ရည်ညွန်းစာထွက်လာသော်လည်း ပန်းတင်-နောင်လေနယ်နိမိတ်အငြင်းပွားမှု ဖြေရှင်းပေးခြင်းမရှိ

ခွန်ရာဇာ (တောင်ကြီး) | အောက်တိုဘာ ၁၁ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ် နောင်လေကျေးရွာအုပ်စုနှင့် ပန်းတင်ကျေးရွာအုပ်စု (၂) စုကြား နယ်နိမိတ်အငြင်း ပွားမှု ပဋိပက္ခဖြစ်နေခြင်းကို ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားလွှတ်တော်သို့ အကြိမ်ကြိမ် တိုင်ကြားထားပြီး၊ ယခု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းမှ ပြည်သူ့လွှတ်တော် မေးခွန်းဖြေကြားရန် ညွန်ကြားချက်အရ ပြန်ကြားခြင်း ရည်ညွှန်းစာဖြင့် အကြောင်းကြားစာ ထွက်လာသော်လည်း အောက်တိုဘာ ၁၀ ရက်အထိ ပြဿနာဖြေရှင်းပေးခြင်း မရှိကြောင်း သိရသည်။

၅၁၀ စစ်တပ်သိမ်းထားသောမြေယာ မှန်ကန်မှုရှိမရှိ အုပ်ချုပ်ရေးမှူး စစ်ဆေး

ခွန်ရာဇာ (တောင်ကြီး) | အောက်တိုဘာ ၉ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ်ဘုရားဖြူရပ် နယ်မြေ (၄) လွယ်ခမ်းပါမိုးနဲရွာတွင် ၅၁၀ စစ်တပ်သိမ်းယူထားသော မြေယာဧက ၇၂၀ ကို လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဌ ဦးတင်ထွဋ်အမိန့်စာအရ သိမ်းဆည်းထားခြင်းဟုတ် မဟုတ် တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက အောက်တိုဘာ ၈ ရက်တွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

အသိမ်းဆည်းခံရ ဘိုးဘွားပိုင်မြေကို မြို့နယ်အုပ်ချုပ်ရေးမှူး ကွင်းဆင်းစစ်ဆေး

ခွန်ရာဇာ (တောင်ကြီး) | အောက်တိုဘာ ၉ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၇) အတွင်းရှိ ရေအေးကွင်းတိုးချဲ့နယ်မြေ ကုန်းမြင့်သာယာရပ်ဟု ရည်ညွှန်းဖော်ပြ၍ (၁၉၉၈) ခုနှစ် ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ မြေမိန့်ပေးကာ နိုင်ငံတော်အကျိုး (သို့မဟုတ်) အများပြည်သူများ အကျိုးအတွက် သိမ်းဆည်းခြင်းမဟုတ်ပဲ ပုဂ္ဂလိက ပြည်နယ်အဆင့်/ခရိုင်ဝန်ထမ်းအချို့နှင့် ပြန်တမ်းဝင် တပ်မတော်အရာရှိ တစ်ချို့အား မြေပေးမိန့်ချမှတ်ပေးခဲ့သည့် မြေယာသိမ်းဆည်းခြင်းကို အဆင့်ဆင့် အသနားခံစာ တင်ပြီးမှ အောက်တိုဘာ ၈ ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ပတ်ဝန်းကျင်အပျက်အစီးနဲ့ကျန်နေခဲ့သူက ဒေသခံတွေပါ

ဆောင်းပါး | ခွန်သန်းအောင် (TGI) | အောက်တိုဘာ ၃ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

သဘာဝရေ၊ လေ၊ တောတောင်ဖြင့် အေးမြကြည်လင်ခြင်းများစွာနဲ့လူသားတို့ လန်းဆန်းမှုကို အမြဲတမ်းလိုလို ဖန်ဆင်းပေးနေတဲ့ မကုန်မခမ်းနိုင် ရာသီဥတုမွန် သဘာဝသယံဇာတကို ထိန်းသိမ်းသွားမလား၊ ဒါမှမဟုတ် လူတစ်စုအကျိုး အလိုအတွက် တည်မြဲတဲ့သဘာဝသယံဇာတ၊ ဖန်တီးရယူ၍ မရတဲ့သဘာဝသယံဇာတကို စွန့်လွတ်ဖျက်ဆီးတော့မှာလား။ နယ်ခြားပြည်ခြားမှာနေသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကြွယ်ဝဖို့အရေး ဘိုးဘွားဘီဘင်မွေးသက် ခေတ်အဆက်ဆက်မှ ထိန်းသိမ်းနေထိုင်လာတဲ့ ကျွန်ုပ်တို့ဒေသ သဘာဝပတ်ဝန်းကျင်ကို ပေးဆပ်ရမှာလား။ ပုဂ္ဂိုလ်တစ်ဦးဦးက ချမ်းသာသွားပြီး လူအများ ဆင်းရဲဒုက္ခရောက်သွားမှာကို မငဲ့ညာတော့ဘူးလား။ လိုတာရပြီး မြို့ကြီးမှာ ပြန်ဇိမ်ခံတဲ့အချိန်မှာ ပတ်ဝန်းကျင်အပျက်အစီးနဲ့ကျန်နေခဲ့မှာက ကျွန်ုပ်တို့ ဒေသခံတွေပါ။