ကျေးသီးမြို့နယ် ဗုံးပေါက်ကွဲရာမှ ဦးဇင်းတစ်ပါးနှင့် ကိုယ်ရင်သုံးပါး ဒဏ်ရာရ

နန်းခမ်းဟေမာန် (သထွုံးပေး) | ဒီဇင်ဘာ ၂ ရက်၊ ၂၀၁၅ ခု | တောင်ကြီးတိုင်းမ်

လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့ ကုန်းတော်ဘုန်းတော်ကြီးကျောင်းမှ ဦးဇင်းတပါးနှင့် ကိုယ်ရင်သုံးးပါးတို့ နိုဝင်ဘာ ၃၀ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်တွင် ရေသွားခပ်ရာ ဗုံးပေါက်ကွဲမှု ဖြစ်၍ ထိခိုက်ဒဏ်ရာရရှိကြောင်း ရှမ်းပြည်နယ် ဒုရဲမှူးကြီး ဦးသန်းလွင်ထံမှ သိရှိရသည်။

လားရှိုးရှိစစ်ဘေးသင့်ပြည်သူများ ကူညီရန် ကျောင်းသားသမဂ္ဂအဖွဲ့များပြင်ဆင်

နင်းခမ်းဟေမာန်၊ သထွုံးပေး
ဒီဇင်ဘာ ၁ ရက်၊ ၂၀၁၅ ခု| တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ် လားရှိုးဒေသရှိစစ်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားသောအားဖြင့် သွားရောက်ကူညီပေးရန်အတွက် ရှမ်းပြည်ကျောင်းသားသမဂ္ဂအဖွဲ့ထံ ခရိုင်ငါးခုမှကျောင်းသား သမဂ္ဂများက လာရောက်ပူးပေါင်းပြီး ဒီဇင်ဘာ ၂ ရက်တွင် သွားရောက်ကူညီမည်ဖြစ်ကြောင်း သတင်းရရှိသည်။

A BURMESE PERSPECTIVE: The Beauty and the Beast

Opinion | November 26, 2015 | Taunggyi Times
By Kanbawza Win



When the Beauty kissed the Beast he was turned into a handsome prince was the happy ending of the story. Will that be the case of Burma, the last frontier, where the investor’s eyes are screw on, and have hit the world headlines just before the Paris tragedy? 

ရှုံးနှိမ့်ခြင်းမှ သင်ယူသင့်တဲ့ သင်ခန်းစာတစ်ခု

ခွန်ရာဇာ | အမြင်ဆောင်းပါး
နိုဝင်ဘာ ၁၁ ရက်၊ ၂၀၁၅ ခု | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြုလုပ်တာတော့ရှိခဲ့ပါတယ်၊ ဒါပေမယ့် ဒီမိုကရေစီစနစ်အကူးပြောင်းကို ပြုလုပ်တာ ၂၀၁၀ ခုနှစ်က စတင်တာပါ။ ပအိုဝ်းတစ်မျိုးသားလုံးအတွက် ကံကြမ္မာရယ်လို့ပြောလို့မရသလို အနာဂတ်တစ်ခုလုံးအတွက် ပအိုဝ်းနိုင်ငံရေးမှေးမိန်သွားမှာလည်း မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ ဒီထဲမှာ ပအိုဝ်းနိုင်ငံရေးအတွက် သင်ခန်းစာယူသင့်ယူထိုက်တဲ့နေရာမှာ ယူရသလို အသစ်တဖန် အမှားပြင်ဆင်ခွင့် ရရှိတာဖြစ်ပါတယ်။

ပါတီကြည့်ပြီးမဲပေးမလား လူကိုကြည့်ပြီးပေးမှာလား

ခွန်မျိုးမြင့်မြတ် | အမြင်ဆောင်းပါး
နိုင်ဝင်ဘာ ၁ ရက်၊ ၂၀၁၅ ခု | တောင်ကြီးတိုင်းမ်

ရွေးကောက်ပွဲရက်က နီးကပ်နေပါပြီ တစ်နိုင်ငံလုံးမှာရှိတဲ့ ပါတီကြီးငယ်တွေ တိုင်းရင်းသားပါတီနဲ့ တသီးပုဂ္ဂိုလ် လ ကိုယ်စလှယ်လောင်းများ အပြိုင်အဆိုင်မဲဆွယ်မှုက အထွတ်အထိတ်ကို ရောက်နေချိန်ဖြစ်ပါတယ်။ ထွက် ပေါ်လာမဲ့ ဒီ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ဟာ လာမဲ့ငါးနှစ်စာ တိုင်းပြည်ကို စီမံခန့်ခွဲမှု တာဝန်တစ်ရပ် တည်းသာ မကပဲ အနာဂါတ် လူမျိုးစုံပြည်သူလူထုတစ်ရပ်လုံးအတွက် ဘဝကံကြမ္မာလမ်းကြောင်း အခင်းအကျင်းကိုပါ သက်ရောက်လာစေမှာဖြစ်ပါတယ်။ 

ပအိုဝ့် ပအိုဝ် ပအိုဝ်း သုံးမျိုးပြသနာ

ခွန်ရာဇာ | အောက်တိုဘာ ၁၆ ရက်၊ ၂၀၁၅ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းတိုင်းရင်းသားတွေဟာ ဟိုးရှေးဘုရားရှင်လက်ထက်ကတည်းက မြန်မာနိုင်ငံမှာ မှီတင်းနေထိုင် လာခဲ့တာဖြစ်ပြီး သမိုင်းအစဉ်အလာအရ ကြီးမားခဲ့တဲ့လူမျိုးတစ်မျိုးဖြစ်ပါတယ်။ သမိုင်းအရ သုဝဏ္ဏဘူမိလို့ခေါ်တဲ့ သထုံမှာ ပအိုဝ်းတိုင်းရင်းသားကိုယ့်ဘုရင်ကိုယ့်ထီးနန်းအနေနဲ့ နေထိုင်လာတဲ့လူမျိုးဖြစ်တယ်လို့သိခဲ့ရပါတယ်။ ပိဋိကတ်သုံးပုံကြောင့် ခွန်မနုဟာ ဘုရင်မင်းလက်ထက်မှာ ပုဂံမင်းအနော်ရထာ လာတိုက်ယူတဲ့အတွက် သုဝဏ္ဏဘူမိသထုံပြည် ကျဆုံးခဲ့ရတယ်လို့လည်းသိရပါတယ်။

ပအိုဝ်းအမျိုးသားထံ ပေးစာ

လာမည့်နိုဝင်ဘာလ(၈) ရက်နေ့ ၂၀၁၅ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ
နှင့်အနာဂတ်အပေါ် ပအိုဝ်းအမျိုးသားများအား အမျိုးသားတာဝန်တစ်ရပ်အဖြစ်
အောက်ပါမေးခွန်းမှားကို ဖြေကြားပေးပါရန် မေတ္တာရပ်ခံလိုက်ပါသည်။

၁။ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ပအိုဝ်းအမျိုးသားကြား အထူးခြားဆုံးအချက်တစ်ချက်မှာ ဘာပါလဲ။
၂။ ပအိုဝ်းအမျိုးသားတွင် နိုင်ငံရေးပါတီ တစ်ခုထက်မက ရှိခြင်းအပေါ် ဘယ်လိုမြင်ပါသလဲ။
၃။ မဲဆန္ဒနယ်တစ်ခုတည်းတွင် ပအိုဝ်းအမျိုးသားနိုင်ငံရေး ပါတီချင်း ထိတ်တိုက်ယှဉ်ပြိုင်ခြင်းအပေါ် ဘယ်လိုမြင်ပါသလဲ။
၎။ ပအိုဝ်းနိုင်ငံရေးပါတီချင်း ထိတ်တိုက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်ဖြစ်လျှင် မည်သည့် ပါတီကိုမဲပေး မှာလဲ။
၅။ ဘာကြောင့် အဲဒီပါတီကို ရွေးချယ်မဲပေးရတာပါလဲ။
၆။ မဲပေးခွင့် လွတ်လပ်မှုအပေါ်မှာကော ဘယ်လိုမြင်ပါသလဲ။
၇။ ညောင်ရွှေ၊ ကလော၊ လွိုင်လင်မြို့နယ်နှင့် နမ့်စန်မြို့နယ်များ၏ မဲဆန္ဒနယ်များတွင် ပအိုဝ်းအမျိုး သား နိုင်ငံရေးပါတီ ဝင်ရောက်ယှဉ်ပြိုင်မှုမရှိခြင်းအပေါ် ဘယ်လိုမြင်ပါသလဲ။
၈။ ပအိုဝ်းအမျိုးသားနိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းရွေးချယ်၊ မဲဆန္ဒနယ်ချထားမှုအပေါ် ဘယ်လိုမြင်ပါသလဲ။
၉။ ပအိုဝ်းအမျိုးသား နိုင်ငံရေးပါတီသည် မိတ်ဖက်ပါတီထားရှိခြင်းနှင့် လွတ်လပ်သည့်ပါတီအဖြစ် ရပ်တည်ခြင်းအပေါ် ဘယ်လိုမြင်ပါသလဲ။
၁၀။ ပအိုဝ်းအမျိုးသားသည် ပအိုဝ်းအမျိုးသားနိုင်ငံရေးပါတီတွင် ဝင်ရောက်လုပ်ကိုင်ခြင်းနှင့် အခြား နိုင်ငံရေးပါတီတွင် ဝင်ရောက်လုပ်ရှားခြင်းအပေါ် ဘယ်လိုမြင်ပါသလဲ။
၁၁။ ပအိုဝ်းအမျိုးသား၏ အနာဂါတ်အတွက် သင်အပြောချင်ဆုံးစကားတစ်ခွန်းဟာ ဘာပါလဲ။


ဖြေကြားသူမှာ
၁။ အမည်၊ လက်မှတ်၊ ရက်စွဲ။
၂။ ပညာအရည်အချင်း၊ အသက်။
၃။ အလုပ်အကိုင်။
၎။ နေရပ်လိပ်စာ၊ ဖုန်း။ စသည်တို့ဖြည့်စွက်ပြီး ပေးပို့နိုင်မည့် လိပ်စာမှာ

ဦးခွန်စိန်ဝင်း(LL.B)
တရားလွတ်တော်ရှေ့နေ
၁/၄၀ ရေထွက်ဦးလမ်း
နယ်မြေ(၅) ၊ ဘုရားဖြူမြောက်ရွာ
ဘုရားဖြူရပ်ကွက်၊ တောင်ကြီးမြို့
ဖုန်း - ၀၉၄၉၃၈၆၂၃၂


မှတ်ချက်။ ။ တစ်ဦးလျှင်တစ်ကြိမ်တည်းသာဖြေကြားပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဦးခွန်စိန်ဝင်း
တရားလွတ်တော်ရှေ့နေ

ဖြားဗွာလှဖေ ဘ၀ဖြစ်စဉ်အကျဉ်းနှင့် ပအိုဝ်းအာဇာနည်နေ့ ပေါ်ပေါက်လာပုံ။


By ခွန်ချန်ကီ | အောက်တိုဘာ ၅၊ ၂၀၁၅ | တောင်ကြီးတိုင်းမ်

ဖြားဗွာလှဖေသည် ၁၉၁၀ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ဘီလင်းမြို့နယ် ညောင်ပလ္လင်ကျေးရွာအုပ်စု သံပရာဆိပ်ရွာနေ ဦးဖိုးဒွန်း ဒေါ်နန်းတို့မှ ဖွားမြင်သော သားသမီး (၃)ဦးအနက် အငယ်ဆုံးသားဖြစ်သည်။ ၁၉၃၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် B.Sc Hons သိပ္ပံဂုဏ်ထူးတန်းဘွဲ့ကို လည်းကောင်း၊ ၁၉၃၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်တက္ကသိုလ်တွင် BL ဥပဒေဘွဲ့ကိုလည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။

၁၉၃၆ ခုနှစ်မှစ၍ သထုံခရိုင်အနောက်ခြမ်းမှ ဥပဒေပြုလွှတ်တော်သို့ ကရင်အမတ်အဖြစ် လည်းကောင်း၊ ၁၉၃၇ တွင် ဒေါက်တာဘမော် ဦးဆောင်သော အစိုးရလက်ထက်တွင် ပါလီမန်လွှတ်တော် ဒုတိယဥက္ကဌအဖြစ် လည်းကောင်း တင်မြောက်ခြင်းကို ခံရသည်။ ၁၉၃၉ မှ ၁၉၄၂ အထိ ပြည်သူ့လွှတ်တော် တရားရေးဆိုင်ရာအတွင်းဝန်အဖြစ် ခန့်အပ်ခြင်း ခံရသည်။

ပအိုဝ်းအမျိုးသား အာဇာနည်နေ့ တို့များမမေ့ကြဖို့

စါင်ဖါအောင် နှင့် ဗွေးစါင်ပေ | အမြင်ဆောင်းပါး
စက်တင်ဘာ ၂၆ ရက်၊ ၂၀၁၅ ခု | တောင်ကြီးတိုင်းမ်

ယခုနှစ် မြန်မာနိုင်ငံတွင် အမျိုးသားအသီးသီးမှ အာဇာနည်နေ့ပွဲများကို ပိုမို၍ ခမ်းနားကြီးကျယ်စွာ ကျင်းပနိုင်ခဲ့သည်ဟု စာရေးသူ သတိပြုမိသည်။ ယင်းကဲ့သို့ ဂျူလိုင် (၁၉) ရက်နေ့တွင် ကျရောက်သော (၆၈) ကြိမ်မြောက် အာဇာနည်နေ့ကို နိုင်ငံတော်အဆင့် ကျင်းပပြီးနောက် ကချင်အမျိုးသားအာဇာနည်နေ့ကို KIO မှ ဦးစီးပြီး သြဂုတ်လ (၁၀) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း ကြားသိရသည်။ မရှေးမနှောင်းမှာပင် သြဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်သော (၆၅) ကြိမ်မြောက် ကရင့်အမျိုးသားအာဇာနည် နေ့အခမ်းအနားကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း ကြားသိခဲ့ရသည်။

တောင်ကြီးမြို့တွင် နှစ် (၄၀) ပြည့် ပအိုဝ်းအာဇာနည်နေ့ ကျင်းပ

ခွန်ချန်ကီ | စက်တင်ဘာ ၂၆၊ ၂၀၁၅ | တောင်ကြီးတိုင်းမ်


(ဓာတ်ပုံ: ခွန်ချန်ကီ)

၂၀၁၅ ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့တွင် တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းရှိ ဒဲဉ်သီးဗွေစင်မြင့်၌ ပအိုဝ်းလူမှုအဖွဲ့အစည်းများမှ နှစ်(၄၀)ပြည့် ပအိုဝ်းအာဇာနည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

နောက်ကျသော်လည်း အချိန်မနှောင်းသေးသော “ပအိုဝ်းအမျိုးသားညီလာခံ”


စါင်ဖါအောင် နှင့် ဗွေစါင်ပေ | အမြင်ဆောင်းပါး
ဇွန်လ ၁၂ ရက်၊ ၂၀၁၅ ခု | တောင်ကြီးတိုင်းမ်

၂ဝ၁၅ - နှစ်ဦးမှ စ၍ မြန်မာပြည်အနှံ့အပြား ပအိုဝ်းအမျိုးသားတို့၏ လှုပ်ရှားမှု ကြီးကြီးမားမား
ပေါ်ပေါက်ခဲ့သော်လည်း သတင်းမီဒီယာများတွင် လိုအပ်သလောက် မပါရှိသည်မှာ အားနည်းချက်
တစုံတရာ ရှိနေကြောင်း စာရေးသူ သတိပြုမိပါသည်။

စာရေးသူသည် ပြည်တွင်းသို့ ကိုယ်တိုင်မသွားဖြစ်သော်လည်း ပြည်တွင်းလှုပ်ရှားမှုများ၌
ကိုယ်တိုင်ပါဝင်ခဲ့သော ပအိုဝ်းခေါင်းဆောင်တချို့နှင့် ဖေဖော်ဝါရီလကုန်ပိုင်းက ဇင်းမယ်သို့
ပြန်လည်ရောက်ရှိလာကြသည့်အပေါ်တွင် တွေ့ဆုံမေးမြန်းခြင်းမှ ဤဆောင်းပါးကို တင်ပြရပေသည်။

ပအိုဝ်းအမျိုးသားအတွက် ပဟေဠိစာတစ်ပုဒ်

ခွန်စိန်ဝင်း | ဇွန်လ ၁၁ ရက်၊ ၂၀၁၅ | တောင်ကြီးတိုင်းမ်



တရားဝင်ထုတ်ပြန်မည့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းနှင့် စပ်လျဉ်း၍တင်ပြတောင်းဆိုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အတိအကျသိရှိရန်လိုအပ်ခြင်းကြောင်း ၂၀၁၄ ခုနှစ်ပြည်လုံးကျွတ် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူခဲ့ပါသည်။ စာရင်းကောက်ယူရာတွင်code ဖြင့်ကောက်ယူသည်။

ပအိုဝ်းတမျိုးသားလုံးညီလာခံမှ တမျိုးသားလုံးညီညွတ်ရေးဆီသို့

ခွန်သွီ;ပအိုဝ်းခမ်းကောင် | မတ်ခ်ျလ ၁၆ ရက်၊ ၂၀၁၅ ခု | တောင်ကြီးတိုင်းမ်

ဒီအချိန်မှာ မြန်မာ့နိုင်ငံရေးအပြောင်းလဲ့ကာလဆိုသော်လည်း နိုင်ငံရေးဆူပူနေချိန် မုန်တိုင်းဝင်နေချိန် ဖြစ်နေပါတယ်။ ဒီမိုကရေစီအကူးပြောင်းကာလမှာ ရခိုင်အရေးခင်း၊ မိတ္ထီလာ၊ လားရှိုးအရေးခင်း၊ မြစ်ဆုံစီမံကိန်း၊ လက်ပတောင်းတောင်စီမံကိန်း၊ အလုပ်သမားအရေး၊ အမျိုးသားပညာရေး ကျောင်းသားသပိတ်၊ ကိုးကန့်တိုက် ပွဲ၊ တအာင်းတိုက်ပွဲ၊ စသည်စသည်တွေကို အဆက်မပြတ်ဖြစ်ပေါ်နေတဲ့မုန်တိုင်းလို့ဆိုရမှာပါ။

Kokang’s Peasant Crises is for the International Community to review their Perspective

By Kanbawza Win | February 28, 2015 | Taunggyi Time

The Introduction to Tatmadaw Dynasty

The word "peasant" is derived from the 15th century French word païsant, meaning one from the pays, or countryside; ultimately from the Latin word pagus. The peasant sector occupies around 70 percent of Burma’s population and undoubtedly the most productive workforce in the country. Obviously, the country recognizes the powerful role of farmers in driving the country’s economic output and at one point Burma was the rice bowl of Asia but the Tatmadaw (military) has reduced it to the rice hole of Asia even though it is climbing back after 2011. But it is still the farming sector which usually suffers whenever a power struggle happens in the country because resistance fighters usually flew to the jungles of Burma to avoid prosecution and seek protection from the cruel Tatmadaw.

လူငယ်ကို စွဲခေါ်ရန် လွဲချော်နေတဲ့အမြင်များ

ခွန်ရာဇာ | ဖေဖေါ်ဝါရီလ ၁၉ ရက်၊ ၂၀၁၅ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းလူမျိုးဟာ မီဒီယာနဲ့ပတ်သက်လာရင် အားနည်းမှုအရမ်းရှိနေပါတယ်။ ဘယ်ပတ်ဝန်းကျင်၊ ဘယ်အသိုင်းဝိုင်းကမှ မီဒီယာသမားကို အားမပေးပါဘူး။ စိတ်ဝင်စားမှုလည်း မရှိဘူး။ မီဒီယာကို အသုံးချရမယ်ဆိုတာ နားလည်မှုမရှိပါဘူး။ အထင်မှားကြတယ်၊ မီဒီယာဟာ မကောင်းတာကိုပေါ်မှာဆိုးလို့ ကြောက်နေကြတယ်ဆိုတာ ပအိုဝ်းတိုင်းရင်းသားလူမျိုးသာမက တစ်ခြားတိုင်းရင်းသားလည်း ဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်။