၅၁၀ စစ်တပ်သိမ်းထားသောမြေယာ မှန်ကန်မှုရှိမရှိ အုပ်ချုပ်ရေးမှူး စစ်ဆေး

ခွန်ရာဇာ (တောင်ကြီး) | အောက်တိုဘာ ၉ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ်ဘုရားဖြူရပ် နယ်မြေ (၄) လွယ်ခမ်းပါမိုးနဲရွာတွင် ၅၁၀ စစ်တပ်သိမ်းယူထားသော မြေယာဧက ၇၂၀ ကို လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဌ ဦးတင်ထွဋ်အမိန့်စာအရ သိမ်းဆည်းထားခြင်းဟုတ် မဟုတ် တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက အောက်တိုဘာ ၈ ရက်တွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

“မြေယာအခြေအနေနှင့်အနေအထားကို လာရောက်စစ်ဆေးခြင်းဖြစ်ပါတယ်။ မြေယာပြန်ပေးခြင်းမဟုတ် ပြန်ပေးပိုင်ခွင့်လည်း မရှိဘူး။ နိုင်ငံတော်က ခွင့်ပြုမိန့်ရမှပါ၊ ဒီမိုကရေစီခေတ်မှာ မတရားမှုကို ပေါ်လာမှာပါ ကျွန်တော်တို့က ပြည်သူအတွက် လုပ်ပေးမှာပါ” ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်း က ပြောသည်။

နိုင်ငံတော်သမ္မတသို့ အသနားခံစာ နှစ်ကြိမ်မြောက်တင်ပြီးသွားပြီ ဖြစ်ကြောင်း၊ ပထမအကြိမ်တွင် မည်သည့်တုံ့ပြန်မှု မရရှိခဲ့ပေ။ ဒုတိယအကြိမ်လည်း မြေယာကော်မရှင် နေပြည်တော်သို့ ဒုတိယအကြိမ် သွားရောက်တင်ပြပြီး ဖြစ်ကြောင်း၊ ဒုတိယအကြိမ်တင်ပြပြီး တစ်ပတ်အကြာ ယနေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဘုရားဖြူရပ်ကွက်ရုံးသို့ ခေါ်ကာ လာရောက်ကွင်းဆင်းခြင်းဖြစ်ကြောင်း၊ အဖြေပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ လာရောက်စစ်ဆေးသည့်အတွက် အလားအလာကောင်းနိုင်ကြောင်း မြေယာပြန်မရ မချင်း ရှေ့ဆက်လုပ်ဆောင်သွားဦးမည်ဖြစ်ကြောင်း မြယာအသိမ်းခံရသည့် လယ်သမားတစ်ဦးက ပြောသည်။




No comments: