၂၀၁၀ လွိုက်တွမ်ပွယ်တွမ်း ပအိုဝ်းနိုင်းငံးရေ

Pa-Oh Article on Election - By Khun Ban Kyar                                                            

Constructive Engagement Policy is Making Its Presence Felt

By Kanbawza Win
July 22, 2010
 
It seems that the ASEAN’s illogical policy of Constructive Engagement towards Burma has make its presence felt. The brain child of Singapore’s Lee KwanYew and Malaysia’s Dr Mahathir Mohammad of letting the Burmese dictators run their course, while ASEAN continue to exploit the country’s natural and human resources have reached a dead end. No doubt the ASEAN’s Foreign Ministers racked their brains in Hanoi of how to handle the most troublesome member of the group as it goes nuclear and is about to threaten the region. In fact alarm bells have been going on in Southeast Asian capitals since early June when it was proven beyond doubt that the Burmese Junta intends to build nuclear weapons facilities.
 

၂၀၁၀ ဇွန်လ၊ ကမ္ဘာ့အပူဆုံးစံချိန်တင်

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇူလိုင်လ (၁၉) ရက်၊ ၂၀၁၀။ တနင်္လာနေ့

ယခုနှစ်အတွင်း လွန်ခဲ့သည့်ဇွန်လတွင် နှစ်ပေါင်း ၁၃၀ အတွင်း၌ ကမ္ဘာ့ရာသီဥတု အပူနွေးဆုံး စံချိန်တင်ခဲ့သည့်လဟု အမေရိကန်အစိုးရရာသီဥတုမှတ်တမ်းပြုစုရေးဌာနမှ အစီရင်ခံ တင်ပြထားပါသည်။ ဤစံချိန်အား ကမ္ဘာ့မြေပြင်အပူရှိန်နှင့် သမုဒ္ဒရာရေပြင်အပူရှိန် နှစ်ခုစလုံးကို ပျမ်းမျ၍ တိုင်းသာခဲ့ခြင်းဖြစ်သည်။

ရထားလမ်းစီမံကိန်းကြောင့် ဒေသခံများနယ်မြေဆုံးရှုံး

တောင်ကြီးတိုင်းမ်
ဇူလိုင်လ (၁၆)၊ ၂၀၁၀။ သောကျာနေ့

ပင်လောင်း-နေပြည်တော် မီးရထာလမ်း ဖေါက်လုပ်ရေး စီမံကိန်းကြောင့် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်မြို့ရှိ ကျေးရွာများတွင် နေထိုင်သည့် ဒေသခံပြည်သူလူလုများ ပိုင်ဆိုင်သည့် လယ်ယာ ခြံ မြေများကို ရော်ကြေးတစ်စုံတစ်ခုမရရှိပဲ မီးရထားလမ်းကြောင်းကြောင့် လက်လွတ်ဆုံးရှုံး ခဲ့ကြရသည်။

ကော်မရှင်သို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီဝင်စာရင်းတင်ပြပြီ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇူလိုင်လ (၁၆) ရက်၊ ၂၀၁၀။ သောကျာနေ့

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) သည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ လွန်ခဲ့သည့် ဇူလိုင်လ ၁၂ ရက်၌ ရွေးကောက်ပွဲကော်မရှင်သို့ မိမိတို့ ပါတီဝင်အင်းအားစာရင်း တင်ပြခဲ့ကြောင်း ၁၆ ရက်နေ့ထုတ် စစ်အစိုးရ၏ နေ့စဉ်ကြေးမုံသတင်းစာတွင် ဖေါ်ပြထားသည်။

ကြံ့ဖွံ့အသင်းဖျက်သိမ်းပြီ၊ ပါတီအဖြစ်နဲ့သာ ကျန်ရှိမည်

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇူလိုင်လ (၁၅) ရက်၊ ၂၀၁၀။ ကျာသပတေးနေ့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ဟာ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်ပြီးဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတစ်ခု (USDP) အဖြစ်နဲ့သာ ဆက်ရှိပြီး နဂိုတည်ရှိ လုပ်ရှားနေတဲ့ USDA အသင်းအဖွဲ့အဖြစ်မှ ဖျတ်သိမ်းလိုက်ပြီလို့ အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ သူရမြင့်ဦးမှ ဘီဘီစီမြန်မာပိုင်းအစီအစဉ်ကို ပြောသွားပါတယ်။

ယမ်းငွေ့လည်းပြေ ဘိန်းပန်းလည်းဝေ (၄)

ဗွာသရား၊ 
ဇူလိုင်လ ၁၄၊ ၂၀၁၀
 
စစ်တပ်က သူတို့သိမ်းထားတဲ့ မြေယာများပေါ်မှာ ဒေသတွင်း လုံခြုံရေးအတွက် ဆိုပြီး တပ်စခန်းတွေ လာဆောက်တယ်။ တချိန်ထဲမှာဘဲ တပ်သားတွေက သူတို့မိသားစုနဲ့အတူ စခန်းမှာ ရောက်လာပြီး အခြေချလာတယ်။ နေ့တဓူဝ သူတို့မိသားစုတွေ ချက်ပြုတ်ရေးအတွက် လိုအပ်တဲ့ လောင်စာထင်းတွေ ဟင်းသီးဟင်းရွက်တွေ တပ်စခန်း အနီးအနားရှိ ခြံစည်းရိုးတွေကို ခုတ်ယူဖျက်စီးယုံတင်မကဘူး ခြံထွက်သီးနှံတွေကိုလဲ အစတော့ ခွင့်တောင်းပေမဲ့ နောက်ပိုင်းတော့ ခြံပိုင်ရှင် ခွင့်ပြုချက်မယူဘဲ ၀င်ရောက်ပြီး ကိုယ်ကျိုးစီးပွားဖြစ် ခိုးယူလာတယ်။

စပိန်နဲ့ နယ်သာလန် ဘယ်အသင်း ချန်ပီယံပိုင်ရှင်အသစ် ဖြစ်လာမည်နည်း

တောင်ကြီးတိုင်းမ်
ဇူလိုင်လ (၈) ရက်၊ ၂၀၁၀။ ကျာသပတေးနေ့

၃၂ သင်းနဲ့ စတင်ခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ယခုနောက်ဆုံး စီမီးဖိုင်နယ်ပွဲစဉ် ကစားပြီးတဲ့ နောက်ပိုင်းမှာ ၂ သင်းသာ ကျန်ပါတော့ တယ်။ အဲဒီ ၂ သင်းကတော့ ကမ္ဘာ့ဖလားကြီးရဲ့ တရဖူဆုကို အရယူဖို့ နောက်ဆုံးဖိုင်နယ်ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားကြမည့် နယ်သာလန်အသင်းနဲ့ စပိန်အသင်းတို့ပဲ ဖြစ်ပါတယ်။

ဥရုကွေးအိမ်ပြန်၍၊ နယ်သာလန် ဗိုလ်လုပွဲမှာ စောင့်နေပြီ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇူလိုင် (၆) ရက်၊ ၂၀၁၀။ အင်္ဂါနေ့

ယနေ့စီမီးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင် ကစားရာမှာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ကတည်းက တစ်ပွဲမှ မရှုံသေးတဲ့ နယ်သာလန်အသင်းက တောင် အမေရိကတိုက်မှ နောက်ဆုံးကျန်ရှိတဲ့ ဥရုးကွေးအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ခြေအသာနဲ့ အနိုင်ယူကစားခဲ့ပြီးတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဖိုင်နယ် ဗိုလ်လုပွဲ ဆက်လက်ယှဉ်ပြိုင်ကစားဖို့ တက်လာမည့် ဂျာမနီ သို့မဟုတ် စပိန်အသင်းတို့ကို အရင်ဦးဆုံး ကြိုစောင့်နေပါပြီ။

ဇူလိုင်လ မှစ၍ ဆီဆိုင်မြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များ စတင်ဖမ်းဆီးမည်

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇူလိုင် (၆) ရက်၊ ၂၀၁၀။ အင်္ဂါနေ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်းရှိ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်၊ ဗန်းယဉ်၊ နောင်မွန် စသည့်မြို့များတွင် လိုင်စင်မဲ့ဆိုင်ကယ်များအား ၂၀၁၀ ခုနှစ်၊ ယခုလ ဇူလိုင်လမှ စပြီး လိုက်လံဖမ်းဆီးမှုများ ပြုလုပ်မည်ဟု သိရသည်။

7th July-Never Go Bye ( ၇ - ရက်ဇူလိုင် မမေ့နိုင်)

July 3, 2010
By Kanbawza Win

With President Barrack Obama, the first African American at the helm of world affairs, I used to hum an old favourite Negro song
“Gone are the days when my heart is young and gay
Gone are my friends from the University (substituting Cotton fields) away
I hear a gentle voice calling Old Ba Win (substituting black Joe)” 


ကိုယ်တုံးလုံးထွက်ပြေးမဲ့ မာရာဒိုနာရဲ့အိပ်မက်၊ ဂျာမနီအသင်း ဖျက်ဆီးလိုက်ပြီ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇူလိုင် (၃) ရက်၊ ၂၀၁၀။ စနေနေ့

ယနေ့ စနေနေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ  ဂျာမနီအသင်းက လွန်ခဲ့တဲ့ပွဲစဉ်များ ကစား ခဲ့ရာမှာ သရေပွဲနဲ့ ရှုံးပွဲမရှိသေးတဲ့ နာမည်ကြီး အာဂျင်တီးနားအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့ ပါတယ်။  ဂျာမနီအသင်းဟာ  အာဂျင်တီးနားအသင်းကို မထင်မှတ်ပဲ ဤကဲ့သို့ ဂိုးအပြတ်အသတ်နဲ့ ရက်စက်စွာ အနိုင်ယူလိုက်တဲ့ အတွက် ကမ္ဘာ့ဖလား ပရိတ်သတ်များနဲ့ သုံးသပ်သူများကို မယုံကြည်နိုင်လောက်အောင် လွန်စွာအံ့သြ စေခဲ့ပြီးတော့ စီမီးဖိုင်နယ်အဆင့်မှာ တက်လာမည့် စပိန် (သို့) ပါရာကွေး အသင်းနဲ့ ယှဉ်ရမှာဖြစ်ပါတယ်။

ကာနာအသင်းကို ပဲန်နယ်တီအဆုံးအဖြတ်နဲ့နိုင်ပြီး ဥရုကွေးစီမီးဖိုင်နယ်တက်ပြီ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇူလိုင် (၂) ရက်၊ ၂၀၁၀။ သောကျာနေ့

၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအားလုံးများအနက် ဒီနေ့ဥရုကွေးအသင်းနဲ့ ကာနာအသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲလောက် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲ မရှိခဲ့ သေးပေ။ ကာနာအသင်းကတော့ ပြိုင်ပွဲကြီးကို မေ့လို့မရနိုင်အောင် နမျောတမ်းတလို့မဆုံးအောင် ရင်ထုမနာ ကျေကွဲစရာ အကောင်းဆုံး အခြေအနေနဲ့ ထွက်ခွါခဲ့ရပါတယ်။ ဒီပွဲကိုတော့ အာဖရိကတိုက်သားများအတွက် လွယ်လွယ်နဲ့မေ့လို့ ရနိုင်မယ် မဟုတ်ပေ။

အစကောင်းလဲ အနှောင်းမသေချာတဲ့ ဘရာဇီးအသင်း သရဖူနဲ့ဝေးရပြီ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇူလိုင်လ (၂) ရက်၊ ၂၀၁၀။ သောကျာနေ့

နယ်သာလန်အသင်းက ၅ ကြိမ်ကမ္ဘာ့ဖလားချန်ပီယံပိုင်ရှင် နာမည်ကြီး ဘရာဇီးအသင်းကို ပြိုင်ပွဲဒုတိယပိုင်းအချိန် သွင်းယူခဲ့တဲ့ဂိုး ၂ ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ်ကို ကျော်လွား၍ လာမည့် စီမီးဖိုင်နယ်ပွဲ အဆင့်မှာ တက်ရောက်လာမည့် ကာနာသင်း သို့မဟုတ် ဥရုကွေးအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ပါရာကွေးချန်ပီယံဖြစ်ရင် ကိုယ်တုံးလုံး ထွက်ပြေးမည်ဟု ဖက်ရှင်မော်ဒဲယ်မလေး ကြိမ်းဝါးထား

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇူလိုင် (၁) ရက်၊ ၂၀၁၀။ ကျာသပတေးနေ့

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါရာကွေးအသင်း ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ရင် လမ်းမပေါ်တွင် အ၀တ်မပါပဲ ကိုယ်တုံးလုံးဖြင့် ထွက်ပြေးမည်ဟု အသက် ၂၄ နှစ်ရှိ ပါရာကွေး အတွင်းခံဖက်ရှင်မ Larissa Riquelm က ဂတိပေးလိုက်ပါတယ်။