတီကိုမဲပေး မှာလဲ။
၅။ ဘာကြောင့် အဲဒီပါတီကို ရွေးချယ်မဲပေးရတာပါလဲ။
၆။ မဲပေးခွင့် လွတ်လပ်မှုအပေါ်မှာကော ဘယ်လိုမြင်ပါသလဲ။
၇။ ညောင်ရွှေ၊ ကလော၊ လွိုင်လင်မြို့နယ်နှင့် နမ့်စန်မြို့နယ်များ၏ မဲဆန္ဒနယ်များတွင် ပအိုဝ်းအမျိုး သား နိုင်ငံရေးပါတီ ဝင်ရောက်ယှဉ်ပြိုင်မှုမရှိခြင်းအပေါ် ဘယ်လိုမြင်ပါသလဲ။
၈။ ပအိုဝ်းအမျိုးသားနိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းရွေးချယ်၊ မဲဆန္ဒနယ်ချထားမှုအပေါ် ဘယ်လိုမြင်ပါသလဲ။
၉။ ပအိုဝ်းအမျိုးသား နိုင်ငံရေးပါတီသည် မိတ်ဖက်ပါတီထားရှိခြင်းနှင့် လွတ်လပ်သည့်ပါတီအဖြစ် ရပ်တည်ခြင်းအပေါ် ဘယ်လိုမြင်ပါသလဲ။
၁၀။ ပအိုဝ်းအမျိုးသားသည် ပအိုဝ်းအမျိုးသားနိုင်ငံရေးပါတီတွင် ဝင်ရောက်လုပ်ကိုင်ခြင်းနှင့် အခြား နိုင်ငံရေးပါတီတွင် ဝင်ရောက်လုပ်ရှားခြင်းအပေါ် ဘယ်လိုမြင်ပါသလဲ။
၁၁။ ပအိုဝ်းအမျိုးသား၏ အနာဂါတ်အတွက် သင်အပြောချင်ဆုံးစကားတစ်ခွန်းဟာ ဘာပါလဲ။


ဖြေကြားသူမှာ
၁။ အမည်၊ လက်မှတ်၊ ရက်စွဲ။
၂။ ပညာအရည်အချင်း၊ အသက်။
၃။ အလုပ်အကိုင်။
၎။ နေရပ်လိပ်စာ၊ ဖုန်း။ စသည်တို့ဖြည့်စွက်ပြီး ပေးပို့နိုင်မည့် လိပ်စာမှာ

ဦးခွန်စိန်ဝင်း(LL.B)
တရားလွတ်တော်ရှေ့နေ
၁/၄၀ ရေထွက်ဦးလမ်း
နယ်မြေ(၅) ၊ ဘုရားဖြူမြောက်ရွာ
ဘုရားဖြူရပ်ကွက်၊ တောင်ကြီးမြို့
ဖုန်း - ၀၉၄၉၃၈၆၂၃၂


မှတ်ချက်။ ။ တစ်ဦးလျှင်တစ်ကြိမ်တည်းသာဖြေကြားပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဦးခွန်စိန်ဝင်း
တရားလွတ်တော်ရှေ့နေ

ဖြားဗွာလှဖေ ဘ၀ဖြစ်စဉ်အကျဉ်းနှင့် ပအိုဝ်းအာဇာနည်နေ့ ပေါ်ပေါက်လာပုံ။


By ခွန်ချန်ကီ | အောက်တိုဘာ ၅၊ ၂၀၁၅ | တောင်ကြီးတိုင်းမ်

ဖြားဗွာလှဖေသည် ၁၉၁၀ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ဘီလင်းမြို့နယ် ညောင်ပလ္လင်ကျေးရွာအုပ်စု သံပရာဆိပ်ရွာနေ ဦးဖိုးဒွန်း ဒေါ်နန်းတို့မှ ဖွားမြင်သော သားသမီး (၃)ဦးအနက် အငယ်ဆုံးသားဖြစ်သည်။ ၁၉၃၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် B.Sc Hons သိပ္ပံဂုဏ်ထူးတန်းဘွဲ့ကို လည်းကောင်း၊ ၁၉၃၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်တက္ကသိုလ်တွင် BL ဥပဒေဘွဲ့ကိုလည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။

၁၉၃၆ ခုနှစ်မှစ၍ သထုံခရိုင်အနောက်ခြမ်းမှ ဥပဒေပြုလွှတ်တော်သို့ ကရင်အမတ်အဖြစ် လည်းကောင်း၊ ၁၉၃၇ တွင် ဒေါက်တာဘမော် ဦးဆောင်သော အစိုးရလက်ထက်တွင် ပါလီမန်လွှတ်တော် ဒုတိယဥက္ကဌအဖြစ် လည်းကောင်း တင်မြောက်ခြင်းကို ခံရသည်။ ၁၉၃၉ မှ ၁၉၄၂ အထိ ပြည်သူ့လွှတ်တော် တရားရေးဆိုင်ရာအတွင်းဝန်အဖြစ် ခန့်အပ်ခြင်း ခံရသည်။