တောင်ကြီးမြို့တွင် ၀က်လိုင်စင်ကိုင်ဆောင်ပြီး ဘီးခွန်ကောက်


နှင်းသစ္စာ (TGI) | မေလ ၁၀ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောာင်ကြီးမြို့မြောက်ဘက်ရှိ ကျေးရွာများမှ မြို့အ၀င်တွင် ဂိတ်ဆောက်လုပ်ပြီး ယာဉ်စီး၍ ဖြတ်သန်းသွားလာသူများကို ဘီးခွန်ကောက်သည်ဟု ဖြတ်သွားဖြတ်လာသူ ဒေသခံများက ပြောသည်။

ဆိုင်ကယ်များကို တစ်ဆီး (၁၀၀) ကျပ် ကားများကို တစ်ဆီင်္း (၅၀၀) ကျပ် စသဖြင့် အစိုးရ၀န်ထမ်းနှင့် NGO အဖွဲ့အစည်းများမှ လွဲ၍ အခြားလူများအားလုံးကို ကောက်ခံသည်ဟု ယင်းဂိတ်မှ ဘီးခွန်ကောက်သူ ကိုဇော်ဇော်အောင်က ပြောသည်။

ကောက်ခံရခြင်းမှာလည်း မည်သည့် ဌာနဆိုင်ရာအောက်မှ ကောက်ခံခြင်းမျိုးမဟုတ်ဘဲ၊ ထိုကောက်ခံသူ၏ လက်ထဲတွင် ၀က်လိုင်စင်ကတ်ကို ကိုင်ဆောင်ပြီး ဘီးခွန်ကောက်ခံနေခြင်း ဖြစ်သည်။

ဘီးခွန်ကောက်ဂိတ်ဘေးအနီးတွင် ၀က်သားရောင်းတဲဆိုင်ကို ဖွင့်ပြီး ၀က်သားကိုလည်း ရောင်းနေခြင်း ဖြစ်သည်။ ထိုဘီးခွန်ကို ကောက်ခံရန် တာဝန်ခံသူမှာ (PN0) အဖွဲ့မှ ဗိုလ်မှူးဇော်လတ်ဖြစ်သည်ဟု ၄င်းက ပြောသည်။

No comments: