တောင်ကြီးမြို့တရားရုံးမှ ထူးဆန်းသောအမှုကြီး (အပိုင်း-၃)

သြဂုတ်လ ၂၀၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

သက်ရှိထင်ရှားရှိနေသော ယောက္ခမပိုင်အိမ်ကို တရားရုံးမှတဆင့် ရအောင်ယူနည်း။

တောင်ကြီးမြို့။ ခရိုင်တရားရုံး။ တရားမကြီးမှုအမှတ် (၃၄/၂၀၁၁) အမှုမှာ သက်ရှိထင်ရှားရှိနေသော ယောက္ခထီး ဦးမြမောင် (၈၃-နှစ်) တရားဝင်ပိုင်ဆိုင်သော အမှတ် (၁၃၁)၊ စ၀်စံထွန်းလမ်း၊ ဈေးပိုင်းရပ်၊ တောင်ကြီးမြို့ အိမ်ကို၊ တစ်အိမ်တည်းနေ ချွေးမဖြစ်သူ ဒေါ်ခင်လေး (ပတ္တမြားဆေးရုံပိုင်ရှင်) က "အိမ်မြေ လက်ရောက်ရလိုမှုနှင့် အမြဲတမ်းတားဝရမ်း ထုတ်ပေးစေလိုမှု" ခေါင်းစဉ်နဲ့ တရားမကြောင်း စွဲဆိုတဲ့ အမှုပါ။ အိမ်က ဦးမြမောင် ပိုင်တဲ့အိမ်ပါ။ ဂရန်မှာလဲ ဦးမြမောင်ရဲ့ဇနီး ဒေါ်ညွန့်ရီ နာမည်နဲ့။ ဦးမြမောင် ဒေါ်ညွန့်ရီတို့ လင်မယား ဒီမြေကွက် ၀ယ်စဉ် အိမ်ဆောက်စဉ်မှာ ဒေါ်ခင်လေးတောင် မမွေးသေးပါဘူး။ တောင်ကြီးမြို့တစ်မြို့လုံး သိကြပါတယ်။

ဖက်ဒရယ်စနစ်ကို ရှုမြင်သုံးသပ်ခြင်း

ခွန်ရာဇာ (တောင်ကြီး) | သြဂုတ်လ ၁၉ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တိုင်းရင်းသားနိုင်ငံရေး စိတ်ပါဝင်စားသူများခင်ဗျား ကျွန်တော်တို့နိုင်ငံကို ဖက်ဒရယ်နိုင်ငံ ကျင့်သုံးချင်တယ် လိုချင်တောင့်တကြတယ်။ ဒါပေမယ့် ဘယ်လိုစစ်မှန်တဲ့ ဖက်ဒရယ်ကို လိုချင်သလဲ။ ဖက်ဒရယ်ကို ဘယ်လိုသဘောရပါသလဲ။ ကျွန်တော့်အနေနဲ့ ဖြစ်စေချင်တဲ့ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုက ဒီလိုပါ။

ပအိုဝ်းခေါင်းဆောင်နဲ့ လူငယ်နိုင်ငံရေးသမားများ စဉ်းစားစေလို

အမြင်ဆောင်းပါး | ခွန်သန်းအောင် (TGI) | သြဂုတ်လ ၁၈ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

မတူသည့်ကြားကိုမှ တူအောင်ကြိုးစားကြဖို့လိုသလို၊ မခံချင်စိတ်ကို ရှေ့တန်းတင်ရင်တော့ ဘယ်အဆင့်အတန်းကလာတဲ့ နိုင်ငံရေးသမားတွေလဲဆိုတာ ရေးနေကြစာကို ဖတ်ရုံကြည်ရုံနဲ့ သိနိုင်သလို၊ တွေးခေါ်ကိုယ်ခံအားနည်းတဲ့လူက နိုင်ငံရေးစာကို ထရေးလာတော့ ကလေးကစား ကလေးစကားပြောသလို ဆဲဆိုနေကြတာ နိုင်ငံရေးစာကို ရေးသားရာမရောက်တော့ဘူး။


ပအိုဝ်း (PNA) ပြည်သူ့ စစ်မှ တောင်ကြီး-လွိုင်ကော် မော်တော်ယာဉ်လိုင်းသစ် ဖွင့်လှစ်

ခွန်မေးလို့ (တောင်ကြီး) | သြဂုတ်လ ၁၆ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ပြည်သူ့စစ်-ဋ္ဌာနေမှ အရှေ့နေ၀န်းကုမ္ပဏီအမည်ဖြင့် တောင်ကြီး-ပင်လောင်း-ဖယ်ခုံ-လွိုင်ကော် ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းသစ်ကို တောင်ကြီးမြို့ ၊ ကန်ကြီး (ဂနိုင်ရေး) ရက်ကွက် PNA ဋ္ဌာနချုပ်ရုံး၌ ယနေ့ နံနက် (၆း၃၀) နာရီခန့်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

IRI ဦးစီးပြီး တောင်ကြီးမြို့တွင် ထိရောက်သည့် မဲဆွယ်စည်းရုံးရေးသင်တန်း ပို့ချ


ခွန်မေးလို့ (တောင်ကြီး)၊ သြဂုတ်လ ၁၆ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

International Republican Institute (IRI) မှ ဦးစီး၍ ပါတီစနစ်တကျ စုစည်းခြင်းနှင့် ထိရောက်အောင်မြင်သော မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ခြင်း ခေါင်းစဉ်ဖြင့် နိုင်ငံရေးသင်တန်းတရပ်ကို သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီမှ စတင်ပြီး တောင်ကြီးမြို့ ချယ်ရီခွင်းတည်းခိုခန်းတွင် ပို့ချခဲ့ကြောင်း သိရသည်။ ယင်းသင်တန်းတွင် IRI ၏ ညှိနိုင်းရေးတာဝန်ခံ စတိဖ်စီမ (Steve Cima) မှ တာဝန်ယူပို့ချခဲ့ကြောင်း သိရသည်။

အမျိုးသမီးနှစ်ဦးအား ရွာသူကြီးကိုနှောက်ယှက်မှုနှင့် မီးလင်းရေးအစီအစဉ်ပျက်ပြားစေမှုဖြင့် ခေါ်ယူသတိပေးခြင်းသာဟု ပအိုဝ်းလွတ်တော်အမတ်ပြော

ခွန်ခမ်းမြတ် | သြဂုတ်လ ၁၅ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

အသွင်ပြောင်းပအိုဝ်းပြည်သူ့စစ် (PNA) က ကျောက်တန်းကျေးရွာရှိ လျှပ်စစ်မီးလင်းရေးအတွက် ကောက်ခံရာ ငွေကြေးမတတ်နိုင်သည့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့သည့်အပေါ် ရွာသူကြီးကိုအနှောက်အယှက်ဖြစ်စေသည့် အပြောအဆိုနှင့် လျှပ်စစ်မီးရရှိရေးအစီအစဉ်ပျက်ပြားအောင် ပြုလုပ်၍ ခေါ်ယူဆွေးနွေးခဲ့ခြင်းသာဖြစ်ကြောင်း ဟိုပုန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အေးမောင် က ပြောခဲ့သည်။

အိုးစည်ထွင်းဆရာ ပအိုဝ်းရိုးရာအိုးစည် ၂ လုံးလှူဒါန်း

ခွန်မေးလို့ (တောင်ကြီး) | သြဂုတ်လ ၁၄ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းရိုးရာအိုးစည်ထွင်းဆရာ ဖြားခွန်ထွန်းတင်နှင့် နန်းသန်းကြည်တို့အပါအ၀င် ဟဲကယ်ကျေးရွာမှ ရွာသူ ရွာသားများက ကာလတန်ဖိုး (၇) သိန်းရှိ ပအိုဝ်းရိုးရာအိုးစည်များဖြစ်သည့် ဗုံတို (ထုံထွိုင်)နှင့် အောင်ပွဲဆင် အိုးစည် (ထုံပတ်) ကို ပိဋကတ်ပအိုဝ်းဘာသာပြန်သံဃာတော်များအဖွဲ့သို့ ယနေ့လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလူငယ်ပေါင်းစုံ စုပေါင်း၍ တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကျင်းပ

ခွန်သန်းအောင် (TGI) | သြဂုတ်လ ၁၄ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်



တိုးတက်ပြောင်းလဲမှုနဲ့ ပအိုဝ်းပြည်သူရဲ့ယုံကြည်ထောက်ခံမှုရလိုရင် စနစ်ပြောင်းလဲသင့်

အမြင်ဆောင်းပါး | ခွန်သွီးပအိုဝ်းခမ်းကောင် | သြဂုတ်လ ၁၃ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

မပြောချင်ပေမယ့် ပြောရအုံးမယ်ဗျာ။ ဒါကတော့ ပအိုဝ်းလူငယ်တော်တော်များများ စိတ်ဝင်စားတဲ့အရာကိစ္စပါ။ ကျွန်တော်က ပအိုဝ်းသတင်းကို အမြဲတမ်းစိတ်ဝင်စားတဲ့လူ၊ ပအိုဝ်းအမျိုးသားရေးကို ချစ်မြတ်နိုးတဲ့လူ တစ်ယောက်ပါ။ ခုတလောသတင်းတွေ တက်လာတာ ဝမ်းသာစရာက နည်းနည်း၊ စိတ်မကောင်းတာက များများဖြစ်နေတယ်ဗျာ။

တောင်ကြီး အေးသာယာကားကြီးကွင်း တိုးချဲ့ဆောက်လုပ်တဲ့အပေါ် ဂိတ်ပိုင်ရှင်များ မကျေမနပ်ဖြစ်

သြဂုတ်လ ၁၃ ရက်၊ ၂၀၁၃ ခု

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာရှိတဲ့ကားကြီးကွင်းအား သက်ဆိုင်ရာတာဝန်ရှိသူများမှ တိုးချဲ့ဆောက်လုပ်ရန် စီစဉ်နေလျှက်ရှိပြီး ဈေးဆိုင်ခန်းအသစ်များ တည်ဆောက်မယ်လို့လည်း သိရှိရပါတယ်။

တိုင်းရင်းသားလူငယ်များ သမ္မတနှင့် အစိုးရလွတ်တော်ရုံးသို့ လေ့လာမှုနှင့် အပြောင်းအလဲကာလတွင် နိုင်ငံရေးသမားများ၏ အမြင်သုံးသပ်ချက်များ

ခွန်ရာဇာ (တောင်ကြီး) | သြဂုတ်လ ၁၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်တွင် နိုင်ငံရေးသိပ္ပံသင်တန်းကျောင်း The Innovative အဖွဲ့ဆရာမျိုးဇော်အောင် ဦးဆောင်သော ကျောင်းသား ၃၆ ယောက်သည် သြဂုတ် ၆ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ၁၁ ရက်နေ့မြောက်တွင် သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

မီးလင်းရေးအတွက် ငွေကြေးကို အဓမ္မခြိမ်းခြောက်ကောက်ခံ

နှင်းသစ္စာ (TGI) | သြဂုတ်လ ၉ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုတွင် လျပ်စစ်မီးသွယ်တန်းယူရန်စီမံကိန်းကို စီစဉ်ရာမှာ နှစ်လများစွာ ကြာပြီးဖြစ်သော်လည်း ယခုအချိန်ထိ လျပ်စစ်မီး သွယ်တန်းခြင်းကိစ္စ အဆင်မပြေရုံမက ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ပြဿနာများ ဖြစ်ပွားခဲ့ကြောင်း ကျောက်တန်းရွားသားတစ်ဦးက ပြောသည်။

ကျောက်တန်းကျေးရွာတွင် မီးလင်းရေးသတ်မှတ်ငွေကြေး မထည့်နိုင်၍ အဖမ်းခံရ

ခွန်ရာဇာ(တောင်ကြီး) | သြဂုတ်လ ၈ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက်တန်းရွာတွင် ကိုယ်ထူကိုယ်ထ မီးလင်းရေးပြုလုပ်ရာ သတ်မှတ်ထားသောငွေကြေးကို ရွာသားများမထည့်နိုင်၍ သြဂုတ် ၈ ရက် နေ့ခင်းတစ်နာရီတွင် ဒေသခံအမျိုးသမီးနှစ်ဦး အဖမ်းခံရကြောင်း သိရသည်။

ပအိုဝ်းအုပ်ချုပ်ခွင့်ရဒေသ ၂၀၁၂-၂၀၁၃ ခု ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသူ/သားများ ဂုဏ်ပြုပွဲကျင်းပ

ခွန်မေးလို့ | သြဂုတ်လ (၅) ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်



လူငယ်များနေ့မှာ ပါဝင်ဖို့ တို့များဖိတ်ခေါ်

သြဂုတ်လ ၅ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်



သြဂုတ်လ (၁၂) ရက်၊ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကျင်းပရန် လူငယ်များရန်ပုံငွေ ရှာထွက်ခြင်း

သြဂုတ်လ ၄ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

၂၀၁၃-ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကျင်းပဖို့အတွက် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ တိုင်းရင်းသားလူငယ်များ၊ တက္ကသိုလ်ကျောင်းသားများ စုပေါင်းပြီးတော့ ရန်ပုံငွေရှာထွက်ဖို့အတွက် ကောင်ရွေလူမှုလှုပ်ရှားဆောင်ရွက်ရေးကွန်ယက် ရုံးခန်းမှ မွန်းတည့် ၁၂ နာရီအချိန်မှာ စတင်ထွက်ခဲ့ပါတယ်။

ကျောက်တလုံးကြီးမြို့တွင်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

ခွန်ခမ်းမြတ် | သြဂုတ်လ ၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖေါ်ရေးလုပ်ငန်း ကော်မတီ (နတလ) ၏ ကတ္တရာအလုံးရေ (၁၀၀) ကူညီပံ့ပိုးမှု၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် ပြည်သူလူထု ပူးပေါင်းထည့်ဝင်ငွေ ကျပ်သိန်းပေါင်း (၂၅၆.၃၆) ဖြင့် ကျောက်တလုံးကြီးမြို့တွင်း လမ်းကတ္တရာခင်းခြင်း လုပ်ငန်းကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

ပင်လောင်းတွင် အိုအေစစ်လူငယ်မှ ဦးစီး၍ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်


ခွန်သန်းအောင် (TGI) | သြဂုတ်လ ၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ တီကျစ်စံပြကျေးရွာ၊ တီကျစ်ကျောင်းတိုက်တွင် ဗုဒ္ဓ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို ဆရာတော်ဦးဝိလာသနှင့် တီကျစ်အိုအေစစ်လူငယ် လူမှုကူညီရေးအသင်းတို့ ဦးဆောင်ပြီး လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုနှစ်တွင် တစ်နှစ်ပြည့်ကြာပြီဖြကြောင်း အိုအေစစ်လူငယ်တစ်ဦးက ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် ပြောကြားသည်။

တောင်းကြီးမြို့ သမိုင်း

ခွန်ပနောဝ် | သြဂုတ် ၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့၊ လမ်းမတော်၊ နေပြည်တော်ပုံနှိပ်တိုက်တွင် ပုံနှိပ်သော ဦး (စပ်စိန်ဖူး) အထွေထွေအတွင်းရေးမှူး၊ စေတီတော်၊ ဘဏ္ဍတော်ထိန်းအဖွဲ့ တောင်ကြီးမြို့မှတ်တမ်းမှ သမိုင်းကို ရှာဖွေတင်ပြလိုက်ပါသည်။

တောင်ကြီးမြို့ ကုန်ခြောက်သားငါးဈေးယာယီဆိုင်ခန်းကိစ္စ လူစုလူဝေးဖြစ်ပွားခဲ့

စက္ခု | သြဂုတ်လ ၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

၃၁/၇/၂၀၁၃ ရက်နေ့ ၁၀း၄၅ အချိန်ခန့်တွင် တောင်ကြီးမြို့၊ မြို့မဈေးကြီးရှိ ဈေးစည်ပင်ရုံးခန်းတွင် ဈေးသူဈေးသား အင်းအာ (၆၀) ခန့် ရောက်ရှိလာပြီး လူစုလူဝေးမှု ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိ သူများ ရောက်ရှိလာပြီး လူစုခွဲခဲ့ရာ ၁၁း၃၀ နာရီအချိန်တွင် လူစုကွဲသွာကြောင်း သိရသည်။

တောင်ကြီးမြို့ ကုန်ခြောက်သားငါးဈေးယာယီဆိုင်ခန်းများကြောင့် ညဈေးနေရာအခက်အခဲရှိ

သြဂုတ် ၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့ ညဈေးတန်းကို မြို့မဈေးကြီးတောင်ဖက် တပင်ရွှေထီးလမ်းတွင်
ညနေ (၃း၀၀) နာရီမှာ ည (၁၁း၀၀) နာရီထိ ရောင်းချလျက်ရှိသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် လူမှုရေးဌာန၏ ဒသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ

နီမွိုးပို | သြဂုတ်လ ၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (P.N.O) သည် ၁၉၉၁ ခုနှစ်၊ ဧပြီလမှာ ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်းတွင် အထူးဒေသ (၆) အတွင်း လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေး စသောဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာမှ ကာလတိုအတွင်း ပြီးပြတ်သည့်လုပ်ငန်းများ ရှိသကဲ့သို့ ကာလရှည် အချိန်ကြာမြှင့်စွာဖြင့် ဆောင်ရွက်ရသည့် ဖွံ့ဖြိုးရေးလုပ်ငန်းအခန်းကဏ္ဍများလည်း ကြုံတွေ့ခဲ့ရသည်။