ပြန်လည်လုပ်ကိုင်ခွင့်ရမြေယာကို အေဒင်ကုမ္ပဏီမှာလာကန့်ကွက်

နန်းဒီမိုကရေစီ | မေလ ၃၁ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ဂေါက်ကွင်းအနောက်ဘက်ရှိ နောင်အင်ရွာသားများ ပိုင်ဆိုင်သော မြေယာများကို အမှတ်(၂) စစ်တပ်က ၂၀၀၄ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး ယခုအခါ မြေယာအချို့ကို ပြန်လည်လုပ်ကိုင်ခွင့်ပေးသော်လည်း မေလ ၂၈ ရက်နေ့တွင် မြေယာ ပိုင်ရှင်ဖြစ်သူ ဦးခွန်တပိုးက ပြန်လည်လုပ်ကိုင်ရာ အမည်မသိသူတချို့က လာကန့်ကွက်ကြောင်း သိရသည်။

၄၃၆ ကို ပြင်ဆင်ရန် NLD နှင့် ၈၈ မျိုးဆက်အဖွဲ့အစည်းတို့ဆွေးနွေး

နှင်းသစ္စာ (တောင်ကြီး) | မေလ ၃၁ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



လူးဖဲုင်းခေါ် ပအိုဝ်းရိုးရာမီးရှူး (ဒုံး) ပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပြီး လက်ပြတ်ဒဏ်ရာရရှိ


နန်းဟွမ်စု (ပင်လောင်း) | မေလ ၃၀ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တင်းထက်ရွာတွင် လူအများက လူးဖဲုင်းခေါ် ပအိုဝ်းရိုးရာ မီးရှူး (ဒုံး) ပြုလုပ်နေစဉ် မတော်တဆကြောင့် မီးရှူး(ဒုံး) ပေါက်ကွဲပြီး လူတစ်ယောက်ဒဏ်ရာရရှိကြောင်း သိရသည်။

နယ်နိမိတ်နှင့် မြေယာပြဿနာ အထွေထွေအုပ်ချုပ်ရေးမှူးကွင်းဆင်းလေ့လာ

ခွန်ရာဇာ (တောင်ကြီး) | မေလ ၃၀ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



(၁၄) ရာစု မြောက်ဦးနန်းတော်ကို သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

အမြင်ဆောင်းပါး | ခိုင်လင်း (မေဃ၀တီ)
မေလ ၂၃ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ရခိုင်ပြည်လွှတ်တော်က မြောက်ဦးနန်းတော် ပြန်လည်တည်ဆောက်ရေးကို တညီတညွတ်တည်း ဆုံးဖြတ်လိုက်တဲ့ သတင်းက သမိုင်းအမြင်အရ တုန်လှုပ်စေခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်သမိုင်းပညာရှင်တွေ ၊ ရခိုင်သမိုင်းကို တန်ဖိုးထား သူတွေရဲ့  ကန့်ကွက်မှုကြောင့် ပျက်ပြယ်သွားနိုင်ကောင်းပါရဲ့ လို့ တွေးခဲ့ပါတယ်။ သို့သော် တလကျော်လာသည့်တိုင် ကန့်ကွက်တဲ့သတင်းတွေ မကြားရတဲ့အခါ သမိုင်းအမြင်အရ ကျွန်တော့်ရဲ့  တုန်လှုပ်ခြောက်ခြားမှုကို ရခိုင်လူထုအား တင်ပြဖို့ လိုအပ်တယ်ဆိုတဲ့ အသိနဲ့ သမိုင်းရှုထောင့်က တတ်သလောက် တင်ပြပါ့မယ်။


ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာတွင် အမျိုးသမီးကဏ္ဍဆွေးနွေးပွဲ ကျင်းပပြုလုပ်

စင်လေခမ်း (နောင်မွန်) | မေလ ၂၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စုတွင် ရှမ်းပြည်မျိုးဆက်သစ်အဖွဲ့မှ ဦးဆောင်သော အမျိုးသမီးများကဏ္ဍ ဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်၊ မေလ ၁၀ ရက် မှ ၁၂ ရက်နေ့ထိ ဟိုနောင်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သွားကြောင်း သိရသည်။

နိုင်ငံခြားအလုပ်သွားလုပ်ရန် လ၀ကရုံးတွင်မှတ်ပုံတင်ပြုလုပ်သူ များပြား

စင်လေခမ်း (နောင်မွန်) | မေလ ၂၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ်အတွင်း နေထိုင်သောပြည်သူလူထုများသည် ပြည်ပနိုင်ငံသို့ အလုပ်သွားလုပ်ရန် ဆီဆိုင်မြို့ လ၀ကရုံးတွင် အမျိုးသား အများအပြား မှတ်ပုံတင်လာပြုလုပ်ကြကြောင်း သိရသည်။

ဘန်းယဉ်ရဲစခန်းတွင် ရဲဘော်စုဆောင်းရေးပြုလုပ်

စင်လေခမ်း (နောင်မွန်) | မေလ ၂၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ရဲစခန်းမှ ရဲအရာရှိများနှင့်ရဲအဖွဲ့ဝင်များသည် ဘန်းယေဉ်ရဲစခန်းတွင် တာဝန်ထမ်းဆောင်ရဲဘော်များနည်းပါးနေသဖြင့် နောင်မွန်ကံသာဦး လူငယ်များအား ကံသာဦးဘုန်းကြီးကျောင်း၌ ရဲဘော်စုဆောင်းရေးလုပ်ငန်းကို ၂၀၁၄ မေလ ၁ ရက်နေ့တွင် ပြုလုပ်ကြောင်း သိရသည်။

၂ဝ၁၅ နီးလေ ပအိုဝ်းပြည်သူများ ပိုပြီးရင်လေးလေ

အမြင်ဆောင်းပါး | ခွန်ရာဇာ (တောင်ကြီး) |
မေလ ၁၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ခေတ်စနစ်အရ နိုင်ငံရေးသည် လွှတ်တော်နိုင်ငံရေးဘက်သို့ ကူးပြောင်းလာပြီး ပြည်သူလူထုသည် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေပြီ ဖြစ်သည်။ အာဏာရှင်ဆန်ဆန် ကျင့်သုံးနေသော အုပ်ချုပ်သူအချို့က ရှိနေပါ သေးသည်။ အပြန်အလှန်ထိန်းညှိရန် လိုအပ်ပေသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်စောင်း အုပ်ချုပ်ခြင်းသည် ပြည်သူအတွက် နှစ်နှာမှုများပြီး တိုင်းပြည်အေးချမ်းမှုကိုလည်း ရရှိစေမည်မဟုတ်ပေ။

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဘယ်မှာလဲ

အမြင်ဆောင်းပါး | ခွန်သွီးပအိုဝ်းခမ်းကောင်
မေလ ၁၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားများသည် သုဝဏ္ဏဘူမိသထုံပြည်တွင် သမိုင်းစဉ်ဆက်အရ မင်းမျိုးနွယ်ဖြစ်ခဲ့ပါသည်။ ဗုဒ္ဓဘာသာအရင်ကိုးကွယ်ခဲ့သော လူမျိုးတစ်မျိုးဖြစ်ခဲ့သည်။ ကိုယ့်ထီးကိုယ့်နန်းဖြင့် တည်ရှိခဲ့သော်လည်း ခွန်မနုဟာမင်းလက်ထက်တွင် ပုဂံမင်းအနော်ရထာက ထီးနန်းသိမ်းပိုက်ပြီးချိန်ကစပြီး ပအိုဝ်းတိုင်းရင်းသား များသည် တကွဲတပြားဖြစ်ခဲ့ရသည်။ ရေကြည်ရာမြက်နုရာပြောင်းရွေ့နေထိုင်လာပြီး ကမ္ဘောဇတိုင်းခေါ် ရှမ်းပြည်တောင်ပိုင်းသို့ ပြောင်းရွေ့နေထိုင်သည်က အများစုပင်ဖြစ်သည်။ ထို့အပြင် နဂိုမူလနေထိုင်နေသော ပအိုဝ်းလူမျိုးလည်း ရှိခဲ့ပါသည်။ ၎င်းကို သံလွင်မြစ်အရှေ့ဘက်ကျွန်းတွင် နေထိုင်သောပအိုဝ်းလူမျိုးသည် ကွန်လုံပအိုဝ်းဟု ခေါ်သည်။

ဟိုပုံးမြို့မဆည်တွင် မိန်းကလေးတဦး ရေနှစ်သေဆုံး

နန်းခမ်းဟွမ် (မဲုင်းကောင်) | မေလ ၁၂ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

ဟိုပုံးမြို့မြို့မဆည်တွင် အသက် ၁၀ နှစ်ခန့်ရှိသော မိန်းကလေးတစ်ဦးသည် မေလ ရက်နေ့တွင် ရေချိုးရာမှ ရေနစ်သေဆုံးသွားကြောင်း သိရသည်။

ပအိုဝ်းအမျိုးသမီးသမဂ္ဂရုံးတွင် ပအိုဝ်းမီးသားစုတွေဆုံဆွေးနွေးပွဲ ကျင်းပ

ခွန်မွိုင်ကြွိုင် | မေလ ၁၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



ပုလဲရတု ပအိုဝ်းစာပေပြန့်ပွားရေးနှင့် ဆရာဖြစ်သင်တန်းဆင်းပွဲပြုလုပ်

နန်းခမ်းဟွမ်နွိုး (တောင်ကြီး) မေလ ၁၀ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



အရှုပ်အထွေးများနှင့် ရှမ်းပြည်နယ်

အမြင်ဆောင်းပါး | စိုင်းခွန်ခမ်း | မေလ ၉ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

ကျနော်စာအုပ်ဆိုင်တွေတော်တော်များများရောက်သွားတော့ ယ္ခုတလော ရှမ်းပြည်နိုင်ငံရေးနှင့်ဆိုင်တဲ့ စာအုပ်စာတမ်းတွေ တော်တော်များများတင်ရောင်းလာတာကို စာဖတ်ပရိတ်သတ်များ သတိထားမိမယ်ထင်ပါတယ်။ ၂၀၁၀ - ခုနှစ်မတိုင်မှီကပင် ထိုစာအုပ်များကို လိုအပ်လို့ပင် မနည်းရှာဝယ်ရသည့် စာအုပ်များ အထူးသဖြင့် ရှမ်းပြည် ဘယ်လဲ? ပင်လုံစစ်တမ်း၊ ကိုယ်တွေ့ပင်လုံ၊ ……. စသည့်စာအုပ်များ၊ တောခိုကျောင်းသားဟောင်းများရေးသားသည့် ထို့ကြောင့်ဤသို့ စာအုပ်သည်လည်း ရှမ်းပြည်နယ်အရေးကိစ္စတွေကို အထူးရေးသားထားတဲ့စာအုပ် ကောင်းတွေ ဖြစ်ကြပြီး မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် ရှမ်ပြည်နိုင်ငံရေးသမားများ၏ လှုပ်ရှားမှုများဟုလည်းပြော လို့ရပါသည်။

Why is the Anglo-American Team helping the Burmese Putin?

By Kanbawza Win | May 09, 2014

Imagine how hilarious to see an Anglo-American team helping the Burmese Putin (quasi-military government) to colonise the non-Myanmar ethnic nationalities by force. Not that the blood of imperialism still runs strong in the veins of these Caucasians who profess their Judeo Christian values of democracy and human rights and paradoxically has taken stern measures against Vladimir Putin.

အမျိုးသားခေါင်းဆောင် - National Leader

အမြင်ဆောင်းပါး | စါင်ဖါအောင် နှင့် ဗွေးစါင်ပေ | မေလ ၈ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

လွန်ခဲ့သောလပိုင်းမှ စ၍ ပအိုဝ်းလူကြီး၊ လူငယ်၊ နိုင်ငံရေး အသိုင်းအ၀ိုင်းများအကြားတွင်အမျိုးသားခေါင်းဆောင်ဟူသော အပြောအဆို သုံးနှုန်းမှုများ ရှိလာခဲ့သည်ကို တွေ့ရှိရသည်။ အထူးသဖြင့် ကျန်းမာရေး မကောင်းသော်လည်း ဇွဲကောင်းကောင်းဖြင့် PNO နာယကကြီး ဦးအောင်ခမ်းထီ ကိုယ်တိုင် သန်းခေါင်စာရင်း အကြို လူထုတွေ့ဆုံပွဲများတွင် ပို၍ သုံးစွဲလာသည်ကို တွေ့မြင်ရသည်။