ဒေသခံများကို တရားမ၀င်အဖွဲ့များနှင့် ဆက်သွယ်မှုဖြင့် စွပ်စွဲအရေးယူနေ

ဒေသခံများကို တရားမ၀င်အဖွဲ့များနှင့် ဆက်သွယ်မှုဖြင့် စွပ်စွဲအရေးယူနေ
နော်စေးဖော

၂၅ နိုဝင်ဘာ ၂၀၀၉ (DVB)- ရှမ်းပြည်တောင်ပိုင်းရှိ ဆီဆိုင်နဲ့ ဟိုပုံးနယ်က ဒေသခံတချို့ကို တရားမ၀င်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး စစ်အစိုးရအာပိုင်တွေက ဖမ်းဆီးထောင်ချနေပါတယ်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်း (အက်စ်အက်စ်အေ)၊ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ခွဲထွက်အဖွဲ့တို့နဲ့ ဆက်သွယ်လို့ဆိုပြီး ပြည်ခိုင်ဖြိုး အသင်းဝင်တဦး အပါအ၀င် ၄ ဦးဟာ တရားမ၀င်အဖွဲ့အစည်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ သီးခြားစီ အမှုရင်ဆိုင်နေရတယ်လို့ ကာယကံရှင် မသားစုတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။