ဟိုပုံးမြို့နယ်၌ ကျားကိုက်ခံရသဖြင့် ရွာသားတစ်ဦးဒဏ်ရာများရရှိ

မတ်လ ၃၀ ၊ ၂၀၁၁

ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ်၊ နမ့်ပါစီကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာနေ စိုင်းသောန (အသက် ၂၅ နှစ်) သည် မတ်လ ၂၇ ရက် နံနက် ၅ နာရီခန့်တွင် နောင်မွန်ကျေးရွာမှ အရှေ့ဘက် ၄ မိုင်ခန့်အကွာရှိ ၎င်းပိုင်စိုက်ပျိုးရေးခြံသို့ သွားရောက်စဉ် လမ်းခရီးတနေရာ၌ လေးတောင်ခန့်ရှိ ကျားတစ်ကောင်က ၀င်ရောက်လုံးထွေး သတ်ပုတ်တိုက်ခိုက်ခဲ့ကြောင်း၊ သို့ဖြစ်၍ စိုင်းသောန၏ ယာဘက်ပေါင် လက်ယာဖျံတို့၌ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံ၌ တက်ရောက်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။

ကြေးမုံသတင်းစာ စာမျက်နှာ (၁၁)

ဒေါက်တာ တူးဂျာ ကြံ့ဖွံ့ပါတီ ၀င်မလား

By မင်းနိုင်သူ, Tuesday, 29 March 2011, ဧရာဝတီ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီဖွဲ့စည်းခွင့် မရခဲ့သော ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ဥက္ကဌ ဒေါက်တာတူးဂျာသည် မကြာမီ ရက်ပိုင်းများက စစ်အစိုးရ ကျောထောက် နောက်ခံပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င်အဖြစ် လျှောက်ထားခဲ့သည် ဆိုသော သတင်းများ ပေါ်ထွက်နေသည်။

မြန်မာနှင့် ဆက်စပ်သည့် FIFA ဥက္ကဌ စစ်ဆေးခံရဖွယ်ရှိ

By မင်းနိုင်သူ | Monday, 28 March 2011 | ဧရာဝတီ
 
မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဌ မစ္စတာ ဆတ် ဘလတ္တာကို ဆွစ်ဇာလန်အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားဖွယ် ရှိနေသည်။

ရွေကြိဂံငလျင် သေဆုံးသူ ၁၃၀ ရှိပြီ

By ကိုမိုးဇော်,  သောကြာ, 25 မတ် 2011, VOA

နောက်ဆုံးရရှိတဲ့သတင်းတွေအရ ကြာသပတေးနေ့ ညဦးပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေမြို့အနီးမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၁၃၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။ ဒီသေဆုံးခဲ့သူတွေဟာ တာချီလိတ်မြို့အနီးပတ်ဝန်းကျင်က တာလေမြို့၊ မိုင်းလင်းနဲ့ ကျကူညီရွာတွေက ဖြစ်ပါတယ်။ မနေ့ည ၈ နာရီခွဲလောက်မှာ ပြင်းအား အဆင့် ၇ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်ကြီး လှုပ်ပြီးတဲ့နောက်မှာ နောက်ဆက်တွဲ ငလျင်ငယ်လေးတွေဟာ ဒီနေ့ တနေ့လုံးနီးပါး ဆက်လက် လှုပ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေဟာ အထိတ်ထိတ်အလန့်လန့်နဲ့ နေနေကြရပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

Death Toll Rising from Earthquake in Shan State

By HTET AUNG, Friday, March 25, 2011

The magnitude 6.8 earthquake that struck Burma on Thursday evening killed 74 people and injured 111 in ten towns and villages in eastern Shan State, according to state-run MRTV.

More casualties were expected amid reports of widespread devastation in the area, where many buildings, roads and bridges were destroyed by the earthquake that began at 8:25 pm local time.

တောင်ကြီးမြို့တွင် ပအိုဝ်းတိုင်းရင်းသားရိုးရာ ဒဉ်ဆီးလာဗွေ တပေါင်းပွဲတော် အခမ်းအနား ကျင်းပ


၂၀၁၁ ခုနှစ် ပအိုဝ်းတိုင်းရင်းသားရိုးရာ ဒဉ်ဆီးလာဗွေ တပေါင်းပွဲတော် အခမ်းအနားများကို မတ်လ ၁၉၊ ၂၀ ရက်နေ့များက တောင်ကြီးမြို့ တောင်ကြီးကျောင်းတိုက်နှင့် ကန်ကြီးရပ်ကွက်ရှိ ဂနိုင်ရေး ပအိုဝ်းတိုင်းရင်းသား ဘက်စုံအားကစားပြိုင် ကွင်းတို့တွင် ကျင်းပကြောင်း သိရှိရသည်။

Wa Leader Vows to Fight On

By WAI MOE,  Tuesday, March 22, 2011, Irrawaddy

Leaders of the United Wa State Army (UWSA)—Burma's largest ethnic armed group—said on Sunday that they will not give up “an inch” of their land and called on Wa people to fight against their common enemies. The statement comes amid strained tensions between the Burmese junta and minority groups near the Sino-Burmese border.

NCGUB Goodwill Message On 2011 Pa-Oh National Day

NCGUB Goodwill Message on 2011 Pa-Oh National Day

၂၀၁၁ ခုနှစ် ပအိုဝ်းအမျိုးသားနေ့အထိန်းအမှတ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ကြေငြာချက်

PNLO 2011's Pa-Oh National Day Statement

ဘန်ကောက်မြို့ပအိုဝ်းအမျိုးသားနေ့ အထိန်းအမှတ် စာစောင်ထုတ်ဝေ

နောင်ခမ်းခါ | ၁၇ မတ်လ ၂၀၁၁ | ကြာသပတေးနေ့ | တောင်ကြီးတိုင်းမ်

၂၀၁၁ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် တပေါင်းလပြည့်နေ့ ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်နှင့် အခြားမြို့များတွင် ရောက်ရှိသည့် ပအိုဝ်းလူငယ်များမှ စုပေါင်း၍ ပအိုဝ်းအမျိုးသားနေ့အထိန်းအမှတ်အဖြစ် "ဒဲဉ်သီ;လိတ်စောင်;" အမည်ရှိ တပေါင်းစာစောင်ကို ယနေ့တွင် ထုတ်ဝေခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ပအိုဝ်းလူမျိုးများစုပေါင်းထုတ်ဝေသည့် "တပေါင်းစာစောင် "

Pa-Oh Bangkok Magazine 2011

တိုကျို မြန်မာသံရုံး အကူအညီပေးမှု အားနည်း

By ဦးသားညွန့်ဦး | အင်္ဂါ, 15 မတ် 2011 | VOA

အရှိန်ကြီးတဲ့ ငလျင်နဲ့ ဆူနာမီဒဏ် ခံခဲ့ရပြီးနောက် အခု နျူကလီးယား သတ္တိကြွမှုကို ရင်ဆိုင်နေရတဲ့ ဂျပန်နိုင်ငံက ဘေးဒုက္ခသင့် ဒေသတွေမှာ တရုတ်လူမျိုး ထောင်နဲ့ချီ ရှိနေပါတယ်။ တရုတ်နိုင်ငံဟာ ကပ်ဘေးဒုက္ခနဲ့ နျူကလီးယား အန္တရာယ် ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရတဲ့ ဂျပန်နိုင်ငံကနေ မိမိနိုင်ငံသားတွေကို စတင်ကယ်ထုတ်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်ပါတယ်။

ကရင်နီပြည်တွင် ဖြစ်လာမည့် စစ်ရေးသင်တန်းကွင်းနှင့် နောက်ဆက်တွဲအခြေအနေ

ရေးသားသူ - ကူးဒူ | ဗုဒ္ဓဟူးနေ့ | 16 မတ်လ 2011 | ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်တွင် မြန်မာစစ်တပ်တို့မှ စစ်ရေးလေ့ကျင့်ရေးကွင်းနှစ်ခု တည်ဆောက်ရန် နေရာဒေသ တိုင်းတာလျက်ရှိပြီး သတ်မှတ်ထားသည့် နေရာအများစုမှာ ပြည်သူပိုင်ခြံမြေများ ဖြစ်သည့်အတွက် မိမိတို့မြေကွက်များ အလဟဿဆုံးရှုံးမည်ကို ဒေသခံများ စိုးရိမ်မကင်းဖြစ်နေကြသည်။

FIFA chief dogged by controversy

By JOSEPH ALLCHIN | Wednesday | 16 March 2011 | DVB

The head of the world’s top footballing body, Sepp Blatter, arrived in Burma yesterday to promote the sport in the military-ruled country amid criticism that his visit supported a sanctions-listed business tycoon.

PNO ပထမ ဥက္ကဋ္ဌ ဖြားကျော်စိန် (ခ) ဦးကျော်စိန်၏ အတ္ထုပတ္တိအကျဉ်းချုပ်

By Bwarsara | Friday, March 11, 2011

ဦးကျော်စိန်သည် ၁၉၂၃ တွင် မွန်ပြည်နယ်မှ သထုံမြို့နယ်ရှိ မော်ကျောရွာနေ ဖြားသာဇံနှင့် မွိုးကျောင် ထွန်းမေတို့မှ ဖွားမြင်သည်။ အင်္ဂလိပ်ခေတ်တွင် (၁၀)တန်းအထိ ပညာဆည်းပူးခဲ့သည်။

အင်းလေးကန် ရေခန်းမှုနှင့် ထပ်မံကြုံနိုင်


နယူးဒေလီ (မဇ္ဈိမ) ။      ။ ထိရောက်သည့် ပြုပြင်ထိန်းသိမ်းမှု မရှိသေးသဖြင့် ရှမ်းပြည်နယ်ရှိ အင်းလေးကန်ကြီး ပြီးခဲ့သည့် နှစ်ကဲ့သို့ ရေခန်းဖွယ်ရှိနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ FREDA နှင့် ဒေသခံ အင်းပါတီက ပြောသည်။

ဗိုလ်ချုပ်စံသိန်း အတ္ထုပတ္တိအကျဉ်းချုပ်

By Bwarsara | Thursday, March 10, 2011  

ဗိုလ်စံသိန်းသည် ကောဇာ သက္ကရာဇ် ၁၂၈၉ ခု တပေါင်းလဆန်း (၉)ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ ဖက်ရဲရွာတွင် ဖွားမြင်ခဲ့ပြီး သတ္တမတန်း ကျောင်းပညာကို အောင်မြင်ခဲ့သည်။ မွေးချင်းမောင်နှာမများမှာ ဆရာမနန်းထွေး၊ ဦးဖိုးလွန်၊ ဦးစံဖဲနှင့် နန်းခင်ဝေသီ တို့ဖြစ်သည်။ ဗိုလ်စံသိန်းသည် အိမ်ထောင်ဇနီး ဒေးနန်းခွန်နှင့်အတူ သားသမီး (၆)ဦးထွန်းကားခဲ့သည်။ ၎င်းတို့မှာ နန်းယွန်း၊ နန်းဆွေ၊ ဗိုလ်မှူးခွန်ကျော်ဆွေ၊ နန်းရီ၊ နန်းဒေ၀ီနှင့် နန်းလှရင် တို့ဖြစ်သည်။

ရေကာတာ စီမံကိန်းကြောင့် ကရင်နီပြည်သူများ ဒုက္ခကြုံဖွယ်ရှိ

သန်းထိုက်ဦး Thursday, 10 March 2011

ကယား ပြည်နယ်တွင် အသစ် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများကြောင့် ရွာပေါင်း ၂၁၂ ရွာနှင့် လူဦးရေ ၃၇၀၀၀ ကျော် အခက်အခဲနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း ကရင်နီ ဖွံ့ဖြိုးရေး သုတေသန အဖွဲ့ (KDRG )က ပြောသည်။

တိုင်းရင်းသား တပ်ဖွဲ့များကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှုန်းမည်

သန်းထိုက်ဦး Saturday, 05 March 2011, ဧရာဝတီ
 
နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ဒေသများကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှုန်းရန် စစ်အစိုးရခေါင်းဆောင်များက ညွှန်ကြားထားကြောင်း သိရသည်။

အမြဲတမ်းဒုက္ခနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ ကုလားလန်ရွာလေး

ရေးသားသူ - ဖဲဘီး သောကြာနေ့, 04 မတ်လ 2011, ကန္တာရ၀တီတိုင်း(မ်)
 
အိမ်ခြေပေါင်း (၈၀) ၀န်းကျင်ခန့်ရှိတဲ့ ကုလားလန်ရွာကလေးဟာ ရှမ်း-ကရင်နီနယ်စပ်မှာပါ။ ရွာရဲ့နဘေးမှာ ပွန်ချောင်းလို့ခေါ်တဲ့ အပြာရောင် ရေချောင်းကြီးက တသွင်သွင် စီးဆင်းနေပါတယ်။ ကုလားလန်ရွာထဲကို ပအိုင်း၊ ရှမ်း၊ ကရင်နီလက်နက်ကိုင် အဖွဲ့အစည်းများ ၀င်ထွက်သွားလာတဲ့အပြင် ရွာအနီးရှိ မြန်မာစစ်အစိုးရ တပ်တို့လည်း မကြာခဏ ၀င်ထွက်သွားလာ နေကြပါတယ်။

Fait accompli of the Tatmadaw Values

By Kanbawza Win, 04 March 2011, Friday

All revolutions start with enthusiasm but usually end with tears. Will the Burmese revolution which started with a mighty force in 1988, fizzle out in 2011? The tears still could have been avoided, if the people firmly stand by the values which they have inherited from their ancestors especially from the founding fathers of modern Burma led by Bogyoke Aung San. If the Arab people can rise against their tyrants why can’t we? The people of Burma should ask themselves, not what Daw Aung Suu Kyi can do for them but what they can do for the Genuine Federal Union of Burma.

Naypyidaw Orders New “Four Cuts” Campaign

By WAI MOE, Friday, March 4, 2011, Irrawaddy

The War Office in Naypyidaw has ordered Burmese government forces based in ethnic areas to relaunch their infamous “Four Cuts” strategy against the ethnic cease-fire groups that continue to resist the junta's Border Guard Force (BGF) plan.

The Burmese army's “Four Cuts” policy was developed in the 1970s during the former regime of the Burmese Socialist Programme Party with the intention of undermining ethnic militias by cutting off access to food, funds, information and recruitment, often with devastating consequences.

SSA-S က PNO ၏ မူးယစ်ဆေးဝါး စက်ရုံကို ဝင်တိုက်

 
စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ပအိုဝ်းတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံး၍ လက်နက် တချို့တို့ကို SSA-S က သိမ်းဆည်းရမိခဲ့သည်။

ပအိုဝ်းပြည်သူ့စစ်ထိန်းချုပ်ဒေသရှိ ဘိန်းချက်စက်ရုံကို SSA ကတိုက်ခိုက်

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။ မတ်လ ၂ ရက်၊ ၂၀၁၁ ခုနှစ်။

စစ်အစိုးရလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ထိန်းချုပ်နယ်မြေရှိ ဘိန်းချက်စက်ရုံအား ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု SSA က ပြောသည်။

ဗိုလ်ချန်ဇုံ (ခ) ပိုလ်းတွုံ၏ အတ္ထုပတ္တိအကျဉ်းချုပ်

By ဗွာသ,ရာ; | 01 March 2011 | Tuesday

ဗိုလ်ချန်ဇုံ (ခ) ပိုလ်းတွုံသည် ၁၉၁၃ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် စောစီရွာနေ ပအိုဝ်းမျိုးနွယ် ခရစ်ယာန်ဘာသာဝင် ဖြစ်သော မတ္တာမန်းဘတ်တောရိုင်းနှင့် နန်းစုတို့မှ ဖွားမြင်သည်။ မောင်နှာမများမှာ မွိုးလှစီ၊ ဖြားကာယု၊ ဗိုလ်မှူးဂျိုးဇက်နှင့် မွိုးလှမြင့်တို့ဖြစ်သည်။ ဗိုလ်ချန်ဇုံသည် အင်္ဂလိပ်ခေတ်တွင် တောင်ကြီးမြို့ရှိ အေဘီအမ်ကျောင်းမှ သတ္တမတန်းအထိ ပညာသင်ယူခဲ့သည်။

တောင်ကြီးမြို့ မြို့မရပ်ကွက်ဥက္ကဌမှ လျှပ်စစ်မီးကိုအကြောင်းပြုပြီး ရပ်ကွက်သူ/သားများထံ ငွေညစ်

မတ်ခ်ျလ (၁) ရက်နေ့၊ ၂၀၁၁ ခုနှစ် ၊ အင်္ဂါနေ့

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်တွင် ရပ်ကွက်တစ်ခုလုံး အားထားမှီခိုနေရသော လျှပ်စစ်ဓါတ်အားထပ်ဆင့်ခွဲဝေပေးသည့် ထရန်စဖော်မာသည် ၉/၂/၂၀၁၁ ရက်နေ့တွင် ထပ်မံ၍ လောင်ကျွမ်းပျက်စီးသွားသည်ဟု အကြောင်းပြကာ မြို့မရပ်ကွက်တခုလုံးအား ၉/၂/၂၀၁၁ရက်နေ့ ညနေမှစ၍ လျှပ်စစ်ဓါတ်အားဖျက်တောက် ခဲ့ပါသည်။ယခု အကြိမ်သည် ထရန်စဖော်မာ တတိယအကြိမ်မြောက် ပျက်စီးခြင်းဖြစ်ပါသည်။