PNLO ပအိုဝ်းအဖွဲ့ ပထမအကြိမ်ညီလာခံ ကျင်းပပြီးစီး

နောင်ခမ်းခါ | မေလ ၂၃ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ကိုယ်စားလှယ်တော်၊ လေ့လာသူနှင့် မဟာမိတ်ခေါင်းဆောင်းများ အားလုံးပေါင်း တက်ရောက်တူ ၁၀၀ ကျော်ရှိတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ ပထမဆုံးအကြိမ်ညီလာခံတစ်ရပ်ကို အဖွဲ့ချုပ်တပ်မတော်ရဲ့ လေဗွာတပ်စခန်းမှာ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ညီလာခံမှာ ပအိုဝ်းအမျိုးသားနိုင်ငံရေးအဖွဲ့အစည်းများ၊ လူငယ် အမျိုးသမီးအဖွဲ့အစည်းများ နှင့်အခြားပအိုဝ်းလူထုအခြေပြု လူမှုအဖွဲ့အစည်းများအားလုံးပါဝင်တဲ့ ပအိုဝ်းတမျိုးသားလုံးဆိုင်ရာညီလာခံတစ်ရပ် ကျင်းပနိုင်ရေးနှင့် ပအိုဝ်းဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ အပါအ၀င် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ဖြေရှင်းရေး စတဲ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

လာမည့်ဒုတိယအကြိမ်ညီလာခံအထိ ၃ နှစ်ကာလအတွင်း အဖွဲ့ချုပ်ကိုဦးဆောင်မယ့် ခေါင်းဆောင်များကတော့ ခွန်မြင့်ထွန်း ဥက္ကဌ၊ ဗိုလ်မှူးကြီးခွန်သူရိန် ဒု-ဥက္ကဌ၊ ဗိုလ်မှူးကြီးအောင်ကျော် အထွေထွေအတွင်းရေးမှူး၊ ခွန်သောမတ်စ် တွဲဘက်အထွေထွေအတွင်းရေးမှူး ၁၊ နန်းနွယ်နွယ် တွဲဘက်အထွေထွေအတွင်းရေးမှူး ၂ တို့အပါအ၀င် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၇ ဦးပါဝင်တဲ့ ဗဟိုကော်မတီဝင် ၁၁ ဦး နှင့် အရံဗဟိုကော်မတီဝင် ၄ ဦး တို့ကို  ဒီမိုကရေစီစနစ်ကျ ရွေးချယ်တက်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ပထမအကြိမ်ညီလာခံသက်တမ်းအထိ ၃ နှစ်ကြာ ဦးဆောင်ခဲ့တဲ့ ဥက္ကဌဟောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ ဒု-ဥက္ကဌဟောင်း ခွန်တိဆောင်တို့ကို အဖွဲ့ချုပ်ရဲ့ ဂုဏ်ထူးဆောင်နာယကကြီးများအဖြစ် တင်မြောက်ခဲ့ပါတယ်။


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ပထမအကြိမ်ညီလာခံ
ကိုယ်စားလှယ်တော်များ (မေလ ၁၇-၂၁၊ ၂၀၁၃)


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ပထမအကြိမ်ညီလာခံ
ကိုယ်စားလှယ်တော်များ (မေလ ၁၇-၂၁၊ ၂၀၁၃)

No comments: