ကျေးသီးမြို့နယ် ဗုံးပေါက်ကွဲရာမှ ဦးဇင်းတစ်ပါးနှင့် ကိုယ်ရင်သုံးပါး ဒဏ်ရာရ

နန်းခမ်းဟေမာန် (သထွုံးပေး) | ဒီဇင်ဘာ ၂ ရက်၊ ၂၀၁၅ ခု | တောင်ကြီးတိုင်းမ်

လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့ ကုန်းတော်ဘုန်းတော်ကြီးကျောင်းမှ ဦးဇင်းတပါးနှင့် ကိုယ်ရင်သုံးးပါးတို့ နိုဝင်ဘာ ၃၀ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်တွင် ရေသွားခပ်ရာ ဗုံးပေါက်ကွဲမှု ဖြစ်၍ ထိခိုက်ဒဏ်ရာရရှိကြောင်း ရှမ်းပြည်နယ် ဒုရဲမှူးကြီး ဦးသန်းလွင်ထံမှ သိရှိရသည်။

လားရှိုးရှိစစ်ဘေးသင့်ပြည်သူများ ကူညီရန် ကျောင်းသားသမဂ္ဂအဖွဲ့များပြင်ဆင်

နင်းခမ်းဟေမာန်၊ သထွုံးပေး
ဒီဇင်ဘာ ၁ ရက်၊ ၂၀၁၅ ခု| တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ် လားရှိုးဒေသရှိစစ်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားသောအားဖြင့် သွားရောက်ကူညီပေးရန်အတွက် ရှမ်းပြည်ကျောင်းသားသမဂ္ဂအဖွဲ့ထံ ခရိုင်ငါးခုမှကျောင်းသား သမဂ္ဂများက လာရောက်ပူးပေါင်းပြီး ဒီဇင်ဘာ ၂ ရက်တွင် သွားရောက်ကူညီမည်ဖြစ်ကြောင်း သတင်းရရှိသည်။