တောင်ကြီးမြို့ ကုန်ခြောက်သားငါးဈေးယာယီဆိုင်ခန်းကိစ္စ လူစုလူဝေးဖြစ်ပွားခဲ့

စက္ခု | သြဂုတ်လ ၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

၃၁/၇/၂၀၁၃ ရက်နေ့ ၁၀း၄၅ အချိန်ခန့်တွင် တောင်ကြီးမြို့၊ မြို့မဈေးကြီးရှိ ဈေးစည်ပင်ရုံးခန်းတွင် ဈေးသူဈေးသား အင်းအာ (၆၀) ခန့် ရောက်ရှိလာပြီး လူစုလူဝေးမှု ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိ သူများ ရောက်ရှိလာပြီး လူစုခွဲခဲ့ရာ ၁၁း၃၀ နာရီအချိန်တွင် လူစုကွဲသွာကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ မြို့မဈေးကြီးအရှေ့ဘက်ရှိ ကန်ခြောက်သားငါဈေး (ညဈေး) တန်းအား သီဟကုမ္မဏီမှ အဆင့်မြှင့်ဆောက်လုပ်ရန် ၁၅၊ ၅၊ ၂၀၁၃ ရက်နေ့ ၁၄း၃၀ နာရီအချိန်တွင် ရှမ်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေမှူး ဦးစိုင်းထွန်းထွန်းမှ ကုန်ခြောက်သားငါးဈေးတွင် ရောင်းချလက်ရှိသည့် ဈေသူ ဈေးသားများအား ယာယီဈေးနေရာချထား ပေးနိုင်ရေး ညှိနိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ အဆိုပါအစည်အဝေး၏
ယာယီဆုံးဖြတ်ချက်အား သိရှိလိုသည့်အတွက် ကုန်ခြောက်ငါးဈေး ရောင်းချလျက်ရှိသည့်
ဈေးသူ ဈေးသားများမှ ဒုဈေးဦးစီးမှူး ဦးနိုင်အောင်စိုးထံ လာရောက်မေးမြန်းကြရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments: