PNO မှ သိမ်းသောမြေကိစ္စ ဖြေရှင်းမပေး၍ တောင်သူများ ကြံခိုင်ရေးပါတီသို့အကူညီတောင်း

ခွန်ရာဇာ (တောင်ကြီး) | ဇွန်လ 12 ရက်၊ 2013 ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ နောင်ကားဈေးအရှေ့ဘက်နှင့် ကျောက်တလုံး လွယ်ခေါ် လမ်းထောင့်၌ PNO အဖွဲ့အစည်းမှ သိမ်းသောမြေကို သက်ဆိုင်ရာတာဝန်ရှိသူနှင့် တိုင်ကြားသော်လည်း ဖြေရှင်းမှုမရှိ၍ မြေသိမ်းခံတောင်သူများ ကြံခိုင်ရေးပါတီရုံးသို့ အကူညီတောင်းပြီး သမ္မတထံသို့ တိုင်စာများ တင်သွားမည်ဖြစ်ကြောင်း ဇွန်လ ၁၂ ရက်နေ့တွင် စုံစမ်းသိရှိရသည်။

ရှမ်းပြည်နယ် ကြံ့ခိုင်ရေးပါတီ အမျိုးသားလွတ်တော်ကိုယ်စာလှယ် ဦးဥာဏ်လင်းသည် နောင်ကားကျေးရွာ ဘုန်တော်ကြီးကျောင်း ဟောပြောချက်အရ “မိမိအခွင့်အရေးကိုမိမိယူတတ်ဖို့၊ အရင်က အထက်ကနေ အမိန့်ပေးစနစ်ဖြစ်ပြီး၊ ယခုတွင် အောက်ကနေ အထက်သို့ တင်ပြမှ ရကြောင်း၊ ဘာကိစ္စမဆို တင်ပြနိုင် ကြောင်း” ပြောသွားခြင်းကို တောင်သူများက အားကိုးရာရသည်ဟု ဆိုကာ မိမိမြေယာအသိမ်းခံရသည်ကို တောင်ကြီးမြို့ကြံခိုင်ရေးပါတီရုံးသို့ အကူအညီတောင်းနေပြီဖြစ်ကြောင်း မြေယာသိမ်းခံရသူ နောင်ကား ကျေးရွာနေ မရွဲက ပြောသည်။

ကြံ့ခိုင်ရေးပါတီ ပြည်နယ်အတွင်းရေးမှု ဦးကျော်စိုးနိုင်က “ဖြေရှင်းပေးပါမည် အထက်သို့ စာစီပြီးတင်ပြ ပေးသွားမည်” ဟု ပြောပေးကြောင်း မြေသိမ်းခံရသူ နောင်ပစ်ရွာနေ ခွန်ပြည့်စုံက ပြောသည်။ စာတိုက်က တဆင့် မပို့တော့ကြောင်း တိုက်ရိုက်ပို့ပေးမည် ဖြစ်ကြောင်း၊ စာတိုက်နှင့် ပို့် လျှင် လွတ်တော်သို့ရောက်ပြီး အလုပ်ပိုရှုပ်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့ ကြံခိုင်ရေးပါတီ မြို့နယ်အလုပ်အမှုဆောင် ဦးသိန်းထူးက ဆိုထားသည်။

အသိမ်းခံထားရသောမြေကို ပထမ PNO ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးသိန်းဖေသို့အကူအညီ တောင်းပြီး ဖြေရှင်းမပေးကြောင်း၊ ဒုတိယ နောင်ကားကျေးရွာအုပ်ချုပ်ရေးမှုး ဦးထွန်စိန်သို့တိုင်ကြားသော် လည်း မသိဘူးဟု ပြန်ဖြေကြောင်း၊ ဦးအောင်သာက ဆက်မလုပ်နှင့် ဦးခေါင်းကို အုတ်နှင့်တိုက်လျှင် ဦးခေါင်းကွဲဖို့ဘဲ ရှိသည်ဟု ပြောကြောင်း၊ မြေသိမ်းခံရသော တောင်သူများကဆိုသည်။

မိမိမြေယာကို ပြန်လိုချင်တယ် တစ်ခုက မြေပြန်ရခြင်း၊ ပြန်မရခြင်းကို အပထားအုံး တောင်သူများစိတ်ဒုက္ခ ရောက်နေရသည် ပူဆွေးနေရသည်ကို စာနာစိတ်ထားစေချင်ပြီး ကိုယ်တိုင်ခံစားစေချင်ကြောင်း မြေသိမ်းခံရသူ မရွဲက ပြောသည်။

No comments: