ပအိုဝ်းလွတ်တော်အမတ်၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် တာဝန်အသိစိတ်

By ခမ်းလွယ်မော် | ဇူလိုင်လ ၂၇၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံရဲ့ဒီမိုကရေစီစနစ်ကို ကူးပြောင်းရေးမှာ အထစ်အငေါ့တွေရှိပေမယ့် ရှေ့ကိုတော့ သွားနေတာဟာ တနှစ်တောင်ကျော်ခဲ့ပါပြီ။ ပွင့်လင်းမြင်သာမှုတွေ၊ ထင်သာမြင်သာမှုတွေကိုလဲ တွေ့မြင်လာရပါပြီ။ နိုင်ငံရေးအကျဉ်းသား (ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူ) များကို ပြန်လွတ်ပေးနေတာတွေ၊ စာပေစီစစ်ရေးမူဝါဒကို လျှော့ပေးနေတာတွေ၊ လက်နက်ကိုင်တိုင်းရင်းသားအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးစကားပြောနေတာတွေ (တချို့ဆိုလက်မှတ်တောင်ထိုးပြီးကုန်ပြီ) စတာတွေဟာ တိုင်းပြည်ရဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးရဲ့ ထင်သာမြင်သာတဲ့ အချက်တွေပါပဲ။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဝန်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံဆွေးနွေးမည်

RFA - ရှမ်းပြည်နယ် တောင်ကြီးမြို့ကို ရောက်နေတဲ့ ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဦးခွန်မြင့်ထွန်း ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ဒီကနေ့ တောင်ကြီးမြို့မှာရှိတဲ့ ပအို့ဝ် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသမှာရှိတဲ့ ဟိုပုန်းမြို့နယ်က ပရဟိတကျောင်းကို သွားရောက်ခဲ့တယ်လို့ ဦးခွန်မြင့်ထွန်းက အာအက်ဖ်အေကို အခုလို ပြောပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ပဏာမအဆင့် တွေ့ဆုံဆွေးနွေးဖို့ ဂျူလိုင် ၂၂ ရက်မှာ ကိုယ်စားလှယ်တွေ စေလွှတ်


Monday, July 23, 2012 | By သျှမ်းသံတော်ဆင့်
PNLO Chairman, Khun Okker

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ ပဏာမအဆင့် တွေ့ဆုံဆွေးနွေးဖို့ ယမန်နေ့ (ဂျူလိုင် ၂၂ ရက်)မှာ ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး PNLO ဥက္ကဋ္ဌ ဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို သျှမ်းသံတော်ဆင့် သတင်းဌာနက သွားရောက်မေးမြန်းခဲ့ပါတယ်။


ပအိုဝ်းသံဃာပျိုများအဖွဲ့၏ သဘောထားတစ်ရပ်ကို အသိပေးထုတ်ပြန်ကြေငြာခြင်း

July 23, 2012

PNO မှ ပုဂ္ဂိုလ်အချို့၏ မတရားပြုလုပ်ချက်အရ မတရားသဖြင့် အဆုံးဖြတ်ခံရသော
ဝင်းယဆရာတော် ဦးသြဘာသ သတင်းနှင့်ပတ်သက်၍ ပအိုဝ်းဒေသ
ပအိုဝ်းသံဃာပျိုများအဖွဲ့က ပြီးခဲ့သည့်လပိုင်းတွင် သဘောထားတစ်ရပ်
ထုတ်ပြန်ကြေငြာခဲ့ကြောင်း သတင်းရရှိပါသည်။

တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြား


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး
Mr. Antonio Guterres တွေ့ဆုံစဉ် (ဓါတ်ပုံ နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်)

ရိုဟင်ဂျာ ဖြစ်ခွင့် မရလိုက်သော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၄၈ ဦး အဖမ်းခံရ


လူကုန်ကူးသူ လက်မှ ကယ်တင်လိုက်နိုင်သော
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ (ဓါတ်ပုံ- Star)

PNO အမည်သုံးပြီး ၀င်းယကိစ္စသတင်း မဟုတ်မှန်ကြောင်း ပအိုဝ်းဒေသအတွင်းရှိ ဘုန်းကြီးကျောင်းများတွင် စာလိုက်ဖြန့်ဝေ

ဇူလိုင်လ (၈) ရက်၊ ၂၀၁၂

ဝင်းယရွာတွင် အခင်းဖြစ်ပွားသည့်ကိစ္စနဲ့ ပတ်သက်သော "PNO နှင့် ပအိုဝ်းအမျိုးသားတို့ သိစေဖို့" ဟူသော သတင်းဆောင်းပါးနှင့် စပ်လျဉ်း၍ ဖြားပညာဗုတ်၊ ဟိန်းထွန်း၊ တိုးယံ စသော ပုဂ္ဂိုလ်တစ်စုတို့က
PNO ဟူသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ နာမည်ကို အသုံးပြု၍ အင်တာနက်ပေါ်က
ဝင်းယသတင်းမှာ မှန်ကန်မှု မရှိကြောင်း ဘုန်းတော်ကြီးကျောင်းများသို့ စာများ လိုက်လံဖြန့်ဝေနေသည်ဟု သတင်းရရှိပါသည်။

ကျောက်တလုံးမြို့မှ ရေးလာတဲ့ပေးစာ

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့နယ်ခွဲမှာနေထိုင်တဲ့ ဒေသခံလူငယ်တစ်ဦးမှ
တောင်ကြီးတိုင်းမ်သို့ ရင်ဖွင့်ရေးသားပေးပို့လာတဲ့စာကို ရေးလာတဲ့ပေးစာကဏ္ဍမှာ အောက်ပါအတိုင်း
ဖေါ်ပြလိုက်ပါတယ်။
-----------------------

ပအိုဝ်းစာနယ်ဇင်းလောက

By Khun Skyrock | စန္တာခမ်း

ပအိုဝ်းစာပေလောက အခြေအနေတွေကို သုံးသပ်ပြရရင် မဂ္ဂဇင်းစာစောင်တွေ ဟိုအရင်တုန်းကထက် ပိုပိုပြီး ထုတ်ဝေလာကြတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း ထွက်ရှိတဲ့ ပအိုဝ်းစာစောင်တွေက တစ်နှစ်မှ တစ်စောင်သာ အသီးသီး ထုတ်ဝေလေ့ရှိကြတယ်။ အချို့စာစောင်တွေဆိုရင် တစ်နှစ်ပဲ ထုတ်နိုင်ပြီး ပြန်ငုပ်သွားတာမျိုးလည်း ရှိတယ်။ အချို့လည်း ကာလတာအားဖြင့် (၂)နှစ် (၃)နှစ်လောက်ပဲ ထုတ်ဝေကြပြီး လျိုကနဲ ပြန်ပျောက်သွားလေ့ရှိတယ်။ အကြောင်းအမျိုးမျိုးတွေကြာင့် ဖြစ်ပါလိမ့်မယ်။