တောင်ကြီးမြို့ ကျောက်တိုင်ကွင်းတွင် Coca-Cola မှ ဂီတဖျောဖြေပွဲပြုလုပ်

ခွန်ရာဇာ (တောင်ကြီး) | နိုဝင်ဘာ ၉ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



COCA-COLA မြန်မာမှ မြန်မာပြည်ရှိ မြို့ကြီး (၅) မြို့သို့ တက်ကြွလန်းဆန်းစေမယ့် အားလပ်ချိန်အတွက် ဂီတဖျော်ဖြေတင်ဆက်မှုကို အောက်တိုဘာ ၁၂ ရက်မှ ဒီဇင်ဘာ ၆ ရက်ထိ ပြုလုပ်သွားမည်ဖြစ်ကာ နိုင်ဝင်ဘာ ၈ ရက်နေ့တွင် တောင်ကြီးမြို့ ကျောက်တိုင်ကွင်း၌ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ အိမ့်ချစ်၊ မိစန္ဒီ၊ ဘန်နီဖြိုး၊ Me N Ma Girls နှင့် ဂျက်ဆန်ထွန်းတို့က ဖျောဖြေတင်ဆက်ပေးသွားကြောင်း သိရသည်။

ယခုလို မြို့ကြီးများသို့ သွားရောက်လည်ပတ်မည်မှ Coca-Cola ၏ ပထမဦးဆုံး အကြိမ်ဖြစ်ကြောင်း၊ ပျော်ရွင်ခြင်းခရီးစဉ်တွင် အတူပါဝင်ဆင်နွဲရန်အတွက် လက်မှတ်များကို Coca-Cola, Sprite သို့ Max+ ပလပ်စတစ်ဘူးအဖုံးသို့ သံဘူး (၆) ဘူးဖြင့် လက်မှတ် ၂ ဆောင်လဲလှယ်နိုင်ကြောင်း၊ အချိုရည်အမျိုးအစား ၃ မျိုး၏ ပလပ်စတစ်ဘူးအဖုံးနှင့် သံဘူးတို့ကိုလည်း ရော၍လက်မှတ်များနှင့် လဲလှယ်နိုင်ကြောင်း သိရသည်။


No comments: