တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ (၃၀) ရက်၊ ၂၀၁၀။ ဗုဒ္ဓဟူးနေ့
ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းလူမျိုးများနေထိုင်ရာဒေသဖြစ်သည့် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ လွိုင်လင်မြို့နယ်နှင့် အခြားသောမြို့နယ်များအတွင်းတွင် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNO မှ ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးရေးကွင်းဆင်းပြီး ဟောပြောပွဲများ ပြုလုပ်ပြီဖြစ်ကြောင်း သိရသည်။
ယခု ဇွန်လ (၁၂) ရက်မှ (၁၃) ရက်အထိ ဆီဆိုင်မြို့အနီး ပုံလောင်းရွာဘုန်းကြီးကျောင်းတွင် PNO မှ ခေါင်းဆောင်များနှင့် စစ်အစိုးရဒေသခံအာဏာပိုင်များ ပူးတွဲ၍ ဒေသခံပြည်သူလူထုများကို အစည်း အဝေး ခေါ်ယူ၍ ရွေးကောက်ပွဲနှင့် ဆိုင်သည့် အကျောင်းအရာများ ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။