ခိုလမ်မြို့တွင် တန်ဖိုးနည်းဖုန်းချပေးရာ ပွင့်လင်းမြင်သာမှုမရှိဟု ဒေသခံများဆို

ခွန်ရာဇာ (တောင်ကြီး) | စက်တင်ဘာ ၂၇၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

အစိုးရမှ တန်ဖိုးနည်းဖုန်းကို မြို့နယ်အလိုက် မဲနိုက်စနစ်ဖြင့် ချပေးရာတွင် နမ်ဆန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ ခိုလမ်မြို့တွင် စက်တင်ဘာ ၂၅ ရက်က ဆက်သွယ်ရေးရုံးမှ ချပေးသော ဖုန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူအပေါ်ပွင့်လင်းမြင်သာမှုမရှိကြောင်း သိရသည်။

လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲအတွင်း RCSS/SSA အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိ၍ အပြစ်မဲ့ပြည်သူများ ဒဏ်ရာရ

ခွန်ခမ်းမြတ် | စက်တင်ဘာလ (၂၄) ရက် ၊ ၂၀၁၃ ခုနှစ်

တောင်ကြီး။     ။ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲ၊ ဟဲနန်းကျေးရွာအုပ်စု၊ ကျူပေါ်ကျေးရွာ၏ အနောက်ဘက် ၃ ဖာလုံခန့်အကွာတွင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့၊ မွန်းလွဲ ၂း၃၀ နာရီ အချိန်ခန့်၌ RCSS/SSASအဖွဲ့မှ ရွက်ဖ ဦးစီးသည့် (အင်အား (၃၀) ဦးခန့်) အဖွဲ့မှ ထောင်ထားသည့် တိုက်မိုင်းဟု ယူဆရသော မိုင်း (ဗုံး) တစ်လုံး ပေါက်ကွဲသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နားဘောင်စိုက်ကွင်း PNO အဖွဲ့အစည်းမှ သိမ်းယူထားသောမြေတစ်ချို့ ပြန်ပေး

ခွန်ရာဇာ (တောင်ကြီး) | စက်တင်ဘာ ၂၄ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီး-ကျောက်တလုံးလမ်းမဘေး နားဘောင်ဒေသတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO )မှ ဖွံ့ဖြိုးရေးစိုက်ကွင်းအဖြစ် သိမ်းယူထားသောမြေယာကို မြေသိမ်းခံရသည့်မြေယာပိုင်ရှင် လယ်သမားလေးဦးအတွက် ပေ ၈၀ x ၆၀ မြေကွက်နှစ်ကွက်စီကို အသွင်းပြောင်းပြည်သူ့စစ် (PNA) ကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီးခွန်လာမှ စက်တင်ဘာလ ၁၇ ရက်နေ့တွင် PNO ပအိုဝ်းအမျိုးသားရေးရုံးချုပ်၌ မြေကွက်စာချုပ်ပေးအပ်ခဲ့ကြောင်း သိရသည်။

အချိန်တန်ပြီ ပအိုဝ်းတစ်မျိုးသားတို့ နှိုးထကြလော့

အမြင်ဆောင်းပါး | ခွန်ကျော်စွာ | စက်တင်ဘာ ၂၃၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ပုထုဇဉ်လူသားတိုင်းဖြစ်ကြတာမို့ အတိတ်ကာလကဖြစ်ပျက်ခဲ့သမျှ - အတ္တအကျိုး၊ လောကအကျိုး၊ မာန်မာဏအကျိုးများ ရှိခဲ့ကြသော်လည်း ယခုအချိန်မှာ - သင်ပုန်းချေသင့်ပါပြီ ကလာကာ - စီးခြားထားခဲ့ကြပါ တော့လို့ ဦးစွာအကြံပေးပါရစေခင်ဗျား။

မြေအသိမ်းခံရသည့် ဖက်ကွန်ရွာမြေပိုင်ရှင်များ ခေါ်ယူစစ်ဆေးခံရ

ခွန်ရာဇာ (တောင်ကြီး) | စက်တင်ဘာ ၂၃၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်