ပအိုဝ်းရိုးရာသီတင်းကျွတ်ပွဲတော်
နောင်ခမ်းခါ။ ၂၀၀၉
ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသည့် ပအိုဝ်းလူမျိုးတို့သည်၊ ၀ါဆိုလဆုတ် (၁) ရက်နေ့ညမှ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့အထိကို ၀ါတွင်း (၃) လ ဟု သတ်မှတ်ထားပါသည်။
ဝါတွင်း (၃) လအတွင်း ဂေါတမမြတ်စွာဘုရားသည် သာဝတိံသာနတ်ပြည်တွင် သီတင်းသုံးနေထိုင်ပြီး၊ နတ်များကို ဗုဒ္ဓတရားဟောကြားပေးတော်မူသော အချိန်လည်းဖြစ်သည်ဟု ယုံကြည်လက်ခံကြသည်။

ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာ "ဆွမ်းစာဂ" အစီအစဉ်
ပအိုဝ်းတိုင်းရင်းသားဘာသာစကားဖြင့် "ဆွမ်းစာဂ" ဟုခေါ်ဆိုခြင်းအဓိပ္ပါယ်မှာ သံဃာတော်များနှင့် သက်ကြီးရွယ်အိုများကို ကပ်လှူသောဆွမ်းဟု အဓိပ္ပါယ်ရပါသည်။
ဝါတွင်းသုံးလအတွင်း ဥပုတ်ရက်များတွင် သက်ကြီးရွယ်အိုများသည် ရွာဦးရှိဘုန်းကြီးကျောင်းသို့ အလှူအဒါန်းပြု၊ တရားနာပြီး သီလဘာဝနာနှင့် ဥပုဒ်သီလစောင့်တည်ရန် ထိုဘုန်းကြီး၏ ဇရပ်၌ပင် အိပ်စက်ကြပါသည်။

ပအိုဝ်းအမျိုးသား "မော်" (စာဟောဆရာ) ဓလေ့
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်နေကြသည့် တိုင်းရင်းသားလူမျိုးများ အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး၊ လူမျိုးအလိုက် မိမိတို့၏စာပေ၊ စကား၊ ၀တ်စားဆင်ယင်ထုံးဖွဲ့မှုစသည့် မိရိုးဖလာရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ရှိကြပါသည်။
Subscribe to:
Posts (Atom)