စစ်ကောင်စီက မတ်လ ( ၈ )ရက်နေ့တွင် တောင်စလုံးကျေးရွာ ဘုန်းကြီးကျောင်းနှင့် ရွာထိပ်စေတီသို့ ရောက်ရှိနေကြောင်း ကင်းထောက်မှတဆင့် သိရှိရကာ ကျေးရွာအတွင်း ကျန်ရှိနေသော ဒေသခံများကို တပ်ရင်းတပ်ဖွဲ့များက စနစ်တကျ ပူးပေါင်း ဆောင်ရွက်ပြီး ကယ်ဆယ်ရေးကို စတင်လုပ်ဆောင် ခဲ့ကြောင်း NUGမှ ထုတ်ပြန်ထားသည်၊၊
ကူညီကယ်ဆယ်ရေးကို ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPT PDF)၊ (၁၀၀၃) တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း ဆိုသည်၊၊