အပြည်ပြည်ဆိုင်ရာ မီဒီယာညီလာခံ ရန်ကုန်တွင်ကျင်းပ

ခွန်သန်းအောင် (တောင်ကြီး) | မတ်ခ်ျလ ၁၂၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



မြန်မာနိုင်ငံသတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ဆောင်ရာတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ပြည်တွင်းရှိသတင်းမီဒီယာသမားများနှင့် နိုင်ငံတကာသတင်းမီဒီယာ ပညာရှင်များတို့ ရန်ကုန်မြို့တွင် ၂၀၁၄ ခု၊ မတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ သတင်းမီဒီယာဆိုင်ရာနှီးနောဖလှယ်ပွဲ ကျင်းပကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မီဒီယာညီလာခံကို ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ၂၀၁၀ တွင် ဟောင်ကောင်၊ ၂၀၁၂ တွင် ဆိုးလ်မြို့ စသည့်မြို့တို့တွင် ပြုလုပ်သွားခဲ့ပြီး ယခုနှစ်တွင် ရန်ကုန်မြို့တွင် ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments: