မူးယစ်ဆေးထုတ်လုပ်မှုတွင် မြန်မာစစ်အရာရှိများပါဝင်ဟု တိုင်းရင်းသားလူငယ်အဖွဲ့

ခွန်အောင်မြတ်။
ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၀၇ ခုနှစ်။

ရှမ်းပြည်တောင်ပိုင်းတွင် ဘိန်းစိမ်းနှင့် ဘိန်းဖြူ အများအပြား ဖမ်းဆီးရမိခဲ့သော်လည်း စစ်အရာရှိကြီးများ ပါဝင် ပတ်သက်နေ၍ သတင်းထုတ်ပြန်ခြင်းမရှိဘဲ လျှိ့ဝှက်ထားခဲ့သည်ဟု တိုင်းရင်းသားလူငယ်များ ပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့(မြန်မာနိုင်ငံ)က ယနေ့ အစီရင်ခံစာ ထုတ်ပြန်သည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ ၃တန်ခန့်ရှိပြီး ရှမ်းပြည်တောင်ပိုင်းတွင် အကြီးမားဆုံး ဖမ်းဆီးရမိခြင်းဖြစ် သည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကာလတန်ဖိုးမှာ ကျပ်သိန်း နှစ်ထောင့်ငါးရာခန့် ရှိသည့် ယင်းမူးယစ်ဆေးများကို မြန်မာစစ်တပ်နှင့် မူးယစ်အဖွဲ့ က လွန်ခဲ့သည့်လ ၄ရက်နှင့် ၈ရက်နေ့တွင် ဆီဆိုင်မြို့နယ် လွယ်မောတောင် ထီတမ်းကျေးရွာအနီးရှိ ဘိန်းချက် စက်ရုံမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ယင်းစက်ရုံသည် မြန်မာစစ်အစိုးရထံ လက်နက်ချသွားသော ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့(ရလ လဖ) အဖွဲ့၏ ဥက္ကဌဟောင်းဖြစ်သူ ဦးချစ်မောင် ထိန်းချုပ်သည့် ဒေသတွင်တည်ရှိပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တွင် မြန်မာစစ်တပ်အရာရှိများ ပါဝင်ပတ်သက် နေသည်ဟု အစီရင်ခံစာတွင်ဖော်ပြသည်။

ယင်းဖမ်းဆီးမှုနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ယခုလို သုံးသပ်သည်။

“ထန်းယန်းကျေးရွာရဲ့ အရှေ့ဖက် နည်းနည်းသွားကျမှာပေါ့ အဲဒီနေရာမှာက ထီတမ်းလို့ ခေါ်တယ်။ အဲဒီမှာ ဘိန်းချက်စခန်းတခုမိတယ်လို့ ကျနော်တို့ အဲလိုမျိုးကြားရတယ်။ အဲလိုဟာကို ကျနော်တို့ ကြည့်လိုက်ခြင်းအားဖြင့် အဲဒီဟာတွေဟာ သူတို့နဲ့ မပတ်သက်ရင် တခြားလူနဲ့ ပတ်သက်စရာ အ ကြောင်းမရှိဘူးလို့ကျနော်တို့က ဒီလိုပဲသုံးသပ်တယ်။နောက်ထပ်တခုကတော့ အစိုးရအနေနဲ့ စစ်တပ် အနေနဲ့ မပါဝင်လာဘူး ဆိုတာကလည်းပဲ ကျနော်တို့ ပြောလို့မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မိနေတဲ့ နေရာနဲ့ အဲဒီ အမှတ် (၄၂၅) (၄၂၆) တပ်ရင်း ထိုင်တဲ့ နေရာက ငါးမိုင် ၀န်းကျင်ပဲ ရှိတယ်။ အဲဒီတပ်နယ် အတောတွင်း အဲဒီပတ်လည်မှာပဲ ရှိနေတယ်ဆိုနေတဲ့ အချိန်ကျတော့ ဒါကို ကျနော်တို့ ကြည့်လိုက်ခြင်းအားဖြင့် အဲဒီနေရာမှာ မူးယစ်ဆေးဝါးချက်တဲ့ စက်ရုံပေါ်လာနိုင်တာက အဲဒီမှာ ရှိနေတဲ့ ဒေသခံ အာဏာပိုင်၊ နောက် အစိုးရတပ်တွေရော၊ ရဲတွေရော မပါဝင် မပတ်သက်လို့ ကတော့ အဲဒီနေရာမှာ လုပ်လို့ မရဘူးလို့ ကျနော်တို့ အဲဒီလိုပဲ သုံးသပ်ပါတယ်။ ”

မြန်မာအာဏာပိုင်များက ဘိန်းချက်စက်ရုံအစောင့် ထီတမ်းရွာသား ဦးပညာ (ခေါ်) တလော ဆိုသူကို ဖမ်းဆီး ထားပြီး စက်ရုံပိုင်ရှင်အဖြစ် ယူဆရသော ခွန်ချစ်အောင်( ဥက္ကဌဟောင်း ဦးချစ်မောင်၏ သား)မှာ တိမ်းရှောင်နေ ကြောင်းနှင့် လက်နက်ချ ရလလဖ ဥက္ကဌဟောင်း ဦးချစ်မောင်နှင့်သား ခွန်ချစ်အောင်တို့သည် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဗျူဟာမှူး-ဗိုလ်မှူးကြီးမြ၀င်းကို လစဉ် ကျပ်သိန်း (၅၀) ၊ ဒေသခံ တပ်ရင်းများဖြစ်သည့် ခမရ(၄၂၅)နှင့် ခမရ (၄၂၆) တပ်ရင်းတို့ကို လစဉ် ကျပ်သိန်း (၃၀)စီ ပေးသွင်းနေရကြောင်း အစီရင်ခံစာတွင် ပါရှိ သည်။

ဦးချစ်မောင်အဖွဲ့သည် ပြီးခဲ့သည့် မေလအစောပိုင်းက ရလလဖ ဗဟိုဌာနချုပ် နောင်ထောင်ဝ်မှ ထွက်ခွာခဲ့ပြီး နအဖထံ လက်နက်ချခဲ့သည်။

လွန်ခဲ့သောအပတ်က ရှမ်းပြည်အရှေ့ပိုင်းတွင် မြန်မာစစ်တပ်နှင့် မူးယစ်အဖွဲ့က ဘိန်းခင်း ၁၅၀ခန့်တွေ့ရှိ ဖျက်ဆီးခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သော်လည်း ယခုဖမ်းဆီးရမှုကို ဖော်ပြခြင်းမရှိခဲ့ပေ။

ခွဲထွက် ရလလဖ အမည်သစ် ပြောင်းလဲ ခွဲထွက် ရလလဖ အမည်သစ် ပြောင်းလဲ

အောင်မိုးမြင့်
နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်

မြန်မာစစ်အစိုးရကို ပြန်လည်လက်နက်တော်လှန်ခဲ့သော ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ (ရလ လဖ) ခွဲထွက်အဖွဲသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲအဖြစ် အမည်ပြောင်းလဲဖွဲစည်းလိုက်ပီး ပအိုဝ်း အမျိုးသားအရေးကို ဦးတည်ဆောင်ရွက်သွားမည်ဟု ယနေ ထုတ်ပြန်ကေညာသည်

အဖွဲ့၏ နိုင်ငံရေး ရည်မှန်းချက်များနှင့် ပတ်သက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၏ အထွေထွေ အတွင်းရေးမှုး ဗိုလ်မှူးကီး ခွန်သူရိန်က ယခုလို ပြောသည်

စစ်အာာရှင်စနစ်ကို ကျနော်တိုတိုက်ဖျက်မယ် မဟာလူမျိုးကီးဝါဒကီးစိုမှုကို ကျနော်တို တိုက် ဖျက်မယ် ဒီမိုကရေစီနိုင်ငံ ကျနော်တို ထူထောင်မယ် ပြည်ထောင်စု စစ်စစ်ဖြစ်ပေါ်လာအောင် ကျ နော်တို တည်ထောင်မယ် နောက်ပီးတော့ ပိုသွားတာ တစ်ခုကတော့ ဟိုးတုန်းကတော့ပြောမယ် ဆိုရင် အကျယ်ချဲ့ပြီးတော့မှ ခုံပီးပြောတာပေါ့ ဒီကနေကျတော့ ကျနော်တို ချူပ်လိုက်ပါတယ် အဲ့ ဒီနိုင်ငံရေး အဓိက ရည်မှန်းချက်ကတော့ ကျနော်တို ပအိုဝ်း အမျိုးသားများ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ ရေးနဲ တန်းတူရေးဆိုတဲ့ဟာတွေပဲဖြစ်ပါတယ်ခင်ဗျ

အမည်ပြောင်းလဲခြင်းအခမ်းအနားကို ကရင်နီတိုးတက်ရေးပါတီထိန်းချုပ်ရာ ထိုင်းမြန်မာနယ်စပ်ဒေသတွင် ယနေ နံနက် ဂနာရီက ကျင်းပခဲ့သည်

အမည်ပြောင်းလဲဖွဲစည်းလိုက်သော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲကို ဗဟိုကော်မတီဝင် ၁၁ဦး ဗဟို အလုပ်အမဆောင် ၅ဦးနှင့်ဖွဲစည်းလိုက်ကာ ဥကဌအဖြစ် ဗိုလ်မးချုပ်ခွန်ထိဆောင် အထွေထွေအတွင်းရေးမး ဗိုလ်မကီးခွန်သူရိန်နှင့် တွဲဘက်အထွေထွေအတွင်းရေးမး ဗိုလ်မကီးအောင်ကျော် တိုကို တာဝန်ပေးအပ်ခဲ့ သည်

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၏ မူလအဖွဲအစည်းဖြစ်သော ရလလဖသည် ၁၉၉၄ခုနှစ်က မြန်မာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်

ရလလဖ ဒုဥကဌအဖြစ်တာဝန်ယူခဲ့သူ ခွန်ထိဆောင်နှင့် အဖွဲသည် ပီးခဲ့သည့် ဇွန်လအတွင်းက ဌာနချုပ်မှ ခွဲထွက်ကာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီထိန်းချုပ်ရာ နယ်မြေတွင် အခြေစိုက်ခဲ့ မြန်မာအစိုးရကို ပြန် လည် တော်လှန်တိုက်ခိုက်ခဲ့သည်

ရလလဖ ဥကဌ ခွန်ချစ်မောင်ဦးဆောင်သောအဖွဲသည် ဇူလိုင်လအတွင်းတွင် စစ်အစိုးရထံ လက်နက် ချသွားခဲ့ပီး ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မိုနယ် နောင်ထော်ရှိ ဌာနချုပ်စခန်းကို နာယက အဖွဲက ဆက် လက် ဦးဆောင်ခဲ့သည်

Nay Win Tun: Burma's Gem Stone Tycoon

By Wai Moe
October 31, 2007

Burma’s gem stone industry, one of the largest in the world, is now dominated by Nay Win Tun, who controls Burma’s largest gem trading business.

The CEO of Ruby Dragon Jade & Gems Co Ltd is a young businessman in his early 40s. He is believed to be among the Top 10 richest persons in Burma.

His company donated a massive slab of jade, weighing more than 3,000 tons, to the ruling junta in the early 2,000s. The high quality jade was more than 70-feet long by 20-feet high by 16-feet wide.

Nay Win Tun is the right hand man of Aung Kham Hti, the leader of the Pa-O ethnic ceasefire group, and is also an executive of the Pa-O National Peace Group and Jade Dragon (Gems) Co Ltd, the parent company of Ruby Dragon Jade & Gems Co Ltd.

He manages ruby and jade mines located in Pha Kant and Tawmaw in KachinState; Khamti in Sagaing Division; Mogok in Mandalay Division; and Mongshu in Shan State.

The family members of high ranking Burmese army generals are believed to be shareholders of Ruby Dragon Jade & Gems Co Ltd, according to business sources.

Nay Win Tun also owns businesses in neighboring countries such as Thailand, Singapore and China.
He operates luxury hotels in several of Burma’s beach resorts and in Pha Kant, a popular town for jade trading in Kachin State.

The New Light of Myanmar, the state-run newspaper, reported on March 9, 2007, that Lt-Gen Myint Swe of the Ministry of Defence attended the opening ceremony of the Royal Ruby Jade Hotel Resort and Spa in Rangoon, owned by Nay Win Tun.

Nay Win Tun owns homes on fashionable Than Lwin Street (Windermere) and in Golden Valley in Rangoon. His business office is on Pyay Road in Rangoon.

Rangoon is also the site of a large gem factory and a large commercial gem complex owned by Ruby Dragon & Gems Co Ltd.

Poisoned Waters (Inle Lake, Shan State)

The Irrawaddy
(print cover story)
By Kyi Wai/Inle Lake, Shan State
September 1, 2007

Chemical pollution and silt are killing Burma’s beautiful Inle Lake

Lay Phoo heads for home at the end of a long day’s fishing in the murky waters of Burma’s Inle Lake, with less than two kilograms of fish in the bottom of his boat. It’s a meager catch, yet Lay Phoo is satisfied—the day before, he caught nothing at all.

လွယ်လင်လေးကျေးရွာတွင် တစ်ဦးလျှင် ကြက်ဆူပင် ၁၂၀၀ ဒကစ အတင်းစိုက်ခိုင်း

သြဂုတ်လ ၇ ရက်၊ ၂၀၀၇ ခုနှစ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့ အခြေစိုက် ဒကစမှူး ညွန့်တင်မှ လွိုင်လင်လေး ကျေးရွာအုပ်စု အတွင်းရှိ အိမ်ထောင်စုတိုင်းတွင် တစ်ဦးလျှင် ကြက်ဆူပင် အပင်-၁၂၀၀ စိုက်ရမည် ဖြစ်ကြောင်း အမိန့် ထုတ်ပြန်လိုက်သည်ဟု ပြည်တွင်းသတင်း ပေးပို့ချက်အရ သိရသည်။
ယခုလို ဒကစမှူးက ကြက်ဆူပင်များကို မစိုက်မနေရ အတင်းစိုက်ခိုင်းသည့် အတွက် ရွာသားများ ကိုယ်တိုင် ကြက်ဆူပင်များကို သွားရောက် ရှာဖွေယူရပြီး ကိုယ့်ခြံဝင်းအတွင်း ပြန်လည် စိုက်ပျိုးရပါသည်။ အမိန့် ထုတ်ပြန်ချက်ထဲတွင် မွေးကင်းစ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှလွှဲ၍ ကျန်သူအားလုံး မစိုက်မနေရ အမိန့် ထုတ်ထားသည်ဟု သတင်းရရှိထားသည့် ကရင်နီ လူမှုဖူလုံရေးနှင့် ဖွင့်ဖြိုးရေးပင်မ အဖွဲ့ဝင် တဦးက ပြောပြသည်။

“လွယ်လင်လေး ကျေးရွာအုပ်စုမှာ လူတစ်ယောက် ကြက်ဆူပင်-၁၂၀၀ စိုက်ရမယ် သူပြောတယ်နော၊ အဲဒီမှာ ချွင်းချက်ပေးတာက ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ချွင်းချက်ပေးတယ်၊ ကျန်တာ လုံးဝ မစိုက်မနေရလို့ အမိန့် ထုတ်ပြန်ခဲ့တယ်” ဟု ပြောသည်။

လွယ်လင်လေး ကျေးရွာအုပ်စုတွင် ပါဝင်သည့် ကျေးရွာများမှာ လွယ်လင်၊ ခုတ်လော၊ ကော်တနော၊ နောင်လုံ၊ အိုင်စိုင်း၊ ပိန်းချစ်၊ နန်းကစ်၊ အော့စနန်း၊ ပိုးဒေညား၊ ကျော်ကြီး၊ တောင်ဥ၊ ကုန်းစွတ်နှင့် နန်းဟူးစသည့် ကျေးရွာများ ဖြစ်သည်။

အချို့ရွာသားများလည်း ကြက်ဆူပင်များကို တနိုင်စိုက်ပျိုးခြံခင်းနှင့် တောင်ယာဘေးတွင် စိုက်ပျိုးနေရသလို ထိုသို့ ကြက်ဆူပင်များကိုသာ စိုက်ပျိုးနေရခြင်းကြောင့် ရွာသားများမှာ ၎င်းတို့စါးဝတ်နေရေး အတွက် လုပ်ကိုင်စားသောက်ရန် များစွာ အခက်ကြုံတွေ့ နေရသည်ဟု ပြောသည်။

ယမန်နှစ်မှစ၍ ကယားပြည်နယ်နှင့် ထိစပ်လျက်ရှိသည့် ရှမ်းပြည်တောင်ပိုင်းတွင် တည်ရှိသော မောက်မယ်၊ ဖယ်ခုံ၊ ဆီဆိုင်ဒေသများနှင့် နယ်ဖက် ကျေးရွာဒေသများတွင်လည်း စစ်အစိုးရက ရွှေကြက်ဆူမြို့တော် အဖြစ် သတ်မှတ်ထားပြီး မြေကွက်လပ်ရှိသည့် နေရာတိုင်းတွင် ကြက်ဆူပင်များ စိုက်ပျိုးကြရသည်။

အင်းလေးဒေသ သစ် ၀ါး ဈေးကြီး

ကြည်ဝေ | သြဂုတ် ၈၊ ၂၀၀၇

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်တွင်းရှိ အင်းလေးဒေသတွင် သစ်နှင့် ၀ါးဈေးများ အဆမတန်မြင့်တက်လာသည့် အတွက် ဒေသခံများ အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

အင်းလေးကန်တွင်းရှိကျေးရွာ ၆၄ ရွာသည် ကျွန်းမျောများပေါ်တွင် စိုက်ခင်းများပြုလုပ်လျက်ရှိကြပြီး ကန်ရေပြင်တွင် ထိုကျွန်းမျောများ ရွေ့လျားသွားခြင်းမရှိရန် ၀ါးလုံးများကို ကန်အောက်ခြေထိ ထိုးစိုက်ထားရခြင်း၊ စိုက်ခင်းများတွင်လည်း
ဝါးတိုင်များကို အသုံးပြုရခြင်းအပြင် အင်းသားအများစုသည် ၀ါးဖြင့်ဆောက်သော အိမ်များတွင် နေထိုင်ကြရသူများဖြစ် သည့်အတွက် မရှိမဖြစ် အရေးကြီးသည့် ၀ါးဈေး ယခုကဲ့သို့ တက်လာသောကြောင့် အခက်အခဲဖြစ်ကြရသည်ဟု ဒေသခံ များက ပြောသည်။

ဝါးအိမ်တအိမ်၏ သက်တမ်းမှာ ယင်းဒေသတွင် အနည်းဆုံး ၂ နှစ်မှ အများဆုံး ၄ နှစ်ထိသာခံသည်ဟု သိရသည်။

၂၀၀၆ ခုနှစ်အတွင်းက ၀ါးတလုံးလျှင် ကျပ် ၈၀၀ ဈေးမှ အများဆုံး ၁၀၀၀ ကျပ်ဈေးထိ ပေါက်ဈေးရှိခဲ့ပြီး ၂၀၀၇ နှစ်ဆန်း ပိုင်းတွင် ၀ါးဈေး ကျပ် ၁၅၀၀ ခန့်မှ စတင်တက်လာခဲ့ရာ ၂၀၀၇ ဇူလိုင်လတွင် ၀ါးဈေးမှာ တလုံးလျှင် ၂၅၀၀ ကျပ် ဈေးအထိရှိနေသည်ဟု ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်းရှိ နမ့်ပန်ဈေးတွင် ၀ါးရောင်းသူတဦးက ဆိုသည်။

“မနှစ်ကကတည်းက အိမ်ပြင်ဆောက်ရတော့မှာ မနှစ်ကဆောက်မယ်ဆိုရင်ကျပ် ၂ သိန်းလောက်ကုန်မယ်ဆိုလို့ ငွေမနိုင်လို့ စောင့်နေတာ၊ ဒီနှစ်တော့ ပိုဆိုးသွားပြီ ခုနစ်သိန်းလောက်ကုန်မယ်ဆိုတော့ မဆောက်နိုင်တော့ဘူး”ဟု အင်းလေးကန်ထဲရှိ ရွာမကျေးရွာနေ တံငါသည်တဦးက ဆိုသည်။

ဝါးအိမ် တအိမ်ဆောက်လျှင် ၀ါးအလုံးရေ အလုံး ၂၀၀ နှင့် အထက် အသုံးပြုရပြီး အမိုးအတွက်လည်း သစ်အနည်းငယ်နှင့် သက်ငယ်ဖိုးကုန်ကျသည်ဟု သိရသည်။

အင်းလေးဒေသတွင် ခေါင်တိုင်ရွာမှထွက်သည့်ဝါးများကို အားထား၍သုံးနေကြရာ ယင်းခေါင်တိုင်ရွာမှ ၀ါးအထွက်နည်းလာ သောကြောင့် ၀ါးရှားပါးလာပြီး ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်သည်ဟု နမ့်ပန်ဈေးမှ ၀ါးကုန်သည်က ပြောပြသည်။

“အခုဆိုရင် ဈေးတက်လို့ စိုက်ခင်းတွေမှာ ၀ါးကို လျှော့သုံးလာကြတယ်၊ အဲဒါ ရေရှည်အတွက်တော့ မကောင်းဘူး”ဟုလည်း ၎င်းက ပြောသည်။

ခေါင်တိုင်ရွာမှ ၀ါးထွက်နှုန်းသည်ကျဆင်းလျက်ရှိပြီး မနှစ်ကထက် ယခုနှစ်တွင် သုံးပုံ ၁ ပုံခန့် ကျဆင်းခဲ့သည်ဟု အထက်ပါ ကုန်သည်က ဆိုသည်။

ထို့အပြင် အင်းလေးဒေသတွင် လှေဆောက်လုပ်ရာ၌ အသုံးပြုရသော ကျွန်းသစ်ဈေးမှာလည်း ယခုနှစ်တွင် တတန်လျှင် ကျပ် ၇သိန်း ၀န်းကျင်ဈေး ရှိပြီး မနှစ်က ပေါက်ဈေးမှာ ကျပ် ၄ သိန်းဝန်းကျင်ရှိကြောင်း သိရသည်။

ကျွန်းကို ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့မှ ၀ယ်ယူရခြင်းဖြစ်သောကြောင့် နှစ်စဉ် လိုသလောက် မရဟုလည်း ဒေသခံများက ပြောသည်။

လက်နက်တွေ အပ်နှံပြီး ဒေသဖွံ့ဖြိုးရေးလုပ်မည်ဟု ရလလဖ ပြော

တောင်ကြီးတိုင်း(မ်)

သြဂုတ်လ ၂ ရက်၊ ၂၀၀၇ ခုနှစ်။

မြန်မာစစ်အစိုးရထံ ဇူလိုင်လ ၂၆ရက်နေ့တွင် လက်နက်အပြီးအပိုင် ချလိုက်လိုက်သော ဗိုလ်မှူး ချစ်မောင် ဦးဆောင်သည့် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ဒေသဖွံ့ဖြိုးအတွက်သာ အဓိက လုပ်ဆောင်သွားမည်ဟု ပြောသည်။

မြန်မာစစ်အုပ်စုကို နှစ်လေးဆယ်ကျော်ကြာ လက်နက်ကိုင်တော်လှန်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် ၁၃ နှစ်ကြာ ကျိုးပမ်းလာခဲ့သည့် ရလလဖ အဖွဲ့သည် ဇူလိုင်လ၂၆ ရက် နေ့တွင် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဘန်းယဉ်စံပြကျေးရွာရှိ အားကစားကွင်းတွင် မြန်မာစစ်အစိုးရထံ လက်နက်များ အပြီးပိုင်စွန့်လွှတ်၍ အပ်နှံလိုက်သည်။

ရလလဖ ဥက္ကဌ ဦးချစ်မောင်ဦးဆောင်သည့် အဖွဲ့က အင်အား ၁၃၇ ဦး၊ လက်နက်ခဲယမ်းမျိုးစုံ ၁၂၀ကျော်ကို ရှမ်းပြည်နယ် အရှေ့ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးထံ အပ်နှံလိုက်သည်။

လက်နက်အပ်နှံပွဲအခမ်းအနားကို တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးက ဂုဏ်ပြုစကား ပြောကြား ခဲ့သည်။

ဥက္ကဌ ခွန်ချစ်မောင်က လက်နက်အပ်နှံပွဲ အခမ်းအနားတွင် “ကျနော်တို့ ရှမ်းပြည်နယ်မှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးတွေ ဖွံ့ဖြိုးတိုးတက်အောင် နေ့ချင်းညချင်း အရှိန်အဟုန်နဲ့ ဆောင်ရွက်ပေးနေတာ တွေကို တွေ့နေရတဲ့အတွက် ကျနော်အနေနဲ့ လက်နက်ကိုင်ထားတဲ့ လမ်းစဉ်အပေါ် ပြန်လည် သုံးသပ်မိတော ကြာပြီဖြစ်ပါတယ်။ ဒီကနေ့ နိုင်ငံတော်က ကျင်းပနေတဲ့ အမျိုးသားညီလာခံက ရေးဆွဲနေတဲ့ အခြေခံမူများဟာလဲ တချိန်က ကျနော်တို့ လိုချင်တောင့်ခဲ့တဲ့ လူမျိုး၊ ဘာသာ မခွဲခြားဘဲ ကွာဟမှုအနည်းဆုံး အခွင့်အရေးရရှိကြမှာ ဖြစ်တဲ့ အတွက် နိုင်ငံတော်အစိုးရဲ့ လုပ်ရပ်တွေ၊ စေတနာတွေအပေါ် ကျနော့်အနေနဲ့ သံသယမရှိ အကြွင်းမဲ့ ယုံကြည် လာခဲ့ပြီဖြစ်ပါတယ်။” ဟု ပြောသည်၊

လက်နက်ကိုင်စွဲခြင်းအားဖြင့် ပြည်သူတွေရဲ့ အကျိုးကို အမှန်တကယ်မသယ်ပိုးနိုင်တာမဟုတ် ဟု ရလလဖ အမှတ် (၉၄၃) တပ်ရင်း တပ်ရင်းမှူး ဦးချစ်အောင်က အခမ်းအနားတွင် ပြောသည်။

“ဒီလက်နက်တွေနဲ့ ပြည်သူတွေကို စိုးရွံ့ကြောက်လန့်စိတ်တွေ ဖြစ်ပေါ်စေပြီး ပြည်သူတွေထဲက ကောက်ခံရရှိတဲ့ ဆက်ကြေး၊ အခွန်အခတွေနဲ့ ကျနော်တို့ ရပ်တည်နေကြတာကြောင့် ပြည်သူလူထုအပေါ် ၀န်ထုပ်ဝန်ပိုး ဒုက္ခတွေ မဖြစ်အောင် သာမန်လူသားဘ၀အဖြစ် ရိုးရိုးသားသား ဖြူဖြူစင်စင် စိတ်ထားနှင့် ပြည်သူများနှင့်အတူ လက်တွဲပြီး ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မယ်လို့ ဆုံးဖြတ်လိုက်ပါပြီ။” ဟု တပ်ရင်းမှူး ဦးချစ်အောင်က ပြောသည်။

မြန်မာစစ်အစိုးရက အကြပ်ကိုင်ဖိအားပေးမှု တစုံတရာမရှိပဲ ယုံကြည်စွာဖြင့် လက်နက်အပ်နှံပြီး ဒေသဖွံ့ဖြိုးရေး အတွက် ရလလဖ အမည်ဖြင့်သာ ဆက်လက်လုပ်ဆောင်သွားမည်ဟု စစ်ဦးစီးဌာနမှ တာဝန်ရှိသူ ဦးမောင်မောင်ညွန့်က ပြောသည်၊

“ကျနော်တို့ကတော့ နိုင်ငံတော်အပေါ်မှာပဲ ယုံယုံကြည်ကြည်နဲ့ကို လုပ်လိုက်တာပါခင်ဗျား။ ဒါက နိုင်ငံတော်က ကျနော်တို့ကို အကြပ်ကိုင်ပြီးတော့ လုပ်တာလည်း မဟုတ်ပါဘူးခင်ဗျား။ အခုကတော့ ဒီ ရလလဖ ဒေသမှာပဲ ပြန်ပြီးတော့ ဒေသဖွံ့ဖြိုးရေးတွေ၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးအားလုံးပေါ့ဗျာ ကျနော်တို့ ဒေသဖွံ့ဖြိုးရေး အတွက်ကို ကျနော်တို့ဒေသကို ပြန်လုပ်ဖို့အတွက် နိုင်ငံတော်ကလည်း ကျနော်တို့ကို အကူအညီတွေ ပေးမှာပါ ခင်ဗျား၊ ကျနော်တို့ ရလလဖ ဒေသမှာပဲ ပြန်ပြီး အခြေစိုက်မှာပါ ခင်ဗျား။ ကျနော်တို့အဖွဲ့က ရလလဖ ပါပဲခင်ဗျား။ ကျနော်တို့ ရလလဖ ဆိုတာ ဦးချစ်မောင်ကလည်း ရလလဖ ဥက္ကဌ လက်ရှိအခြေအနေကလည်း ရလလဖ ဥက္ကဖြစ်နေပါတယ်ခင်ဗျား။ ”

ယခုလ ၄ ရက်နေဏ္ဍတွင် ရလလဖ ဌာနချုပ်ဖြစ်သည့် နောင်ထောဝ်စခမ်းတွင် နာယကအဖွဲ့က အစည်းအဝေးခေါ်ပြီး ခွန်ချစ်မောင်အား ဥက္ကဌ ရာထူးကို ပြန်လည်လွဲအပ်ပေးရန် တောင်းဆိုခဲ့ရာ ယင်းညမှာပင် ခွန်ချစ်မောင်နှင့် နောက်လိုက်အဖွဲ့က ဌာနချုပ်စခန်းမှ တိတ်တဆိတ်ထွက်ခွါလာရာ နာယကအဖွဲ့၏ ရဲဘော်များနှင့် တိုက်ပွဲငယ်ဖြစ်ပွားခဲ့သေးသည်။

ဇူလိုင်လ ၈ ရက်နေ့တွင် ဦးအောင်ခမ်းထီ ဦးဆောင်သည့် ပအိုဝ်းအမျိုးသားအဖွဲ့၏ အောင်ဆုဗွေစခန်းတွင် ဦးချစ်မောင်တို့အဖွဲ့အား ရပခ ကာကွယ်ရေးဝန်ြကီးဌာန ဒုတိယ ဗိုလ်ချုပ်ကျော်ဝင်းက လက်ခံကြိုခဲ့သည်။

ဦးချစ်မောင်တို့ လက်နက်အပ်နှံလိုက်သည့်အပေါ် နှင့် ဗဟိုဌာနချုပ်တွင် ကျန်နေသော အဖွဲ့များအပေါ် ဗိုလ်မှူးကြီးခွန်သူရိန်က ယခုလို သုံးသပ်သည်။

“ကျန်ရှိနေတဲ့ အဖွဲ့ကတော့ သူ့ရဲ့အစဉ်အလာကို သူကနေပြီးတော့မှ ဥပဒေဘောင်အရ ထိန်းထိန်းသိမ်းသိမ်းရှိဦးမယ်လို့ပဲ ကျနော်တို့ ဒီလိုပဲ ယုံကြည်ပါတယ်။ ဟိုးမှာ လက်နက်အပ်သွားတဲ့ အဖွဲ့ကတော့ သူ့ရဲ့ဇာတ်လမ်းဟာ ပြီးသလောက်ဖြစ်သွားပြီလို့ပဲ ကျနော်တို့ ယုံကြည်ပါတယ်ဗျ။ နောက် ကျနော်တို့ကျတော့ ကျနော်တို့ လုပ်စရာရှိတဲ့ အလုပ်ကို ကျနော်တို့ ဆက်လုပ်သွားမယ်လို့ပဲ ကျနော်တို့ ဒီလိုပဲ ဆုံးဖြတ်ထားတယ်။ အဲတော့ ကျန်ရှိနေတဲ့ ဟိုးအဖွဲ့ကျတော့ တဖြည်းဖြည်းချင်းနဲ့ ကျနော်တို့ နားလည်မှုတွေ ရှိလာလိမ့်မယ်လို့ပဲ ကျနော်တို့ ယုံကြည်ထားပါတယ်ခင်ဗျား။”

လွန်ခဲ့သည့် လက တောပြန်ခိုလာသည့် ရလလဖ ဒုက္ကဌ ဗိုလ်မှူးကြီး ခွန်ထိဆောင်၊ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်တို့ ဦးဆောင်သည့်အဖွဲ့ကမူ စစ်ရေး၊ နိုင်ငံရေးနှင့် လူမျိုးဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍများကို တိုးချဲ့လုပ်ဆောင်သွားမည်ဟု စစ်အစိုးရကို ဆန့်ကျင်တော်လှန်နေသည့် ပအိုဝ်းပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ နှင့်အတူ ယခုရက်ပိုင်းအတွင်းတွင် ကြေညာခဲ့သည်။

လက်ရှိ ရလလဖ ဗဟိုဌာနချုပ်ဖြစ်သည့် နောင်ထောင်ဝ်တွင် နာယက အဖွဲ့များဖြစ်သည့် ဦးစိန်ရွှေ၊ စောဖားမူတို့က ဦးဆောင်ကာ အင်အား ၂၀၀ခနှ်ု ဖြင့် ဆက်လက်ထိန်းချုပ်နေဆဲဖြစ်သည်။

ရလလဖခွဲထွက် ဦးချစ်မောင် လက်နက်ချခြင်းကို အပစ်အခတ်ရပ်အဖွဲ့များ သတိပြုသင့်

ကျော်ထင် (ထိုင်း) / ၂၇ ဇူလိုင် ၂၀၀၇
ခေတ်ပြိုင်

ယမန်နေ့က စစ်အစိုးရထံတွင် တရားဝင်လက်နက် ချသွားသော ဦးချစ်မောင်ခေါင်းဆောင်သည့် ရှမ်းပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ခွဲထွက်အဖွဲ့၏ သင်ခန်းစာကို ညီလာခံတက်ရောက်နေ
သည့် အပစ်အခတ်ရပ်စဲရေးအဖွဲ့များ အထူး သတိပြုသင့် ကြောင်း ထိုင်း-မြန်မာနယ်စပ်မှ ရလလဖ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်သူရိန်က “ညီလာခံကို ထောက်ခံလို့ မပြီးခင်မှာဘဲ လက်နက်တွေ အပ်တယ်။ သူတို့ရဲ့စေတနာကို နားလည်သဘောပေါက်လာလို့ဆိုတာမျိုးပေါ့။ ဒါကြောင့် ကျန်တဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေ သတိထားသင့်တာက ညီလာခံ မပြီးခင်မှာတောင်မှ လက်နက်ချဖို့ကို နည်းအမျိုးမျိုးနဲ့ လုပ်နေပြီဆိုတော့ ပြီးသွားရင် ဒီကိစ္စက မလွှဲမသွေ ဆောင်ရွက်တော့မှာဖြစ်ပါတယ်။ တကယ်တမ်း ဒီမိုကရေစီ အစစ်ကိုလိုချင်ရင် ဒီလို အတုအယောင်ညီလာခံထဲ မျက်စိမှား၊ လမ်းမှားမသွားဘဲနဲ့ လုပ်ဆောင်သွားဖို့လိုပါတယ်” ဟု ပြောသည်။

ယမန်နေ့နံနက်ပိုင်းက ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်စံပြကျေးရွာတွင် ဥက္ကဋ္ဌ ဦးချစ်မောင် ခေါင်းဆောင် သော ရလလဖတပ်ဖွဲ့ဝင် (၁၃၇) ဦးသည် လက်နက်ခဲယမ်းများကို နအဖထံအပြီးအပိုင်လွှဲအပ်
ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ယခုလ (၄) ရက်၌ နောင်ထော်ဌာနချုပ်ရှိ အခြားခေါင်းဆောင်များက ဥက္ကဋ္ဌ ဦးချစ်မောင်အား ကိုယ်ကျိုးစီးပွားကိစ္စများကြောင့် ၎င်း၏တာဝန်ကို လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။
ဦးချစ်မောင်က သဘောတူခဲ့ပြီးနောက် ယင်းနေ့ညနေပိုင်းတွင် သားဖြစ်သူ အမှတ် (၉၄၃)
တပ်ရင်းမှူး ဦးချစ်အောင်အပါအ၀င် နောက်လိုက်အချို့နှင့်အတူ ဌာနချုပ်မှထွက်သွားရာ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ဆီဆိုင်အခြေစိုက် ခမရ (၄၂၃) နှင့် (၄၂၄) တွင် ခိုလှုံခဲ့သည်။

“အမှန်တကယ်လက်နက်ချတာက ဒီလ (၅) ရက်နေ့ကဖြစ်ပါတယ်။ ဦးချစ်မောင်နဲ့ပါသွားတာ တကယ့်တပ်ဖွဲ့ဝင် အစစ်အမှန်က (၃၀) ထက်မကျော်ဘူးလို့ ကျနော်တို့သိရတယ်။ အင်အား
(၁၀၀) ကျော်ဆိုတာက သူနဲ့နီးစပ်တဲ့ သူတွေကို ဆွဲထုတ်ပြတဲ့သဘောပါပဲ” ဟု ဗိုလ်မှူးကြီး
ခွန်သူရိန်က ပြောသည်။

နောင်ထော်တွင် ဥက္ကဋ္ဌဟောင်းတာကလယ်နှင့် ဒု-ဥက္ကဋ္ဌ စောဖာမူးနှင့် အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုးအောင်လွင်တို့ဦးစီးသော တပ်ဖွဲ့ဝင်(၂၀၀) နီးပါးခန့် ကျန်ရှိနေသေးသည်။

“အခုလက်နက်ချတာဟာ ဦးချစ်မောင်တဦးတည်း သဘောနဲ့ လုပ်လိုက်တာဖြစ်တယ်။ ဟိုမှာ
ကျန်နေတဲ့ ရလလဖရဲ့ သဘောထားဆန္ဒ လုံးဝမပါဘူး။ အခုသူလုပ်လိုက်တဲ့ပုံစံက ရလလဖ တခုလုံးအနေနဲ့ လက်နက်ချတဲ့ဟာလိုဖြစ်နေတယ်။ နအဖအကြိုက်ပေါ့။ အခုနောင်ထော်မှာရှိတဲ့ ခေါင်းဆောင်တွေက စစ်အစိုးရနဲ့ ၁၉၉၄ ခု အပစ်အခတ် ရပ်စဲကတည်းက လက်မှတ်ရေးထိုးခဲ့တဲ့ သူတွေပါ” ဟု ၎င်းက ပြောသည်။

စစ်အစိုးရသည် အပြီးအပိုင်လက်နက်ချ အဖွဲ့များအား ဒေသခံရဲ၊ ပြည်သူ့စစ်နှင့် သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့ စသည့် အမည်အမျိုးမျိုနှင့်ဖွဲ့စည်းထားပြီး လက်နက်ငယ်အချို့ကို ပြန်လည် ကိုင်ဆောင်ခွင့်ပေးထားသည်။

၁၉၉၄ ခုက အပစ်အခတ်ရပ်စဲခဲ့သော ရလလဖအဖွဲ့သည် လက်ရှိတွင် ဦးချစ်မောင်၏ လက်နက်ချ
အဖွဲ့၊ နောင်ထော်ဌာနချုပ်အဖွဲ့နှင့် ထိုင်း-မြန်မာနယ်စပ်ရောက် အဖွဲ့ဟူ၍ ကွဲပြားလျက်ရှိသည်။ ။

လက်နက်ကိုင်တိုက်ပွဲကို အဓိကထားရန် ပအိုဝ်းအဖွဲ့နှစ်ဖွဲ့ သဘောတူ

ခွန်အောင်မြတ်။ ဇူလိုင်လ ၂၆ ရက်၊ ၂၀၀၇ ခုနှစ်။
Network Media Group

ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ပီပီအယ်လ်အို)နှင့် ယခင်လက တောပြန်ခိုလာသည့် ပအိုဝ်းနီ ခေါ် ရှမ်း ပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)အဖွဲ့ တို့သည် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ ကြပြီး လက်နက်ကိုင်တိုက်ပွဲကို အဓိကထားကာ အမျိုးသား ရေးအတွက် လူထုတိုက်ပွဲ၊ သံတမန်ရေး တိုက်ပွဲ တို့ဖြင့် ပူးတွဲ တိုက်ပွဲဝင်သွားမည်ဟု ကြေညာချက်ထုတ်ပြန်သည်။

“ပအိုဝ်း ပြည်သူလူထုတွေကနေပြီးတော့ မခံမရပ်နိုင် ဖြစ်ပြီးတော့ ဆူပူအုံကြွလာပြီးတော့ သို့တည်းမ ဟုတ် စီးပွားရေးကြောင့် အကြောင်းကြောင်းကြောင့် ဒီလူထုတွေအနေနဲ့ကလည်း မိမိတို့ရဲ့ အမျိုး သားအခွင့်အရေးကို တောင်းဆိုလာမယ်ဆိုရင် လူထုတိုက်ပွဲဆိုတဲ့ လှုပ်ရှားမှု တွေနဲ့ ပေါင်းစပ်နိုင် တယ်။ နောက်ပြီးတော့ သံတမန်တိုက်ပွဲလို့ ခေါ်တဲ့ ဒီအိမ်နီးနားချင်း နိုင်ငံတွေ၊ နိုင်ငံတကာ အင်အား စုတွေ ကုလသမဂ္ဂအပါအ၀င် အဲဒီက ဖိအားတွေ ရရှိဖို့အတွက် လည်း ကျနော်တို့ ပအိုဝ်းအဖွဲ့အစည်း တွေနေနဲ့ မိမိတို့ရဲ့ တိုင်းရင်းသားအခြေအနေတွေကို တင်ပြပြီးတော့ ဖိအားတွေ ရရှိဖို့အတွက်လည်း ဆောင်ရွက်သွားနိုင်တယ်။” ဟု ပီပီအယ်လ်အို၏ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

နှစ်ဖွဲ့ပူးပေါင်းထုတ်ပြန်သောကြေညာချက်တွင် နအဖ ကျင်းပနေသည့် အမျိုးသားညီလာခံကို လုံးဝဆန့်ကျင်ပြီး ထွက်ပေါ်လာမည့် ရလဒ်များကို အသိအမှတ်မပြုရန်နှင့် ပအိုဝ်းအမျိုးသား စည်းလုံးညီညွှတ်ရေး၊ နိုင်ငံရေး မြှင့် တင်ရေး၊ လူမျိုး၏ အမျိုးသား လက္ခဏာနှင့် အမျိုးသား ဂုဏ်သိက္ခာကို ထပ်ဆင့်မြှင့်တင်နိုင်ရေး စသည့် လုပ်ငန်း များ ပူးပေါင်းလုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြောင်း ဖော်ပြထားသည်။

ပအိုဝ်းအမျိုးသားအဖွဲ့နှစ်ဖွဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ယခုလို ဆက်လက်ပြောသည်။

“ရေရှည်အတွက်ကတော့ ဒီနေ့ဟာ ပထမအကြိမ် အပြန်အလှန် ရင်းရင်းနှီးနှီး ဖလှယ်ကြတယ်ဆို တော့ အဖွင့်မိတ်ဆက်သဘောမျိုးဖြစ်ပြီးတော့ ဆက်လက်ဆွေးနွေးသွား ဖို့တော့ရှိတယ်ခင်ဗျား။ အခါ အားလျှော်စွာ တွေ့ဆုံ ဆွေးနွေး ဆက်လက်ဆွေးနွေးသွား ပြီးတော့ ဒီလုပ်ငန်းအသေးစိပ်တွေ ချမှတ် သွားဖို့ ဆိုပြီးတော့ အဲလိုတော့ အကြမ်းဖျင်း လျာထားတာတော့ ရှိတယ်ခင်ဗျ။”

ရလလဖနှင့် ပီပီအယ်လ်အိုသည် အနာဂတ်တွင် ပအိုဝ်းနိုင်ငံရေးအင်အားစုများ ပူးပေါင်းပါဝင်မည့် စစ်ရေး၊ နိုင်ငံ ရေးအရ အင်အားကြီးသော ပအိုဝ်းအမျိုးသားအဖွဲ့တဖွဲ့ ပေါ်ပေါက်လာရန် ရည်မှန်းထားသည်ဟု ရလလဖ၏ အ ထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

“ကျနော်တို့ SNPLO (ရလလဖ) ဆိုတာက ယာယီဆိုတဲ့ဟာထက် အခြေအနေတခုကို ကြည့်ပြီး တော့မှ ကျနော်တို့ ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။ နောက်ထပ်ပြီးတော့မှ ကျနော်တို့ရဲ့ အခု အခြေ အနေထက် ပိုမိုပြီးတော့မှ ကျယ်ပြန့်တဲ့ဟာကိုပဲ ပိုမိုပြီးတော့မှ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲဒီ ပိုမိုပြီးတော့မှ ကျယ်ပြန့်အောင်ဆိုတာက ပြောရမယ်ဆိုရင် အခု ပီပီအယ်လ်အို ရော နောက်ပြီးတော့ ကျနော်တို့ရဲ့ SNPLO (ရလလဖ) ရော ဆိုတာက ဒါဟာ တဖွဲ့ချင်းရဲ့ အနေအထားပဲ ဖြစ်ပါတယ်။ နောက်နောင်ဆိုရင်တော့ ဒီတဖွဲ့ချင်း အနေအထားထက် ပိုမိုပြီးတော့မှ ကြီးမားတဲ့ဟာကို လုပ်ဆောင် သွားမယ်ဆိုတဲ့ဟာပဲ ဖြစ်ပါတယ်။”

ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့သည် ဦးအောင်ခမ်းထီ ဦးဆောင်သည့် ပအိုဝ်းဖြူ ခေါ် ပအိုဝ်းအမျိုးသား တပ်မတော်က မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးရာတွင် လိုက်ပါမသွားပဲ မြန်မာစစ်အစိုးရကို ဆက်လက် တော်လှန်နေသည့် အဖွဲ့ဖြစ်သည်။

ပအိုဝ်းနီခေါ် ရလလဖ အဖွဲ့သည် မြန်မာစစ်အစိုးရနှင့် ၁၃ နှစ်ကြာ အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့ပြီး နိုင်ငံရေး နည်းအရ တွေ့ဆုံဆွေးနွေးရန် အခြေအနေ မပေးသည့်အပြင် လက်နက်ချရန် ဖိအားပေးခံရသည့်အတွက် ဗိုလ်မှူးကြီး ခွန်ထိဆောင်၊ ဗိုလ်မှူးကြီး ခွန်သူရိန်တို့ဦးဆောင်သော လက်နက်အင်အား ၁၀၀ ကျော်သည် ဗဟိုမှ ခွဲထွက်ကာ တောပြန်ခိုလာခဲ့သည်။

ယခုလလည်က ရှမ်းပြည်တပ်မတော် တောင်ပိုင်းသည် ရလလဖနှင့် တဖွဲ့တည်းအဖြစ် ပူးပေါင်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။

ပအိုဝ်း နိုင်ငံရေးအဖွဲ့နှင့်လက်နက်ကိုင်အဖွဲ့တို့ ပူးတွဲတိုက်ပွဲဝင်သွားမည်

ကျော်ထင် (ထိုင်း) / ၂၆ ဇူလိုင် ၂၀၀၇
ခေတ်ပြိုင်

မကြာသေးခင်က ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည်ရောက်ရှိလာသော ပအိုဝ်းလက်နက်ကိုင်အဖွဲ့ ဖြစ်သည့် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) နှင့် နယ်စပ်အခြေစိုက် ပအိုဝ်းနိုင်ငံရေးအဖွဲ့အစည်းတခုဖြစ်သည့် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (PPLO) တို့ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်သည်။

ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် အဓိကနိုင်ငံရေးရည်မှန်းချက်သည် စစ်အာဏာရှင် စနစ် ဖျက်သိမ်းရေးဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲသဏ္ဌာန်ကို အဓိကထားကာ အခြားနည်း လမ်းပေါင်းစုံဖြင့်ပါ ပေါင်းစပ်တိုက်ပွဲဝင်သွားရန် သဘောတူဆုံးဖြတ်ကြောင်း ပါရှိသည်။

PPLO ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက “ရလလဖဟာ နယ်စပ်မှာ ပအိုဝ်းလက်နက်ကိုင်တပ်တွေ လုံးဝမရှိတဲ့ အခြေအနေကို ကွက်လပ်လာဖြည့်တဲ့သဘောဖြစ်တယ်။ တချိန်တည်းမှာ မဟာမိတ်နဲ့ နိုင်ငံတကာအပိုင်းမှာ ပအိုဝ်းအမျိုးသားအလံကိုင်ပြီး လုပ်နေတာက PPLO ဖြစ်နေတယ်။ ဆိုတော့ နိုင်ငံရေးလှုပ်ရှားမှုနဲ့ အခု စစ်ရေးပေါင်းစပ်မှု ပေါ်လာလို့ရှိရင်တော့ ဟန်ချက်ညီညီလုပ်နိုင်ပြီး ထိန်းချုပ်နယ်၊ စည်းရုံးရေးနယ်မြေတချို့ကို ပြန်လည်ဖော်ထုတ်နိုင်မယ်လို့ယူဆတယ်” ဟု ပြောသည်။

တဖွဲ့တည်းပေါင်းစည်းရန် PPLO ဘက်မှ လမ်းဖွင့်ထားသော်လည်း ရလလဖအနေဖြင့် ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးဟု ဒေသကိုအခြေခံသော အမည်ကြောင့်လည်းကောင်း၊ ဌာနချုပ်ဖြစ်သော နောင်ထော်တွင် ဖြစ်ပေါ်နေသော အခြေအနေများကြောင့်လည်းကောင်း အချိန်ယူ လုပ်ဆောင်ရန် လိုအပ်သည်ဟု ၎င်းကပြောသည်။

“နောက်ဆုံးရတဲ့ သတင်းတွေအရဆိုရင် ဌာနချုပ်မှာ ဥက္ကဋ္ဌကြီး တာကလယ်ကိုယ်တိုင် ပြန်ကိုင်ပြီး အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုးအောင်လွင်တို့ကပါ ပြန်ထိန်းထားတယ်ဆိုတာ သိရတယ်။ ဆိုတော့ ဒီရောက်နေတဲ့ ရလလဖအနေနဲ့ နိုင်ငံရေးအရ တဘက်ဘက်ကို လုပ်လို့မရဘူးဖြစ်နေတယ်။ အကောင်းဆုံးကတော့ စစ်ရေးနဲ့ နိုင်ငံရေးပေါင်းစပ်တာ အကောင်းဆုံးပေါ့” ဟု PPLO ခေါင်း ဆောင်က ပြောသည်။

အမျိုးသားညီလာခံသည် စစ်အုပ်စု တရားဝင်ဖြစ်ရေးနှင့် တိုင်းရင်းသားလူမျိုးများအတွက် စစ်မှန် သည့် အခွင့်အရေးရရှိရန် အခွင့်အလမ်းမရှိသည့်အတွက် လုံးဝဆန့်ကျင်ကြောင်း၊ ထွက်ပေါ်လာမည့် ရလဒ်များကိုလည်း အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ပါရှိသည်။

ရလလဖ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်သူရိန်က “ပြည်တွင်းမှာရှိနေတဲ့ ပအိုဝ်းအဖွဲ့အစည်း တွေအနေနဲ့ စစ်အုပ်စုရဲ့ချုပ်ကိုင် သွေးခွဲတာတွေကြောင့် တဖြည်းဖြည်းပျောက်ကွယ်သွားတော့ မယ့်အချိန်မှာ အခုလိုမျိုး ကျနော်တို့တွေ သဘောတူညီမှုရရှိတာ၊ စုစုစည်းစည်းရှိတယ်ဆိုတာကို ပြည်တွင်းက ပအိုဝ်းလူထုသိသွားတာကြောင့် အများကြီးအကျိုးသက်ရောက်မှုရှိပါတယ်” ဟု ပြောသည်။

PPLO ကို နအဖနှင့် အပစ်အခတ်ရပ်စဲခဲ့သော ဦးအောင်ခမ်းထီဦးဆောင်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ PNO မှ ခွဲထွက်လာသော ခေါင်းဆောင်အချို့ဖြင့် ၁၉၉၁ ခု ဇွန်တွင် ဖွဲ့စည်းခဲ့သည်။

ရလလဖသည် စစ်အစိုးရမှ လက်နက်ဖြုတ်သိမ်းခံရမည့် အခြေအနေကြောင့် အင်အား (၁၀၀) ကျော်ဖြင့်ခွဲထွက်ကာ ပြီးခဲ့သည့်လ (၂၈) ရက်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ထိန်းချုပ် နယ်မြေသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ။

ရှမ်းပြည်သားတိုင်း စစ်မှုထမ်းရန် မူချထားဟု ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) က ပြော

http://www.khitpyaing.org/news/july_2007/6-7-07b.php

ကျော်ထင် (ထိုင်း) / ၆ ဇူလိုင် ၂၀၀၇
line

မကြာသေးမီက ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ်အတွင်း ပအိုဝ်းလူမျိုးများကို ရှမ်းပြည်တပ်မတော်-တောင်ပိုင်း (SSA-S) မှ အတင်းအကျပ် စစ်သားစုဆောင်းသည့်သတင်း ထွက်ပေါ်လာမှုအပေါ် SSA-S ပြောရေးဆိုခွင့်ရှိသူက စစ်ရေးတည်ဆောက်ရန်လိုအပ်နေချိန်တွင် စစ်မှုထမ်းခြင်းသည် မွေးရာပါတာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။

SSA-S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးလောင်ဝ်ဆိုင်းက “ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး အေးချမ်း သာယာရေးအတွက် လူငယ်တွေအားလုံးမှာ တာဝန်ရှိပါတယ်။ တိုင်းပြည်တိုင်းအားလုံးလည်း ဒီလိုပဲတည်ဆောက်ကြတာပါ။ ထူးဆန်းတဲ့ကိစ္စမဟုတ်သလို အမြင်မမှားဖို့လည်းလိုပါတယ်” ဟု ပြောသည်။

ရှမ်းပြည်တပ်မတော်တွင် အသက် (၁၈) နှစ်နှင့် (၄၅) နှစ်အကြား ရှမ်းပြည်သား လူမျိုးမရွေး ဘာသာမရွေး အနည်းဆုံး (၅) နှစ် စစ်မှုထမ်းရန် မူဝါဒချမှတ်ထားသည်။

၂၀၀၇ ခု ဧပြီ (၂၃) တွင် မောက်မယ်မြို့နယ်၊ နဟီးရွာမှ ရွာသား (၂၁) ဦးကို SSA-S မှ အတင်း အကျပ် စစ်သားသစ်စုဆောင်းရန် ဖမ်းဆီးသွားခဲ့ရာ ပြန်လည်ထွက်ပြေးလွတ်မြောက်လာ
ခဲ့ကြသည်။

အမည်မဖော်လိုသည့် ဒေသခံတဦးက “ရွာသား (၂၁) ယောက်ပါသွားတယ်။ ဆမ်ခေးဦးစီးတာပေါ့။ လာမဖမ်းခင်မှာ စာနဲ့ပေးပြီး တောင်းခံတယ်။ အဲဒါ မပေးလို့ဆိုပြီး သူတို့ကိုယ်တိုင်လာဖမ်းတာ။
(၁) ယောက်ကတော့ လမ်းမှာတင်ထွက်ပြေးလာခဲ့ပြီး ကျန်တဲ့သူတွေကတော့ သံလွင်မြစ် မကူး ခင်ထွက်ပြေးလာကြတာ။ အသက် (၁၇) နှစ် တယောက်ပါတယ်။ ကျန်တာတွေကတော့
(၂၀) ကျော် (၃၀) ၀န်းကျင်တွေပေါ့” ဟု ပြောသည်။

အဆိုပါနယ်မြေသည် အပစ်အခတ်ရပ်စဲထားသော ပအိုဝ်းအမျိုးသားတပ်မတော်နှင့် မကြာသေးခင်က ပြန်လည်တောခိုလာသော ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ခွဲထွက် အဖွဲ့တို့၏ ထိန်းချုပ်နယ်မြေများဖြစ်သည်။

ဒေသခံများမှာ SSA-S တပ်ဖွဲ့များ ပြန်လည်ဖမ်းဆီးမည်ကို ထိတ်လန့်ကာ ရွာမှတိမ်းရှောင်နေကြ သဖြင့် စားဝတ်နေရေးပြဿနာများနှင့် ကြုံတွေ့နေရသည်။

SSA-S ၏ လွယ်တိုင်းလဲန်းဌာနချုပ်စတင်ထူထောင်ခဲ့သော ၂၀၀၀ ပြည့်နှစ်မှစ၍ တပ်သားသစ် သင်တန်းကို တနှစ်လျှင် အနည်းဆုံး (၂) ကြိမ်နှင့် (၃) ကြိမ်ခန့် ပြုလုပ်လာခဲ့ပြီး အပတ်စဉ်
တခုလျှင် အနည်းဆုံး (၆၀) မှ အများဆုံး (၃၀၀) ကျော်အထိ စစ်သင်တန်းတက်ရောက်လျက် ရှိသည်။

“မပြေလည်သေးတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းချင်ပေမယ့်လည်း အုပ်ချုပ်နေကြတဲ့ စစ်အစိုးရအဆက်ဆက်က ဖြေရှင်းခွင့်မပေးပါဘူး။ တောင်းဆိုတဲ့အခွင့်အရေး တွေကိုလည်း မပေးပါဘူး။ ဒီတော့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်လို့မရသေးပါဘူး။ အင်အားတောင့်တင်းတဲ့ တပ်မတော်တခု တည်ရှိဖို့လိုတဲ့အတွက် စစ်သားသစ်တွေ စုဆောင်းနေ ခြင်းပဲဖြစ်ပါတယ်” ဟု SSA-S ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ရှမ်းပြည်တပ်မတော် အင်အားနှင့်ပတ်သက်၍ (၁) သောင်းကျော်ခန့်ရှိကြောင်း SSA-S
ခေါင်းဆောင် ဗိုလ်မှူးကြီးရွက်ဆစ်က မီဒီယာများအား ပြောခဲ့သည်။ ။

SSA-S တပ်နှင့် ရလလဖတပ်ဖွဲ့တို့ပူးပေါင်း၍ ရှမ်းပြည်အနာဂါတ်ရေး ဆောင်ရွက်မည်


ခေတ်ပြိုင်
ချမ်းလွန် / ၁၆ ဇူလိုင် ၂၀၀၇
line


yalalapha
KNPP ထိန်းချုပ်နယ်မြေသို့ ပြန်လည်ရောက်ရှိ
လာသည့် ရလလဖ တပ်ဖွဲ့ဝင်များ

ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-S) နှင့် မကြာမီက ပြန်လည်တောခိုလာသည့် ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) တို့က နှစ်ဘက်စစ်တပ်ဖွဲ့ကို တဖွဲ့တည်းအဖြစ် ပူးပေါင်းရန် သဘောတူ ဆုံးဖြတ်လိုက်သည်။

ယခုလ (၁၁) နှင့် (၁၂) ရက်တို့တွင် SSA-S
ဘက်မှ ဗိုလ်မှူးကြီးရွက်ဆစ်၊ ဗိုလ်မှူးကြီး စိုင်းယီ
အပါအ၀င် တာဝန်ရှိသူများ၊ ရလလဖမှ ဗိုလ်မှူးကြီး
တီစောင်၊ ဗိုလ်မှူးကြီး သူရိန်အပါအ၀င် အဖွဲ့ဝင်များ
နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)


တွဲဖက်အထွေထွေအတွင်းရေးမှူး ခူးရီမာန်ထူးတို့က SSA-S ၏ လွယ်တိုင်းလန် ဌာနချုပ်တွင် ဆွေးနွေးကာ သဘောတူညီမှု ရရှိခဲ့သည်။

သဘောတူညီချက်များမှာ တပ်ဖွဲ့တဖွဲ့တည်းဖြစ်အောင် ပေါင်းစည်းရေး၊ ကျန်ရှိနေသည့် ရလလဖ အင်အားများကို ပြန်လည်စုစည်းရေး၊ ရလလဖ နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများ ခေတ္တရပ်စဲ ထားရေး၊ ရလလဖ၏ စစ်အင်အား စုဆောင်းရေး၊ လေ့ကျင့်ရေး၊ စားဝတ်နေရေးများကို SSA-S က တာဝန်ယူဆောင်ရွက်ပေးရေးနှင့် နှစ်ဦးနှစ်ဘက် အပြန်အလှန် စစ်ကိုယ်စားလှယ် ထားရှိရေးတို့ ဖြစ်သည်။

SSA-S ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းလောဝ်ဆိုင်က ရလလဖနှင့် ပူးပေါင်းခြင်းသည် အနာဂတ်တွင် ရှမ်းပြည်အရေး ကိစ္စအတွက် အတူတကွ လက်တွဲဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောသည်။

၎င်းက “ရလလဖဟာ ရှမ်းပြည်ထဲက လက်နက်ကိုင်အင်အားစုတဖွဲ့ ဖြစ်တယ်။ ရှမ်းပြည်အရေးကို သယ်ပိုးနေတဲ့ အဖွဲ့ဖြစ်တယ်။ ရှမ်းပြည်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေ တစုတစည်းတည်းဖြစ်မှ ကျနော်တို့အင်အားရှိမယ်။ ဒါကြောင့်မို့ ပူးပေါင်းတာဖြစ်တယ်။ ဒီလိုပူးပေါင်းခြင်းဟာ အခြား အဖွဲ့အစည်းတွေအတွက်လည်း နမူနာကောင်းတခုဖြစ်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ရလလဖသည် (၁၉၉၄) ခု အောက်တိုဘာတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့သည်။ ညောင်နှစ်ပင်ညီလာခံသို့ တက်ရောက်နေသည့် ယင်းအဖွဲ့ကို နအဖမှ လက်နက်အပ်ရန် ဖိအားပေး လာသဖြင့် အင်အားတရာကျော်ဖြင့် (KNPP) ထိန်းချုပ်နယ်မြေသို့ ဇွန်လဆန်းပိုင်းတွင် ပြန်လည် ရောက်ရှိလာခဲ့သည်။

စိုင်းလောဝ်ဆိုင်က ယခုကဲ့သို့ SSA-S နှင့် ရလလဖတို့ ပူးပေါင်းခြင်းကြောင့် ရှေ့ဆက်၍ စစ်အင် အားများနှင့် နယ်မြေများတိုးချဲ့နိုင်သည့် အကျိုးကျေးဇူးများကို ရရှိမည်ဟုလည်း ရှင်းပြသည်။

၎င်းက “ကျနော်တို့ နှစ်ဖွဲ့ပေါင်းစည်းခြင်းအားဖြင့် ပြည်သူလူထုရဲ့ ထောက်ခံမှုကိုလည်း ရရှိလာ
နိုင်မယ်။ ကျနော်တို့ ဆက်လက်ပြီးတော့ ရပ်တည်သွားဖို့အတွက်လည်း တည်မြဲနိုင်မယ်။ ပြီးတော့ ကျနော်တို့လိုချင်တဲ့ ရည်မှန်းချက်ရဖို့အထိ ကျနော်တို့ အတူလက်တွဲသွားပြီးတော့ ရှမ်းပြည်
အရေးကို သယ်ပိုးနိုင်မယ်” ဟု ပြောသည်။

SSA-S အနေဖြင့် ရလလဖနှင့် စစ်ရေးမဟာမိတ်မှတဆင့် နှစ်ဖွဲ့ပေါင်းစည်းရေးအဆင့်ထိ ရောက်ရှိ သွားရန် အဆင့်ဆင့်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စိုင်းလောဝ်ဆိုင်က ပြောသည်။

၁၉၉၆ ခု အစောပိုင်းတွင် နအဖနှင့် ပူးပေါင်းလိုက်သည့် ခွန်ဆာ၏ မုန်ထိုင်အဖွဲ့မှခွဲထွက်ပြီး ရှမ်းပြည် တပ်မတော် တောင်ပိုင်း SSA-S ကို ဗိုလ်မှူးကြီးရွက်ဆစ်က တည်ထောင်ခဲ့သည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် SSA-S က နအဖစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် နှစ်ဘက်သဘောတူ ချိန်းဆိုထားသော်လည်း ချိန်းဆိုသည့်နေရာသို့ နအဖဘက်က မလာရောက် သည့်အတွက် ဆွေးနွေးပွဲ ပျက်ပြယ်ခဲ့သည်။ ။

အပစ်ရပ် ပအိုဝ်းနီ ဥက္ကဌနှင့် အင်အား ၈၀ လက်နက်ချ

ခွန်အောင်မြတ်။
ဇူလိုင်လ ၉ ရက်၊ ၂၀၀၇ ခုနှစ်။

ဆီဆိုင်မြို့နယ်အတွင်းရှိ ပအိုဝ်းနီ(ခေါ်) ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၏ အဓိက အခြေစိုက်စခန်းဖြစ်သည့် နောင်ထောင်ဝ်တွင် ကျန်ရှိနေသော ဥက္ကဌ ခွန်ချစ်မောင်ဦးဆောင်သည့် အင် အား ၈၀ သည် မြန်မာစစ်အစိုးရထံတွင် ယမန်နေ့က လက်နက်ချလိုက်သည်။

မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်ထားသည့်အဖွဲ့ ပအိုဝ်းအမျိုးသားအဖွဲ့၏ စခန်းတခုဖြစ်သည့် အောင်ဆုဗွေ စခန်း တွင် အခမ်းအနားနှင့်တကွ လက်နက်အပ်နှင်းပွဲ ပြုလုပ်ခဲ့ကြောင်း မကြာသေးမီက တောပြန်ခိုလာသည့် ရလလဖ ခွဲထွက်အဖွဲ့၏ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

“မနေ့တုန်းက သုံးနာရီအချိန် မြန်မာစံတော်ချိန်ပေါ့၊ အဲဒီ သုံးနာရီအချိန်မှာ ညနေပိုင်းပေါ့နော် ဦးချစ် မောင်နဲ့ လူအင်အား ၈၀ ကနေပြီးတော့မှ ပီအဲန်အို စခန်း အောင်ဆုဗွေမှာ စစ်အစိုးရထံကို လက်နက် အပ်လိုက်တယ်ဆိုတာ ကျနော်တို့ နောက်ဆုံး ရလိုက်တဲ့ သတင်းပဲ။”

ခွန်သူရိန်က ဆက်လက်၍ “အဲဒီမှာ ပီအဲန်အိုမှာ ရှိနေတဲ့ ဗိုလ်မှူး သိန်းဖေ၊ နောက်ပြီးမှ ဗိုလ်မှူး ခွန် စံလွင်တို့က ကမကထပြုပြီးတော့မှ အဲဒီ အောင်ဆုဗွေ စခန်းမှာပဲ အရှေ့ပိုင်းတိုင်းစစ်ဌာချုပ်ဖြစ်တဲ့ စရခ ဂျီဝမ်း ဗိုလ်မှူး မြ၀င်းကနေပြီးတော့ လာရောက် လက်ခံသွားတယ်လို့ ကျနော်တို့ နောက်ဆုံးရ တဲ့ သတင်းက အဲဒါပဲ ဖြစ်ပါတယ်။”

လွန်ခဲ့သည့် လ ၁၀ ရက်မှ စ၍ တောပြန်ခိုသွားသည့် ဒု-ဥက္ကဌ ဗိုလ်မှူးကြီးထိဆောင် ဦးဆောင်သည့် ရလလဖ ခွဲ ထွက်အဖွဲ့ကို ၁၅ ရက်အတွင်း ပြန်ခေါ်ပေးရန် မြန်မာစစ်အစိုးရက ဌာနချုပ်တွင် ကျန်ရှိသော ဥက္ကဌ ခွန်ချစ်မောင် အား ဖိအားပေးခဲ့သည်ဟု ခွန်သူရိန်က ဆက်ပြောသည်။

ဇူလိုင်လလေးရက်နေ့တွင် ရလလဖ၏ နာယကအဖွဲ့နှင့် လက်ရှိ ဥက္ကဌ ခွန်ချစ်မောင်တို့ အစည်းအဝေး ကျင်းပ ပြီး ဥက္ကဌရာထူးကို ပြန်လည်အပ်နှင်းရန် တောင်းဆိုခဲ့ရာ ခွန်ချစ်မောင်က သဘောတူခဲ့သည်။ သို့သော်လည်း ဥက္ကဌ ရာထူးကို ပြန်မအပ်ပဲ ခွန်ချစ်မောင်နှင့် အဖွဲ့က ကားသုံးစီးနှင့်အတူ ရလလဖ အခြေစိုက်စခန်း နောင် ထောင်ဝ်မှ တိတ်တဆိတ်ထွက်သွားကြရာ ဂိတ်မှ အစောင့်တပ်သားများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင် ခွန်ချစ်မောင်ဖက်မှ ကားတစီး မီးလောင်ပျက်စီးပြီး ဗိုလ်မှူး လှထွန်းကျဆုံးကာ တပ်သား ၆ ယောက် ဒဏ်ရာရ ခဲ့ကြသည်။

တိုက်ပွဲဖြစ်ပြီး နောက်ပိုင်း ဇူလိုင်လ ၈ နေ့တွင် စစ်အစိုးရထံ လက်နက် ချလိုက်ခြင်းဖြစ်သည်။

ရလလဖ ဌာနချုပ် နောင်ထောင်ဝ်တွင် ရလလဖ၏ နာယကများဖြစ်သည့် ဦးစိုးအောင်လွင်၊ ဦးစောဖားမူ၊ နှင့် မြန်မာစစ်အစိုးရ ကျင်းပသည့် အမျိုးသားညီလာခံ ကိုယ်စားလှယ်များ ဖြစ်သည့် ခွန်စိန်ရွှေ၊ ဦးအောင်ရွှေလတ် တို့က တပ်အင်အား တရာကျော်နှင့်အတူ ဆက်လက်ကျန်ရှိသည်။

ကေအန်ပီပီနှင့် ရလလဖ ပူးပေါင်း၍ နအဖ ကို ဆက်လက် တိုက်ပွဲ ၀င်သွားမည်

ဖနီဒါ (မဇ္ဈိမသတင်းဌာန)
ဇူလိုင်လ ၉ ရက်၊ ၂၀၀၇ ခုနှစ်။

ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) နှင့် လက်တွဲကာ နအဖ စစ်အစိုးရကို ဆက်လက် တိုက်ပွဲဝင် သွားမည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည့် ကေအန်ပီပီ (ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ) က ယနေ့ ပြောဆို လိုက်သည်။

နအဖ စစ်အစိုးရမှ လက်နက် ချခိုင်းရာတွင် လက်နက် ချခိုင်းသဖြင့် လက်နက် မချဘဲ လက်နက်ကိုင် တိုက်ပွဲကို ဆက်လက် ဆင်နွှဲသွားမည့် ရလလဖ သည် ယခုလ ၅ ရက်နေ့က ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ထိန်းချုပ်ထားရာ နယ်မြေသို့ ရလလဖ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်တီစောင် ဦးဆောင်သည့် တပ်သား အင်အား ၁၁၀ ခန့်နှင့် အတူ ရောက်ရှိလာပြီး နှစ်ဖက် ခေါင်းဆောင်များ အကြား ပြုလုပ်ခဲ့သည့် အစည်းအဝေး ရလဒ်များ အရ ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“လမ်းကြောင်းပေါ်မှာ ဆက်ပြီးတော့ တိုက်ပွဲ ၀င်တာပဲလေ။ ဒါက နအဖ ကို သူတို့ (ရလလဖ) ပြန်လည်ပြီး နိုင်ငံရေးအရ သော်လည်းကောင်း၊ စစ်ရေးအရ သော်လည်းကောင်း ဆက်လက် တိုက်သွားမယ့် သဘောပဲ။ အဲဒါကြောင့် ကျနော်တို့ ဦးတည်တာကလည်း ပြည်သူ လူထုရဲ့ အကျိုး စီးပွားကို လုပ်ဆောင် သွားတာပဲလေ။ အခု အခြေအနေ အရ ဒီအုပ်စုကို ဘယ်ပုဂ္ဂိုလ်၊ ဘယ်အုပ်စုက ဘယ်လို ဖြစ်တယ် ဆိုတာကို ကျနော်တို့ ဆက်လက် တိုက်ခိုက် သွားရမှာပဲ။ သူတို့ (ရလလဖ) တွေနဲ့ ၀ိုင်းဝန်း ပြီးတော့မှ တည်ဆောက် သွားရမှာပဲ” ဟု ကေအန်ပီပီမှ အတွင်းရေးမှူး (၁) ရီမွန်ထူးက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ် တောင်ကြီး၊ ဟိုပုန်း၊ ကျောက်တလုံး၊ နောင်ထော်၊ ကတိုးကြီး၊ ကတိုးလေး၊ ဆီဆိုင်နှင့် ပင်လုံမြို့နယ် တို့တွင် သွားလာ လှုပ်ရှားနေသော ရလလဖ အဖွဲ့သည် တပ်သား အင်အား ၃၀၀ မှ ၅၀၀ အကြားရှိကာ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်တီစောင်နှင့် တပ်သား ၁၀၀ ခန့်သည် ကရင်နီ အခြေခံ နယ်မြေသို့ ပြီးခဲ့သည့် လနှောင်းပိုင်းက ကရင်နီ နယ်မြေသို့ ရောက်ရှိလာရာတွင် တပ်သား ထက်ဝက်ခန့်သည် ကေအန်ပီပီ ကရင်နီတပ်ရင်း ၂ နယ်မြေတွင် ကျန်ရစ်ခဲ့ပြီး အဖွဲ့ ခေါင်းဆောင်များနှင့်အတူ ရဲဘော် ၅၅ ဦးတို့သည် ကရင်နီ တပ်မတော် အခြေစိုက်ရာ ညာမူ ဒေသတွင် ဇွန်လ ၂၈ ရက်တွင် ရောက်ရှိလာခဲ့ပြီး အဆိုပါ အစည်းအဝေး ရလဒ်များ ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ပူးတွဲ အစည်းအဝေးသို့ ရလလဖ အဖွဲ့မှ ဥက္ကဌနှင့် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ခွန်တီစောင်နှင့် အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်တူရိန်တို့ ဦးဆောင်၍ တက်ရောက် ခဲ့သလို၊ ကေအန်ပီပီမှ ဥက္ကဌ ထဲဘူးဖဲ၊ ဒု-ဥက္ကဌ အေဘယ်တွိဒ်တို့ ဦးဆောင်ပြီး အတွင်းရေးမှူး (၁) ရီမွန်ထူး၊ အတွင်းရေးမှူး (၂) ၊ စစ်ဦးစီးချုပ်၊ ဒု-စစ်ဦးစီးချုပ်တို့ ပါဝင် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ကေအန်ပီပီသည် ရလလဖ၏ နိုင်ငံရေး လှုပ်ရှားမှုကို လွတ်လပ်စွာ ဆက်လက် လှုပ်ရှားရန် အတွက် ကေအန်ပီပီသည် ရလလဖ တပ်ဖွဲ့ကို မူလ နယ်မြေ၌ ပြန်လည် မလှုပ်ရှားခင် အထိ ကရင်နီ တပ်မတော် အခြေခံ နယ်မြေ (ညာမူ)တွင် တပ်ချ နေထိုင်ရန်နှင့် ရှေ့တန်းတွင် ကျန်ရှိနေသော ရလလဖ တပ်သားများကို ကရင်နီ တပ်မတော် တပ်ရင်း (၂) ရှေ့တန်းတွင် နေထိုင် လှုပ်ရှားရန် သဘောတူခဲ့သည်။

သည့်အပြင် ရလလဖ တပ်ဖွဲ့ကို အချိန်ကာလ တခုအထိ ရိက္ခာ ထောက်ပံ့ သွားမည် ဖြစ်သလို၊ ကရင်နီ နယ်မြေတွင် ကရင်နီ လူမျိုးများနှင့် မိသားစု သဖွယ် နေထိုင် သွားစေမည် ဖြစ်ကာ ရလလဖ တပ်သားများ စခန်း တည်ဆောက်ရေး အတွက် လိုအပ်ချက်များနှင့် အခြေခံ လူမှုရေး လိုအပ်ချက်များ အတွက် ကေအဲန်ပီပီသည် နည်းလမ်းများ ရှာဖွေသွားမည် ဖြစ်ကြောင်း သိရသည်။

ကေအန်ပီပီမှ အတွင်းရေးမှူး (၁) ရီမွန်ထူးက “အခုလို လက်နက်ကိုင် တပ်ဖွဲ့ ရလလဖ အဖွဲ့တွေကို ကေအန်ပီပီ အနေနဲ့ သူတို့ လိုအပ်ချက်တွေကို တာဝန်ယူ စီမံပေးပြီး နှစ်ဦးနှစ်ဖက် ပူးပေါင်း လက်တွဲ သွားမယ်။ သူတို့ အပြောအဆို အရ သူတို့ကို နအဖ က လက်နက် အပ်ခိုင်းတာပဲလေ။ လက်နက် အပ်ခိုင်းတာက သူတို့ကိုပဲ မဟုတ်ဘူး။ ပလောင်တွေကိုရော လုပ်ခဲ့ဖူးတယ် ဆိုတာ သိရတယ်။ တခြား အဖွဲ့တွေကိုလည်း အပ်ခိုင်း နေတာပဲလေ” ဟု ပြောသည်။

အေအန်ပီပီ သည် တပ်သား အင်အား တထောင်ကျော် ရှိပြီး မောချီဂွင်နှင့် ထီးဖိုး ကလော ဒေသ၊ ဖရူးစိုး၊ ရှားတောနှင့် ဖာစောင်း မြို့နယ် အနောက်ဘက် ဒေသများတွင် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်အေ) တပ်ရင်း ၂ နှင့် ၅ တည်ရှိရာ နယ်စပ်အနီး၌ အချိန်မရွေး လှုပ်ရှား သွားလာနိုင်ကြောင်း သိရသည်။

ဗြိတိသျှ အစိုးရထံမှ လွတ်လပ်ရေး ရပြီး မြန်မာနိုင်ငံတွင် ကရင်နီသည် ပါဝင်ခြင်း မရှိဘဲ ပါလီမန် အစိုးရ ၀န်ကြီးချုပ် ဦးနု အာဏာ ရချိန်တွင် ကရင်နီပြည်ကို တိုက်ခိုက် လာရာမှ ၁၉၄၈ ခုနှစ် သြဂုတ်လတွင် စတင်၍ လက်နက်ကိုင် တော်လှန်ခဲ့ရာမှ ၁၉၅၀ မေလ ၂ ရက်နေ့တွင် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (ကေအန်ပီပီ) ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ဦးရီမွန်ထူးက “အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေကို အတင်း အဓမ္မ လက်နက် ချခိုင်းရင်တော့ ထွက်လို့ရတဲ့ လူတွေ၊ ပြေးလို့ရတဲ့ အုပ်စုကတော့ ထွက်လာမှာပဲ။ ထွက်လာတဲ့ အုပ်စုတိုင်းကို ကျနော်တို့ လက်ခံ ကြိုဆိုပါတယ်။ ဒါမှ ကျနော်တို့ အားလုံး ၀ိုင်းဝန်း တည်ဆောက် သွားနိုင်မှာ” ဟု ပြောဆိုခဲ့သည်။

အင်းလေးကန်၏ သဘာဝပတ်ဝန်းကျင် ပျက်စီးနေ

ဧရာဝတီ| ဇူလိုင် ၅၊ ၂၀၀၇

ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သော မြန်မာနိုင်ငံ၏ အဓိကနေရာတခုဖြစ်သည့် အင်းလေးကန်သည် ယခုအခါ လှပသော ရေပေါ်ကျွန်းမျောစိုက်ခင်းများက ခြိမ်းခြောက်နေသည်။

အင်းလေးကန်တွင်းရှိ တောင်သူတဦး

ရေပေါ်ကျွန်းမျောစိုက်ခင်းများတွင် စိုက်ပျိုးလုပ်ကိုင်နေကြသူများ အသုံးပြု သော ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများနှင့် ဓာတ်မြေသြေဇာများသည် အင်းလေးကန်၏ရေပြင်နှင့် ရေထဲနေထိုင်ကျက်စားကြသော ရေသတ္တ၀ါများကို အဆိပ်သင့်နေစေပါသည်။ နောက်ထပ် သတင်းဆိုးတခုက ကန်၏ရေမျက်နှာ ပြင်သည် နှစ်ပေါင်း ၂၀၀ အတွင်း စတုရန်းကီလိုမီတာ ၆၀ မှ ၄၀ အထိ သိသိသာသာ တိမ်ကောလာခြင်း ဖြစ်သည်။

ထိုကဲ့သို့ အင်းလေးကန် တိမ်ကောလာနေခြင်းကို ဂျပန်နိုင်ငံရှိ Japan Society for Promotion of Science နှင့် စင်္ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်တို့ မကြာ သေးမီက ပူးတွဲထုတ်ဝေလိုက်သည့် အစီရင်ခံစာတခုတွင် ဖော်ပြထားသည်။

အင်းလေးဒေသတွင် ယခုအခါ လူဦးရေပိုမိုထူထပ်လာပြီး စိုက်ပျိုးမြေပိုမို ကျယ်ပြန့်လာကြောင်း၊ စိုက်ပျိုးမြေချဲ့ထွင်သောကြောင့် ပတ်ဝန်းကျင်ရှိ သစ်တောများ ပြုန်းတီးကြောင်း၊ သစ်တောပြုန်းတီးသောကြောင့် ရေအရင်း မြစ်များ ခမ်းခြောက်လာကာ ကန်တိမ်ကောလာခြင်းဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။

ရှုမောဖွယ်ကောင်းသည့် ရေပေါ်ကျွန်းမျောစိုက်ခင်းများသည် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်ရုံမျှမက ဒေသခံ အင်းသားများ၏ အသက်မွေးဝမ်းကြောင်းအတွက်လည်း အထောက်အပံ့ဖြစ်စေသည်။ အင်းသားများသည် ထိုကျွန်းမျော များပေါ်တွင် ဟင်းသီးဟင်းရွက်အမျိုးမျိုးနှင့် ပန်းများကို စိုက်ပျိုးပြီး ဒေသဈေးကွက်တွင် ရောင်းချကြသည်။

ဥယျာဉ်လုပ်ငန်း လုပ်ကိုင်နေကြသူများသည် သူတို့၏သီးနှံများအထွက်နှုန်းကို ထိန်းထားနိုင်ရန် ဓာတုဗေဒဆေးဝါးများကို သုံးစွဲရုံမှလွဲပြီး ရွေးချယ်စရာမရှိဘူးဟု နောက်ထပ်တောင်သူ တဦးကလည်း ပြောသည်။

ထိုဓာတုဗေဒပိုးသတ်ဆေးများသည် ရေထုနှင့် ရေထဲတွင်နေထိုင်သော ငါးများကို အဆိပ်သင့်စေပြီး သောက်သုံးရေ အတွက်လည်း အန္တရာယ်ရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် သဘာဝပတ်ဝန်ကျင်ဝါဒီ တဦးဖြစ်သည့် ဂရင်း စတီဗ်က ပြောသည်။

ငါးသည် အင်းလေးကန်ပတ်လည်တွင် နေထိုင်ကြသော အင်းသားများအတွက် အဓိကအစားအစာ ဖြစ်သည်။ “တကယ်လို့ ရေကန်ထဲကငါးတွေ ပိုးသတ်ဆေးပမာဏအများအပြား အဆိပ်သင့်နေရင် စားသုံးမိတဲ့သူ အဆိပ်သင့်နိုင်တယ်”ဟုလည်း စတီဗ်က ပြောသည်။

ဒေသအာဏာပိုင်များက သောက်သုံးရေကို မစီစဉ်ပေးနိုင်သည့်အတွက် ဒေသခံများသည် အင်းလေးကန်ထဲမှရေကိုသာ သုံးစွဲနေကြရသည်။ အင်းလေးကန်ဒေသတွင် သုတေသနပြုလုပ်နေသူ မြန်မာသုတေသီတဦးကမူ အင်းလေးကန် ပတ်လည်တွင် နေထိုင်သော လူများအကြား လည်ချောင်းနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားနေသည်ဟု ပြောသည်။

မြန်မာနိုင်ငံသည် ပိုးသတ်ဆေးသုံးစွဲမှုကို ထိန်းချုပ်နိုင်ခြင်းမရှိပါ။ ထို့အပြင် အခြားနိုင်ငံများတွင် ပိတ်ပင်ထားပြီးဖြစ်သော ပိုးသတ်ဆေးများကို အင်းလေးကန်တွင် အသုံးပြုနေသည်ကိုမြင်ရကြောင်း ဂရင်းစတီဗ်က ပြောသည်။

ကုလသမဂ္ဂဖွံ့ဖြိုးရေးအေဂျင်စီနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးကလည်း ဒေသခံတောင်ယာစိုက်ပျိုးသူများကို ဓာတုဗေဒ ဆေးဝါးများသုံးစွဲရန် အားပေးနေသည်ဟု ဝေဖန်စွပ်စွဲခံနေရသည်။ ထိုအဖွဲ့အစည်း နှစ်ခုလုံးသည် အင်းလေးကန်ဒေသတွင် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် မြေယာစီမံခန့်ခွဲရေး စသည့် ဖွံ့ဖြိုးရေး စီမံကိန်းများကို ဆောင်ရွက်နေသည်။

“ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ဓာတုဗေဒ ပိုးသတ်ဆေးဝါးသုံးစွဲမှုနှင့် ဓာတ်မြေသြဇာအပေါ် မှီခိုအားထားရတဲ့ စိုက်ပျိုးနည်း စံနစ်ကို တိုးမြှင့်ဆောင်ရွက်နေပါတယ်။ ကုလသမဂ္ဂဖွံ့ဖြိုးရေးအေဂျင်စီက အဲဒီစီမံကိန်းတွေမှာ တစိတ်တပိုင်းပါဝင်နေ ပါတယ်။ အဲ့ဒီအဖွဲ့တွေဟာ အခြားစိုက်ပျိုးရေး နည်းစနစ်တွေကို ပြောဆိုခြင်းမရှိကြပါဘူး”ဟု ဂရင်းစတီဗ်က ဧရာဝတီသို့ ထုတ်ဖော်ပြောဆိုသည်။ [Top]

အက်စ်အက်စ်အေ-တောင်ပိုင်း ပအိုဝ်းရွာများတွင် စစ်သားစုဆောင်း

သတင်းနှင့်မီဒီယာကွန်ယက်။
ဇူလိုင်လ ၅ ရက်၊ ၂၀၀၇ ခုနှစ်။

ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းကျေးရွာများမှ ရွာသားများကို ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) (အက်စ်အက်စ် အေ-အက်စ်)တပ်သားသစ်အဖြစ် အတင်းအကျပ်ကောက်ယူစုဆောင်း နေသဖြင့် ဒေသခံရွာသားများ မိမိတို့ နေ အိမ်များမှ ထွက်ပြေးပုန်းရှောင် နေကြရသည်။

အက်စ်အက်စ်အေတောင်ပိုင်းအဖွဲ့က ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ်တွင်းရှိ နားဟီး၊ နမ်းပတက်၊ နောင် ခိုင်းကျေးရွာများမှ အသက် ၁၈ နှစ် အထက် အမျိုးသားများကို တပ်သားအဖြစ် စစ်မှုထမ်းရန် ခေါ်ယူခြင်းဖြစ် သည်။

နားဟီးကျေးရွာမှ ရွာသား ၂၁ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ သံလွင်မြစ်မရောက်မီ တစ်ယောက်ထွက် ပြေးလွတ်မြောက်ပြီး ကျန် လူ ၂၀ က သံလွင်မြစ်သို့ ရောက်ပြီး လွယ်တိုင်းလဲန်းဌာနချုပ်မှ ၄င်းတို့ကို လာ ကြိုမည့် တပ်ဖွဲ့နှင့် အချိတ်အဆက် ပြတ်သွားခဲ့ပြီး စားသောက်ရေး အခက်အခဲ ရှိသဖြင့် ကျေးရွာသားများကို ဟင်းသီးဟင်းရွက် ရှာခိုင်းရာမှ ထွက်ပြေးလွတ်မြောက်သွားကြသည်ဟု ရွာသားတဦးက ပအိုဝ်းဘာသာစကားဖြင့် ယခုလို ပြောသည်။

“သူတို့ထွက်ပြေးလာတာက ကဆုန်လဆန်း ၁၄ ရက်နေ့မှာ ထွက်ပြေးတယ်။ နယုန်လဆန်း ၁ရက် နေ့မှာ ကဒူးမြို့က ဗမာစစ်တပ်မှာ ရောက်တယ်။ ထွက်ပြေးတုန်းက နှစ်ဖွဲ့ခွဲပြီး ထွက်ပြေးကြတယ်။ ကဒူးက ဗမာစစ်တပ်မှာ ပြန်ဆုံကြတယ်။ ဘာဖြစ်လို့ အဲမှာ အရင်ပြန်ကြလဲဆိုတော့ သူတို့ရွာကို အ ရင်ပြန်မယ်ဆိုလည်း ဗမာစစ်တပ်က သူတို့က အဲမှာ ခေါ်ဆင်းပြီး မေးမှာပဲဆိုတော့ မထူးဘူးဆိုပြီး ဗ မာ စစ်တပ်ကို အရင်ပြန်လိုက်တယ်။ အဲမှာရောက် တော့ သူတို့ကို မေးမြန်းတာတွေ စစ်ဆေးတာတွေ လုပ်ပြီး ရွာကိုပြန်ဖို့ ပြန်လွတ်ပေးလိုက်တယ်။ အေးအေးဆေးဆေးပဲပြန်နေကြ မကြောက်ကြနဲ့လို့ပဲ ပြောလိုက်တယ်။ အဲက ဗမာစစ်တပ်ကလည်း သူတို့ကို ကာကွယ်ပေးမှုမရှိဘူး။ သူတို့လည်း အဲဒီ ကနေ လွတ်ပြန်လာတော့ နားဟီးကျေးရွာမှာ မနေရဲတော့ပဲနဲ့ နောင်ထောင်ဝ်တို့ ဆီဆိုင်တို့မှာ သွား နေကြရတယ်။”

ယခု အခင်းဖြစ်ပွားသည့် ဒေသများမှာ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့(ရလလဖ) ထိန်း ချုပ်ရာ နယ်မြေဖြစ်ပြီး ရလလဖ အဖွဲ့မှ ဒု-ဥက္ကဌနှင့် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ထိဆောင်ခေါင်းဆောင်သည့် အဖွဲ့ တောပြန်ခိုသွားခဲ့ပြီးနောက် အခြေအနေများ ရှုတ်ထွေးလျက်ရှိနေသည်။

ပအိုဝ်းရွာသားများက ရှမ်းပြည်တပ်မတော်တွင် တပ်သားအဖြစ် တာဝန်မထမ်းဆောင်လို၍ ကျေးရွာမှ ထွက်ပြေး တိမ်းရှောင် နေကြရသည်ဟု ဒေသခံတစ်ဦးက ပအိုဝ်းဘာသာဖြင့် ယခုလိုပြောသည်။

“ဟိုမှာက အခုချိန်ထိ မသာယာသေးပါဘူး။ အခုဆိုရင် နားဟီးတို့၊ နမ်းပတက်တို့၊ နောင်ခိုင်းတို့ မှာဆို ယောက်ျားတွေ ရွာမှာမနေရဲကြဘူး။ ရွာထဲမှာ ယောက်ျားမရှိဘူး။ နေ့လည်နေ့ခင်းပိုင်းတောင် မရှိဘူး။ ခနတဖြုတ်ပဲ ပြန်တယ်။ နှစ်နာရီ၊ သုံးနာရီကျော်ပြီဆိုတာနဲ့ နည်းနည်းစီ နည်းနည်းစီ စုထွက် သွားကြတယ်။ ရွာထဲမှာ နည်းနည်း မှောင်တာနဲ့ အမျိုးသမီးတွေက ဆယ်အိမ် ဒါမှမဟုတ် ငါးအိမ် စု ပြီးတော့ အိမ်ယာခင်းတွေ ဘာတွေယူပြီး ရွာလည်က အိမ်ကြီး တအိမ်အိမ်မှာ စုအိပ်ကြရတယ် ရွာထဲ မှာ တိတ်ဆိတ်နေတာပဲ။ အခြေအနေ လုံးဝ မကောင်းဘူး။”

ယင်းဒေသများတွင် တပ်သားသစ်များ ကောက်ယူခြင်းမှာ မှန်ကန်ကြောင်း အက်စ်အက်စ်အေ တောင်ပိုင်းက အ တည်ပြုပြီး ရှမ်းပြည်တွင်းရှိ အသက် ၁၈နှစ်မှ ၄၅ နှစ် အမျိုးသားများ စစ်မှုထမ်းရန် ကောက်ယူသည့်မူရှိကြောင်း အက်စ်အက်စ်တောင်ပိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး လောင်ဝ်ဆိုင်းက ပြောသည်။

“သိပ်ပြီးတော့ မကျေနပ်တဲ့ပုံမျိုးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တွေ စစ်သားသစ်တွေ သွားစုဆောင်း တယ်ဆိုတော့ အဲနယ်မြေခံဒေသတွေဆို ရှမ်းတွေလည်း ရှိတယ်၊ ပအိုဝ်းတွေလည်း ရှိ တယ်၊ နောက်ပြီးတော့ ကရင်နီ ပေါ့နော် အဲဒါတွေလည်း ရှိပါတယ်။ ဘယ်လူမျိုးမဆို ကျနော်တို့ ပြ ဌာန်းထားတဲ့မူအတိုင်း လိုက်ပြီးတော့ စစ်သား စုဆောင်းပါတယ်။ အဲဒါ သူတို့က တချို့ကလည်း စစ်မှု မထမ်းချင်တဲ့ လူတွေလည်း ရှိတာကိုး၊ အဲမှာ သွားတိုင်ကြ တန်းကြတာပေါ့။ အဲမှာ ကျနော်တို့ စစ် သားအသစ်သွားကောက် တယ်ဆိုတော့ သူတို့ကို သွားနှိပ်စက်သလို ပုံစံမျိုး ပေါက်သွားတယ်။”

ယခု အခါ ကျေးရွာများအနီးတ၀ှိုက်တွင် အက်စ်အက်စ်အေတောင်ပိုင်း တပ်များက မြေမြုပ်မိုင်းများ ထောင်ထား မည်ကို စိုးရိမ်ပြီး ကျေးရွာသားများ တောင်ယာစိုက်ခင်း သွားရန် ကြောက်ရွံ့နေကြသည်။

မြန်မာ့နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းမှလွဲ၍ ဖြေရှင်းရန် မရှိဟု ရလလဖပြော

ခွန်အောင်မြတ်။
သတင်းနှင့်မီဒီယာကွန်ယက်။
ဇူလိုင်လ ၂ ရက်၊ ၂၀၀၇ ခုနှစ်။

မြန်မာပြည်၏ နိုင်ငံရေးပြဿနာကို ဖြေရှင်းရန်လက်နက်ကိုင်နည်းမှအပ အခြားနည်းလမ်းမရှိဟု မြန်မာစစ်အစိုးရ နှင့် ၁၃ နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့သည့် ပအိုဝ်းနီ ခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ) ခွဲထွက်အဖွဲ့က ယနေ့ထုတ်ပြန်သောကြေညာချက်တွင် ဖေါ်ပြသည်။

ရလလဖခွဲထွက်အဖွဲ့က ထိုင်း-မြန်မာနယ်စပ်တနေရာတွင် သတင်းစာရှင်းလင်းပွဲကျင်းပကာ ပြန်လည် တောခို လာရခြင်း အကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။

မြန်မာစစ်အစိုးရကို ပြန်လည်လက်နက်ကိုင်တိုက်ခိုက်ရခြင်းနှင့်ပတ်သက်၍ ရလလဖခွဲထွက်အဖွဲ့၏ ပြောရေးဆို ခွင့်ရှိသူ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ယခုလိုပြောသည်။

“အဖွဲ့အစည်းအနေနဲ့ ပြန်လည်ပြီးတော့မှ လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲရတယ်ဆိုတဲ့ ကိစ္စက တော့ ငြိမ်းချမ်းရေး ရယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ဒီနအဖ စစ်အစိုး ရနဲ့ ငြိမ်းချမ်းစွာနဲ့ နိုင်ငံရေး အဖြေရှာတဲ့နေရာမှာ ဘယ်လိုမှ ငြိမ်းချမ်းစွာနဲ့ အဖြေရှာခွင့် မရှိတဲ့အ တွက်ကြောင့်၊ ကျနော်တို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ နိုင်ငံရေး ပြဿနာ အဖြေရှာတဲ့နေ ရာမှာ လက်နက်ကိုင်တော်လှန်တဲ့ နည်းလမ်းကလွဲလို့ တခြားမရှိဘူးလို့ ကျနော် ဒီလိုပဲ ပြောချင်ပါ တယ်။”

စစ်အာဏာရှင်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်တွင်းရှိ ပြည်သူလူထု တရပ်လုံးကို နအဖ၏ အတုအယောင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီစနစ်ကို ဆုတ်ယုတ် စေမည့် အတုအယောင် အမျိုးသားညီလာခံကို ပြတ်သားစွာ ဆန့်ကျင်၍ နည်းလမ်းမျိုးစုံဖြင့် တိုက်ပွဲဝင်သွားကြ ရန် ယနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် တိုက်တွန်းထားသည်။

ရလလဖခွဲထွက်အဖွဲ့သည် မြန်မာစစ်အစိုးက လက်နက်ချရန် ဖိအားပေးလာသည့်အတွက် ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင် ပြန်လည်တောခိုလာခြင်းဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး ခွန်သူရိန်က “Cease fire (အပစ်အခတ်ရပ်စဲထားတဲ့ ) အဖွဲ့တွေ အားလုံး ကတော့ ပြောရမယ်ဆိုရင်တော့ နိုင်ငံရေးရဲ့ အခွင့်အရေးတွေကို ရလိုမှုနဲ့ လက်နက်ကိုင် တော်လှန်ရင်းနဲ့ ငြိမ်းချမ်းစွာ အဖြေရှာရင်းနဲ့ Cease fire လုပ်ထားကြတာကိုး။ ဒါပေမယ့် တကယ် တမ်း စစ်အစိုးရကနေပြီးတော့မှ NC (အမျိုးသားညီလာခံ)ပြီးလို့ လက်နက်တွေ အပ်နှံရမယ်ဆိုတဲ့ ကိစ္စမှာဆိုရင်တော့ ကျနော်တို့ အဖွဲ့အနေနဲ့ လုံးဝ လက်မခံနိုင်ဘူး။” ဟု ပြောသည်။

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား စစ်အစိုးရ လက်နက် မအပ်ခိုင်းသည့်တိုင် ၄င်းတို့ အလိုကျ အသုံးချခံအဖြစ် ပြုလုပ်လာနိုင်ကြောင်း ဗိုလ်မျူးကြီး ခွန်သူရိန်ကဆက်ပြောသည်။

“အခု အခြေအနေအရဆိုရင် မကြာခင်အချိန်လေးမှာ လက်နက်ကို မအပ်ခိုင်းသည့်တိုင်တောင်မှ အဲဒီ အတွင်းပိုင်းမှာ Cease fire အပစ်ခတ်ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့အစည်းကနေပြီးတော့မှ နအဖ အ လိုကျ အသုံးချတော့မယ်။ အသုံးချပြီးတော့မှ ဘာတွေ လုပ်ခိုင်းအုံးမလဲဆိုတာ ဌာနေပြည်သူ့စစ်တို့၊ နောက်ပြီးတော့မှ သူ့ရဲ့အထူးရဲတို့ ဘာတို့ လုပ်ခိုင်းတော့မယ်။ အဲတော့ ကျနော်တို့ကတော့ ကျနော် တို့ လိုလားနေတဲ့ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေး ဒီမိုကရေစီရေး၊ တိုင်းရင်းသား စည်းလုံးညီ ညွှတ် ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ဟာကို မရမချင်းကတော့ သူတို့ အထူးရဲကို လည်း မလုပ်နိုင်ဘူး၊ သူတို့ရဲ့ ပြည်သူ့စစ်ဆိုတဲ့ဟာလည်း ကျနော်တို့ မလုပ်နိုင်ဘူး။ သူတို့ရဲ့ ကာ ကွယ်ရေး ဦးစီးချုပ်ရဲ့လက်အောက်မှာနေပြီးတော့မှ သူတို့ရဲ့ အမိန့်ကိုလည်း ကျနော်တို့ မလုပ်နိုင် ဘူး။ အဲတော့က ကျနော်တို့က လက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲကိုပဲ ကျနော်တို့ ဆက်လက် ဆင်နွဲသွားမယ်ဆိုတဲ့ ဟာပါ။ ”

ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့သည် ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရှမ်း ပြည်နယ်တောင်ပိုင်းတွင် အခြေခံရပ်တည်၍ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ပြီး ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည်။

စစ်အစိုးရ ကျင်းပသည့် အမျိုးသားညီလာခံကို တက်ရောက်ခဲ့သူ ရလလဖအဖွဲ့၏ ဒု-ဥက္ကဌနှင့် စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးကြီး ခွန်တီစောင်၊ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်တို့ ဦးဆောင်သည့် အင်အား ၁၀၀ ကျော်သည် ၄င်းတို့ အခြေစိုက်ရာစခန်းဖြစ်သည့် ဆီဆိုင်မြို့နယ် နောင်ထောင်ဝ်မှ ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင် ခွဲထွက်လာပြီး ယခု ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ၏ တပ်မတော်ထံတွင် ခေတ္တ ခိုလှုံနေသည်။

ပအိုဝ်းအမျိုးသားနေ့ပွဲတော်


ပအိုဝ်းအမျိုးသားနေ့ပွဲတော်အခန်းအနား၊ စည်ကားလို့နေ၏။ ပအိုဝ်းလူပျို၊ အပျိုများ သီချင်းနှင့် ရိုးရာအက တင်ဆက်ပြသနေစဉ်။

တောင်ကြီးတန်ဆောင်တိုင်

တောင်ကြီးတန်ဆောင်တိုင် မီးဗုံးပျံပွဲ နွဲလို့ပျော်စေချင်။ တစ်နှစ်တစ်ခါ အရောက်လာခဲ့ပါ။