မြေယာမှုခင်းဖြေရှင်းခြင်းမရှိ၍ မြေယာပိုင်ရှင် ၀င်ရောက်လုပ်ကိုင်

ခွန်ရာဇာ (တောင်ကြီး) | ဧပြီလ ၃၀ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ်၊ ပလီလင်းရွာတွင် နိုင်ငံတော် ကြက်ဆူစီမံကိန်းအတွက် မတရားသိမ်းဆည်းထား သောမြေအား အကောင်ထည်ဖော်ခြင်းမရှိဘဲ ပုဂ္ဂလိကသို့ လွဲပေးလိုက်ခြင်းဖြစ်ပြီး မြေယာပိုင်ရှင်များ ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် တင်ပြခြင်းကို ဖြေရှင်းပေးခြင်းမရှိသည့်အတွက် မြေပိုင်ရှင်များ ၀င်ရောက်လုပ်ကိုင်နေပြီဖြစ်ကြောင်း ဧပြီ ၃၀ ရက်တွင် စုံစမ်းသိရှိရသည်။

အောင်ပန်းနှင့် ဟဲဟိုးအကြားတွင် စိုင်းဗိုလ်ဟိန်းဆိုင်းအဖွဲ့စီးနင်းလာသောကား တိမ်းမှောက်မှုဖြစ်ပွား

By ဖိုးဇေ | ဧပြီလ ၂၄ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် ဟဲဟိုးမြို့အကြားတွင် ၂၀၁၃ ခု ဧပြီလ (၂၀) ရက်နေ့ ညပိုင်း တွင် ဆိုင်းအဖွဲ့သားများ တင်ဆောင်လာသည့် ဒိုင်နာကားတစ်စီး ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက် မှုကြောင့် သေဆုံး ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့နယ် စခဲကျောင်းတိုက်တွင် ပအိုဝ်းဓလေ့ရှင်လောင်းပွဲ စီကားစွာကျင်းပ

By ခွန်ရာဇာ (တောင်ကြီး) | ဧပြီလ ၂၂ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

သိမ်ကျောင်းတော်ရေစက်ချ အလှူမင်္ဂလာပွဲ၊ ရှင်ပြုပွဲ၊ ရှင်လောင်းပွဲနှင့် စခဲကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ က္ကုန္ဒာဝုဒ သက်တော် (၅၂) နှစ်ပြည့် မွေးနေ့ပွဲတော်ကို တောင်ကြီးမြို့ နောင်လေကျေးရွာအုပ်စု၊ စခဲကျောင်းတိုက်တွင် ဧပြီလ ၁၉ ရက်မှ ၂၁ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။

သထုံမြို့နယ်တွင် ပအိုဝ်း အင်္ဂလိပ်နှင့် ကွန်ပျုတာ ပညာဒါနသင်တန်းဖွင့်လှစ်

By နောင်ခမ်းခါ | ဧပြီလ ၁၉ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

သထုံမြို့နယ်တွင် ခွန်တန်နွယ်ပအိုဝ်းလူငယ်ကွန်ရက်မှ ကြီးမှုးကျင်းပတဲ့ အရည်အချင်းမြင့်တင်ရေး ပညာဒါနသင်တန်း ဖွင့်ပွဲအခန်းအနားတရပ်ကို ယနေ့နံနက် ၈ နာရီအချိန်ခန့်မှာ စတင်ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၄ ခု ASEAN Civil Society Conference/ASEAN People’s Forum ကို မြန်မာနိုင်ငံတွင် ကျင်းပမည်


ဧပြီလ ၁၁ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

၂၀၁၃ ခုနှစ် ဘရူနိုင်းနိုင်ငံ အာဆီယံလူထု အဖွဲ့အစည်း ညီလာခံနှင့် အာဆီယံပီးပေါးဖိုရမ် (ASEAN Civil Society Conference/ASEAN People’s Forum) ကို ဘရူနိုင်းနိုင်ငံ ဘန်ဒါစရီဘီဂါဝန်မြို့တွင် ဧပြီလ ၆ ရက်မှ ၈ ရက်နေ့အထိ ကျင်းပသွားခဲ့ကြောင်း သိရသည်။


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ထူးခြားအံ့ဖွယ် ထမ်းစမ်း သဘာဝလှိုဏ်ဂူတော်ကြီး

ခွန်စိမ်းမောင် (တောင်ကြီး) | ဧပြီလ (၁၀) ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၏အရှေ့ဘက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့အနီးတွင်ရှိသော ထမ်းစမ်းသဘာဝလိုဏ်ဂူတော်ကြီးတွင် ဗုဒ္ဓသာသနာ တိုးတက်ခိုင်မာ တည်တံ့ပြန့်ပွားရေးအတွက် ဟိုပုံးကိုရင်လေး အရှင်ပေါရိဿမှ ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများ၏ အင်အားဖြင့် ထမ်းစမ်းရွှေတိဂုံစေတီတော်နှင့်သာသနာပိုင်းဆိုင်ရာ အဆောက်အဦးတည်ဆောက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

ပထမဆုံးအကြိမ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းပြန်ဖွင့်

ခွန်ရာဇာ (တောင်ကြီး) | ဧပြီလ ၉ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ် နောင်မွန် ကျေးရွာအုပ်စု ကံသာဦးရပ်ကွက်သစ်တွင် ပထမဦးဆုံးအကြိမ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းကို မန္တလေးသာသနတက္ကသိုလ် အင်္ဂလိပ်စာဌာန ကထိက ဦးသုစိတ္တ ကဦးဆောင် ညွန်ကြားပြီး၊ မတ်လ ၁၂ ရက်တွင် ပအိုဝ်းစာသင်တန်း ပြန်လည်ဖွင့်လစ်ပေးကြောင်း ပအိုဝ်းစာကထိက အရှင်ဦးကုသလသာမိ က ပြောသည်။

ပအိုဝ်းဒေသတွင် အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီထွန်းကားရေး သင်တန်းဖွင့်

By ခွန်နဂါးဗွာ | ဧပြီလ ၉ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ဒီမိုကရေစီဆိုတာဘာလဲဆိုတာကို မြန်မာနိုင်ငံသားတိုင်း သိရှိရန်အတွက် မန္တလေးသာသနတက္ကသိုလ် အိင်္ဂလိပ်စာဌာန ကထိက ဦးသုစိတ္တက ပအိုဝ်းလူငယ်ကွန်ယက်အဖွဲ့ကို ဖိတ်ခေါ်ပြီး ဧပြီ ၇ ရက်၊ ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စု ကံသာဦးကျောင်းတွင် လူ့အခွင့်ရေးနှင့်ဒီမိုကရေစီပညာပေး အမြင်ဖွင့်သင်တန်း ဖွင့်ပေးကြောင်း သိရသည်။

မီးအား ယမ်းအားပဲ ကိုကိုရယ်

By နောင်ခမ်းခါ | ဧပြီလ ၄ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ် | ရိုးရာဟာသ

ပအိုဝ်းဒေသရှိ ကျေးလက်တောရွာများတွင် နှစ်စဉ် ရိုးရာမီးရှူး (ဒုံး) လွတ်တင်ပွဲကို စည်ကားစွာ ကျင်းပလေ့ရှိကြသည်။ ဤပွဲသည် မိုးဦးရာသီတွင် ကျင်းပပြီး၊ ပွဲကျင်းပသည့် ရယ်ရွက်ချက်မှာ ရာသီဥတုကောင်းမွန်ရန်၊ မိုးများပုံမှန် ရွာသွန်းရန်နှင့် စိုက်ပျိုးသီးနှံများ အထွက်တိုးရန် စသည်တို့ ဖြစ်သည်။

စနစ်အပြောင်းအလဲကာလ ပြည်သူအပေါ် သက်ရာက်မှုများ ပအိုဝ်းရွာသားများ ဆွေးနွေး

By ခွန်ရာဇာ (တောင်ကြီး) | ဧပြီလ ၃ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်



ကယန်းလူငယ်ညီလာခံသို့ ပအိုဝ်းလူငယ်များ တက်ရောက်လေ့လာ

ဧပြီလ ၂ ရက်နေ့၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်၊ လွယ်ယေးကျေးရွာတွင် ၂၀၁၃ ခုနှစ် မတ်ခ်ျလ ၂၄ ရက်မှ ၂၆ ရက် နေ့အထိ ကျင်းပခဲ့သည့် ကယန်းလူငယ်များ ညီလာခံသို့ ခွန်ခမ်းကောင်ဦးစီးသည့် ပအိုဝ်းလူငယ် ကိုယ်စားလှယ်များ တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။