ခွန်မေးလို့ (တောင်ကြီး) | ဇူလိုင်လ (၁၇) ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တောင်ပေါ်တွင် ဤကဲ့သို့ စေတီအထွဋ်အမြတ်တည်၍ ထီးတော်တင်ပူဇော်ခြင်းသည် ပအိုဝ်းဒေသတွင် ဗုဒ္ဓဘာသာထွန်ကားရေးနှင့် ဗုဒ္ဓဘာသာဝင်များအားလုံးအတွက် အင်မတန်မွန်မြတ်သည့် ဘုရားထီးတင်ပူဇော်ပွဲဖြစ်ကြောင်း ညိုးမွူးလာဘမုနိတောင် စေတီဘုရားထီးတင်ပူဇော်ပွဲသို့ တက်ရောက်လာသည့် ပအိုဝ်းအဖွားအိုတစ်ဦးမှ ဆိုသည်။
ယင်းစေတီဘုရား ထီးတင်ပူဇော်ပွဲသို့ ရဟန်းသံဃာတော်များ၊ ကျေးရွာအနီးနားရှိ ပအိုဝ်းရပ်မိရပ်ဖများ အနည်းဆုံး (၂၀၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment