ရပ်စောက်မြို့တွင် မြေယာသိမ်းဆည်းခံရသည့်တောင်သူုများ ဆန္ဒပြဖော်ထုတ်

ဝါးတိန်လောဝ်း | သြဂုတ်လ ၈ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ရပ်စောက်မြို့နယ်၊ ငါးကြောင်းကျေးရွာအုပ်စု၊ ယမ်းတွင်းရွာရှိတောင်သူများသည် စိုက်ပျိုးရေးစရိတ် ချေးငွေတိကျမှန်ကန်စွာ ရရှိရေး တိုင်ကြားထားသော မြေယာကိစ္စ အမြန်ဆုံးဆောင်ရွက်ပေးရေး၊ ကျေးရွာချေးငွေ စီစစ်ရေးအဖွဲ့ကောက်ခံမှု ရပ်ဆိုင်းရေး၊ ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီများ ထားရှိရန် အလိုမရှိသောကြောင့် ရွာထိပ်ဘောလုံးကွင်းမှ ဓမ္မာရုံထိ ၂၀၁၄ ခုနှစ် သြဂုတ် ၂ ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ဆန္ဒုထုတ်ဖော်သွားကြောင်း သိရသည်။

“လက်ရှိဖိနှိပ်မှု ခံစားနေတဲ့တောင်သူများ မတရားမြေယာ သိမ်းဆည်းခံရမှု စတဲ့လိုအပ်မှုများကြောင့် ဆပ်သေရတနာပုံ၊ ပင်ဖြစ်၊ ညောင်သုံးပင်၊ ပန်းအုံ၊ ထီခမ်း၊ ဖိုးကုန်းစတဲ့ရွာမှာရှိတဲ့ တိုင်းရင်းသားလူမျိုးများ ဖြစ်ကြတဲ့ ရှမ်း၊ ဓနု၊ ပအိုဝ်း လူဦးရေ (၁၅၀) ခန့် ဆန္ဒထုတ်ဖော်ခဲ့တယ်” ဟု လယ်သမားတစ်ဦးဖြစ်သူ ခွန်ဇော် က ပြောသည်။

“တောင်သူလယ်သမားများ လိုလားတောင်းဆိုမှု ရရှိနိုင်ရန်အတွက် ဆန္ဒထုတ်ဖော်မှု လုပ်ဆောင်ရာ (၇) ကြိမ်မြှောက်ရှိခဲ့ပြီလို့ သိရတယ်။ ပြီးခဲ့တဲ့ ၆ ကြိမ် ဆန္ဒထုတ်ဖော်မှုကို ပယ်ထုတ်ခံရပြီး၊ ဒါကြောင့် (၇) ကြိမ်မြှောက် တောင်သူများ ဆန္ဒပြန်လည်ထုတ်ဖော်ခဲ့တာဖြစ်တယ်” ဟု ရဲအုပ် ဦးသက်နွယ်ဦးက ပြောသည်။

No comments: