တပေါင်းကွင်းမြေယာကိစ္စ ပအိုဝ်းစာ/ယဉ်အဖွဲ့မှ ဒေသခံရွာသူရွာသားများကို ဆင့်ခေါ်

ဇွန်လ ၂၉ ရက်၊ ၂၀၁၃ ခု၊ တာင်ကြီးတိုင်းမ်

၁၄-၆-၂၀၁၃ နေ့စွဲဖြင့် တောင်ကြီးတိုင်းမ်တွင် ဖော်ပြထားသည့် အမျိုးသားအတွက် အကြောင်းပြပြီး တောင်ကြီးအနီးရှိ မြေယာများကို အကွက်ရိုက် ရောင်းချဖို့ရန်ပြင် ဟူသော သတင်းနှင့်ပတ်သက်၍ ယခုအခါတွင် PNO ၏ လက်အောက်ခံ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က  ၃၀-၆-၂၀၁၃ ရက်နေ့ နံနက် (၁၀) နာရီတွင် အုပ်ချုပ်ရေးမှူးနှင့်တကွ ရွာသူရွာသားများကို အတင်းဖိအားပေးရန် ရည်ရွယ်လျက် တပေါင်းကွင်း (ဒဉ်သီးလာဗွေကွင်း) သို့ လာရောက်ရမည်ဟု စာဖြင့် ခေါ်ယူထားကြောင်း ရွာသားတစ်ယောက်ထံမှ ကြားသိရသည်။ 

ဆိုက်ခေါဝ်လူငယ်များမှ ကျောင်းသူ/သားများအတွက် ကျောင်းသုံးစာရေးကိရိယာများနှင့် သောက်ရေအိုးများထောက်ပံ့လှူဒါန်း

ခွန်သန်းအောင် (TGI) | ဇွန်လ ၂၈ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါဝ်စံပြကျေးရွာအတွင်းရှိ အထက်တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်းခွဲကျောင်းတစ်ကျောင်းနှင့် မူလွန်ကျောင်းတစ်ကျောင်းတို့ကို ခွန်ချစ်ထွန်းနှင့် ခွန်မောင်သန်းတို့ဦးဆောင်သည့် ဆိုက်ခေါဝ်လူရွယ်များက ၂၀၁၃ ခုနှစ် ဇွန်လ ၂၆၊ ၂၇၊ ၂၈ ရက်၌ ကျောင်းသုံးစာရေးကိရိယာများနှင့် သောက်သုံးရန် ရေအိုးများကို ထောက်ပံ့လှူဒါန်းမှု ပြုလုပ်ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသမီးပညာရေးဖောင်ဒေးရှင်းမှ အင်္ဂလိပ်စာဆရာအဖြစ် လူငယ်များ ပညာသင်စေလွတ်

ခွန်စိမ်းမောင် (တောင်ကြီး) | ဇွန်လ ၂၇ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ သီရိဇေယျုံကျောင်း၊ ဇမ္ဗူရတနာမြတ်မင်္ဂလာကျောင်း၊ ဂန္ဓာရုံကျောင်းတို့ရှိ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် အင်္ဂလိပ်စာသင်တန်းများနှင့် ပအိုဝ်းအမျိုးသမီးပညာရေး ဖောင်ဒေးရှင်းတို့မှ ပူးပေါင်းဆောင်ရွက်သော ပထမအကြိမ် အင်္ဂလိပ်စာ ဆရာဖြစ် (၂)နှစ် သင်တန်းသို့ တက်ရောက်မည့် သင်တန်းသူ သင်တန်းသားများ (၄၀) ကျော် သြ၀ါဒခံယူပွဲတစ်ရပ်ကို တောင်ကြီးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ပအိုဝ်းလူငယ်အစည်းအရုံး ဦးစီး၍ အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကျင်းပ

ခွန်စိမ်းမောင် (တောင်ကြီး) | ဇွန်လ ၂၆ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ပအိုဝ်းလူငယ်အစည်းအရုံး (Pa-Oh Youth Organization-PYO) ဦးစီး၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသမှ ပအိုဝ်းလူငယ်အမျိုးသမီးများ နှီးနှောဖလှယ်ပွဲတစ်ရပ်ကို တောင်ကြီးမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ် ကျောက်တန်းကျေးရွာ လျပ်စစ်မီးအတွက် မကြာခဏငွေများကောက်ခံ

ခွန်သန်းအောင် (TGI) | ဇွန်လ ၂၃ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ဟိုပုံးမြို့နယ်၊ ကျေက်တန်းကျေးရွာတွင် လျပ်စစ်မီးများသွယ်တန်းပေးရန် စီမံကိန်းကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဦးခေါင်၊ ဦးကြုတ်နှင့် ဦးအေးမောင် တို့က မီးကော်မတီဖွဲ့၍ ၂၀၁၂ ခုနှစ်အတွင်း မီးသွယ်တန်းပေးရေးအစီအစဉ်ကို စတင်ခဲ့သည်။ ဟိုပုံး-လွိုင်လင် လမ်းမ ထမ်းစန်းဂူ အနီးရှိ ကျေက်တန်းလမ်းခွဲမှ စ၍ ခွဲယူကာ ၈ မိုင် အကွာအဝေးရှိသော ကျောက်တန်းကျေးရွာအထိသို့ သွယ်တန်းသွားမည်ဟု ဒေသခံများ ကပြောသည်။

Genuine Peace or a Divide and Rule Tactics

By Kanbawza Win | June 22, 2013

As a person who has its roots in Pre Pro village in Karenni state and whose uncle Tha Oo is still with the Karenni resistance, I was rather shock to hear the news reports that observers including American diplomat Erin Webster-Main and 10 religious and community leaders and members of Parliament were present at union-level peace talks between the government and Karenni resistance in Loikaw, the capital of Karenni State. It marked the third official meeting between the government and KNPP leaders. Naypyidaw’s peace delegation and the KNPP held their first official talks in March 2012, when the two sides signed a ceasefire agreement. They met again in June 2012.[1] For laymen to understand the Karenni problem may I take the liberty to highlight its contemporary history?

ချိုဂျူနှင့် သဘာဝပတ်ဝန်းကျင် (သို့မဟုတ်) CAN-MYANMAR


ခွန်စိမ်းမောင် (တောင်ကြီး) | ဇွန်လ ၁၉ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

သဘာဝတရားကြီးက ကမ္ဘာလောကကြီးကို ရာသီဥတုတွေနဲ့ ဖန်တီးထားတယ်။ ကမ္ဘာကြီးအတွင်းမှာ ရာသီဥတုတွေဟာ နာရီစက်ဝန်းကဲ့သို့ လှည့်ပတ်နေတာဖြစ်ပါတယ်။ အေးလိုက်ပူလိုက် မိုးရွာသွန်းလိုက်နဲ့ တစ်ခုပြီးတစ်ခု အစီအစဉ်အလိုက် လူသား၊ တိရိစ္ဆာန်နဲ့ အပင်တွေဟာလည်း ရာသီဥတုကိုမှီပြီး ရှင်သန်နေရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲနှင့်အတူ ပအိုဝ်းဒေသနှင့် ပအိုဝ်းအမျိုသားအဖွဲ့ချုပ်ပါတီ (PNO) တို့ ဘယ်လိုရှေု့ဆက်ကြမလဲ

By ခွန်မင်းနိုင် | ဇွန်လ ၁၅ ရက်၊ ၂၀၁၃ ခုနှစ် | အမြင်ဆောင်းပါး

၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးကာ တဖြည်းဖြည်းနီးကပ်လာလေပြီး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ မြန်မာပြည်တခွင် ကိုယ်စီကိုယ်စီ အနိုင်ရရှိဖို့ စတင်လှုပ်ရှားနေကြပြီး။ ရွေးကောက်ပွဲမှာ သမ္မတဖြစ်ရေး အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။ အခြားတဘက်တွင်လည်း ဦးရွှေမန်းမှ သမ္မတအဖြစ် NLD ပါတီနှင့် အပြိုင် အရွေးခံရေး စကားသံထွက်လာလေပြီး။ ၄င်းပါတီကြီးနှစ်ခုမှာ ပြည်မ နှင့် တိုင်းရင်းသားဒေသများမကျန် အနိုင်ရရှိရေးအတွက် များမကြာမှီကာလအတွင်း အကြိတ်အနယ် ယှဉ်ပြိုင်သွားကြတော့မည် ဖြစ်ပါသည်။

အမျိုးသားအတွက်အကြောင်းပြပြီး တောင်ကြီးအနီးရှိမြေယာများကို အကွက်ချ၍ရောင်းဖို့ရန်ပြင်

အမြင်ဆောင်းပါး | ဇွန်လ ၁၄ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့ တောင်ဘက် ဂနိုင်ရေးရပ်ကွက် ကန်ကြီးရပ်ကွက်၊ (ယခင် ကန်ကြီးရွာ) ကန်ကြီးနယ် မြေတွင် PNO က အများနှင့် သက်ဆိုင်သည့် သဘာဝရေထွက်ရာ ရေကန်ဧရိယာကို ပအိုဝ်းအမျိုးသား တပေါင်းကွင်း လုပ်ငန်းခွင်ကို အကြောင်းပြ၍ အကွက်ချ ရောင်းချရန် ပြုလုပ်နေကြပါသည်။ (ပုဂ္ဂိုလ်တချို့၏ ပုဂ္ဂလိက စီးပွားရေး အကွက်ထွင်ခြင်းသာ ဖြစ်ပြီး တကယ့် PNO အတွက် ပအိုဝ်းအမျိုးသား အတွက် မဟုတ်ဟု အခိုင်အမာ ပြောဆို သူများလည်း ရှိသည်။)

PNO မှ သိမ်းသောမြေကိစ္စ ဖြေရှင်းမပေး၍ တောင်သူများ ကြံခိုင်ရေးပါတီသို့အကူညီတောင်း

ခွန်ရာဇာ (တောင်ကြီး) | ဇွန်လ 12 ရက်၊ 2013 ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ နောင်ကားဈေးအရှေ့ဘက်နှင့် ကျောက်တလုံး လွယ်ခေါ် လမ်းထောင့်၌ PNO အဖွဲ့အစည်းမှ သိမ်းသောမြေကို သက်ဆိုင်ရာတာဝန်ရှိသူနှင့် တိုင်ကြားသော်လည်း ဖြေရှင်းမှုမရှိ၍ မြေသိမ်းခံတောင်သူများ ကြံခိုင်ရေးပါတီရုံးသို့ အကူညီတောင်းပြီး သမ္မတထံသို့ တိုင်စာများ တင်သွားမည်ဖြစ်ကြောင်း ဇွန်လ ၁၂ ရက်နေ့တွင် စုံစမ်းသိရှိရသည်။

အစိုးရမှ ချပေးသည့် ၁၅၀၀ တန်ဖုန်းကဒ်ကို အောက်ခြေ၀န်ထမ်းက ၆၀၀၀၀ ကျပ်ဖြင့်ရောင်းချ

ခွန်ရာဇာ (တောင်ကြီး) | ဇွန်လ ၉ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ် နန်းဟူးကျေးရွာအုပ်စုတွင် ရွာပေါင်း (၁၁) ရွာကို အစိုးရက တန်ဖိုးနည်းဖုန်းကဒ် (၆၀) ချပေးရာ သုံးပုံတစ်ပုံမျှသာ ပြည်သူသို့ ရောင်းချပြီး ကျန်သောဖုန်းကဒ်များကို အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့မှ ခြောက်သောင်းနှုန်းဖြင့် ရောင်းစားနေကြောင်း အမှန်တကယ်ဖုန်းလိုချင်သော အောင်မင်္ဂလာကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

NLD ပါတီဝင်များ ဖိအားပေးနုတ်ထွက်စေခြင်းနှင့် ထိမ်းသိမ်းခြင်းကိစ္စ မဟုတ်မှန်ကြောင်း PNA ငြင်းဆို

ခွန်ရာဇာ(တောင်ကြီး) | ဇွန်လ ၄ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

မေလ ၁၅ ရက်တွင် PNA ပြည်သူ့စစ်က မောက်စံရွာရှိ NLD ပါတီရုံးကို ဝိုင်းထားခြင်းနှင့် NLD ပါတီအဖွဲ့ဝင်ရွာသား ငါးဦးကို ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ ဇွန်လ ၃ ရက်တွင် PNO လက်အောက်ခံ အသွင်ပြောင်းပြည်သူ့စစ် (PNA) နှင့် သတင်းမီဒီယာများတွေ့ဆုံပွဲကို နန်းဟောင်ကျေးရွာအုပ်စု ကျောင်းတောစခန်း၌ ပြုလုပ်ကြောင်း သိရသည်။

မျိုးချစ်စိတ်နှင့် အမှန်တရား

အမြင်နှင့်ပေးစာကဏ္ဍ | သစ္စာရှင်(တောင်ကြီး) | ဇွန်လ ၃ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းမျိုးချစ်လူငယ်တစ်ယောက်ဟု ဆိုကာ မျိုးချစ်စိတ်ဖြင့် ဖြေရှင်းလာသည့် ခွန်ပအိုဝ်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်။ သို့သော် အရာရာတိုင်းကို ဖြေရှင်းရာတွင် အမှန်တရားကို ရှေ့တန်းတင်နိုင်ပါမှ ကောင်းပါသည်။ တကယ့်အမှန်တရားကို မရှာဖွေပါဘဲ မျိုးချစ်စိတ် တစ်ခုတည်းဖြင့် မျက်စိစုံမှိတ်ပြီး ဖြေရှင်းမည်ဆိုလျှင် ဖြေရှင်းရာ မရောက်ဘဲ အတင်းဇွတ်ငြင်းရာ ရောက်ပါသည်။ ထိုမျိုးချစ်စိတ်မျိုးကိုလည်း မျက်ကန်းမျိုးချစ်စိတ်ဟုသာ အမည်နာမ တပ်ပြောရပေမည်။

RCSS/SSA (S) အပြစ်မဲ့ ရွာသားတစ်ဦးကို ပစ်သတ်ပြီး ၇ ဦးကို ပြန်ပေးဆွဲ

ခွန်စိမ်းမောင်(တောင်ကြီး) | ဇွန်လ ၃ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသခံရွာသားတဦးအား ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့က အပစ်မဲ့ပစ်သစ်ပြီး ကျန်ရွာသား (၇) ဦးကိုပါ ပြန်ပေးဆွဲသွားခဲ့ကြောင်း သိရသည်။

ပအိုဝ်းလူထုတစ်ရပ်လုံးသိစေရန်နှင့် သက်ဆိုင်သူများသို့

အမြင်ဆောင်းပါး | ရေးသူ - ခွန်ပအိုဝ်း | ဇွန်လ ၁ ရက်နေ့၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ကျွန်တော်ပာာ မျိုးချစ်ပအိုဝ်းလူငယ်တစ်ယောက်ပါ။ လွန်ခဲ့သောရက်အနည်းငယ်ခန့်က သစ္စာရှင် (တောင်ကြီး) အမည်ဖြင့် ရေးသားခဲ့သော ဆောင်းပါးတစ်ပုဒ်ဖတ်ခဲ့ရပါသည်။ ကျွန်တော်ပအိုဝ်းလူငယ် တစ်ယောက်အနေဖြင့် ၄င်းဆောင်းပါးဖတ်ပြီးတော့ အဲ့ဒီဆောင်းပါးရေးသူပာာ တောင်ကြီးကဆိုတော့ ပအိုဝ်းလူမျိုးကို ဘယ်လိုလူမျိုးဆိုတာ ခရေစေ့တွင်းကျ သိတယ်ဆိုတာကို သိထားပါတယ်။ မသိလို့ရေးတာလာ၊ “မမြင်မတွေ့လို့ ရေးတာလား”၊ မကြည့်လို့ပဲ မမြင်တာလား၊ သိသင့်သိထိုက်သလောက်တော့ သိမယ်ထင်ပါတယ်။