ဒါန-ရှေ့ ဆောင်မြန်မာ (COM) မှ နိုင်ငံရေးပါတီများ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

ခွန်မေးလို့ (တောင်ကြီး) | ဒီဇင်ဘာ (၉) ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ဒါန ရှေ့ ဆောင် မြန်မာ (Charity-Oriented Myanmar) မှ ကြီးမှူးပြီး နိုင်ငံရေးပါတီများ စွမ်းရည်မြှင့် သင်တန်းတရပ်ကို ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ် (PNO) - ဗဟို အစည်းအဝေးခန်းမဆောင်တွင် ယခုလ ၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 



သင်တန်း၏ရည်ရွယ်ချက်မှာ နိုင်ငံရေးပါတီများ ဥပဒေနှင့် နိုင်ငံရေး ဗဟုသုတများ နားလည်မှု တိုးပွားလာစေရန်အတွက် ရည်ရွယ်ကြောင်း ဥပဒေနှင့် နိုင်ငံရေး အကြံပေး ဆရာဦးခင်ဝင်းမှ အဖွင့်အမှာစကားတွင် ပြောခဲ့သည်။

နိုင်ငံရေးပါတီများ၊ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများ ရင်းနှီးမှုများ ပိုမိုနက်ရှိုင်းစေရန်အတွက် ဖိတ်ကြားခြင်းဖြစ်ကြောင်း၊ အခြားတိုင်းရင်းသားပါတီ အဖွဲ့အစည်းရုံးတွင်လည်း အလှည့်ကျ ဖွင့်လှစ်သွားနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူး (၂) ဦးခွန်လာမှ ဆိုသည်။

ဤစွမ်းရည်မြှင့်သင်တန်းကို ၂၀၁၃ ခု၊ ဒီဇင်ဘာလ (၂) ရက်မှ (၁၂) ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒါန-ရှေ့ဆောင်မြန်မာ စီမံချက်ဒါရိုက်တာ ဒေါ်နွေးနွေးထွန်းမှ ပြောခဲ့သည်။

ဤနိုင်ငံရေးပါတီများ စွမ်းရည်မြင့် သင်တန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ (USDP)၊ ဓနုအမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်(PNO) စသည့် ပါတီများမှ ကိုယ်စားလှယ် (၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments: