2014 Stocktaking for the Ethnic Nationalities

By Kanbawza Win | December 31, 2013 | Taunggyitime

As the New Year rings in it is time for the non-Myanmar ethnic nationalities of Burma to see clearly of where the country is heading and what is their fate ahead? Of course the country has just the curtain on the 27th South East Asian Games and failed to beat Thailand as overall winners, but its symbolic triumph as host was far more important than jumping up from the 7th place to 2nd.[1]

စည်းလုံးညီညွတ်ရေး အတွက် ပအိုဝ်းခေါင်းဆောင် အလွတ်သဘောဆွေးနွေး

ခွန်စိမ်းမောင်(တောင်ကြီး) ၊ ဒီဇင်ဘာ 24, 2013 | တောင်ကြီးတိုင်းမ်

ပအိုဝ်းတိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ပအိုဝ်း ခေါင်းဆောင်များ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (P.N.L.O) တွဲဘက် အထွေထွေအတွင်းရေးမှူး(၁) ခွန်သောမတ်စ် က တောင်ကြီးတိုင်းမ်ကို ပြောသည်။

တောင်ကြီးမြို့တွင် ပထမဆုံးအကြိမ် စာပေဟောပြောပွဲနှင့်ရံပုံငွေဈေးရောင်းပွဲတော် ကျင်းပမည်

ခွန်ရာဇာ (တောင်ကြီး) | ဒီဇင်ဘာ 24, 2013 | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံစာရေးဆရာအသင်း (တောင်ကြီး) မှစုစည်းကျင်းပမည့် ပထမဆုံးအကြိမ် စာပေဟောပြောပွဲ နှင့်ရံပုံငွေဈေး ရောင်းပွဲတော်ကြီးကို ဇန်န၀ါရီ ၂ ရက်နေ့တွင်မြို့နယ်ကျောက်တိုင်အားကစားကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ် တောင်ကြီးတွင် EITI နှင့်ပတ်သက်ပြီးဆွေးနွေးပွဲပြုလုပ်

ခွန်ရာဇာ (တောင်ကြီး) | ဒီဇင်ဘာ 24, 2014 | တောင်ကြီးတိုင်းမ်

ပြည်နယ်၊ တိုင်းအလိုက် EITI (Extractive Industry Transparency Initiative) လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် CSO များ၏ အခန်း ကဏ္ဍမြင့်တက်လာစေရန်၊ CSO များကEITI ကိုသိရှိလာနိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံသဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ဖော်ဆောင်ရေးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများတွေ့ဆုံပွဲကိုဒီဇင်ဘာ ၂၂ ရက် တောင်ကြီးမြို့ Classic ခန့်မတွင် ကျင်းပ ကြောင်းသိရသည်။

Sea Game ဖွင့်ပွဲ အတွေး

ဆောင်းပါး | ရဝေသျှင်-မြိုင်နန်းမြေ | ဒီဇင်ဘာ ၂၂၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ကြုံတောင့်ကြုံခဲ အမိမြေမှာ ပြုလုပ်ကျင်းပခွင့် ရလိုက်တဲ့ Sea Game ပွဲတော်ကို ကိုယ်တိုင်ပါဝင် ဆင်နွဲလိုပေမယ့် ဘ၀ အခြေနေကြောင့် မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် ဖြစ်နိုင်တဲ့ အထဲက Sea game ဖွင့်ပွဲကိုတော့ ကြည့်ဖြစ်အောင် ကြည့်မယ်လို့ ဆုံးဖြတ်လိုက်ရပါတယ်။ ဖွင့်ပွဲကို ကြည့်မယ်လို့ အားခဲထားပေမယ့် မှန်တာပြောရရင်တော့ သိပ်အထင် မကြီးလှပါဘူး။ ခမ်းခမ်းနားနား ရှိလိမ့်မယ်လို့လည်း မျော်လင့်မထားပါဘူး။ ခမ်းနားခဲ့ရင်တောင် ကြီးကျယ်အံ့သြဖွယ်ရာတော့ ရှိလိမ့်မယ် မဟုတ်ဘူးလို့ပဲ ယူဆထားမိပါတယ်။

ပအိုဝ်းအရေး တောင်ပေါ်-မြေပြန့်က ပအိုဝ်းလူငယ်များ တွေ့ဆုံဆွေးနွေး

ခွန်ရာဇာ (တောင်ကြီး) | ဒီဇင်ဘာ ၂၁၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ပအိုဝ်းလူငယ်အဖွဲအစည်းအသီးသီးမှ အချင်းချင်းပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်နှင့် တောင်ပေါ် မြေပြန့် စည်းလုံးညီညွှတ်မှု ရှိစေရန်ရည်ရွယ်၍ လူငယ်တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ဒီဇင်ဘာ ၁၇ ရက် ဂနိုင်ရေးရပ်ကွက်ရှိ တပေါင်းကွင်း ပအိုဝ်းဘက်စုံဖွံ့ဖြိုးရေးကွင်းရှိ ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပထမဆုံးအကြိမ် ဒီမိုကရေစီစကားဝိုင်းတောင်ကြီးတွင် ကျင်းပ

ခွန်ရာဇာ (တောင်ကြီး) | ဒီဇင်ဘာ ၂၁၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ဒါနရှေ့ဆောင်အဖွဲ့၊ PNO ပါတီနှင့် ကျားဖြူပါတီတို့ပူးပေါင်းကာ ပထမဆုံးအကြိမ် ဒီမိုကရေစီ စကားဝိုင်းဆွေးနွေးပွဲကို တောင်ကြီးမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင်ဒီဇင်ဘာ ၁၉ရက်တွင်ကျင်းပခဲ့ကြောင်း သိရသည်။

လေးကြိမ်မြောက် ကျောင်းသားလူငယ် Youth Exchange တောင်ကြီးတွင် ပြုလုပ်

ခွန်ရာဇာ (တောင်ကြီး) | ဒီဇင်ဘာ ၁၆၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (Students and Youth Congress of Burma-SYCB) မှ ဦဆောင်ပြီး နယ်စပ်တွင်ရှိသော တိုင်းရင်းသားလူငယ်များနှင့် မြို့တွင်းတွင် ရှိကျောင်းသားလူငယ်များက ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို မည်ကဲ့သို့ အတူတကွ လက်တွဲပြီး တည်ဆောက်ကြမည်ကို အမြင်သဘောထားများ နှီးနောဖလှယ် တိုင်ပင်ရန် ဒီဇင်ဘာ ၁၄ ရက်နေ့ တောင်ကြီးမြို့ Classis ခန်းမတွင် ၄ ကြိမ်မြောက် လူငယ်နှီးနှောဖလှယ်ပွဲ Youth Exchange တရပ် ကျင်းပခဲ့ကြောင်း သိရသည်။

အမျိုးသားအကျိုးစီးပွားချိန်ခွင်အပေါ် တင်ကြည့်ခြင်း

ခိုင်လင်း (မေဃ၀တီ) | ဒီဇင်္ဘာ (၁၁) ၂၀၁၃ | တောင်ကြီးတိုင်းမ်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာပါဝင်တဲ့ နိုင်ငံသားသတ်မှတ်ချက်အား ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ၂၀၁၃ သြဂုတ် (၂၃) ရက်မှာ ဒေါက်တာအေးမောင်က အမျိုးသားလွှတ်တော်မှာ တင်သွင်းတာကို အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်ခဲ့တယ်။

A BURMESE PERSECTIVE: Uncle Sam, the Cold War is over

Kanbawza Win | December 10, 2013

Isn’t it ridiculous to remind that the Cold War is over when the Berlin Wall has fallen since 1989 and the USSR (Union of Soviet Socialist Republics) has ceased to exist on Christmas day of 1991?

ပအိုဝ်း PNLO ကိုယ်စားလှယ်များနှင့် အစိုးရဝန်ကြီးငါးဦး နေပြည်တော်တွင် တွေ့ဆုံ

ခွန်ရာဇာ (တောင်ကြီး) | ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ( PNLO) ဥက္ကဌနှင့် အဖွဲ့သည် ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ် ဆွေးနွေးပွဲမှ သဘောတူထားသောအချက်များကို အကောင်အထည်ဖော်နိုင်ရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအဝင် ဝန်ကြီးငါးဦးနှင့် နေပြည်တော် သမ္မတရုံးဝန်းကြီးဌာနရုံးတွင် ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်တွင် တွေ့ဆုံခဲ့ကြောင်း PNLO ဗဟိုကော်မတီအဖွဲ့ဝင် ဦးခွန်ထွန်းတင်က ပြောပြချက်အရ သိရသည်။

တန်ဖိုးနည်းဖုန်းကိုမဲစနစ်ဖြင့်လုပ်ပေးရန်ပြည်သူတောင်းဆို

ခွန်နဂါးဗွာ | ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုတွင် မြန်မာ့ဆက်သွယ်ရေးမှ ချပေးသော တန်ဖိုးနည်းဖုန်းကို ပွင့်လင်း မြင်သာမှုရှိအောင် ကျေးရွာအုပ်ချုပ်ရေးမှူးဥက္ကဌ ဦးစိုး (ဖြားဒုံစိုး) က ပြည်သူများကို မဲစနစ်ဖြင့် ပြုလုပ်ပေးခြင်း မရှိဘဲ၊ သူ့ဆန္ဒအတိုင်း သူပေးလိုသောသူကိုသာ ပေးနေကြောင်း အမည်မဖေါ်လိုတဲ့ နောင်ကျောကျေးရွာအုပ်စုနေ ရွာသားတစ်ဦးက ပြောသည်။

ဒါန-ရှေ့ ဆောင်မြန်မာ (COM) မှ နိုင်ငံရေးပါတီများ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

ခွန်မေးလို့ (တောင်ကြီး) | ဒီဇင်ဘာ (၉) ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ဒါန ရှေ့ ဆောင် မြန်မာ (Charity-Oriented Myanmar) မှ ကြီးမှူးပြီး နိုင်ငံရေးပါတီများ စွမ်းရည်မြှင့် သင်တန်းတရပ်ကို ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ် (PNO) - ဗဟို အစည်းအဝေးခန်းမဆောင်တွင် ယခုလ ၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 

ပအိုဝ်းတွေ ဘယ်ရောက်နေကြပါသလဲ? ဘာတွေ လုပ်နေပါသလဲ?

ဒီဇင်ဘာ ၉ ရက်၊ ၂၀၁၃ ခုနှစ် | အမြင်ဆောင်းပါး | တောင်ကြီးတိုင်းမ်

၂၀၁၃- နိုဝင်ဘာလ ၁၂ မှ ၁၅ ရက်ထိ ချင်းပြည်နယ် ဟားခါး မြို့တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီး ခဲ့သော “ ချင်းအမျိုးသား ညီလာခံ“ သည် ချီးကျူးဂုဏ်ပြုဖွယ်ရာပင်ဖြစ်ပေသည်။ ယနေ့မြန်မာပြည်၏ “နိုင်ငံရေးယဉ်ကျေးမှု” ဖြစ်စဉ်အသစ်နှင့်လည်း သင့်မြတ်လျှော်ညီလှပေသည်။ ဒိန်းမတ်အစိုးရ ဘဏ္ဍာရေးအကူအညီရယူပြီး လူအင်အား (၅၀၀) ကျော် ပါဝင်တက်ေ၇ာက်သည့် “ချင်းအမျိုးသားညီလာခံကြီးသည်”။ ချင်းမျိုးနွယ်စုပေါင်း (၅၃) မျိုးနွယ်စုခွဲရှိသည်ဟု ဆိုလာခဲ့သော “ချင်းအမျိုးသား” တို့အကြား ဘုံအမျိုးသားရပ်တည်ချက်ကို ဖေါ်ပြနိုင်ခဲ့သော ညီလာခံကြီးလည်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ရည်ညွန်းစာထွက်လာသော်လည်း ပန်းတင်-နောင်လေနယ်နိမိတ်အငြင်းပွားမှု ဖြေရှင်းပေးခြင်းမရှိ

ခွန်ရာဇာ (တောင်ကြီး) | အောက်တိုဘာ ၁၁ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ် နောင်လေကျေးရွာအုပ်စုနှင့် ပန်းတင်ကျေးရွာအုပ်စု (၂) စုကြား နယ်နိမိတ်အငြင်း ပွားမှု ပဋိပက္ခဖြစ်နေခြင်းကို ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားလွှတ်တော်သို့ အကြိမ်ကြိမ် တိုင်ကြားထားပြီး၊ ယခု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းမှ ပြည်သူ့လွှတ်တော် မေးခွန်းဖြေကြားရန် ညွန်ကြားချက်အရ ပြန်ကြားခြင်း ရည်ညွှန်းစာဖြင့် အကြောင်းကြားစာ ထွက်လာသော်လည်း အောက်တိုဘာ ၁၀ ရက်အထိ ပြဿနာဖြေရှင်းပေးခြင်း မရှိကြောင်း သိရသည်။

၅၁၀ စစ်တပ်သိမ်းထားသောမြေယာ မှန်ကန်မှုရှိမရှိ အုပ်ချုပ်ရေးမှူး စစ်ဆေး

ခွန်ရာဇာ (တောင်ကြီး) | အောက်တိုဘာ ၉ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ်ဘုရားဖြူရပ် နယ်မြေ (၄) လွယ်ခမ်းပါမိုးနဲရွာတွင် ၅၁၀ စစ်တပ်သိမ်းယူထားသော မြေယာဧက ၇၂၀ ကို လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဌ ဦးတင်ထွဋ်အမိန့်စာအရ သိမ်းဆည်းထားခြင်းဟုတ် မဟုတ် တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက အောက်တိုဘာ ၈ ရက်တွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

အသိမ်းဆည်းခံရ ဘိုးဘွားပိုင်မြေကို မြို့နယ်အုပ်ချုပ်ရေးမှူး ကွင်းဆင်းစစ်ဆေး

ခွန်ရာဇာ (တောင်ကြီး) | အောက်တိုဘာ ၉ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၇) အတွင်းရှိ ရေအေးကွင်းတိုးချဲ့နယ်မြေ ကုန်းမြင့်သာယာရပ်ဟု ရည်ညွှန်းဖော်ပြ၍ (၁၉၉၈) ခုနှစ် ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ မြေမိန့်ပေးကာ နိုင်ငံတော်အကျိုး (သို့မဟုတ်) အများပြည်သူများ အကျိုးအတွက် သိမ်းဆည်းခြင်းမဟုတ်ပဲ ပုဂ္ဂလိက ပြည်နယ်အဆင့်/ခရိုင်ဝန်ထမ်းအချို့နှင့် ပြန်တမ်းဝင် တပ်မတော်အရာရှိ တစ်ချို့အား မြေပေးမိန့်ချမှတ်ပေးခဲ့သည့် မြေယာသိမ်းဆည်းခြင်းကို အဆင့်ဆင့် အသနားခံစာ တင်ပြီးမှ အောက်တိုဘာ ၈ ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ပတ်ဝန်းကျင်အပျက်အစီးနဲ့ကျန်နေခဲ့သူက ဒေသခံတွေပါ

ဆောင်းပါး | ခွန်သန်းအောင် (TGI) | အောက်တိုဘာ ၃ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

သဘာဝရေ၊ လေ၊ တောတောင်ဖြင့် အေးမြကြည်လင်ခြင်းများစွာနဲ့လူသားတို့ လန်းဆန်းမှုကို အမြဲတမ်းလိုလို ဖန်ဆင်းပေးနေတဲ့ မကုန်မခမ်းနိုင် ရာသီဥတုမွန် သဘာဝသယံဇာတကို ထိန်းသိမ်းသွားမလား၊ ဒါမှမဟုတ် လူတစ်စုအကျိုး အလိုအတွက် တည်မြဲတဲ့သဘာဝသယံဇာတ၊ ဖန်တီးရယူ၍ မရတဲ့သဘာဝသယံဇာတကို စွန့်လွတ်ဖျက်ဆီးတော့မှာလား။ နယ်ခြားပြည်ခြားမှာနေသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကြွယ်ဝဖို့အရေး ဘိုးဘွားဘီဘင်မွေးသက် ခေတ်အဆက်ဆက်မှ ထိန်းသိမ်းနေထိုင်လာတဲ့ ကျွန်ုပ်တို့ဒေသ သဘာဝပတ်ဝန်းကျင်ကို ပေးဆပ်ရမှာလား။ ပုဂ္ဂိုလ်တစ်ဦးဦးက ချမ်းသာသွားပြီး လူအများ ဆင်းရဲဒုက္ခရောက်သွားမှာကို မငဲ့ညာတော့ဘူးလား။ လိုတာရပြီး မြို့ကြီးမှာ ပြန်ဇိမ်ခံတဲ့အချိန်မှာ ပတ်ဝန်းကျင်အပျက်အစီးနဲ့ကျန်နေခဲ့မှာက ကျွန်ုပ်တို့ ဒေသခံတွေပါ။

ခိုလမ်မြို့တွင် တန်ဖိုးနည်းဖုန်းချပေးရာ ပွင့်လင်းမြင်သာမှုမရှိဟု ဒေသခံများဆို

ခွန်ရာဇာ (တောင်ကြီး) | စက်တင်ဘာ ၂၇၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

အစိုးရမှ တန်ဖိုးနည်းဖုန်းကို မြို့နယ်အလိုက် မဲနိုက်စနစ်ဖြင့် ချပေးရာတွင် နမ်ဆန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ ခိုလမ်မြို့တွင် စက်တင်ဘာ ၂၅ ရက်က ဆက်သွယ်ရေးရုံးမှ ချပေးသော ဖုန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူအပေါ်ပွင့်လင်းမြင်သာမှုမရှိကြောင်း သိရသည်။

လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲအတွင်း RCSS/SSA အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိ၍ အပြစ်မဲ့ပြည်သူများ ဒဏ်ရာရ

ခွန်ခမ်းမြတ် | စက်တင်ဘာလ (၂၄) ရက် ၊ ၂၀၁၃ ခုနှစ်

တောင်ကြီး။     ။ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲ၊ ဟဲနန်းကျေးရွာအုပ်စု၊ ကျူပေါ်ကျေးရွာ၏ အနောက်ဘက် ၃ ဖာလုံခန့်အကွာတွင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့၊ မွန်းလွဲ ၂း၃၀ နာရီ အချိန်ခန့်၌ RCSS/SSASအဖွဲ့မှ ရွက်ဖ ဦးစီးသည့် (အင်အား (၃၀) ဦးခန့်) အဖွဲ့မှ ထောင်ထားသည့် တိုက်မိုင်းဟု ယူဆရသော မိုင်း (ဗုံး) တစ်လုံး ပေါက်ကွဲသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နားဘောင်စိုက်ကွင်း PNO အဖွဲ့အစည်းမှ သိမ်းယူထားသောမြေတစ်ချို့ ပြန်ပေး

ခွန်ရာဇာ (တောင်ကြီး) | စက်တင်ဘာ ၂၄ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီး-ကျောက်တလုံးလမ်းမဘေး နားဘောင်ဒေသတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO )မှ ဖွံ့ဖြိုးရေးစိုက်ကွင်းအဖြစ် သိမ်းယူထားသောမြေယာကို မြေသိမ်းခံရသည့်မြေယာပိုင်ရှင် လယ်သမားလေးဦးအတွက် ပေ ၈၀ x ၆၀ မြေကွက်နှစ်ကွက်စီကို အသွင်းပြောင်းပြည်သူ့စစ် (PNA) ကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီးခွန်လာမှ စက်တင်ဘာလ ၁၇ ရက်နေ့တွင် PNO ပအိုဝ်းအမျိုးသားရေးရုံးချုပ်၌ မြေကွက်စာချုပ်ပေးအပ်ခဲ့ကြောင်း သိရသည်။

အချိန်တန်ပြီ ပအိုဝ်းတစ်မျိုးသားတို့ နှိုးထကြလော့

အမြင်ဆောင်းပါး | ခွန်ကျော်စွာ | စက်တင်ဘာ ၂၃၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ပုထုဇဉ်လူသားတိုင်းဖြစ်ကြတာမို့ အတိတ်ကာလကဖြစ်ပျက်ခဲ့သမျှ - အတ္တအကျိုး၊ လောကအကျိုး၊ မာန်မာဏအကျိုးများ ရှိခဲ့ကြသော်လည်း ယခုအချိန်မှာ - သင်ပုန်းချေသင့်ပါပြီ ကလာကာ - စီးခြားထားခဲ့ကြပါ တော့လို့ ဦးစွာအကြံပေးပါရစေခင်ဗျား။

မြေအသိမ်းခံရသည့် ဖက်ကွန်ရွာမြေပိုင်ရှင်များ ခေါ်ယူစစ်ဆေးခံရ

ခွန်ရာဇာ (တောင်ကြီး) | စက်တင်ဘာ ၂၃၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်



တောင်ကြီးမြို့တရားရုံးမှ ထူးဆန်းသောအမှုကြီး (အပိုင်း-၃)

သြဂုတ်လ ၂၀၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

သက်ရှိထင်ရှားရှိနေသော ယောက္ခမပိုင်အိမ်ကို တရားရုံးမှတဆင့် ရအောင်ယူနည်း။

တောင်ကြီးမြို့။ ခရိုင်တရားရုံး။ တရားမကြီးမှုအမှတ် (၃၄/၂၀၁၁) အမှုမှာ သက်ရှိထင်ရှားရှိနေသော ယောက္ခထီး ဦးမြမောင် (၈၃-နှစ်) တရားဝင်ပိုင်ဆိုင်သော အမှတ် (၁၃၁)၊ စ၀်စံထွန်းလမ်း၊ ဈေးပိုင်းရပ်၊ တောင်ကြီးမြို့ အိမ်ကို၊ တစ်အိမ်တည်းနေ ချွေးမဖြစ်သူ ဒေါ်ခင်လေး (ပတ္တမြားဆေးရုံပိုင်ရှင်) က "အိမ်မြေ လက်ရောက်ရလိုမှုနှင့် အမြဲတမ်းတားဝရမ်း ထုတ်ပေးစေလိုမှု" ခေါင်းစဉ်နဲ့ တရားမကြောင်း စွဲဆိုတဲ့ အမှုပါ။ အိမ်က ဦးမြမောင် ပိုင်တဲ့အိမ်ပါ။ ဂရန်မှာလဲ ဦးမြမောင်ရဲ့ဇနီး ဒေါ်ညွန့်ရီ နာမည်နဲ့။ ဦးမြမောင် ဒေါ်ညွန့်ရီတို့ လင်မယား ဒီမြေကွက် ၀ယ်စဉ် အိမ်ဆောက်စဉ်မှာ ဒေါ်ခင်လေးတောင် မမွေးသေးပါဘူး။ တောင်ကြီးမြို့တစ်မြို့လုံး သိကြပါတယ်။

ဖက်ဒရယ်စနစ်ကို ရှုမြင်သုံးသပ်ခြင်း

ခွန်ရာဇာ (တောင်ကြီး) | သြဂုတ်လ ၁၉ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တိုင်းရင်းသားနိုင်ငံရေး စိတ်ပါဝင်စားသူများခင်ဗျား ကျွန်တော်တို့နိုင်ငံကို ဖက်ဒရယ်နိုင်ငံ ကျင့်သုံးချင်တယ် လိုချင်တောင့်တကြတယ်။ ဒါပေမယ့် ဘယ်လိုစစ်မှန်တဲ့ ဖက်ဒရယ်ကို လိုချင်သလဲ။ ဖက်ဒရယ်ကို ဘယ်လိုသဘောရပါသလဲ။ ကျွန်တော့်အနေနဲ့ ဖြစ်စေချင်တဲ့ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုက ဒီလိုပါ။

ပအိုဝ်းခေါင်းဆောင်နဲ့ လူငယ်နိုင်ငံရေးသမားများ စဉ်းစားစေလို

အမြင်ဆောင်းပါး | ခွန်သန်းအောင် (TGI) | သြဂုတ်လ ၁၈ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

မတူသည့်ကြားကိုမှ တူအောင်ကြိုးစားကြဖို့လိုသလို၊ မခံချင်စိတ်ကို ရှေ့တန်းတင်ရင်တော့ ဘယ်အဆင့်အတန်းကလာတဲ့ နိုင်ငံရေးသမားတွေလဲဆိုတာ ရေးနေကြစာကို ဖတ်ရုံကြည်ရုံနဲ့ သိနိုင်သလို၊ တွေးခေါ်ကိုယ်ခံအားနည်းတဲ့လူက နိုင်ငံရေးစာကို ထရေးလာတော့ ကလေးကစား ကလေးစကားပြောသလို ဆဲဆိုနေကြတာ နိုင်ငံရေးစာကို ရေးသားရာမရောက်တော့ဘူး။


ပအိုဝ်း (PNA) ပြည်သူ့ စစ်မှ တောင်ကြီး-လွိုင်ကော် မော်တော်ယာဉ်လိုင်းသစ် ဖွင့်လှစ်

ခွန်မေးလို့ (တောင်ကြီး) | သြဂုတ်လ ၁၆ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ပြည်သူ့စစ်-ဋ္ဌာနေမှ အရှေ့နေ၀န်းကုမ္ပဏီအမည်ဖြင့် တောင်ကြီး-ပင်လောင်း-ဖယ်ခုံ-လွိုင်ကော် ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းသစ်ကို တောင်ကြီးမြို့ ၊ ကန်ကြီး (ဂနိုင်ရေး) ရက်ကွက် PNA ဋ္ဌာနချုပ်ရုံး၌ ယနေ့ နံနက် (၆း၃၀) နာရီခန့်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

IRI ဦးစီးပြီး တောင်ကြီးမြို့တွင် ထိရောက်သည့် မဲဆွယ်စည်းရုံးရေးသင်တန်း ပို့ချ


ခွန်မေးလို့ (တောင်ကြီး)၊ သြဂုတ်လ ၁၆ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

International Republican Institute (IRI) မှ ဦးစီး၍ ပါတီစနစ်တကျ စုစည်းခြင်းနှင့် ထိရောက်အောင်မြင်သော မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ခြင်း ခေါင်းစဉ်ဖြင့် နိုင်ငံရေးသင်တန်းတရပ်ကို သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီမှ စတင်ပြီး တောင်ကြီးမြို့ ချယ်ရီခွင်းတည်းခိုခန်းတွင် ပို့ချခဲ့ကြောင်း သိရသည်။ ယင်းသင်တန်းတွင် IRI ၏ ညှိနိုင်းရေးတာဝန်ခံ စတိဖ်စီမ (Steve Cima) မှ တာဝန်ယူပို့ချခဲ့ကြောင်း သိရသည်။

အမျိုးသမီးနှစ်ဦးအား ရွာသူကြီးကိုနှောက်ယှက်မှုနှင့် မီးလင်းရေးအစီအစဉ်ပျက်ပြားစေမှုဖြင့် ခေါ်ယူသတိပေးခြင်းသာဟု ပအိုဝ်းလွတ်တော်အမတ်ပြော

ခွန်ခမ်းမြတ် | သြဂုတ်လ ၁၅ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

အသွင်ပြောင်းပအိုဝ်းပြည်သူ့စစ် (PNA) က ကျောက်တန်းကျေးရွာရှိ လျှပ်စစ်မီးလင်းရေးအတွက် ကောက်ခံရာ ငွေကြေးမတတ်နိုင်သည့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့သည့်အပေါ် ရွာသူကြီးကိုအနှောက်အယှက်ဖြစ်စေသည့် အပြောအဆိုနှင့် လျှပ်စစ်မီးရရှိရေးအစီအစဉ်ပျက်ပြားအောင် ပြုလုပ်၍ ခေါ်ယူဆွေးနွေးခဲ့ခြင်းသာဖြစ်ကြောင်း ဟိုပုန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အေးမောင် က ပြောခဲ့သည်။

အိုးစည်ထွင်းဆရာ ပအိုဝ်းရိုးရာအိုးစည် ၂ လုံးလှူဒါန်း

ခွန်မေးလို့ (တောင်ကြီး) | သြဂုတ်လ ၁၄ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းရိုးရာအိုးစည်ထွင်းဆရာ ဖြားခွန်ထွန်းတင်နှင့် နန်းသန်းကြည်တို့အပါအ၀င် ဟဲကယ်ကျေးရွာမှ ရွာသူ ရွာသားများက ကာလတန်ဖိုး (၇) သိန်းရှိ ပအိုဝ်းရိုးရာအိုးစည်များဖြစ်သည့် ဗုံတို (ထုံထွိုင်)နှင့် အောင်ပွဲဆင် အိုးစည် (ထုံပတ်) ကို ပိဋကတ်ပအိုဝ်းဘာသာပြန်သံဃာတော်များအဖွဲ့သို့ ယနေ့လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလူငယ်ပေါင်းစုံ စုပေါင်း၍ တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကျင်းပ

ခွန်သန်းအောင် (TGI) | သြဂုတ်လ ၁၄ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်



တိုးတက်ပြောင်းလဲမှုနဲ့ ပအိုဝ်းပြည်သူရဲ့ယုံကြည်ထောက်ခံမှုရလိုရင် စနစ်ပြောင်းလဲသင့်

အမြင်ဆောင်းပါး | ခွန်သွီးပအိုဝ်းခမ်းကောင် | သြဂုတ်လ ၁၃ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

မပြောချင်ပေမယ့် ပြောရအုံးမယ်ဗျာ။ ဒါကတော့ ပအိုဝ်းလူငယ်တော်တော်များများ စိတ်ဝင်စားတဲ့အရာကိစ္စပါ။ ကျွန်တော်က ပအိုဝ်းသတင်းကို အမြဲတမ်းစိတ်ဝင်စားတဲ့လူ၊ ပအိုဝ်းအမျိုးသားရေးကို ချစ်မြတ်နိုးတဲ့လူ တစ်ယောက်ပါ။ ခုတလောသတင်းတွေ တက်လာတာ ဝမ်းသာစရာက နည်းနည်း၊ စိတ်မကောင်းတာက များများဖြစ်နေတယ်ဗျာ။

တောင်ကြီး အေးသာယာကားကြီးကွင်း တိုးချဲ့ဆောက်လုပ်တဲ့အပေါ် ဂိတ်ပိုင်ရှင်များ မကျေမနပ်ဖြစ်

သြဂုတ်လ ၁၃ ရက်၊ ၂၀၁၃ ခု

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာရှိတဲ့ကားကြီးကွင်းအား သက်ဆိုင်ရာတာဝန်ရှိသူများမှ တိုးချဲ့ဆောက်လုပ်ရန် စီစဉ်နေလျှက်ရှိပြီး ဈေးဆိုင်ခန်းအသစ်များ တည်ဆောက်မယ်လို့လည်း သိရှိရပါတယ်။

တိုင်းရင်းသားလူငယ်များ သမ္မတနှင့် အစိုးရလွတ်တော်ရုံးသို့ လေ့လာမှုနှင့် အပြောင်းအလဲကာလတွင် နိုင်ငံရေးသမားများ၏ အမြင်သုံးသပ်ချက်များ

ခွန်ရာဇာ (တောင်ကြီး) | သြဂုတ်လ ၁၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်တွင် နိုင်ငံရေးသိပ္ပံသင်တန်းကျောင်း The Innovative အဖွဲ့ဆရာမျိုးဇော်အောင် ဦးဆောင်သော ကျောင်းသား ၃၆ ယောက်သည် သြဂုတ် ၆ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ၁၁ ရက်နေ့မြောက်တွင် သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

မီးလင်းရေးအတွက် ငွေကြေးကို အဓမ္မခြိမ်းခြောက်ကောက်ခံ

နှင်းသစ္စာ (TGI) | သြဂုတ်လ ၉ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုတွင် လျပ်စစ်မီးသွယ်တန်းယူရန်စီမံကိန်းကို စီစဉ်ရာမှာ နှစ်လများစွာ ကြာပြီးဖြစ်သော်လည်း ယခုအချိန်ထိ လျပ်စစ်မီး သွယ်တန်းခြင်းကိစ္စ အဆင်မပြေရုံမက ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ပြဿနာများ ဖြစ်ပွားခဲ့ကြောင်း ကျောက်တန်းရွားသားတစ်ဦးက ပြောသည်။

ကျောက်တန်းကျေးရွာတွင် မီးလင်းရေးသတ်မှတ်ငွေကြေး မထည့်နိုင်၍ အဖမ်းခံရ

ခွန်ရာဇာ(တောင်ကြီး) | သြဂုတ်လ ၈ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက်တန်းရွာတွင် ကိုယ်ထူကိုယ်ထ မီးလင်းရေးပြုလုပ်ရာ သတ်မှတ်ထားသောငွေကြေးကို ရွာသားများမထည့်နိုင်၍ သြဂုတ် ၈ ရက် နေ့ခင်းတစ်နာရီတွင် ဒေသခံအမျိုးသမီးနှစ်ဦး အဖမ်းခံရကြောင်း သိရသည်။

ပအိုဝ်းအုပ်ချုပ်ခွင့်ရဒေသ ၂၀၁၂-၂၀၁၃ ခု ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသူ/သားများ ဂုဏ်ပြုပွဲကျင်းပ

ခွန်မေးလို့ | သြဂုတ်လ (၅) ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်



လူငယ်များနေ့မှာ ပါဝင်ဖို့ တို့များဖိတ်ခေါ်

သြဂုတ်လ ၅ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်



သြဂုတ်လ (၁၂) ရက်၊ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကျင်းပရန် လူငယ်များရန်ပုံငွေ ရှာထွက်ခြင်း

သြဂုတ်လ ၄ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

၂၀၁၃-ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကျင်းပဖို့အတွက် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ တိုင်းရင်းသားလူငယ်များ၊ တက္ကသိုလ်ကျောင်းသားများ စုပေါင်းပြီးတော့ ရန်ပုံငွေရှာထွက်ဖို့အတွက် ကောင်ရွေလူမှုလှုပ်ရှားဆောင်ရွက်ရေးကွန်ယက် ရုံးခန်းမှ မွန်းတည့် ၁၂ နာရီအချိန်မှာ စတင်ထွက်ခဲ့ပါတယ်။

ကျောက်တလုံးကြီးမြို့တွင်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

ခွန်ခမ်းမြတ် | သြဂုတ်လ ၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖေါ်ရေးလုပ်ငန်း ကော်မတီ (နတလ) ၏ ကတ္တရာအလုံးရေ (၁၀၀) ကူညီပံ့ပိုးမှု၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် ပြည်သူလူထု ပူးပေါင်းထည့်ဝင်ငွေ ကျပ်သိန်းပေါင်း (၂၅၆.၃၆) ဖြင့် ကျောက်တလုံးကြီးမြို့တွင်း လမ်းကတ္တရာခင်းခြင်း လုပ်ငန်းကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

ပင်လောင်းတွင် အိုအေစစ်လူငယ်မှ ဦးစီး၍ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်


ခွန်သန်းအောင် (TGI) | သြဂုတ်လ ၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ တီကျစ်စံပြကျေးရွာ၊ တီကျစ်ကျောင်းတိုက်တွင် ဗုဒ္ဓ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို ဆရာတော်ဦးဝိလာသနှင့် တီကျစ်အိုအေစစ်လူငယ် လူမှုကူညီရေးအသင်းတို့ ဦးဆောင်ပြီး လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုနှစ်တွင် တစ်နှစ်ပြည့်ကြာပြီဖြကြောင်း အိုအေစစ်လူငယ်တစ်ဦးက ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် ပြောကြားသည်။

တောင်းကြီးမြို့ သမိုင်း

ခွန်ပနောဝ် | သြဂုတ် ၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့၊ လမ်းမတော်၊ နေပြည်တော်ပုံနှိပ်တိုက်တွင် ပုံနှိပ်သော ဦး (စပ်စိန်ဖူး) အထွေထွေအတွင်းရေးမှူး၊ စေတီတော်၊ ဘဏ္ဍတော်ထိန်းအဖွဲ့ တောင်ကြီးမြို့မှတ်တမ်းမှ သမိုင်းကို ရှာဖွေတင်ပြလိုက်ပါသည်။

တောင်ကြီးမြို့ ကုန်ခြောက်သားငါးဈေးယာယီဆိုင်ခန်းကိစ္စ လူစုလူဝေးဖြစ်ပွားခဲ့

စက္ခု | သြဂုတ်လ ၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

၃၁/၇/၂၀၁၃ ရက်နေ့ ၁၀း၄၅ အချိန်ခန့်တွင် တောင်ကြီးမြို့၊ မြို့မဈေးကြီးရှိ ဈေးစည်ပင်ရုံးခန်းတွင် ဈေးသူဈေးသား အင်းအာ (၆၀) ခန့် ရောက်ရှိလာပြီး လူစုလူဝေးမှု ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိ သူများ ရောက်ရှိလာပြီး လူစုခွဲခဲ့ရာ ၁၁း၃၀ နာရီအချိန်တွင် လူစုကွဲသွာကြောင်း သိရသည်။

တောင်ကြီးမြို့ ကုန်ခြောက်သားငါးဈေးယာယီဆိုင်ခန်းများကြောင့် ညဈေးနေရာအခက်အခဲရှိ

သြဂုတ် ၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့ ညဈေးတန်းကို မြို့မဈေးကြီးတောင်ဖက် တပင်ရွှေထီးလမ်းတွင်
ညနေ (၃း၀၀) နာရီမှာ ည (၁၁း၀၀) နာရီထိ ရောင်းချလျက်ရှိသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် လူမှုရေးဌာန၏ ဒသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ

နီမွိုးပို | သြဂုတ်လ ၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (P.N.O) သည် ၁၉၉၁ ခုနှစ်၊ ဧပြီလမှာ ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်းတွင် အထူးဒေသ (၆) အတွင်း လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေး စသောဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာမှ ကာလတိုအတွင်း ပြီးပြတ်သည့်လုပ်ငန်းများ ရှိသကဲ့သို့ ကာလရှည် အချိန်ကြာမြှင့်စွာဖြင့် ဆောင်ရွက်ရသည့် ဖွံ့ဖြိုးရေးလုပ်ငန်းအခန်းကဏ္ဍများလည်း ကြုံတွေ့ခဲ့ရသည်။ 

သြဂုတ် ၁၂ ရက် နိုင်ငံတကာလူငယ်များနေ့မှာ ရိုးရာအကတင်ဆက်ရန် ပအိုဝ်းလူငယ်ပြင်ဆင်

ဇူလိုင်လ ၃၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

လာမယ့် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် အစီအစဉ်တစ်ခုဖြစ်တဲ့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဖျော်ဖြေရေးအစီအစဉ်မှာ တိုင်းရင်းသားပေါင်းစုံမှ မိမိတို့ယဉ်ရိုးရာယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်တဲ့အစီအစဉ် ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပအိုဝ်းပြည်သူအတွက် ပအိုဝ်းခေါင်းဆောင်များ ဘာတွေပြင်ဆင် ဖြေရှင်းပေးပြီလဲ

ပြည်သူသား | ဇူလိုင်လ ၃၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ် | အမြင်ဆောင်းပါး

ကြားနေရလို့ မြင်နေရလို့ ပြောချင်တဲ့စကား ပေါ်လာပါတယ်။ ဘာလဲဆိုတော့ အစိုးရတပ်မတော်ဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့နယ် ထီထဲုင်ထိုးရွာက ရွာသားများကို မတရားအနိုင်ကျင့် အာဏာသုံးဖိနှိပ် သေနတ်နဲ့ပစ်ခတ်နေတဲ့ကိစ္စ သတင်းစာပေါ်နှင့် အင်တာနက်စာမျက်နှာပေါ် ကျယ်ကျယ်ပြန့်ပြန့်ကြားရ တွေ့ရပါတယ်။

ပအိုဝ်းအဖွဲ့အစည်းများ တောင်ကြီးမြို့တွင် စုပေါင်းဝါဆိုသင်္ကန်းနှင့် ဘုရားအနေကဇာတင်ပွဲကျင်းပ

ခွန်မေးလို့ (တောင်ကြီး) | ဇူလိုင်လ ၃၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) မှ ကြီးမှူး၍ တောင်ကြီးမြို့ရှိ ပအိုဝ်းအမျိုးသားဂေဟာတွင် အဋ္ဌမအကြိမ် စုပေါင်းဝါဆိုသင်င်္ကန်းနှင့် ဘုရားအနေကဇာတင်ပွဲကို ဇူလိုင်လ ၂၈ ရက်နေ့  နံနက် (၆) နာရီတွင် ပူဇော်ကျင်းပခဲ့ကြောင်း သိရသည်။

ပအိုဝ်းလူငယ်အတွက် နိုင်ငံရေးအမြင်

ခွန်ဆားဗွာ (ဒုံလီတန်) | ဇူလိုင် ၂၈ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ် | အမြင်ဆောင်းပါး

ပအိုဝ်းလူငယ်တစ်ယောက်အနေဖြင့် ယခုလက်ရှိ ဖြစ်ပျက်နေရသော အခြေအနေကို တင်ပြချင်ပါတယ်။ ပြီးပြည့်စုံတယ်လို့မထင်ပါဘူး။ နိုင်ငံရေး ပြုပြင်ပြောင်းလဲနေသော ခေတ်သစ်စနစ်သစ်မှာ ပအိုဝ်းလူငယ်များ ကိုယ်ကံကျမ္မာကိုယ်ဖန်တီးဖို့ အကောင်အထည်ဖော်ဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။ ဒီလူကြီး မကောင်းဘူး ဒီပုဂ္ဂိုလ်မကောင်းဘူး ပြောနေမယ့် အချိန်မဟုတ်တော့ပါဘူး။ အဖွဲ့အစည်းကမကောင်းဘူးလို့ ပြောနေမယ့်အချိန်လည်း မဟုတ်တော့ဘူးထင်တယ်။

မျဉ်းပြိုင်ကြားက ပအိုဝ်းအမျိုးသားနိုင်ငံရေး

ခွန်သန်းအောင် (TGI) | ဇူလိုင် ၂၅ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ် | အမျိုးသားရေးအမြင်ဆောင်းပါး

ချို့တဲ့ တဲ့ ပြင်ဆင်မှုတွေနဲ့ ကုန်လွန်သွားခဲ့တဲ့အချိန်တွေကို အချိန်နှောင်းမှ ပြင်ဆင်ရမှန်း၊ တန်ဖိုးရှိမှန်းသိချိန်မှာ အသေချာဆုံးပြင်ဆင်မှုဖြင့် ပြန်လည်ဖြတ်ကျော်လိုလည်း ပြန်ဆည်ယူ၍ ရနိုင်သည့်အရာမဟုတ်။ ဒါကို ၂၀၁၀ မတိုင်ခင်ကာလတွင် မကြုံစဖူး ကြုံစဦးအချိန်ဆိုနိုင်ပေမဲ့ အခုချိန်အတွက် ၂၀၁၀ က ဒူးမှန်မှန် နဖူးမှန်မှန် အထုခံခဲ့ရသည့် အတွေ့အကြုံကို ဥပမာသဖွယ် သင်ခန်းစာအဖြစ် ချယူပြီး၊ လာမည့်ပုစ္ဆာကို ဘယ်လိုဆွဲရမည်ဆိုတာ အသင့်ဖြစ်ရန် ပြင်ရမည့် အချိန်ဖြစ်သည်။

ရှမ်းပြည်တိုင်းရင်းသားလူမ်ျိုးစုများ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ တောင်ကြီးမြို့တွင် ကျင်းပ

ခွန်မေးလို့ (တောင်ကြီး) | ဇူလိုင်လ (၂၅) ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

Burma Centrum Nederland မှ ကြီးမှူး၍ အနာဂါတ်ရှမ်းပြည် တိုင်းရင်းသားလူမ်ျိုးစုများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို တောင်ကြီးမြို့  ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ရုံးတွင် ဒီနေ့ နံနက် (၉) နာရီ အချိန်တွင် စတင်ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းပြည်သမိုင်းတွင် အရေးပါခဲ့သောတော်လှန်ရေးပုဂ္ဂိုလ်ကြီး ကွယ်လွန်

ခွန်ရာဇာ (တောင်ကြီး) | ဇူလိုင်လ ၂၅ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းတော်လှန်ရေးသမိုင်းတွင် အရေးပါခဲ့သောပုဂ္ဂိုလ် အမျိုးသားတော်လှန်ရေးခေါင်းဆောင်ဟောင်း ဆရာဦးမောင်ဖေသည် ၂၀၁၃ ခုနှစ်၊ ဇူလိုင်၂၂ ရက်နေ့တွင် ကွယ်လွန်သွားကြောင်း သိရသည်။

ကျောက်တန်းဒေသ စိမ်းလန်းစိုပြေရေး လူငယ်များ သစ်ပင်စိုက်ပျိုး

ခွန်သန်းအောင် (TGI) | ဇူလိုင်၂၃ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ဟိုပုံးမြို့နယ်၊ ကျောက်တန်းဒေသရှိ ခမ်းကောင်လူငယ်များမှ ဦးဆောင်၍ ကျောက်တန်းဒေသ စိမ်းလန်းစိုပြေရေးအတွက် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံဆေးခန်းနှင့် ရွာတွင်းပတ်ဝန်းကျင်များတွင် သစ်ပင်များစိုက်ပျိုးခြင်းကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့၌ ပြုလုပ်သည်ဟု ဦးဆောင်သူတစ်ဦးက ပြောသည်။

ပထမဆုံးအကြိမ် သက်ကြီးဝါရင့်နိုင်ငံရေးခေါင်းဆောင်ကြီး ဂါရဝပြုပွဲ ကျင်းပ

ခွန်ရာဇာ (တောင်ကြီး) | ဇူလိုင်လ ၂၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပထမဆုံးအကြိမ် ပြည်ထောင်စုတိုင်းရင်းသား သက်ကြီးဝါရင့်နိုင်ငံရေးခေါင်းဆောင်များ ဂါရဝပြုပွဲကို တိုင်းရင်းသားလူငယ်များကွန်ယက်က ဇူလိုင် ၂၂ ဝါဆိုလပြည့်နေ့၊ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုင်တိုင် တက်ရောက်ဂါရဝပြု ကြောင်း သိရသည်။

ဟိုပုံးတွင် တောတောင်များစိမ်းလန်းဖို့ လူငယ်များသစ်ပင်စိုက်ပျိုး

ခွန်သန်းအောင် (TGI) | ဇူလိုင် ၂၁ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ဟိုပုံးပရဟိတလူငယ်များအဖွဲ့မှ ဦးဆောင်၍ ဒို့ချစ်တဲ့ကမ္ဘာလူငယ်များကို အကူအညီရယူပြီး ဟိုပုံးမြို့နယ်၊ လွယ်အွန်းကျေးရွာအုပ်စု၊ စခွီကျေးရွာတွင် သဘာဝတောတောင်များ စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်များစိုက်ပျိုးခြင်းကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့၌ ပြုလုပ်သည်ဟု လူငယ်များဦးဆောင်သူ နန်းချမ်းမြေ့အေးက ပြောသည်။

ပအိုဝ်းစာ/ယဉ်အဖွဲ့(ဗဟို)ရုံးတွင် ပအိုဝ်းအမျိုးသားများဂေဟာကိစ္စ အစည်းအဝေးကျင်းပ

ခွန်ခမ်းမြတ်(တောင်ကြီး) | ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ် | သတင်းမှတ်တမ်း

၂၀၁၃ ခုနှစ်၊ ဇူလှိုင်လ ၁၃ ရက်နေ့ တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ရုံးတွင် ပအိုဝ်းအမျိုးသားများဂေဟာကိစ္စ အစည်းအဝေး ကျင်းပပြုလုပ်ရာ အနယ်နယ်အရပ်ရပ်မှ ပအိုဝ်းသံဃာတော်များ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) မှ တာဝန်ရှိသူများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ PNA ဌာနေပြည်သူ့စစ်အဖွဲ့မှ တာဝန်ရှိသူများ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ မြို့နယ်တာဝန်ခံများ၊ မွေတော်ကက္ကူဘုရား ဂေါပကအဖွဲ့၊ ပအိုဝ်းမော် ဓမ္မကထိကအဖွဲ့၊ ပအိုဝ်းဥပဒေလူမှုအထောက်အကူပြုအဖွဲ့၊ ပအိုဝ်း အမျိုးသမီးအဖွဲ့၊ ပအိုဝ်းသွေးလှူရှင်နှင့် နာရေးလူမှုကူညီရေးအသင်း၊ ပါရမီလူမှုကွန်ရက်အဖွဲ့မှ တာဝန်ရှိသူများနှင့် တောင်ကြီးမြို့ရှိ ပအိုဝ်းမြို့မိမြို့ဖများ စုံလင်စွာ တက်ရောက်ကြပါသည်။

ပအိုဝ်းစာ/ယဉ်အဖွဲ့ ဥပဒေလူမှုကူညီရေးအသင်းမှ ဦးစီးသည့် ဥပဒေပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ခွန်ခမ်းမြတ်(တောင်ကြီး) | ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်



တောင်ကြီးမြို့တွင် USIP မှ ဦးစီးပြီး တရားဥပဒေစိုးမိုးမှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ခွန်သန်းအောင် (TGI) | ဇူလိုင် ၁၈ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (United States Institute of Peace (USIP) Rule of Law Center) မှ ကိုယ်စားလှယ်များဖြစ်သော Ms Susan Hayward နှင့် Ms Leanne Mc Kay တို့ဦးစီးစီစဉ်သည့် တရားဥပဒေစိုးမိုးရေး (Rule of Law) အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ၌ ရှမ်းပြည်နယ်၊ တောင်းကြီးမြို့ HeartBeat Restaurant တွင် ပြုလုပ်ကျင်းပခဲ့သည်ဟု အလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည့် ခွန်ခမ်းကောင်က ပြောသည်။

ညိုးမွူးလာဘမုနိတောင်စေတီဘုရား ထီးတင်ပူဇော်ပွဲကျင်းပ


ခွန်မေးလို့ (တောင်ကြီး) | ဇူလိုင်လ (၁၇) ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့ တောင်ဘက် (၂) မိုင်အကွာရှိ တောင်ကြီးမြို့ နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ ညိုးမွူးရွာတွင် ညိုးမွူးလာဘမုနိတောင်စေတီဘုရားအား ထီးတင်ပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၌ ပအိုဝ်းခေါင်းဆောင် ဦအောင်ခမ်းထီနှင့်မိသားစု သိက္ခာထပ် ၀ါဆိုသင်္ကန်းကပ် အလှူမင်္ဂလာကျင်းပ

ခွန်မေးလို့ (တောင်ကြီး) | ဇူလိုင်လ (၁၇) ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦအောင်ခမ်းထီနှင့်မိသားစုမှ ကြီးမှူး၍ ပအိုဝ်းအမျိုးသားအားလုံး ဆင်းရဲ ဒုက္ခမှ လွှတ်ကင်းပြီး နိဗ္ဗာန်ချမ်းသာသို့ ရောက်ရန်ရည်စူး၍ ရဟန်းသံဃာတော်များအား သိက္ခာထပ် ၀ါဆိုသင်္ကန်းကပ် အလှူမင်္ဂလာတော်ပွဲကို တောင်ကြီးမြို့ အေးစေတီကျောင်းတိုက်၌ ယနေ့ ဇူလိုင်လ ၁၆ ရက် နံနက် (၉) နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆီဆိုင် ဘန်းယဉ်အခြေစိုက် ခမရ ၄၂၆ မှ အစိုးရတပ်မတော်သား ကျေးရွာများအပေါ် မတရားငွေကြေးတောင်းခံ

ခွန်ရာဇာ (တောင်ကြီး) | ဇူလိုင် ၁၆ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် နားသံကျေးရွာအုပ်စု ပချားကလိုးရွာနှင့် ကျောင်းယရွာတွင် လွန်ခဲ့သည့် ဇွန်လ ၁၆ ရက်၊ ဘန်းယဉ်အခြေစိုက် ခမရ (၄၂၆) မှ ဗိုလ်မှူး ဝင်းကိုဦး အပါအ၀င် မြန်မာအစိုးရစစ်သား (၄) ဦးက ရွာသူကြီးထံ ငွေကြေးများ မတရားတောင်းခံခြင်းအခြေနေကို အရေးယူပေးရန် ဒေသခံရွာသားများက ဒေသဦးစီးထံသို့ တင်ပြထားကြောင်း သိရသည်။

ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥပဒေ လူမှုကူညီရေးအသင်းမှ ဦးစီး၍ ဥပဒေပညာပေးသင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပ

ခွန်ခမ်းမြတ် (တောင်ကြီး) | ဇူလိုင် ၁၄ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥပဒေလူမှုကူညီရေးအသင်းမှ ဦးစီးကျင်းပသော ဥပဒေပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို တောင်ကြီးမြို့၊ ဒဲဉ်သီးလာဗွေကွင်းခန်းမတွင် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် (တနင်္ဂနွေနေ့) နံနက် ၉း၀၀ နာရီ အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

သစ်တောကြိုးဝိုင်းကို ထိန်းသိမ်းသည့် ရွာသားများအား အစိုးရစစ်တပ်က ဖမ်းဆီးပစ်ခတ်

ခွန်စိမ်းမောင် (တောင်ကြီး) | ဇူလိုင်လ ၁၄ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ် ထီထဲုင်ထိုးရွာရှိ ရေထွက်ဦးသစ်တောကြိုးဝိုင်းကို ထိမ်းသိမ်းစောင့်ရှောက်သည့် ကျေးရွာသားများအား အစိုးရစစ်တပ်က ဖမ်းဆီးပစ်ခတ်မှုများ ပြုလုပ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ထီထဲုင်ထိုးရွာတွင် ရေထွက်ဦးရှိ သစ်တောကြိုးဝိုင်းကို ထိန်းသိမ်းသော အပြစ်မဲ့ရွာသားများအား (ဇူလိုင်လ ၁၁ နေ့ ၂၀၁၃ ခုနှစ်) ရက်နေ့တွင် ဘန်းယဉ်အခြေစိုက် အစိုးရတပ်မတော် ခမရ (၄၂၆) စစ်တပ်မှဗိုလ်ကြီးဟိန်းဇာနည်၊ တပ်သားမြစည်သူနှင့် ပိုင်ပိုင်တို့ (၃) ဦးသည် ရွာသားများကို ဖမ်းဆီးချည်နှောင်ပြီး ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေ ထီထဲုင်ထိုးရွာသား တစ်ဦးက ယခုလိုပြောသည်။

ဆီဆိုင်တွင် အစိုးရစစ်သား ရမ်းကားပစ်ခတ်မှုကြောင့် အပစ်မဲ့ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရ

ခွန်ရာဇာ (တောင်ကြီး) | ဇူလိုင် ၁၃ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီထဲုင်ထိုးရွာတွင် ၂၀၁၃ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အပြစ်မဲ့ရွာသားများကို ထီထဲုင်ထိုး စစ်တပ်စခန်းအခြေစိုက် အစိုးရတပ်မတော်သားသုံးဦး၏ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပအိုဝ်းအားလုံး မြန်မာနိုင်ငံသားစီစစ်ရေးကဒ်ပြားပြုလုပ်ရန် PNO နာယက ခွန်မောင်တုတ် တိုက်တွန်း

ခွန်မေးလို့ (တောင်ကြီး) | ဇူလိုင် ၁၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းတိုင်းရင်းသားတို့ ၏ မြန်မာနိုင်ငံသား အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် ပအိုဝ်းလူမျိုးဖြစ်ကြောင်း သက်ဆိုင်ရာမြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရုံးတွင် မှတ်ပုံတင်ပြုလုပ်ကြရန် မြန်မာနိုင်ငံရှိ ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ် (PNO) ပါတီ ဗဟိုနာယဂ ဦးခွန်မောင်တုတ်မှ ပအိုဝ်းပြည်သူလူထုများကို တိုက်တွန်းလိုက်သည်။

အေးသာယာမှ တောင်ကြီးအတက် ဆိုက်ကယ်နှင့် ကား ယဉ်တိုက်မှုဖြစ်


ခွန်သန်းအောင် (TGI) | ဇူလိုင်လ ၁၁ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

အေးသာယာမှ တောင်ကြီးမြို့ပေါ်သို့ နှစ်လမ်းသွားမှ အတက်လမ်းတွင် ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီး ယဉ်တိုက်မှုတရပ်ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

ဆီဆိုင်၊ ဆိုက်ခေါဝ်ကျေးရွာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြည်သူအသုံးပြုသည့်လမ်းကို ရောင်းစား

နှင်းသစ္စာ (TGI) | ဇူလိုင်လ ၁၁ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စုအတွင်းရှိ ဆိုက်ခေါဝ်စံပြကျေးရွာ၊ အောင်သုခရပ်ကွက်မှ ဆိုက်ခေါဝ်ဈေးအနောက်ဘက်ရှိလမ်းကို ထိုရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရောင်းစားခဲ့ကြောင်း ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေတွင် ရပ်ကွက်တွင်းနေထိုင်သူများက ဆိုသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပအိုဝ်းအမျိုးသားစည်ကားရာ မြေပြန့်ဒေသများတွင် ပါတီရုံးသစ် တိုးချဲ့ဖွင့်လှစ်

ခွန်မေးလို့ (တောင်ကြီး)၊ ဇူလိုင်လ ၁၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီဟာ မြန်မာပြည်အောက်ပိုင်း ပအိုဝ်းလူမျိုးများ အများအပြားနေထိုင်ရာ ဒေသများဖြစ်တဲ့ မွန်နဲ့ကရင်ပြည်နယ်အတွင်းက မြိုင်ကလေးမြို့၊ သထုံမြို့၊ ဖားအံမြို့၊ ကော့ကျိုက်မြို့၊ ကောကရိတ်မြို့နှင့် ရေကျော်ကြီး စတဲ့မြို့မှားမှာ ယခု ဇူလိုင်လ အတွင်းတွင် အဖွဲ့ချုပ်ရုံးများ တိုးချဲ့ဖွင့်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တွင် ကုန်းကျော်တံတားတည်ဆောက်ပြီးသော်လည်း ယာဉ်ကြောပိတ်ဆို့မှု ဆက်ဖြစ်နေဆဲ

ခွန်ရာဇာ (တောင်ကြီး) | ဇူလိုင် ၁၀ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းကုန်းကျော်တံတားတည်ဆောက်ပြီး အသုံးပြုနေသော်လည်း ပြည်လမ်းမကြီးသာ အဆင်ပြေပြီး လှည်းတန်းမီးပွိုင့်တွင် ကားပါကင်နှင့် စည်းကမ်းမဲ့ ယာဉ်မောင်းများကြောင့် ကျန်လမ်းများ ယာဉ်ကြောပိတ်ဆို့မှု ဆက်လက်ဖြစ်ပွားနေကြောင်း ဇွန်လ ၆ ရက်နေ့တွင် စုံစမ်းသိရှိရသည်။

တောင်ကြီးမြို့မှ ပအိုဝ်းအမျိုးသားများဂေဟာ သမိုင်း

ခွန်ပနောင် | ဇူလိုင် ၇ ရက်၊ ၂၀၁၃ ခု၊ တောင်ကြီးတိုင်းမ် | ဖြစ်ရပ်မှန်အမြင်ဆောင်းပါး

သမိုင်းအစဉ်အလာကြီးမားခဲ့သော ပအိုဝ်းအမျိုးသားတို့သည် နောင်လာနောက်သား အနာဂတ် မျိုးဆက်သစ်လူငယ်များ အစဉ်အလာကောင်းမွန်လာစေရေးအတွက် ရည်ရွယ်၍ အမျိုး၊ ဘာသာ၊ သာသနာ၊ ထွန်းကာရေး၊ စည်းလုံးညီညွတ်ရေး၊ ယဉ်ကျေးမှု့ အမွေအနှစ်များ မပပျောက်စေရေးအတွက်၊ မျက်စိဖွင့်၊ နားပွင့်ရန်၊ အမျိုးသားရေးလက္ခဏာဖြစ်ပေါ်စေသော တန်ဖိုးမဖြတ်နိုင်သည့် ကျောင်း၊ ကန်၊ ဘုရားတည်ဆောက် လှူဒါန်းခြင်း၊ အထိမ်းအမှတ်ကျောက်တိုင်များ စိုက်ထူခြင်း စသည့်အမှတ်တရဖြစ်စေ၊ ဂုဏ်ယူဖွယ်ဖြစ်စေ၊ အမြော်အမြင်ကြီးမားစွာဖြင့် သမိုင်းဝင်အမွေအနှစ်များ ထားရစ်ခဲ့ရာတွင် တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ ကုန်သည်လမ်းပေါ်ရှိ အမှတ် (၉၈/၁) နှင့် (၉၈/၂) ဟု ခေါ်တွင်သည့် ပအိုဝ်းအမျိုးသားပိုင် အဆောက်အဦးလည်း ပါဝင်ပေသည်။

ပအိုဝ်းဂေဟာထိန်းသိမ်းရေးအဖွဲ့ အစီရင်ခံစာ

ဇူလိုင် ၆ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ် | ဖြစ်ရပ်မှန်ဆောင်းပါး

ဒုတိယကမ္ဘာစစ်ပြီး ကမ္ဘာနှင့်အ၀ှမ်း၊ နယ်ချဲ့လက်အောက်မှ နိုင်ငံပေါင်းများစွာလွတ်လပ်ရေး ရရှိခဲ့ကြသည်။ မြန်မာနိုင်ငံလည်း အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မှန်ကန်သော နိုင်ငံရေးဦးဆောင်မှုကြောင့် နိုင်ငံရေးအသိစိတ်ဓါတ် နှိုးကြားတက်ကြွစွာ လွတ်လပ်ရန် ကြိုးပမ်းခဲ့ကြ သည်။ ထိုနည်းတူ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးခွန်ကြည်နှင့် ဦးလှဖေတို့၏ စည်းရုံးသိမ်းသွင်းမှုကြောင့် ပအိုဝ်းအမျိုးသားများ နိုင်ငံရေးနိုးကြားတက်ကြွလာကြသည်။ ၁၉၄၇-ခုနှစ်တွင် ဦးဟိန်မောင်၊ ဦးအောင်သာ၊ ဦးဟိန်တိထွန်း အစရှိသော ပအိုဝ်းခေါင်းဆောင်များက ပအိုဝ်းလှိုင်ဗူ ခေါ် ပအိုဝ်းစုစည်းအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကြသည်။

ပအိုဝ်းခေါင်းဆောင်းများ ၂၀၁၅ မှာ မဲနိုင်လိုလျင် ပအိုဝ်းပြည်သူကို အလုပ်အကျွေးပြုစေချင်

ခွန်သွီးပအိုဝ်းခမ်းကောင် | ဇူလိုင် ၅ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ် | အမြင်ဆောင်းပါး

မျိုးချစ်စိတ်ဆိုသည်မှာ လူမျိုးတိုင်းရှိကြပါသည်။ မျိုးဆက်သစ်ဆိုသည်လည်း ထိုနည်း၎င်း ရှိကြပါလိမ့်မည်။ သမိုင်းဆိုသည်လည်း လူမျိုးတိုင်း ပုဂ္ဂိုလ်တိုင်းမှာ ရှိကြပါသည်။ ဆိုလိုသည်မှာ သမိုင်းကို အကောင်းမြင် ရေးသားသော စာရေးဆရာနှင့် အဆိုးမြင် ရေးသားသော စာရေးဆရာများ ရှိကြပါလိမ့်မည်။

ပဋိပက္ခသတင်းစာပညာဆိုင်ရာ ဖိုရမ်တစ်ခုကို ရန်ကုန်တွင်ပြုလုပ်

ခွန်သန်းအောင် (TGI) | ဇူလိုင် ၄ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

မြန်မာသတင်းမီဒီယာများ ပဋိပက္ခသတင်းစာပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခုကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၅၊ ၆ ရက်နေ့တို့တွင် ရန်ကုန်မြို့၊ Park Royal Hotel ၌ ကျင်းပကြောင်း သတင်းသမားတစ်ဦးက ပြောသည်။

တောင်ကြီးတွင် သဘာဝပတ်ဝန်းကျင်နှင့်လူမှုဝန်းကျင်ဆိုင်ရာ စာပေဟောပြောပွဲကျင်းပ

ခွန်သန်းအောင် (TGI) | ဇူလိုင် ၂ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ဒို့ချစ်တဲ့ကမ္ဘာလူငယ်များမှ စီစဉ်သော စာရေးဆရာဒေါက်တာခင်မောင်ညို၊ ဦးစည်သူလွင်နှင့် အော်ပီကျယ်တို့ဟောပြောသည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာ စာပေဟောပြောကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်၊ အင်္ဂါနေ့ ညနေ ၄ နာရီအချိန်တွင် တောင်ကြီးမြို့၊ အောက်မေ့ဖွယ်ဓမ္မာရုံ၌ ကျင်းပသည်ဟု အစီစဉ်တွင် ပါဝင်လုပ်ဆောင်သူတစ်ဦးက ပြောသည်။

တောင်ကြီးမြို့နယ် ကျေးရွာနေဒေသခံများကို မျိုးဆက်ပွားကျန်းမာရေးပညာပေး

ခွန်သန်းအောင် (TGI) | ဇူလိုင် ၂ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စုရှိ မူရားရွာတွင် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက မိခင်နှင့်ကလေး ကျန်းမာရေးပညာပေးဟောပြောပွဲကို ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်နေ့၌ ကျင်းပရာ ဒေသခံများစိတ်ဝင်တစား တက်ရောက်ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဦးထွန်းကြည်က ပြောသည်။

ဇူလိုင်လ ၁ ရက်နေ့ထုတ်တိုင်းမဂ္ဂဇင်းကို ကန့်ကွက်ရှုတ်ချသည့်အပေါ် ထောက်ခံဆန္ဒပြ

ခွန်ရာဇာ တောင်ကြီး | ဇူလိုင် ၁ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံမှဗုဒ္ဓ၏သားတော် သံဃာတော်တစ်ပါးဖြစ်သူဦးဝီရသူအား တိုင်းမဂ္ဂဇင်းဆောင်းပါး စာမျက်နှာပေါ် ဘင်လာဒင်ကဲ့သို့ခိုင်းနှိုင်း ရေးသားဖော်ပြခြင်းကို နိုင်ငံတော်သမ္မတရုံးက ကန့်ကွက်ခြင်းကို ထောက်ခံသောအနေဖြင့် မကွေးကျောင်းတိုက်ဆရာတော်ဦးပါမောက္ခ၊ မစိုးရိမ်စာသင်တိုက် ဦးအောင်မြိုင် နှင့်ရှေ့နေဦးအေးပိုင်တို့ ဦးဆောင်ပြီး ဇွန်လ ၃၀ ရက်၊ မြို့တော်ခန်းမရှေ့တွင် ထောက်ခံဆန္ဒပြသွားကြောင်း သိရသည်။

တပေါင်းကွင်းမြေယာကိစ္စ ပအိုဝ်းစာ/ယဉ်အဖွဲ့မှ ဒေသခံရွာသူရွာသားများကို ဆင့်ခေါ်

ဇွန်လ ၂၉ ရက်၊ ၂၀၁၃ ခု၊ တာင်ကြီးတိုင်းမ်

၁၄-၆-၂၀၁၃ နေ့စွဲဖြင့် တောင်ကြီးတိုင်းမ်တွင် ဖော်ပြထားသည့် အမျိုးသားအတွက် အကြောင်းပြပြီး တောင်ကြီးအနီးရှိ မြေယာများကို အကွက်ရိုက် ရောင်းချဖို့ရန်ပြင် ဟူသော သတင်းနှင့်ပတ်သက်၍ ယခုအခါတွင် PNO ၏ လက်အောက်ခံ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က  ၃၀-၆-၂၀၁၃ ရက်နေ့ နံနက် (၁၀) နာရီတွင် အုပ်ချုပ်ရေးမှူးနှင့်တကွ ရွာသူရွာသားများကို အတင်းဖိအားပေးရန် ရည်ရွယ်လျက် တပေါင်းကွင်း (ဒဉ်သီးလာဗွေကွင်း) သို့ လာရောက်ရမည်ဟု စာဖြင့် ခေါ်ယူထားကြောင်း ရွာသားတစ်ယောက်ထံမှ ကြားသိရသည်။ 

ဆိုက်ခေါဝ်လူငယ်များမှ ကျောင်းသူ/သားများအတွက် ကျောင်းသုံးစာရေးကိရိယာများနှင့် သောက်ရေအိုးများထောက်ပံ့လှူဒါန်း

ခွန်သန်းအောင် (TGI) | ဇွန်လ ၂၈ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါဝ်စံပြကျေးရွာအတွင်းရှိ အထက်တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်းခွဲကျောင်းတစ်ကျောင်းနှင့် မူလွန်ကျောင်းတစ်ကျောင်းတို့ကို ခွန်ချစ်ထွန်းနှင့် ခွန်မောင်သန်းတို့ဦးဆောင်သည့် ဆိုက်ခေါဝ်လူရွယ်များက ၂၀၁၃ ခုနှစ် ဇွန်လ ၂၆၊ ၂၇၊ ၂၈ ရက်၌ ကျောင်းသုံးစာရေးကိရိယာများနှင့် သောက်သုံးရန် ရေအိုးများကို ထောက်ပံ့လှူဒါန်းမှု ပြုလုပ်ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသမီးပညာရေးဖောင်ဒေးရှင်းမှ အင်္ဂလိပ်စာဆရာအဖြစ် လူငယ်များ ပညာသင်စေလွတ်

ခွန်စိမ်းမောင် (တောင်ကြီး) | ဇွန်လ ၂၇ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ သီရိဇေယျုံကျောင်း၊ ဇမ္ဗူရတနာမြတ်မင်္ဂလာကျောင်း၊ ဂန္ဓာရုံကျောင်းတို့ရှိ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် အင်္ဂလိပ်စာသင်တန်းများနှင့် ပအိုဝ်းအမျိုးသမီးပညာရေး ဖောင်ဒေးရှင်းတို့မှ ပူးပေါင်းဆောင်ရွက်သော ပထမအကြိမ် အင်္ဂလိပ်စာ ဆရာဖြစ် (၂)နှစ် သင်တန်းသို့ တက်ရောက်မည့် သင်တန်းသူ သင်တန်းသားများ (၄၀) ကျော် သြ၀ါဒခံယူပွဲတစ်ရပ်ကို တောင်ကြီးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ပအိုဝ်းလူငယ်အစည်းအရုံး ဦးစီး၍ အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကျင်းပ

ခွန်စိမ်းမောင် (တောင်ကြီး) | ဇွန်လ ၂၆ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ပအိုဝ်းလူငယ်အစည်းအရုံး (Pa-Oh Youth Organization-PYO) ဦးစီး၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသမှ ပအိုဝ်းလူငယ်အမျိုးသမီးများ နှီးနှောဖလှယ်ပွဲတစ်ရပ်ကို တောင်ကြီးမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ် ကျောက်တန်းကျေးရွာ လျပ်စစ်မီးအတွက် မကြာခဏငွေများကောက်ခံ

ခွန်သန်းအောင် (TGI) | ဇွန်လ ၂၃ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ဟိုပုံးမြို့နယ်၊ ကျေက်တန်းကျေးရွာတွင် လျပ်စစ်မီးများသွယ်တန်းပေးရန် စီမံကိန်းကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဦးခေါင်၊ ဦးကြုတ်နှင့် ဦးအေးမောင် တို့က မီးကော်မတီဖွဲ့၍ ၂၀၁၂ ခုနှစ်အတွင်း မီးသွယ်တန်းပေးရေးအစီအစဉ်ကို စတင်ခဲ့သည်။ ဟိုပုံး-လွိုင်လင် လမ်းမ ထမ်းစန်းဂူ အနီးရှိ ကျေက်တန်းလမ်းခွဲမှ စ၍ ခွဲယူကာ ၈ မိုင် အကွာအဝေးရှိသော ကျောက်တန်းကျေးရွာအထိသို့ သွယ်တန်းသွားမည်ဟု ဒေသခံများ ကပြောသည်။

Genuine Peace or a Divide and Rule Tactics

By Kanbawza Win | June 22, 2013

As a person who has its roots in Pre Pro village in Karenni state and whose uncle Tha Oo is still with the Karenni resistance, I was rather shock to hear the news reports that observers including American diplomat Erin Webster-Main and 10 religious and community leaders and members of Parliament were present at union-level peace talks between the government and Karenni resistance in Loikaw, the capital of Karenni State. It marked the third official meeting between the government and KNPP leaders. Naypyidaw’s peace delegation and the KNPP held their first official talks in March 2012, when the two sides signed a ceasefire agreement. They met again in June 2012.[1] For laymen to understand the Karenni problem may I take the liberty to highlight its contemporary history?

ချိုဂျူနှင့် သဘာဝပတ်ဝန်းကျင် (သို့မဟုတ်) CAN-MYANMAR


ခွန်စိမ်းမောင် (တောင်ကြီး) | ဇွန်လ ၁၉ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

သဘာဝတရားကြီးက ကမ္ဘာလောကကြီးကို ရာသီဥတုတွေနဲ့ ဖန်တီးထားတယ်။ ကမ္ဘာကြီးအတွင်းမှာ ရာသီဥတုတွေဟာ နာရီစက်ဝန်းကဲ့သို့ လှည့်ပတ်နေတာဖြစ်ပါတယ်။ အေးလိုက်ပူလိုက် မိုးရွာသွန်းလိုက်နဲ့ တစ်ခုပြီးတစ်ခု အစီအစဉ်အလိုက် လူသား၊ တိရိစ္ဆာန်နဲ့ အပင်တွေဟာလည်း ရာသီဥတုကိုမှီပြီး ရှင်သန်နေရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲနှင့်အတူ ပအိုဝ်းဒေသနှင့် ပအိုဝ်းအမျိုသားအဖွဲ့ချုပ်ပါတီ (PNO) တို့ ဘယ်လိုရှေု့ဆက်ကြမလဲ

By ခွန်မင်းနိုင် | ဇွန်လ ၁၅ ရက်၊ ၂၀၁၃ ခုနှစ် | အမြင်ဆောင်းပါး

၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးကာ တဖြည်းဖြည်းနီးကပ်လာလေပြီး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ မြန်မာပြည်တခွင် ကိုယ်စီကိုယ်စီ အနိုင်ရရှိဖို့ စတင်လှုပ်ရှားနေကြပြီး။ ရွေးကောက်ပွဲမှာ သမ္မတဖြစ်ရေး အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။ အခြားတဘက်တွင်လည်း ဦးရွှေမန်းမှ သမ္မတအဖြစ် NLD ပါတီနှင့် အပြိုင် အရွေးခံရေး စကားသံထွက်လာလေပြီး။ ၄င်းပါတီကြီးနှစ်ခုမှာ ပြည်မ နှင့် တိုင်းရင်းသားဒေသများမကျန် အနိုင်ရရှိရေးအတွက် များမကြာမှီကာလအတွင်း အကြိတ်အနယ် ယှဉ်ပြိုင်သွားကြတော့မည် ဖြစ်ပါသည်။

အမျိုးသားအတွက်အကြောင်းပြပြီး တောင်ကြီးအနီးရှိမြေယာများကို အကွက်ချ၍ရောင်းဖို့ရန်ပြင်

အမြင်ဆောင်းပါး | ဇွန်လ ၁၄ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့ တောင်ဘက် ဂနိုင်ရေးရပ်ကွက် ကန်ကြီးရပ်ကွက်၊ (ယခင် ကန်ကြီးရွာ) ကန်ကြီးနယ် မြေတွင် PNO က အများနှင့် သက်ဆိုင်သည့် သဘာဝရေထွက်ရာ ရေကန်ဧရိယာကို ပအိုဝ်းအမျိုးသား တပေါင်းကွင်း လုပ်ငန်းခွင်ကို အကြောင်းပြ၍ အကွက်ချ ရောင်းချရန် ပြုလုပ်နေကြပါသည်။ (ပုဂ္ဂိုလ်တချို့၏ ပုဂ္ဂလိက စီးပွားရေး အကွက်ထွင်ခြင်းသာ ဖြစ်ပြီး တကယ့် PNO အတွက် ပအိုဝ်းအမျိုးသား အတွက် မဟုတ်ဟု အခိုင်အမာ ပြောဆို သူများလည်း ရှိသည်။)

PNO မှ သိမ်းသောမြေကိစ္စ ဖြေရှင်းမပေး၍ တောင်သူများ ကြံခိုင်ရေးပါတီသို့အကူညီတောင်း

ခွန်ရာဇာ (တောင်ကြီး) | ဇွန်လ 12 ရက်၊ 2013 ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ နောင်ကားဈေးအရှေ့ဘက်နှင့် ကျောက်တလုံး လွယ်ခေါ် လမ်းထောင့်၌ PNO အဖွဲ့အစည်းမှ သိမ်းသောမြေကို သက်ဆိုင်ရာတာဝန်ရှိသူနှင့် တိုင်ကြားသော်လည်း ဖြေရှင်းမှုမရှိ၍ မြေသိမ်းခံတောင်သူများ ကြံခိုင်ရေးပါတီရုံးသို့ အကူညီတောင်းပြီး သမ္မတထံသို့ တိုင်စာများ တင်သွားမည်ဖြစ်ကြောင်း ဇွန်လ ၁၂ ရက်နေ့တွင် စုံစမ်းသိရှိရသည်။

အစိုးရမှ ချပေးသည့် ၁၅၀၀ တန်ဖုန်းကဒ်ကို အောက်ခြေ၀န်ထမ်းက ၆၀၀၀၀ ကျပ်ဖြင့်ရောင်းချ

ခွန်ရာဇာ (တောင်ကြီး) | ဇွန်လ ၉ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ် နန်းဟူးကျေးရွာအုပ်စုတွင် ရွာပေါင်း (၁၁) ရွာကို အစိုးရက တန်ဖိုးနည်းဖုန်းကဒ် (၆၀) ချပေးရာ သုံးပုံတစ်ပုံမျှသာ ပြည်သူသို့ ရောင်းချပြီး ကျန်သောဖုန်းကဒ်များကို အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့မှ ခြောက်သောင်းနှုန်းဖြင့် ရောင်းစားနေကြောင်း အမှန်တကယ်ဖုန်းလိုချင်သော အောင်မင်္ဂလာကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

NLD ပါတီဝင်များ ဖိအားပေးနုတ်ထွက်စေခြင်းနှင့် ထိမ်းသိမ်းခြင်းကိစ္စ မဟုတ်မှန်ကြောင်း PNA ငြင်းဆို

ခွန်ရာဇာ(တောင်ကြီး) | ဇွန်လ ၄ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

မေလ ၁၅ ရက်တွင် PNA ပြည်သူ့စစ်က မောက်စံရွာရှိ NLD ပါတီရုံးကို ဝိုင်းထားခြင်းနှင့် NLD ပါတီအဖွဲ့ဝင်ရွာသား ငါးဦးကို ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ ဇွန်လ ၃ ရက်တွင် PNO လက်အောက်ခံ အသွင်ပြောင်းပြည်သူ့စစ် (PNA) နှင့် သတင်းမီဒီယာများတွေ့ဆုံပွဲကို နန်းဟောင်ကျေးရွာအုပ်စု ကျောင်းတောစခန်း၌ ပြုလုပ်ကြောင်း သိရသည်။

မျိုးချစ်စိတ်နှင့် အမှန်တရား

အမြင်နှင့်ပေးစာကဏ္ဍ | သစ္စာရှင်(တောင်ကြီး) | ဇွန်လ ၃ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းမျိုးချစ်လူငယ်တစ်ယောက်ဟု ဆိုကာ မျိုးချစ်စိတ်ဖြင့် ဖြေရှင်းလာသည့် ခွန်ပအိုဝ်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်။ သို့သော် အရာရာတိုင်းကို ဖြေရှင်းရာတွင် အမှန်တရားကို ရှေ့တန်းတင်နိုင်ပါမှ ကောင်းပါသည်။ တကယ့်အမှန်တရားကို မရှာဖွေပါဘဲ မျိုးချစ်စိတ် တစ်ခုတည်းဖြင့် မျက်စိစုံမှိတ်ပြီး ဖြေရှင်းမည်ဆိုလျှင် ဖြေရှင်းရာ မရောက်ဘဲ အတင်းဇွတ်ငြင်းရာ ရောက်ပါသည်။ ထိုမျိုးချစ်စိတ်မျိုးကိုလည်း မျက်ကန်းမျိုးချစ်စိတ်ဟုသာ အမည်နာမ တပ်ပြောရပေမည်။

RCSS/SSA (S) အပြစ်မဲ့ ရွာသားတစ်ဦးကို ပစ်သတ်ပြီး ၇ ဦးကို ပြန်ပေးဆွဲ

ခွန်စိမ်းမောင်(တောင်ကြီး) | ဇွန်လ ၃ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသခံရွာသားတဦးအား ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့က အပစ်မဲ့ပစ်သစ်ပြီး ကျန်ရွာသား (၇) ဦးကိုပါ ပြန်ပေးဆွဲသွားခဲ့ကြောင်း သိရသည်။

ပအိုဝ်းလူထုတစ်ရပ်လုံးသိစေရန်နှင့် သက်ဆိုင်သူများသို့

အမြင်ဆောင်းပါး | ရေးသူ - ခွန်ပအိုဝ်း | ဇွန်လ ၁ ရက်နေ့၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ကျွန်တော်ပာာ မျိုးချစ်ပအိုဝ်းလူငယ်တစ်ယောက်ပါ။ လွန်ခဲ့သောရက်အနည်းငယ်ခန့်က သစ္စာရှင် (တောင်ကြီး) အမည်ဖြင့် ရေးသားခဲ့သော ဆောင်းပါးတစ်ပုဒ်ဖတ်ခဲ့ရပါသည်။ ကျွန်တော်ပအိုဝ်းလူငယ် တစ်ယောက်အနေဖြင့် ၄င်းဆောင်းပါးဖတ်ပြီးတော့ အဲ့ဒီဆောင်းပါးရေးသူပာာ တောင်ကြီးကဆိုတော့ ပအိုဝ်းလူမျိုးကို ဘယ်လိုလူမျိုးဆိုတာ ခရေစေ့တွင်းကျ သိတယ်ဆိုတာကို သိထားပါတယ်။ မသိလို့ရေးတာလာ၊ “မမြင်မတွေ့လို့ ရေးတာလား”၊ မကြည့်လို့ပဲ မမြင်တာလား၊ သိသင့်သိထိုက်သလောက်တော့ သိမယ်ထင်ပါတယ်။

မြေယာမှုခင်း မဖြေရှင်းပေး၍ ပြဿနာအခြေနေပိုဆိုးလာ

ခွန်ရာဇာ (တောင်ကြီး) | မေလ ၃၁၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့မြောက်ဘက် ပလီလင်းရွာတွင် မတရားမြေယာသိမ်းဆည်းပြီး ပုဂ္ဂလိကသို့ ပြန်လွဲ၍ မြေယာမှုခင်းဖြစ်ပွားရာ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးအောင်ဆန်းက အချိန်ရွေ့ပြီး ဖြေရှင်းမှု မပေးသောကြောင့် အခြေအနေပိုဆိုးလာကြောင်း မေလ ၃၀ ရက်တွင် ပလီလင်းရွာနေမြေသိမ်းခံရသူ ခွန်မောင်လွန်းက ပြောသည်။

စံချိန်တင် ပအိုဝ်းဘာသာစာပေယဉ်ကျေးမှု သင်တန်းဆင်းပွဲ ကျင်းပ

ခွန်ရာဇာ (တောင်ကြီး) | မေလ ၃၀၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တစ်နှစ်တစ်ခါကျင်းပသော ပအိုဝ်းဘာသာစာပေယဉ်ကျေးမှုသင်တန်းကို သင်တန်းသားဦးရေ အများဆုံးစံချိန်တင် သင်တန်းဆင်းပွဲကို မေလ ၂၉ ရက်တွင် ပင်လောင်းမြို့နယ် ပင်ခွန်ကျေးရွာတွင် ကျင်းပကြောင်း သိရသည်။

ထွန်မြတ်လေး ဦးဆောင်သော ငွန်းဆိုင်းပြည်သူ့စစ်မှ တအာင်း(ပလောင်) ရွာသားတစ်ဦး ပစ်သတ်

၃၁-မေလ-၂၀၁၃ | palaungland.org

ထွန်းမြတ်လေးဦးဆောင်သော ငွန်းဆိုင်းပြည်သူ့စစ်အဖွဲ့မှ အပစ်မဲ့ တအာင်း (ပလောင်)ရွာသားတစ်ဦးကို ၂၉ ရက်နေ့ မေလ ညနေ့ ၅ နာရီအချိန်တွင် အိမ်အတွင်းသို့ဝင်ရောက်ပြီ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရှိရပါသည်။

တိုင်းရင်းသားဖြစ်ရေးမှသည် မွတ်ဆလင်ပြည်နယ်ထူထောင်ရေးနှင့် စိန်ခေါ်မှုများ

ခိုင်လင်း(မေဃ၀တီ) | မေလ ၃၀ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ် | အမြင်ဆောင်းပါး

"စစ်အတွင်း ၁၉၄၆ တွင် Jami- a tul Ulema-e Islam အဖွဲ့ ပေါ်ပေါက်လာရာ ၄င်းပါတီက ၁၉၄၇ ခုနှစ်တွင် ကရာချီသို့သွားကာ ပါကစ္စတန်လွတ်မြောက်ရေးလှုပ်ရှားနေသော မွတ်ဆလင်ခေါင်းဆောင် ဂျင်းနားနှင့် တွေ့ဆုံပြီး၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့ကို ပါကစ္စတန်နိုင်ငံနှင့် ပူးပေါင်းခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ထိုသို့ဆွေးနွေးရာတွင် ရခိုင်မြောက်ပိုင်းဒေသကို တိုက်ခိုက်ပြီး ပါကစ္စတန်ထဲသို့ သွတ်သွင်းရန် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရရှိအောင်လုပ်ပေးရန် ဆွေးနွေးခဲ့သည်။

ပလောင်အုပ်ချုပ်ရဒေသ မန်တုံမြို့နယ် ရဲတပ်သား သုံးဦး သတ်ဖြတ်ခံရ

ရက်စွဲ။ ။ ၃၀ ရက် မေ ၂၀၁၃

ယမန်နေ့ ၂၉ ရက် ညနေပိုင်း ၆ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရဒေသ မန်တုံမြို့နယ်မှ မန်ပါတ်ရွာရှိ ရွှေလီတာဝါလျှပ်စစ်တာဝါတိုင်စောင့် တာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင် (၃)ဦး ပစ်သတ်ခံရသည်ဟု သတင်းရရှိပါသည်။

ပအိုဝ်းလူငယ်များနှင့်တွေ့ဆုံခြင်း (သို့) PNO ဘာလဲ? PNO ဘယ်လဲ?

သစ္စာရှင် (တောင်ကြီး) | မေလ ၂၆ ၊ ၂၀၁၃ | တောင်ကြီးတိုင်းမ် | အမြင်ဆောင်းပါး

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တောင်ကြီးတစ်ကြောတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဆိုသည့် PNO ၏ အမည်နာမ အတော်လေးကို ထင်ရှားလာသည်။ လူသိလည်း များလာခဲ့သည်။ ပအိုဝ်းတိုင်းရင်းသား ဆိုသည်မှာ အင်မတန်ရိုးသားသော လူမျိုး၊ အင်မတန်သစ္စာရှိသော လူမျိုးဟု သိထားကြသူများသည်လည်း PNO ဆိုသည်မှာ ထိုလူမျိုးများကို ဆိုလိုကြောင်း နဂိုရ်က မသိသေးသူများပါ သိသွားကြသည်။

Marriage of Convenience

By Kanbawza Win | May 26, 2013

In Burma young people got married through love but lamentably I discovered that in West some people got married for their mutual convenience. Once the inconvenience set in they usually parted their ways without any remorse. This seems to be the case of America and Burma now that President Thein Sein has met with President Obama at the White house the marriage of convenience has been sealed. 

PNA ပြည်သူ့စစ်မှ ဖမ်းဆီးထိန်းသိမ်းခဲ့သော ဦးခွန်ကုလားနှင့် ဦးခွန်ထွက်မောင် တွေ့ဆုံမေးမြန်းခြင်း

ရှမ်းလေး(တောင်ကြီး) | မေလ ၂၄ ရက်နေ့၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

၁၅.၅.၂၀၁၃ ရက်နေ့ ရပ်စောက်မြို့နယ် ဆတ်သေကျေးရွာမှ PNA ပြည်သူ့စစ်မှ ဗိုလ်လေးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့က NLD ပါတီဝင်ဖြစ်သူ ဦးခွန်ကုလားအပါအ၀င် ရွာသားသုံးယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဦးခွန်ကုလား မောက်စံရွာအစည်းအဝေးမှအပြန် ကောင်ထိုရွာအတွင်းမှာ ၁၅ ရက်နေ့ ညနေခင်း ၄ နာရီအချိန်ခန့်မှာ ဖမ်းဆီးခဲ့ပါတယ်။ သက်သေအထောက်အထား ခိုင်လုံမှုမရှိပဲ ၂၄ နာရီနီးပါးခန့် ကြာတဲ့အထိ ဖမ်းဆီးထိန်းချုပ်ခဲ့တယ်လို့ ဦးခွန်ကုလားက ပြောပါတယ်။

PNLO ပအိုဝ်းအဖွဲ့ ပထမအကြိမ်ညီလာခံ ကျင်းပပြီးစီး

နောင်ခမ်းခါ | မေလ ၂၃ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ကိုယ်စားလှယ်တော်၊ လေ့လာသူနှင့် မဟာမိတ်ခေါင်းဆောင်းများ အားလုံးပေါင်း တက်ရောက်တူ ၁၀၀ ကျော်ရှိတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ ပထမဆုံးအကြိမ်ညီလာခံတစ်ရပ်ကို အဖွဲ့ချုပ်တပ်မတော်ရဲ့ လေဗွာတပ်စခန်းမှာ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ပအိုဝ်းသံဃာတော်များ ဦးစီးသော ပအိုဝ်းစာပေပြန်ပွားရေးနှင့် ယဉ်ကျေးမှုသင်တန်းဖွင့်


ခွန်ရာဇာ (တောင်ကြီး) | မေလ ၂၁ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားဗဟိုသံဃာတော်အဖွဲ့ ဦးဆောင်ဖွင့်လှစ်ပြီး တစ်နှစ်တစ်ခါကျင်းပပြုလုပ်သော ပအိုဝ်းတစ်မျိုးသားလုံးအတွက် ပအိုဝ်းစာပေနှင့် ဗုဒ္ဒဘာသာယဉ်ကျေးမှုသင်တန်း အမှတ်စဉ် ၂၉ ကို မေလ ၂၃ ရက်နေ့ ပင်လောင်းမြို့ ပင်ခွန်ကျေးရွာတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရှိသည်။

ဥပဒေမဲ့ ဖမ်းဆီးခြင်းမှ ပြန်လွတ်လာသည့် NLD အဖွဲ့ဝင် လယ်သမားနှစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ခွန်ရာဇာ (တောင်ကြီး) | မေလ ၁၇ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) လက်အောက်ခံ ပြည်သူ့စစ်မှ မေလ ၁၄ ရက်နေ့တွင် ပင်ကွဲစခန်းမှ ဖမ်းဆီးချုပ်နှောင်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အဖွဲ့ဝင် ပအိုဝ်းအမျိုးသား လယ်သမား နှစ်ဦးဖြစ်သည့် ဦးတဟန်နှင့် ဦးတကျော်အား ၀န်ခံကတိ လက်မှတ်ရေးထိုးခိုင်းပြီး မေလ ၁၆ ရက် နံနက် ၁၀ နာရီတွင် ပြန်လည်လွတ်ပေးပြီး ည ၆ နာရီတွင် တွေ့ဆုံမေးမြန်းခဲ့သည်။

မောက်စံရွာရှိ NLD ရုံးတွင် PNO ပြည်သူ့စစ်များ ၀ိုင်းရံ

ခွန်နဂါးဗွာ (တောင်ကြီး) | မေလ ၁၆ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့ မောက်စံရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးအဖွဲ့မှ အကြောက်တရားမရှိအောင် အားပေးဟောပြောပြီးရာမှ မေလ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် အင်အား ၃၀ ခန့်ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) ပြည်သူ့စစ်များက မောင်စံရွာရှိ NLD ပါတီရုံးကို ၀ိုင်းရံထားလိုက်ကြောင်း သိရသည်။

အမျိုးသားဖွံ့ဖြိုးရေး အသုံးမပြုသည့်အတွက် မတရားသိမ်းထားတဲ့မြေ ပိုင်ရှင်များဝင်ရောက်လုပ်ကိုင်

ခွန်ရာဇာ (တောင်ကြီး) | မေလ ၁၆ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အဖွဲ့အစည်းမှ စံပြစိုက်ပျိုးရေးကွင်းအဖြစ် မတရားသိမ်းဆည်းထားသော တောင်ကြီး-ဖက်ကွန် လမ်းမဘေးရှိ မြေယာများကို မေလ ၁၅ ရက်နေ့တွင် မြေသိမ်းခံရသူ ဒေသခံရွာသားများ ၀င်ရောက်လုပ်ကိုင် ထွန်ယက်နေပြီဖြစ်ကြောင်း  စုံစမ်းသိရှိရသည်။
         

ရခိုင်အရေးအခင်းမှသည် ဗမာပြည်အရေးအခင်းနိဒါန်း

ခိုင်လင်း (မေဃ၀တီ) | မေလ ၁၃ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ရိုဟင်ဂျာနာမည်ကို ဆုပ်ကိုင်ပြီး မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေဖြစ်တယ် ဆိုတဲ့အပေါ်မှာ ရပ်နေခြင်းဟာ ပြဿနာရဲ့ အဖြေမဟုတ်ဘူး။ ပြဿနာရဲ့ ”ရင်းမြစ်” ဖြစ်တယ်ဆိုတာ ထောက်ပြခဲ့ဖူးတယ်။ ရိုဟင်ဂျာနာမည်ကို စွန့်လွှတ်ပြီး ဘင်္ဂလီအဖြစ် ရပ်တည်ကာ နိုင်ငံသားဖြစ်ရေး၊ ထိုမှတဆင့် နိုင်ငံသားတယောက်ရဲ့ လွတ်လပ်ခွင့်တွေအပေါ်မှာ
ရပ်နေကြမယ်ဆိုရင် ပဋိပက္ခတွေဟာ ဆက်လက်ဖြစ်ပွားစရာ မရှိဘူးလို့မြင်တယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဆုံးဖြတ်မှုကြောင့် ခြံပိုင်ရှင်များအသက်မွေးဝမ်းကြောင်းနစ်နာခဲ့ရ

ခွန်သာယာ (ဆီဆိုင်) | မေလ ၁၂ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ်၊ ဖက်ကွန်ကျေးရွာအနောက်ဘက် တောင်စောင်းပေါ်တွင်ရှိသော တောင်ယာခြံများကို ၁၉၉၂ ခုနှစ်က ၄င်းကျေးရွှာအုပ်စု အုပ်ချုပ်ရေးမှူး၏ မျှတမှုမရှိသော ဆုံးဖြတ်ချက်ကြောင့် ခြံမြေပိုင်ရှင် ဒေသခံရွာသားများအပေါ် များစွာနစ်နာစေခဲ့ကြောင်း ဖေဖော်ဝါရီ ခြံပိုင်ရှင်ရွှာသားများက ဆိုသည်။

တောင်ကြီးမြို့တွင် ၀က်လိုင်စင်ကိုင်ဆောင်ပြီး ဘီးခွန်ကောက်


နှင်းသစ္စာ (TGI) | မေလ ၁၀ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောာင်ကြီးမြို့မြောက်ဘက်ရှိ ကျေးရွာများမှ မြို့အ၀င်တွင် ဂိတ်ဆောက်လုပ်ပြီး ယာဉ်စီး၍ ဖြတ်သန်းသွားလာသူများကို ဘီးခွန်ကောက်သည်ဟု ဖြတ်သွားဖြတ်လာသူ ဒေသခံများက ပြောသည်။