လျပ်စစ်မီး ရရေးအတွက် ပအိုဝ်းလူထုများ ဒုက်ခရောက်

August 28 , 2012

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးနှင့် ကျောက်တလုံမြို့နယ်အတွင်းရှိ အစိုးရနှင့် ပီအဲန်အို တို့ဆောင်ရွက်ပေးမည် ဓာတ်အားပေး လျပ်စစ်မီးကြောင့် ဒေသခံရှိ ပအိုဝ်းလူထုများ ဒုက်ခ အကြီးကျယ် ရင်ဆိုင်နေရကြောင်း သိရပါတယ်၊

အထူးသဖြင့် တောင်ကြီးမြို့နယ်။ ကျောက်တလုံးမြို့နယ်တွင် နေထိုင်ကျသော ဒေသခံ ပအိုဝ်းတိုင်းရင်းသားများသည့် ပြည်နယ်အစိုးရနှင့် ပီအဲန်အို တို့မှ လျပ်စစ်မီးရရှိဖို့ ဆောင်ရွက်ပေးမည် ဆိုပြီး လျပ်စစ်မီး တပ်စင်ပေးရေးအတွက် တစ်အိမ်ကို(၅)သိန်းနုန်းဖြင့် အတင်းအဓမ ကောက်ခံနေပါသည်။ ၄င်းအပြီးအစီးကို (၇) သိန်းနီးပါး ကုန်ကျနိုင် ကြောင်းလည်း နောင်ကာရွာနေ ပအိုဝ်းတိုင်းရင်းသား ခွန်ထွန်းပေး မှ ပြောကြားသွားပါသည်။

အဖွားတို့ အိမ်ဆိုရင် လျပ်စစ်မီး မယူနိုင်တော့ အိမ်ပြောင်းရမယ် အခြေအနေ ဖြစ်နေတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အဖွားတို့မှာ လျပ်စစ်မီး မပြောနဲ ဖယောင်တိုင်မီးတောင် အဖွားတို့ ညတိုင်း မထွန်းနိုင်ဘူး လို့ ထီနဲ့ရွာနေ မွိုးဖြားဘောင် က ပအိုဝ်းဘာသာဖြစ် ပြောသွားတော စကားဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်တုန်းကလည်း လျပ်စစ်မီး တက်စင်ရင် (၂၄)နာရီ မီးလင်းမယ်။ တီဗွီကြည့်လိုရတယ် ထမင်းချက်လို့ရတယ် ဆိုပြီး တကယ်တန်း ပေးတဲ့ခါမှာ တအိမ်ကို ဖန်ချောင်းမီး တစ်ချောင်းစာပဲ ထွန်းခွင့်ရခဲ့ ဆိုတာလည်း သိခဲ့ရပါတယ် ။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးနှင့် ကျောက်တလုံမြို့နယ်အတွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ပီအဲန်အို ) တို့ ဦးဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဦးဆောင် နေသော သေဒလည်းဖြစ်ပါသည်၊

သတင်းပေးပို့သူ ခွန်ထွန်းပေး (နောင်ကာ)
သတင်းရေးသူ ခွန်စိမ်းမောင် (တောင်ကြီး)

12 comments:

ခွန်ခမ်းမြတ် said...

ဤကိစ္စနှင့်ပတ်သက်ပြီးတော့ ကျနော်အမြင်တော့ ဒေသတိုင်းမီးရယူခွင့်ရှိလို့လား ခုရတာဟာမထည့်နိုင်ရင်မီးမလင်းရုံကလွဲ ပြီးဘာတတ်နိုင်သေးလည်း မဟုတ်လား အခုလို အစိုးရကသိန်းပေါင်းသောင်းချီထောက်ပံပေးတာ ကျေးဇူးမတင်လို့ခုလိုဝေဖန်တာလား မဖြစ်သင့်ဘူး ကျနော်တို့ပီအင်အိုဟာ 1991ခုနှစ်မှာငြိမ်းချမ်းရေးယူပြီး ခုချိန်ထိဖွံ့ဖြိုးရေး လုပ်တာဟာအတိုင်းတာတစ် ခုထိတော့အောင်မြင်နေပြီ ဒီထက်မကပိုလုပ်နိုင်အောင်ဆိုပြီး လျှပ်စစ်မီးရဖို့ ကြိုးစားရခြင်းဖြစ်ပါတယ် လျှပ်စစ်မီးရရင် ရွာကွန်ပျူတာတွေ၊ အင်တာ နက်တွေလည်းသုံးနိုင်မယ် ပြည်တွင်း/ပဖြစ်တာကိုလည်းသိနိုင်မှာမဟုတ်လား ကျနော်အထင်တော့ ဒီစာကိုတင်တဲ့သူသာ တို့တောရွာတိုးတက်မှာမလိုလားတဲ့သူထင်တယ် ကျနော်ထင်တာလည်းမှာမယ်လို့မထင်အံ့

ခွန်ခမ်းမြတ် said...

ဤကိစ္စနှင့်ပတ်သက်ပြီးတော့
ကျနော်အမြင်တော့ ဒေသတိုင်းမီးရယူခွင့်ရှိလို့လား
ခုရတာဟာမထည့်နိုင်ရင်မီးမလင်းရုံကလွဲ ပြီးဘာတတ်နိုင်သေးလည်း မဟုတ်လား
အခုလို အစိုးရကသိန်းပေါင်းသောင်းချီထောက်ပံပေးတာ
ကျေးဇူးမတင်လို့ခုလိုဝေဖန်တာလား မဖြစ်သင့်ဘူး ကျနော်တို့ပီအင်အိုဟာ
1991ခုနှစ်မှာငြိမ်းချမ်းရေးယူပြီး ခုချိန်ထိဖွံ့ဖြိုးရေး
လုပ်တာဟာအတိုင်းတာတစ် ခုထိတော့အောင်မြင်နေပြီ
ဒီထက်မကပိုလုပ်နိုင်အောင်ဆိုပြီး လျှပ်စစ်မီးရဖို့ ကြိုးစားရခြင်းဖြစ်ပါတယ်
လျှပ်စစ်မီးရရင် ရွာကွန်ပျူတာတွေ၊ အင်တာ နက်တွေလည်းသုံးနိုင်မယ်
ပြည်တွင်း/ပဖြစ်တာကိုလည်းသိနိုင်မှာမဟုတ်လား ကျနော်အထင်တော့
ဒီစာကိုတင်တဲ့သူသာ တို့တောရွာတိုးတက်မှာမလိုလားတဲ့သူထင်တယ်
ကျနော်ထင်တာလည်းမှာမယ်လို့မထင်အံ့

EAGMPE said...

ခွန်ခမ်းမြတ်ခင်ဗျား အခြားနိုင်ငံများတွင် အားပြည့်သည့် လျှပ်စစ်မီးရဖို့ ၅-၇သိန်းပေးရန်မလိုပါ။ မီတာဘောက်ဖိုး ကျပ်ငွေ တသိန်းကျော်သာကျပါသည်။ ဖယောင်းတိုင်မီး ထက် လျှပ်စစ်မီးတတောင့်ဟာပိုကောင်းတာကို လက်ခံ ပါသည်။ သို့သော် သယံဇာတမရှိသည့်နိုင်ငံများ၌ပင် လျှင် အားပြည့်သောမီးကို ဈေးနှုံး ၄ ဆ ပိုနည်းသသည့်ကျပ်တသိန်းကျော်ဖြင့် တောရောမြို့ပါ ၂၄နာရီ ပေး နိုင်ပါသည်။ သယံဇာတတွေကို ပြည်ပကို ထုတ်ရောင်းနေတဲ့ဗမာပြည်မှာ မီတာဘောက်တပ်ဆင်ခ ပိုလည်းဈေးကြီး၊ အားလည်းမပြည့်တဲ့မီးကို မပေးနိုင်တာဟာ ပြည်သူတွေကို ဒုက္ခပေးတာပါ။ ဒုက္ခပေးလို့ ဒုက္ခပေးတယ်လို့ရေးတာ တိုးတက်ရေးကို မလိုလားတာမဟုတ်ပါ။ ပြည်ပ ပတ်ဝန်းကျင်နိုင်ငံတွေကို လည်ဆန့်ပြီးကြည့်ပါ။ ချက်တင်နဲ့ဘဲအချိန်မကုန်ပါနဲ့သူငယ်ချင်း။ ခွန်ခမ်းမြတ်ရဲ့ အမြင်ကို အပြစ်မပြောလိုပါ။ သတင်းအမှောင်ချထားတဲ့နိုင်ငံမှာနေရတဲ့အတွက်ကြောင့်လို့မြင်ပါသည်။ အတွေးအခေါ်တိမ်းစောင်းမှု ဟုခေါ်ပါသည်။ လူအမြောက်အများက ခွန်ခမ်းမြတ်ကဲ့သို့မြင်လျှင် အစုလိုက်အပြုံလိုက် အမြင်တိမ်းစောင်းမှု ဟု ခေါ်ပါသည်။ လေးစားလျှက် ခွန်ခန့်ဇော်အောင်

K said...

khunpoko said...

ခွန်ခန့်ဇော်အောင်ပြောတာကျနော်..ထောက်ခံပါတယ် ....သယံဇာတပေါများပါရက်နဲ့ .......ဘာလို့ ကျနော်တို့ နိုင်ငံ ကျနော်တို့ လူမျိုး မတိုးတက်ပဲ နောက်ကျကျန်နေလဲ ဆိုတာ ကို တွေးကြည့်ရင် သာ....ခွန်ခမ်းမြတ်ပြောတဲ့ ..အစိုးရကသိန်းပေါင်းသောင်းချီထောက်ပံပေးတာ ဆိုတဲ့ စကားအရ....အဲဒီထောင့်ပံငွေတွေ ဘယ်ကလာသလဲ ....ပြည်သူတွေဆီကပဲလာတာပဲ မြန်မာပြည်ကထွက်တဲ့ သယံဇာတကလာတာပဲ မဟုတ်လား..အစိုးရဆိုတာ ပြည်သူကိုစောင့်ရှောက်ဖို့ အတွက် ရှေ့ဆောင်လမ်းပြဖို့ အတွက်ခန့်ထားတာ .....ဒုက္ခပေးဖို့ မဟုတ်ဘူး...၊ နောက်ပြီးခွန်ခန့်ဇော်ပြောသလိုပဲ သယံဇာတတွေကို ပြည်ပကို ထုတ်ရောင်းနေတဲ့ဗမာပြည် ဆိုတာက ..အဲဒီရောင်းရတဲ့ ငွေတွေက ဘယ်သူ့အတွက်လဲ ....ပြည်သူ့အတွက်မြန်မာပြည်ကြီးအတွက်ပဲမဟုတ်လား...ခွန်ခမ်းမြတ်ကသတင်းအမှောင်ချထားတဲ့ ..မြန်မာပြည်ကြီးမှာနေနေရလို့ မသိတာဖြစ်မယ်လို့ပဲ ကျနော်ယူဆပါတယ်....မသိတဲ့ အတွက် အပြစ်မပြောပါဘူး ....ခွန်ခန့်ဇော်အောင်ပြောသလိုပဲ ...ကျနော်လည်း ကျနော်တို့ ပအိုးလူမျိုးနှင့် မြန်မာပြည်ထည်းကလူတွေကို ပြည်ပ ပတ်ဝန်းကျင်နိုင်ငံတွေကို လည်ဆန့်ပြီးကြည့်ပါ...လို့ ...အားလုံးကို ချစ်ခင်လေးစားလျှက်....ခွန်မျိုးချစ်ကျော်(နောင်တရား)ခေတ္တမလေးရှား

အစိုးရကသိန်းပေါင်းသောင်းချီထောက်ပံပေးတဲ့ငွေတွေက ဘယ်ကလာတာလဲ ပြည်သူ့ဆီကပဲလာတာမဟုတ်လား ...သယံဇာတရောင်းရငွေတွေကနေလာတာပဲမဟုတ်လား..အစိုးရဆိုတာပြည်သူကို စောင့်ရှောက်ဖို့ခန့်ထားတာ ဒုက္ခပေးဖို့ ခန့်ထားတာမဟုတ်ဘူး...အစိုးရထောက်ပံတာ ပြည်သူ့ငွေနဲ့ပဲ ..ကျေးဇူးတင်စရာလဲ မလိုဘူး....အပြစ်တောင်တင်ရမှာက သယံဇာတတွေကို ပြည်ပကို ထုတ်ရောင်းလို့ရတဲ့ ငွေတွေ...ဘယ်ရောက်ကုန်တာလဲ နိုင်ငံတော်အတွက်လိုအပ်တဲ့ နေရာမှာသုံးတယ်လို့ တော့ မပြောနဲ့ နော်....ဘာဖြစ်လို့ လဲ ဆိုတော့ မမှန်တကယ်နိုင်ငံအတွက်သုံးတယ်ဆိုရင်..ငါတို့ နိုင်ငံငါတို့ လူမျိုးက ဘာလို့ သူများနိုင်ငံ သူများလူမျိုးတွေထက်နောက်ကျကျန်ရတာလဲ အခုကျနော်ရေးသာတာ...ခွန်ခမ်းမြတ်ကို အပြစ်မြင်လို့ လဲ မဟုတ်ဘူးခွန်ခန့်ဇော်အောင်ကို ထောင့်ခံတယ်လို့ လဲ မဟုတ်ဘူးကျနော်အတွေးကျနော်အမြင်နဲ့ ရေးတာပါ...ခွန်ခမ်းမြတ်နဲ့ မြန်မာနိုင်ငံသားအားလုံးကို ခွန်ခန့်ဇော်အောင်ပြောသလိုပဲ ပြောချင်ပါတယ် ပြည်ပ ပတ်ဝန်းကျင်နိုင်ငံတွေကို လည်ဆန့်ပြီးကြည့်ပါလို့....အားလုံးကို အစဉ်လေးစားလျှက်..ခွန်မျိုးချစ်ကျော်(နောင်တရား)ခေတ္တမလေးရှား

Taunggyitimes said...

Thanks for all the comments.

Taunggyitimes said...

Thanks for all the comments.

khun tun hlaing said...

လျှပ်စစ်မီး ပေးမယ်လို့ သာပြောတာ ခုထိ ဘာမီးမှမရောက်ဘူး
ပြီးတော့ တအိမ်ငါးသိန်းကောက်တော့  အစိုးရက ဘာသဘောလဲ မြန်မြန်လုပ်ပေးရင်တမျိုးပေါ့ 
ခုတော့  အဲ့ လိုမဟုတ်ဘူး မပေးနိုင်တဲ့ လူတွေ အိမ်ပြောင်းကြရတာ အမျိုးမှမဟုတ်တာ
ပအိုဝ်းရွာသူရွာသားတွေ ဘိုးစဉ်ဘောင်ဆက်နေလာခဲ့ ကြတာ လေ
ပြီးတော့  အစိုးရက ပအိုဝ်းနယ်မြေဖွံ့ ဖြိုးဖို့ ဘာတခုမှလုပ်ပေးတာ မဟုတ်ဘူး
ငါးသိန်း တခါတည်းမပေးနိုင်ရင် မောင်းထုတ်တာကိုတော့  လုံးဝလက်မခံနိုင်ပါဘူး ကျွန်တော်က ပအိုဝ်း လူမျိုးတွေကို ကိုယ်ချင်းစာပါတယ်
သူတို့ တွေပင်ပင်ပန်းပန်းနဲ့ ရှာကြတာ ရှာသလောက်မရဘူးလေ ကျွန်တော်က တော့  ငါးသိန်းတခါတည်းပေးရမယ်ဆိုတဲ့  ဟာကို ကံ့ ကွက်ပါတယ်ပြီးတော့  ပအိုဝ်း အထက်လူကြီးတွေကိုလဲ အဲ့ အကြောင်းတွေကို သိစေချင်ပါတယ်

khun tun hlaing said...

ငါးသိန်းမပေးရင်မောင်းထုတ်တယ်ဆိုတဲ့ ဟာကို ကန့် ကွက်ပါတယ်
ပြီးတော့ ကိုယ်ချင်းစာတရားထားရှိသင့် ပါတယ်
ပအိုဝ်းအချင်းချင်းစည်းလုံးစေချင်ပါတယ်
ပအိုဝ်း အထက်လူကြီးတွေကိုအဲ့ အကြောင်းပြန်ပြင်ဆွေးနွေးစေချင်ပါတယ်

ခွန်ခမ်းမြတ် said...

ကျနော်လည်းကျောက်တလုံးဒေသခံတစ်ဦးပါဘဲ ရွာကနေမောင်းထုတ်တယ်လို့ပြောတာနဲ့ရွာပြောင်းခိုင်းတယ်ဆိုတာ ကျနော်သက်သေလိုချင်တယ်ပေးနိုင်မှာလား နောင်တော်တို့ပြောတာက နိုင်ငံခြားနဲ့နိုင်းတာ မနိုင်းရဘူးလေ အခြေနေရော ပေါ်လစီရော အစိုးရရောမတူဘူးလေ ကိုယ်တိုင်ဝင်လုပ်ကြည့်ပါ သိပါလိမ့်မည်