ပအိုဝ်းအမျိုးသားနေ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွတ်တော်ဥက္ကဌတို့ သဝဏ်လွှာပေးပို့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ အခန်းအနားဖွင့်လှစ်ပေး

ခွန်ရာဇာ တောင်ကြီး | မတ်ခ်ျလ ၁၆ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



၂၀၁၄ ခု၊ မတ်လ ၁၅ ရက်တွင် ကျရောက်သည့် တပေါင်းလပြည့်နေ့ ပအိုဝ်းအမျိုးသားနေ့ပွဲတော်သို့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ သဝဏ်လွာပေးပို့ခဲ့ပြီး၊ တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီးဗွေကွင်း) တွင် ကျင်းပသည့်ပွဲတော်ဖွင့်ပွဲအခန်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဖွင့်အမှာစကားတွင် “နိုင်ငံရေးအရပြုပြင်ပြောင်းလဲရေးအရ တိုင်းရင်းသားများအသီးသီးရဲ့ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတွေ သိုက်သိုက်ဝိုင်းဝိုင်း ခန့်ခန့်နားနားကျင်းပနိုင်ခဲ့ရာ အစိုးရသစ်လက်ထက်မှ ကျွန်တော်တို့တက်ရောက် ချီးမြင့်ပေးနိုင်ခဲ့တာ။ ယခုဆို စတုတ္ထနှစ်ဖြစ်ပါတယ်၊ အလားတူ စီပွားရေးလူမှုရေးကဏ္ဍများလည်း ခေတ်ကာလနှင့်တူအောင် တိုင်းရင်းသားအားလုံး ကိုယ်တိုင်ပါဝင်ခွင့်၊ ကိုယ်တိုင်ဆောင်ရွက်ခွင့်နှင့်အတူ နယ်ပယ်အသီးသီးမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်၊ မြန်မာနိုင်ငံတဝှမ်းလုံးမှာ မကြာမီ စတင်ပြုလုပ်မယ့် သန်းခေါင်စာရင်းမှာ မိမိလူမျိုး၊ ဇာတိသေဒအသီးသီးမှ လာရောက်စာရင်းကောက်ယူမည့်အဖွဲ့နှင့် အားလုံးပူးပေါင်းဆောင်ရွက်ပေးနိုင်ဖို့ကိုလည်း ရှမ်းပြည် နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဌအနေဖြင့် တိုက်တွန်းလိုပါတယ်” ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ထည့်သွင်းပြောဆိုခဲ့သည်။

သမိုင်းအစဉ်ရှိသောလူမျိုးနွယ်တိုင်းသည် အမျိုးသားနေ့ကို ကျင်းကြပါသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ရှည်လျားသော သမိုင်းစဉ် ရှိခဲ့ပါသည်။ သမိုင်းစဉ်တလျောက်လုံးမှာလည်း ဖြူစဉ်သန့်ရှင်းသည့် အမျိုးဘာသာ သသာနာကို ထိန်းသိမ်းစောင့်ရှောက်သော မျိုးချစ်စိတ်ဓါတ်ပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည်ခဲ့ကြသည့် ရိုးသားစွာ ဝမ်းစာရှာဖွေပြီး ရက်ရောစွာ လှူဒါန်းတတ်သော လူမျိုး ကိုယ့်အမျိုးကို ကာကွယ်စောင့်ရှောက်ခြင်းမှအပ အခြားလူမျိုးအပေါ် ထိခိုက်စေတတ်ခြင်း မရှိသော လူမျိုးဖြစ်သည်ကိုက၊ လေးစားဖွယ်ရာ ဖြစ်ပေသည်။ မိမိတို၏ အစဉ်လာကောင်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်နိုင်ပါစေကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က သဝဏ်လွှာပေးပို့ပြီး တိုက်တွန်းထားကြောင်း သိရသည်။ အမျိုးသားလွှတ်တောဥက္ကဌ ဦးခင်အောင်မြင့်၏ သဝဏ်လွှာကို ပအိုဝ်စာပေနှင့်ယဉ်ကျေးမှု (ဗဟို) ဒုဥက္ကဌ ဦးခွန်မင်းကျော်က ဖတ်ကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏သဝဏ်လွှာကို ဒေါ်လှဝင်းကြည်က ဖတ်ကြားရာတွင် လွတ်လပ်ရေးရပြီး မရှေးမနှောင်း ပအိုဝ်းအမျိုးသားတွေ နိုင်ငံရေးလုပ်ရှားမှုဟာ ပအိုဝ်းအမျိုးသားခေါင်းဆောင်များဖြစ်တဲ့ သထုံဦးလှဖေ၊ ဦးကျော်စိန်တို့ရဲ့ ဦးဆောင်မှုနှင့်အတူ သမိုင်းမှာ ထင်ရှားခဲ့သလို ခေတ်အဆက်ဆက်ဒီမိုက ရေစီအရေး၊ တိုင်းရင်းသားများတန်းတူညီမျှရေးစတဲ့ အခွင့်အရေးတွေအတွက် ပအိုဝ်းအမျိုးသားများ လုပ်ရှားမှုကိုလည်း ဂုဏ်ပြုပါတယ်၊ ဒီနေ့ဟာ ပအိုဝ်းတိုင်းရင်းသား သာမက ပဲတိုင်းရင်းသား အားလုံးအတွက် အရေးကြီးတဲ့ နေ့တစ်နေ့လို့ ပြောလို့ရပါတယ်၊ ကျွန်မတို့အားလုံး လက်ရှိအခြေခံဥဒေပြင်ဆင်ရေးကို ဝိုင်းဝန်းကြိုးပမ်းနေရလို့ဘဲဖြစ် ပါတယ်၊ ဒါကြောင့် ဒီနေ့ပြုလုပ်မယ့်ပအိုဝ်းအမျိုးသားနေ့လည်း ခါတိုင်းနှစ်ထက်ပိုပြီး အနှစ်သာရပြည့်ဝမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လတ်သလော အရေးယူဆောင်ရွက်နေတဲ့ အခြေခံဥပဒေပြင်ဆင်ရေး အဓီကရည်ရွယ်ချက်တစ်ရပ်ဟာ တိုင်းရင်းသားများတန်းတူရေးဘဲ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်ခြင်းဟာ ပအိုဝ်းတိုင်းရင်းသားအပါဝင် တိုင်းရင်းသားလူမျိုးများ အားလုံး ပူးပေါင်းမှသာ အောင်မြင်မယ်ဆိုတာ အထူးပြောဖို့လိုမယ် မထင်ပါဘူး၊ ဒီလိုအရေးကြီးတဲ့ အခါသမယမှာ ပအိုဝ်းအမျိုးသားများရဲ့ ညီညွှတ်စုစည်းမှု ကြိုးပမ်းအားထုတ်မှုနှင့် အမျှော်အမြင်ကြီးမားမှုကို အကောင်းဆုံးပြသနိုင်မယ့် အခွင့်ရေးဖြစ်တဲ့ ပအိုဝ်းအမျိုးသားနေ့မှာ ပအိုဝ်းအမျိုးသားများ ကျန်းမာချမ်းသာစွာနှင့် ဆထက်ထမ်းပိုကြွယ်ဝဖွံ့ဖြိုးကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးကြောင်း သိရသည်။

“ပအိုဝ်းအမျိုးသားနေ့ဟာ ၁၉၈၄ ခုမှာ စတင်လုပ်တယ်လို့ ကျွန်တော်တို့သိရတယ်၊ အစဉ်ဆက်လုပ်လာခဲ့သော်လည်း အရင်ကနေရာ အနှံ့လုပ်လာခြင်းဖြစ်ပြီး ပျက်လတ်မှုရှိမရှိမသိရဘူး။ တောင်ကြီးမှ စတင်လုပ်လာကာ နှစ်ပေါင်း၃၀ ကျော်မျှသာရှိပြီး ယခုထိ မလွတ်သေးဘူး။ ပအိုဝ်းအမျိုးသားနေ့လုပ်ရခြင်းမှာ စည်းလုံးမှုနှင့် မျိုးချစ်စိတ်ဓါတ် ပိုမိုရှိလာတယ်၊ နိုင်ငံရေးအပြောင်းလဲကာလ ၈၈ တုန်းကလည်း ပအိုဝ်းအမျိုးသားနေ့ကို အလွတ်မခံပါဘူး လုပ်လာရပါတယ်၊ ဒီနှစ်ဟာ နီးစပ်ရာ မြို့နယ်များကို ကွင်းဆင်းစည်းရုံးပြီး လုပ်ခြင်းဖြစ်သည့်အတွက် အရင်နှစ်ထက် ပိုမိုစည်းကားလာတယ်” ဟု တောင်ကြီးမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုဥက္ကဌ ဦခွန်ကြာက ပြောသည်။

“နိုင်ငံရေးအရ အရင်က အလှူဒါန်းပွဲနှင့်တွဲကာ ပအိုဝ်းအမျိုးသားလုပ်ဆောင်ခြင်း လုပ်ခဲ့ရပါတယ်၊ ပါတီဦးဆောင်မှု မဟုတ်ဘဲ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုက ဦးဆောင်ခြင်းဖြစ်တယ်၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဗဟို အောက်က အဖွဲ့ပေါင်းများစွာကို ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်တယ်” ဟု ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု (ဗဟို) ဒုဥက္ကဌ ဦးခွန်တင်မောင်က ပြောသည်။

ဖွင့်ပွဲအခန်းအနားသို့ တက်ရောက်သော ညီအစ်ကိုတိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်တော်များ၊ ရှမ်းပြည်နယ်အစိုးရမှ တာဝန်ရှိသူများနှင့် အခြားသော အထူးဧည့်သည်တော်များအား ပအိုဝ်းအမျိုးသားကိုယ်စား ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု (ဗဟို) ဥက္ကဌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသေဒ ဆီဆိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကိုက ကျေးဇူးတင်စကားပြောခဲ့ပြီး တိုင်းရင်းသားများရိုးရာယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားနေ့ကို အနယ်နယ်အရပ်ရပ်ရှိ ပအိုဝ်းတိုင်းရင်းသားများ လာရောက်၍ တောင်ကြီးမြို့ မိန်းလမ်းမပေါ်တလျောက်တွင် ပဒေသာပင် ၅ဝ ကျော်ကို လှည့်လည်ခဲ့သည့်အပြင်၊ မြို့နယ်ပေါင်းစုံတွင်ရှိသော ထောင်ချီသောပအိုဝ်းပြည်သူများ လာရောက်စုစည်းပြီး စည်ကားသိုက်မြိုက် ပါဝင်ယှဉ်နွဲခဲ့ကြကြောင်း သိရသည်။

တပေါင်းလပြည့်နေ့ရောက်တိုင်း ပအိုဝ်းအမျိုးသားနေ့ကို တောင်ကြီးမြို့တွင်မကပဲ မြန်မာပြည်အောက်ပိုင်းရှိ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု စသည့်ဒေသအသီးသီးတွင်လည်း စည်ကားစွာကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။





No comments: