အသိုင်းဝိုင်းဖွံ့ဖြိုးအောင်ဆောင်ရွက်ခြင်း သင်တန်းဖွင့်လှစ်

နန်းကျွန် (ဆီဆိုင်) | ဧပြီလ ၁၀ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ကောင်ရွေပအိုဝ်းလူငယ်ရုံးတွင် A.B.C.D (ကိုယ့်မှာရှိတဲ့ ပိုင် ဆိုင်မှုပေါ်ကို အခြေခံပြီး အသိုင်းဝိုင်းကိုဖွံ့ဖြိုးအောင်ဆောင်ရွက်ခြင်း) သင်တန်းကို ဧပြီ ၆ ရက်နေ့ ကောင်ရွေပအိုဝ်းလူငယ်အဖွဲ့အစည်းက စတင်ပို့ချပေးကြောင်း သိရသည်။

ကိုယ့်မှာရှိတဲ့ ပိုင်ဆိုင်မှုပေါ်ကို အခြေခံပြီး အသိုင်းအဝိုင်းကိုဖွံ့ဖြိုးအောင်ဆောင်ရွက်ခြင်းကို အဓိကထားပြီး သင်တန်းကာလမှာ စနေနှင့် တနင်္ဂနွေ ၂ ရက် အချိန်ယူပြီး ၂ ပတ်နဲ့သင်တန်းပေးသည်ဟု ကောင်ရွေပအိုဝ်းလူငယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကောင်ရွေပအိုဝ်းလူငယ်အဖွဲ့အစည်းက ဦးဆောင်ပြီးပြုလုပ်သောသင်တန်းမှာ “ရေတစ်ခွက်ကို ရေတစ်ဝက်ပဲရှိတယ်၊ အဲဒီရှိတဲ့ ရေတစ်ဝက်ကို ရေအပြည့်မရှိနိုင်သော်လည်း ရှိတဲ့တစ်ဝက်ရဲ့ အရည်အချင်းကို အကျိုးရှိရှိ အသုံးချတတ်ဖို့ လိုတယ်၊ ဥပမာ လူတစ်ယောက် သူ့မှာသူများလို ပညာတတ်သူဌေးမဖြစ်ခဲ့ဘူး၊ ဒါပေမဲ့ မူလရှိတဲ့ သူရဲ့အရည်အချင်းကို အကျိုးရှိရှိ အသုံးပြုလို့ရတယ်” ဟု ၎င်းက ဆက်ပြောသည်။

သင်တန်းဆင်းဖြစ်သော သင်တန်းသူ/သားများက A.B.C.D သင်တန်းမှ ရယူသောအသိပညာ၊ အတတ် ပညာကို ရွာမှာမှတစ်ဆင့် (သို့) အဖွဲ့အစည်းတစ်ခု (သို့) ရွာမှာ ပညာပေးအနေနှင့် သင်တန်းပြန်ဖွင့်မည်ဆိုလျှင်လည်း ကောင်ရွေပအိုဝ်းလူငယ်အဖွဲ့အစည်းမှ အခွင့်အရေးပေးပြီး လိုအပ်သော ကုန်ကျစရိတ်ကိုလည်း ကူညီပံ့ပိုးပေးမည်ဟု သိရသည်။

No comments: