ညီညွတ်ရေး ပြန်လည်တည်ဆောက်ရန် PNLO ကို လူမှုအဖွဲ့စည်းများဖြင့် တိုးချဲ့

ကျော်ထင်/ ၂၅ ဖေဖော်ဝါရီ ၂၀၀၈

ထိုင်း-မြန်မာနယ်စပ် အခြေစိုက် လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PNLO) ကို လူမှုအဖွဲ့စည်းများဖြင့် တိုးချဲ့ဖွဲ့စည်းလိုက်သည်။

ယင်းသို့ တိုးချဲ့ဖွဲ့စည်းလိုက်ခြင်းသည် ပြိုကွဲနေသော အမျိုးသားညီညွတ်ရေးကို ပြန်လည် တည်ဆောက်ရန် အစပြုခြင်းဖြစ်သည်ဟု PNLO က ပြောသည်။

PNLO အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်သူရိန်က နိုင်ငံရေးစနစ်များကြောင့် အစိတ် စိတ်အမြွှာမြွှာ ဖြစ်ခဲ့မှုများကို ပြန်လည်စုဖွဲ့နိုင်ခြင်းသည် ပြည်တွင်းပြည်ပတွင်ရှိသော ပအိုဝ်း လူထုနှင့် အဖွဲ့အစည်းများ ညီညွတ်ရေး တည်ဆောက်ရန် အစပြုခြင်းဟု ပြောသည်။

PNLO ကို နယ်စပ်အခြေစိုက် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (PNDO)၊ ပအိုဝ်း အမျိုး သမီးသမဂ္ဂ (PWU)၊ ပအိုဝ်းလူငယ်ဒီမိုကရက်တစ်အဖွဲ့ (PYDO) တို့မှ ကိုယ်စားလှယ်များဖြင့် ယမန်နေ့က တိုးချဲ့ဖွဲ့စည်းလိုက်သည်။

ဗိုလ်မှူးကြီး ခွန်သူရိန်က “ကျနော်တို့အားလုံး စုစည်းဖွဲ့စည်းပြီးတဲ့ နောက်မှာဆိုရင် အခန်းကဏ္ဍ အလိုက် လုပ်ငန်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လူငယ်ပိုင်းဆိုင်ရာမှာဆိုရင်လည်းပဲ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ရဲ့ နိုင်ငံရေး ရည်မှန်းချက်အောက်မှာ အတူတကွ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြောသည်။

ယခု ပေါင်းစည်းမှုတွင် နယ်စပ်အခြေစိုက် ပအိုဝ်းနိုင်ငံရေးအဖွဲ့အစည်းများဖြစ်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ခေါင်းဆောင်သော PPLO နှင့် ပအိုဝ်းလူငယ်အစည်းအရုံး PYO တို့ မပါဝင်သေးပေ။

ကျန်ရှိသော အဖွဲ့အစည်းများနှင့် ပတ်သက်၍ PNLO ဗဟိုကော်မတီဝင် ဖြစ်လာသည့် နန်းယဉ် သွယ်က “ကျမတို့ရဲ့ပေါင်းစည်းမှုမှာ တချို့ကျန်နေတဲ့ အဖွဲ့တွေကိုလည်း ပိုပြီးတော့မှ ပေါင်း စည်းလာစေချင်တယ်။ ပေါင်းစည်းပြီး လုပ်တဲ့အခါ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ အပြန်အလှန် ယုံကြည်မှုတွေ ရှိလာနိုင်မယ်။ အကောင်းဘက်ဆောင်တဲ့ အကြံဥာဏ်ပေးမှုတွေ ရလာနိုင်မယ်ပေါ့” ဟု ပြောသည်။

ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ဥက္ကဋ္ဌ ခွန်ကောဝိန်က ၎င်းတို့ အဖွဲ့အစည်းအနေဖြင့် ပေါင်း စည်းရေးအတွက် အချင်းချင်းအကြား ဆွေးနွေးညှိနှိုင်းမှု မလုပ်ရသေး၍ သဘောထားမပေးနိုင် သော်လည်း ပအိုဝ်းအဖွဲ့အစည်းများ တစုတစည်းတည်း ဖြစ်လာမှုကို ကြိုဆိုလိုက်သည်။ ။

နယ်စပ်အခြေစိုက် ပအိုဝ်းအဖွဲ့များ တူညီသော ဦးတည်ချက်နှင့် ပူးပေါင်းဆောင်ရွက်မည်

ခွန်အောင်မြတ်
ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၀၈ ခုနှစ်

နိုင်ငံရေးဦးတည်ချက် တခုတည်းအောက်တွင် ပေါင်းစည်းလုပ်ဆောင်သွားရန်အတွက် ထိုင်း-မြန်မာနယ်စပ်ရှိ ပအိုဝ်းအဖွဲအစည်းများ ပူးပေါင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ(ပီအဲန်အယ်လ်အို) ဗဟိုကော်မတီ အဖွဲဝင်များကို ယမန်နေတွင် တိုးချဲဖွဲစည်းလိုက်သည်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၏ နိုင်ငံရေး ဦးတည်ချက် ငါးရပ်ကို ပိုမို ကျယ်ပြန်စွာ လုပ်ဆောင်နိုင်ရေး အတွက် ပအိုဝ်းအဖွဲလေးဖွဲကို တစုတစည်းထဲ ပူးပေါင်း ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကီး ခွန်သူရိန်က ပြောသည်

ပြည်ပမှာ ရှိနေတဲ့ ပအိုဝ်းလူထုတွေရဲ သဘောထားတွေရော ကျနော်တို ရယူတယ် ပြည်တွင်း မှာ ရှိတဲ့ ကျနော်တို ပြည်သူရဲသဘောထားကတော့ ကျနော်တိုသိရှိထားတဲ့အတိုင်းပဲ ကျနော်တို ပအိုဝ်း အဖွဲ အစည်းတွေ ဒီလို အစိတ်စိတ်အမာမာ ဖြစ်နေတဲ့ ဟာတွေ သူက တနည်းလုပ် ကိုယ်က တနည်း လုပ် ဖြစ်နေတဲ့ဟာတွေကို ကျနော်တို ပြည်တွင်းက ပအိုဝ်းအဖွဲအစည်းတွေကလည်း ဒါတွေကို အလို မရှိပါဘူး ကျနော်တို ပအိုဝ်းအဖွဲအစည်းတွေ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ ရည်မှန်းချက် တခုထဲ အတူသွားနေတာကို ကျနော်တို ပအိုဝ်းအမျိုးသားထု တရပ်လုံးကလည်း ဒါကို လိုလား ပါတယ်။”

ပီအဲန်အယ်လ်အို ဗဟိုကော်မတီဝင် (၁၃)ဦးအတွင်းတွင် ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ (ပီအဲန် ဒီအို) ဥကဌဖြစ်သူ ခွန်စိန်ထွန်းသည် တွဲဖက်အတွင်းရေးမှူး (၂) ပအိုဝ်းလူငယ်ဒီမိုကရက်တစ်အဖွဲ (ပီဝိုင် ဒီအို) ဥကဌဖြစ်သူ ခွန်ရက်ခမ်းက ဗဟိုကော်မတီဝင်အဖြစ်နှင့် ပအိုဝ်းအမျိုးသမီးသမဂ (ပီဒဗလျူယူ) အထွေ ထွေ အတွင်းရေးမှူးဖြစ်သူ နန်းယဉ်သွယ်က ဗဟိုကော်မတီဝင်အဖြစ် တာဝန်ယူကသည်

ပအိုဝ်းအဖွဲအစည်းများ တစုတစည်းတည်း ပေါင်းစည်းလိုက်သည့်အတွက် စစ်အာာရှင် စနစ်ကို ဆန်ကျင်မအတွက် ပိုမို စည်းလုံးညီညွှတ်မရှိမည်ဟု ဗိုလ်မှူးကီး ခွန်သူရိန်က ပြောသည်

ကျနော်တို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲရဲ အဖွဲအစည်းကို တိုးချဲဖွဲစည်း လိုက်တဲ့ ကိစ မှာတော့ ဒီကနေ အခြေအနေအရမှာဆိုရင် ကျနော်တို နိုင်ငံမှာ နအဖ စစ်အုပ်စုရဲ ဖိနှိပ်မဟာ ပြင်း ထန်သထက် ပြင်းထန် လာတယ် ရက်စက်သထက် ရက်စက်လာတယ်ဆိုတဲ့ အချိန်ကျတော့ ကျနော် တို သူတပေါက် ကိုယ်တပေါက်နဲ တိုက်လို မရပါဘူး ကျနော်တို စည်းလုံးညီညွှတ်စွာနဲ တိုက်ယူမှ ပဲ ကျနော်တို ရမှာဖြစ်တယ် အဲတော့ ဒီကနေ ကျနော်တို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲကို မြှင့်တင်တိုးချဲဖွဲစည်းလိုက်တဲ့အခါကျတော့ ကျနော်တို ပအိုဝ်းတွေဟာ တစည်းတလုံးထဲ ဖြစ်သွားပီ ဆိုတဲ့အချိန်ကျတော့ တိုက်ပွဲဝင်တဲ့နေရာမှာလည်းပဲ စည်းစည်း လုံးလုံးနဲဖြစ်မယ်၊ ကျနော်တို မြန်မာပြည် ဒီမိုကရေစီစနစ် ထွန်းကားဖို ပအိုဝ်းအမျိုးသားတွေ အနေနဲ တဖက်တလမ်းကနေပီး တော့ ၀င်ပီးတော့မှ တိုက်ပွဲဝင်ပေးတဲ့နေရာမှာလည်းပဲ ပိုမိုထိထိရောက်ရောက် ရှိလိမ့် မယ်။”

ယခု တိုးချဲဖွဲစည်းသည့်အပေါ် ပအိုဝ်းပြည်သူလွတ်မြောက်ရေးအဖွဲ(ပီပီအယ်လ်အို)နှင့် ပအိုဝ်းလူငယ် အစည်း ရုံး (ပီဝိုင်အို) တို ပူးပေါင်းပါဝင်မ မရှိသေးသော်လည်း ထောက်ခံကိုဆိုကောင်း ပြောဆိုကသည်

ပီပီအယ်လ်အို ဥက ဗိုလ်မှူးကီး ခွန်ဥကာက ကျနော်တိုကတော့ ကိုဆိုတယ် ဘာကောင့်လဲ ဆို တော့ လူငယ်တွေ၊ အမျိုးသမီးတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တဲ့ အဖွဲအစည်းတွေက နိုင်ငံရေးလုပ် ငန်းမှာ ပိုပီးတော့ ပါဝင်လာ ဖိုလိုတယ်။ ပိုပီးတော့ စိတ်ဝင်စား ပိုပီးတော့ လုပ်လာဖိုလိုတယ် အဲဒါ အခု နိုင်ငံရေးလုပ်ငန်း လုပ်ဖိုအတွက် ပူးပေါင်းကတယ်ဆိုရင်တော့ ကျနော်တိုဒါ ကိုဆိုရမှာဖြစ် တယ် မူအားဖြင့်ပေါ့လေ။” ဟု ပြောသည်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲသည် ၂၀၀၇ ခုနှစ် နှစ်လယ်ပိုင်းတွင် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက် ရေးအဖွဲမှ ခွဲထွက်တောခိုပီး မြန်မာစစ်အစိုးရကို လက်နက် ကိုင်တော်လှန်နေသော အဖွဲအစည်းဖြစ်သည်

နအဖစစ်အစိုးရ၏ ကြေညာချက်အမှတ် ၁/၂၀၀၈ နှင့် ကြေညာချက်အမှတ် ၂/၂၀၀၈ အပေါ် ကေအိုင်အို၏ သဘောထားထုတ်ပြန်ချက်

တိုက်ပွဲဖြစ်ပွားပြီးနောက် ရှမ်းလက်နက်ကိုင် ခေါင်းဆောင်သုံးဦးကို ဖမ်းဆီး

2008.02.20

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့က ရှမ်းပြည်တောင်ပိုင်းက စစ်အစိုးရတပ်တွေကို ပအိုဝ်းတပ်က ဝင်ရောက် တိုက်ခိုက်ပြီးနောက ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေး ခေါင်းဆောင်သုံးဦးကို တောင်ကြီးမြို့က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းထဲက ခေါ်ဆောင်သွားပြီး အခုချိန်ထိထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ ရှမ်းနိုင်ငံရေးလှုပ်ရှားသူတွေပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၇ရက်နေ့ ကြ တောင်ကြီးမြို့နဲ့ ၅၈ မိုင်အကွာမှာရှိတဲ့ ဆီဆိုင်မြို့က စစ်ဖက်ဆိုင်ရာလုံခြုံရေး (စရဖ) နဲ့ အစိုးရတပ်တွေဖြစ်တဲ့တပ်မ (၄၂၃) ကို ဗိုလ်မှူးကြီးခွန်သူရိန်ခေါင်းတောင်တဲ့ ပီအန်အယ်လ်အေခေါ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်၊၊ တိုက်ပွဲဖြစ်ပြီးနောက် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ် ရလလဖနောင်ထော် အခြေစိုက် လက်ရှိဗဟိုဌာနချုပ် ခေါင်းဆောင်သုံးဦးဖြစ်တဲ့ ဥက္ကဌစောတာကလယ်၊ ဒု-ဥက္ကဌခွန်စိန်ရွှေနဲ့ နိုင်ငံရေးမှူး ဦးစိုးအောင်လွင်ကို စစ်တပ်က ခေါ်ယူထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

အခုလိုရှမ်းခေါင်းဆောင်တွေကို ခေါ်ယူထိန်းသိမ်းရတဲ့ဖြစ်ရပ်မှာ တောခိုအဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားရေးလွတ်မြောက်ရေးတပ်ဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်သူရိန်တို့တပ်ရဲ့ ပစ်ခတ်မှုဟာ ရလလဖအဖွဲ့ကိုဦးဆောင်နေတဲ့ နောင်ထော်အခြေစိုက် တာကလယ်တို့အဖွဲ့က ကာကွယ်ကူညီပေးထားလို့ ဆိုပြီးစွပ်စွဲနေတယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်တပ်အရာရှိတွေနဲ့ ရလလဖခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှုမှာ တောခိုအဖွဲ့ဖြစ်တဲ့ ခွန်သူရိန်အဖွဲ့က အခုလို ၀င်ရောက်တိုက်ခိုက်တာကို ကြောင်းပြပြီး လက်ရှိရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ ရလလဖကို လက်မှတ်ထိုးပြီး လက်နက်အပ်ခိုင်းတယ်။ ပြန်တောခိုမလား လက်နက်ချမလားဆိုတဲ့မေးခွန်းတွေထုတ်ပြီး ဖိအားပေးအကျပ်ကိုင်နေတယ်လို့ ရလလဖနဲ့နီးစပ်သူ ရှမ်းနိုင်ငံရေးလှုပ်ရှားသူ စိုင်းမင်းလွင်က ပြောပါတယ်။

အခုလက်ရှိရှမ်းပြည်နယ်အတွင်းမှာ ရှေ့ဖြစ်လာမယ့်နိုင်ငံရေးအခြေအနေက အတော်ကိုတင်းမာနေပြီး ဌာနချုပ်ရဲဘော်တွေကလည်း လွယ်လွယ်နဲ့အညံ့ခံမှာမဟုတ်သလို သူတို့ခေါင်းဆောင်လူကြီးတွေကို အခုလိုစစ်တပ်ကခေါ်သွားပြီး ထိန်းသိမ်းထားတာနှစ်ရက်ရှိနေပြီတဲ့အတွက် တပ်ကိုအဆင်သင့်ပြင်နေပြီး အခြေအနေကိုစောင့်ကြည့်နေကြတယ်။ တောင်ကြီးမှာရှိတဲ့ ရလလဖရုံးကိုလည်း စစ်ဖက်ရေးရာအဖွဲ့က စောင့်ကြည့်ထားပြီး ဖုန်းလိုင်းကိုပါ ဖြတ်တောက်ထားသလို တောင်ကြီးမြို့ပေါ်က ဖုန်းလိုင်းတွေကိုလဲ ဖြတ်တောက်ထားတယ်လို့သိရပါတယ်။

ရလလဖဖက်ကလဲ မြန်မာစစ်တပ်ရဲ့ဖိအားပေးမှုအပေါ် အညံ့ခံမဲ့ပုံမရှိတဲ့အပြင် ခွန်သူရိန်တို့အဖွဲ့ကလဲ စစ်ကြေငြာထားတဲ့အတွက် ဆီဆိုင်မြို့လူထုကတော့ စစ်ပွဲဖြစ်မယ့်အရိပ်အယောင်တွေ မြင်ရလို့ စိုးရိမ်နေကြတယ်လို့ ရှမ်းနိုင်ငံရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ဒီအကြောင်းသတင်းကို RFA သတင်းထောက် မဆုမွန်က သတင်းပေးပို့ထားပါတယ်။

http://www.rfa.org/burmese/thadin/2008/02/20/shan_troop_leaders_detained/

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ၏ သဘောထားရပ်တည်ချက်နှင့် တောင်းဆို/တိုက်တွန်းချက်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့သည် ၁၉၄၉ ခုနှစ်တွင် စတင်ခဲ့သော ပအိုဝ်းအမျိုးသားတော်လှန်ရေးမျိုးဆက်ဖြစ်သည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) သည် အကြမ်းဖက်သမားများမဟုတ်ပါ။ တတိုင်းပြည်လုံးရှိ ပြည်သူတစ်ရပ်လုံးနှင့် ပအိုဝ်းအမျိုးသားပြည်သူတို့အား အကြမ်းဖက်အုပ်ချုပ်နှိမ်နှင်းနေသော အကြမ်းဖက်သမား၊ သောင်းကျန်းသူနအဖကို တိုက်ခိုက်နေသည့် ပအိုဝ်းအမျိုးသား တော်လှန်ရေးသမားများသာဖြစ်သည်။

ထို့ကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) သည် စစ်မှန်သည့် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးနှင့် ပအိုဝ်းအမျိုးသားတို့ တန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန်အလို့ငှါ ၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့ (၁၉း၃၀) အချိန်တွင် ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ရှိ နအဖ၏ စစ်ဘက် ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနှင့် စကခ (ရ) လက်အောက်ခံ ဆီဆိုင်မြို့အခြေစိုက် ခမရ (၄၂၃) တပ်ရင်းအား ၀င်ရောက်တိုက်ခိုက်လိုက်သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့အနေဖြင့် အောက်ပါတောင်းဆိုချက် (၆) ရပ်ကို တောင်းဆို လိုက်သည်။ နအဖအနေဖြင့် အောက်ပါတောင်းဆိုချက် (၆) ရပ်ကို လိုက်လျော မည်ဆိုလျင် စစ်ဆင် တိုက်ခိုက်မှုများကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့မှ ရပ်စဲထား မည်။ နအဖမှ လိုက်လျောမှု မရှိလျင် တိုက်ခိုက်မှုများကို အရှိန်မြင့် ဆက်လက်လုပ်ဆောင် သွားမည်။

သဘောထားရပ်တည်ချက်

နအဖစစ်ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးလမ်းပြမြေပုံ (Road Map) ၇ အချက်အတိုင်း ဆက်သွားလျင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့အနေဖြင့် နအဖနှင့်နိုင်ငံရေးစကား ပြောစရာမရှိ၊ နောင်တက်လာမည့် ဒီမိုကရေစီနည်းကျပြည်သူမှရွေးချယ် တင်မြောက်ထား သော တရားဝင်အစိုးရနှင့်သာ နိုင်ငံရေး၊ ပအိုဝ်းတိုင်းရင်းသားအရေးကိစ္စများကို စကားပြောမည်။


တောင်းဆိုချက် (၆) ရပ်

။ နအဖအနေဖြင့် တပြည်လုံးအတိုင်းအတာအရ ဖိနှိပ်အုပ်ချုပ်မှုများ၊ တိုင်းရင်းသားဒေသများတွင် စစ်ရေးပြင်ဆင်ခြင်း၊ စစ်ဆင်ရေးထိုးခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းလုပ်ရပ်များကို ရပ်တန့်ရန်

၂။ တိုင်းပြည်အား စစ်ဗိုလ်ချုပ်များအုပ်ချုပ်နေခြင်းကို အလိုမရှိ၊ စစ်ခေါင်းဆောင်များနှင့် စစ်တပ်များ စစ်တန်းလျားသို့ပြန်ရန်

၃။ စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် နအဖစစ်ခေါင်းဆောင်များ စိတ်ကြိုက်ရေးဆွဲထားသည့် နိုင်ငံရေးလမ်းပြမြေပုံ (Road Map) (၇) ချက်နှင့် အမိန့်အာဏာဖြင့် ကျင်းပခဲ့သော အတုအယောင် ညောင်နှစ်ပင်ညီလာခံမှ ချမှတ်ထားသည့် အခြေခံမူ (၁၀၄) ချက်ကို ပြန်လည်ရုပ်သိမ်းရန်

၎။ မသမာသောနည်းလမ်းများကို အသုံးပြုပြီး မေလတွင်ပြုလုပ်မည့် (၁/၂၀၀၈) ပါအတုအယောင် လူထုဆန္ဒခံယူပွဲနှင့် (၂/၂၀၀၈) ပါ (၂၀၁၀) ခုနှစ်တွင်ပြုလုပ်မည့်ရွေးကောက်ပွဲ ထုတ်ပြန် ကြေငြာချက်ကို ပြန်လည်ရုပ်သိမ်းရန်

၅။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီးထားသောနိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွတ်ပေးရန်

၆။ တိုင်းရင်းသားကိုယ်စားလှယ်များ၊ အတိုက်အခံနိုင်ငံရေးပါတီများနှင့် အတိုက်အခံနိုင်ငံရေး အင်အားစုများအားလုံး ကြားဖြတ်အစိုးရတစ်ရပ်ဖွဲ့စည်းပြီး ကြားဖြတ်အစိုးရသို့ အာဏာလွဲအပ်ရန်

တိုက်တွန်းချက်

မြန်မာတစ်နိုင်ငံလုံးတွင် မှီတင်းနေထိုင်ကြသော ရဟန်းသံဃာများ၊ ပြည်သူများ၊ ကျောင်းသား/သူများ၊ တိုင်းရင်းသားများ၊ အရပ်လက်ဆိုင်ရာနိုင်ငံ့ဝန်ထမ်းများ၊ စစ်ဘက်ဆိုင်ရာနိုင်ငံ့ဝန်ထမ်းများ၊ အတိုက်အခံနိုင်ငံရေးပါတီများ၊ အတိုက်အခံနိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် တိုင်းပြည်၏အာဏာကို မတရားရယူထားပြီး တိုင်းပြည်ကို အဘက်ဘက်မှ အောက်ဆုံးထိမွဲပြာကျအောင် အုပ်ချုပ်နေသော နအဖစစ်အာဏာရှင်တစ်စုအား ဖြုတ်ချနိုင်ရေးအတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၏ တောင်းဆိုချက် (၆) ရပ်နှင့် သဘောထားရပ်တည်ချက်ကို ၀ိုင်းဝန်းရပ်ခံကြပါရန် အလေးအနက်တိုက်တွန်းလိုက်သည်။

၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉)ရက်
ဗဟိုကော်မတီ
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)

ဆီဆိုင်ရှိ မြန်မာတပ်စခန်းများကို ပအိုဝ်းဝင်တိုက်၊ နှစ်ဦးသေ

ခွန်အောင်မြတ်
ဖေဖော်ဝါရီလ ၁၉ ရက် ၂၀၀၈ ခုနှစ်

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မိုရှိ မြန်မာစစ်အစိုးရ တပ်စခန်းများကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (ပီအဲန်အယ်လ်အေ)က ယခုရက်ပိုင်းအတွင်းတွင် ၀င်ရောက်တိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်ဘက်မှ တပ်ကပ်ကီး တဦးအပါအ၀င် နှစ်ဦးသေဆုံးသည်

ဆီဆိုင်မို အခြေစိုက်သည့် မြန်မာစစ်တပ် စစ်ဘက်ရေးရာ လုံခုံရေးတပ်ဖွဲ(စရဖ)ရုံးနှင့် ခမရ (၄၂၃) တပ်စခန်း တိုကို ယခုလ ဖေဖော်ဝါရီ ၁၇ ရက်နေတွင် ပီအဲန်အယ်လ်အေက ၀င်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ (ပီအဲန်အယ်လ်အို) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကီး ခွန်သူရိန်က ပြော သည်

အဲဒီတိုက်ပွဲမှာကတော့ ကျနော်တို ဖက်မှာတော့ အကျအဆုံးမရှိပါဘူး နအဖ ဘက်မှာ ကတော့ စစ် ဘက်ရေးရာ လုံခုံရေးတပ်ဖွဲက ကျနော်တို လေ့လာစုံစမ်းသိရှိရတဲ့ သတင်းအရဆိုရင်တော့ တပ်ကပ်ကီးအဆင့်ရှိတဲ့ သန်းစိုး သေဆုံးပီးတော့ ရဲတပ်ဖွဲက တစ်ယောက်ကျတယ်လို သိရတယ် အဲဒီ (၄၂ ၃) တပ်မှာတော့ ဘယ်လောက်ကျတယ်ရာရတဲ့ သတင်းကလည်း အတိအကျ မသိရသေးပါဘူး စုံစမ်းဆဲပဲ ဖြစ်ပါတယ်။”

ယခုတိုက်ပွဲသည် တိုင်းပြည်ကို မတရားအာ
ာရယူထားပီး တိုင်းရင်းသား ပြည်သူတရပ်လုံးအပေါ် အကမ်းဖက် ဖိနှိပ်အုပ်ချုပ်နေသည့် စစ်အစိုးရကို တော်လှန်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကီး ခွန်သူရိန်က ပြောသည်

နအဖအနေနဲ ရုတ်မက် Road Map (၇) ချက် အတိုင်းကို ဆက်ပီးတော့မှ သွားမယ်ဆိုရင်တော့ ကျ နော်တို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲအနေနဲက နအဖနဲ နိုင်ငံရေး စကားပြောစရာလည်း မရှိဘူး အဲတော့ နောက်တက်လာမယ့် ဒီမိုကရေစီနည်းကျပေါ့ ပြည်သူလူထုကနေပီးတော့မှ ရွေး ချယ်တင် မြောက်ထားတဲ့ တရားဝင်အစိုးရနဲပဲ ကျနော်တို ပအိုဝ်းအမျိုးသားရေးကိစတွေ နိုင်ငံရေး ကိစတွေ စကားပြော မယ်ဆိုတဲ့ ကျနော်တို သဘောထားရပ်တည်ချက်ရှိပါတယ်ဟု၎င်းက ဆက် ပြောသည်


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ
(ပီအဲန်အယ်လ်အို) က ယနေကညာချက် ထုတ်ပြန်ပြီး နအဖစစ်အစိုးရအား စစ်အာရှင်စနစ်တည်မဲရေးအတွက် ရေးဆွဲထားသည့် နိုင်ငံရေးလမ်းပြမြေပုံ (၇)ချက်နှင့် အမိန်အာာဖြင့်ကျင်းပခဲ့သော အတုအယောင် ညောင်နှစ်ပင်ညီလာခံမှ ချမှတ်ထားသည့် အခြေခံမူ(၁၀၄) ချက်ကို ပြန်လည်ုပ်သိမ်းရန် တိုင်းရင်းသားကိုယ်စားလှယ်များ အတိုက်အခံနိုင်ငံရေးပါတီများနှင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများဖြင့် ကားဖြတ် အစိုးရတစ်ရပ်ဖွဲစည်းပီး ကားဖြတ်အစိုးရသို အာာ လွဲအပ်ရန် တောင်းဆို ထားသည်

တပြည်လုံးအတိုင်းအတာအရ ဖိနှိပ်အုပ်ချုပ်မများ တိုင်းရင်းသားဒေသများတွင် စစ်ရေး ပြင်ဆင်ခြင်း စစ်ဆင်ရေးထိုးခြင်း လုပ်ကံသတ်ဖြတ်ခြင်းင်းပန်းနှိပ်စက်ခြင်း လုပ်ရပ်များကို ရပ်တန်ရန်နှင့် စစ်ခေါင်းဆောင်များ စစ် တန်းလျားသိုပြန်ရန် တောင်းဆိုထားပြီး မလိုက်လျောပါက စစ်ဆင်တိုက်ခိုက်မအရှိန်မြင့် ဆက်လက် လုပ် ဆောင်သွားမည်ဟု ကေညာချက်တွင် ပါရှိသည်

ပီအဲန်အယ်လ်အို သည် ၂၀၀၇ ခုနှစ် ဇွန်လတွင် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲမှ ခွဲထွက်ပြီး နောက်ဖွဲစည်းခဲ့သည့် အဖွဲဖြစ်ပြီး ၁၉၄၉ ခုနှစ်တွင် စတင်ခဲ့သည့် ပအိုဝ်းအမျိုးသားတော်လှန်ရေး မျိုးဆက် ဖြစ်သည်ဟုကေညာချက်တွင်ဖေါ်ပြထားသည်

မြန်မာစစ်အစိုးရထံ တရားဝင် လက်နက်အပ်နှံသွားသည့် ဗိုလ်မှူးကီး ခွန်ချစ်မောင် ဦးဆောင်သည့် ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ (ရလလဖ) အဖွဲဝင်တဦးက ၁၇ ရက်နေတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကောင်း ယင်းတိုက်ပွဲတွင် ကျဆုံးဒ်ရာရမများရှိကောင်း အတည်ပြုပြောဆိုသည်

နအဖစခန်းများကို ပအိုဝ်းလက်နက်ကိုင်တပ်များ တိုက်ခိုက်

ကိုကျော်ထင်/ ၁၉ ဖေဖော်ဝါရီ ၂၀၀၈
ခေတ်ပြိုင်


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) မှ တပ်ဖွဲ့ဝင်အချို့သည် ယခုလ (၁၇) ရက် ညနေပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အခြေစိုက် နအဖတပ်စခန်းများကို
ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ဆီဆိုင်မြီု့နယ်ရှိ စစ်ဖက်ရေးရာလုံခြုံရေး (စရဖ) နှင့် ခမရ (၄၂၃) တပ်များကို PNLO တပ်ဖွဲ
ဝင်များက တိုက်ခိုက်ခဲ့ကြောင်း PNLO အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

၎င်းက “တိုက်ပွဲအခြေအနေကတော့ နအဖဘက်က စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့က တပ်ကြပ်ကြီးတယောက် ကျပြီးတော့မှ ရဲတပ်ဖွဲ့ကလည်း တယောက်ကျတယ်လို့သိရတယ်။ ဒါပေမယ့် ဒဏ်ရာရတဲ့အစိတ်အပိုင်းကတော့ ကျနော်တို့မသိရသေးပါဘူး” ဟု ပြောသည်။

ညနေ (၇) နာရီခွဲခန့်က စတင်ခဲ့သည့် နာရီဝက်ခန့် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် PNLO ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်တွင်းအခြေစိုက် ရလလဖနှင့် နီးစပ်သူတဦးကလည်း ဆီဆိုင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောကြားသည်။

PNLO မှ တိုက်ပွဲသတင်းနှင့် ပတ်သက်သည့် ယနေ့ထုတ်ပြန်ကြေညာချက်တွင် လာမည့် မေလ တွင်ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲနှင့် ၂၀၁၀ တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတို့ကို ရုပ်သိမ်းရန်၊ အတိုက်အခံများ၊ တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့် ကြားဖြတ်အစိုးရကို ဖွဲ့စည်းပေးရန်နှင့် ယင်းအစိုးရကို အာဏာလွဲပေးရန်အပါအ၀င် အချက် (၆) ချက်ပါ တောင်းဆို ချက်နှင့် အကယ်၍ မလိုက်နာပါက ဆက်လက်တိုးမြှင့်တိုက်ခိုက်သွားမည်ဟု ပါရှိသည်။

ငြိမ်းချမ်းရေးယူထားသည့် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) မှ ခွဲထွက် ခဲ့သော PNLO ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် ထိုင်း-မြန်မာနယ်စပ်၌ အမည်ပြောင်း ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။ ။