ပအိုဝ်းတော်လှန်ရေးအဖွဲ့များပေါင်းစည်းကာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ဖွဲ့စည်း
သတင်းနှင့်မီဒီယာ ကွန်ယက်၊ နွယ်လေး။
ဒီဇင်ဘာလ ၁၁ ရက် ၊၂၀၀၉ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ်တနေရာတွင်ကျင်းပပြုလုပ်သည့် ပအိုဝ်းအမျိုးသားညီလာခံသို့ တက်ရောက်လာသော ပအိုဝ်း တော်လှန်ရေး အဖွဲ့များအားလုံးပေါင်းစည်းကာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(P.N.L.O)ကို အောင် မြင်စွာ ဖွဲ့စည်းခဲ့သည်။
၂၀၁၀ စိန်ခေါ်မှုကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ရင်ဆိုင်ဖို့ အဆင့်သင့်ဖြစ်
သောကြာနေ့၊ 11 ဒီဇင်ဘာလ 2009 သျှမ်းသံတော်ဆင့်
E-mail Print
ယခုလ ၇ ရက်နေ့ မှ ၉ ရက်နေ့အထိ ကျင်းပခဲ့သည့် ပအိုဝ်းအမျိုးသားညီလာခံမှ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ထူထောင်ကြောင်းထုတ်ပြန်ကြေငြာချက်ဖြင့်၂၀၁၀ စိန်ခေါ်မှုအား ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေကြောင်း ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

SSA တောင်ပိုင်းတပ်ဖွဲ့နှင့် PNLO အောက်ခြေတပ်ဖွဲ့များကြားပစ်ခတ်မှုဖြစ်ပွား
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၀၉ ခုနှစ်။
ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းတပ်ဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLO တပ်ဖွဲ့ နှစ်ခု၏ အောက်ခြေတပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုတစ်ခုဖြစ်ပွား ခဲ့သည်။
ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ်အတွင်းရှိ နှစ်ဖက်တပ်များလှုပ်ရှားရာ နမ့်ပွန်ချောင်းအရှေ့ဖက်၊ တောရှ ဒေါရွာအနောက်ဖက်ရှိ တောင်ယာအတွင်း PNLO တပ်ဖွဲ့များ ထမင်းချက်စားနေစဉ် SSAတောင်ပိုင်း အမှတ် ၃၆၁ တပ်ရင်းမှ လာရောက် ပစ်ခတ်ခြင်း ဖြစ်သည်ဟု PNLO ကပြောသည်။

Subscribe to:
Posts (Atom)