အမည်ခံအုပ်ချုပ်ခွင့်ရဒေသမှ စစ်တပ်၏လက်ပါးစေ PNO/PNA ၏ တလွဲမူဝါဒ

ပအိုဝ်း ပြည်သူ့စစ် (PNA)
ယခု လတ်တလောမှာ နာမည်ကြီးနေတဲ့ ပအိုဝ်းပြည်သူ့စစ် အဖွဲ့လို့ လူသိများတဲ့ PNA အဖွဲ့ဟာ ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှာ ဥပဒေဘောင်အတွင်းကို ဝင်ရောက်ခဲ့ပြီးတော့ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်မှာ ဌာနေပြည်သူ့စစ် အဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့တာကြောင့် စစ်တပ်လက်အောက်ခံ အဖွဲ့တစ်ခုဖြစ်ပါတယ်။ စစ်တပ်က ရံဖန်ရံခါပေးတဲ့ ရိက္ခာနဲ့ လစာကို ရယူပြီး စစ်တပ်ရဲ့ ညွှန်ကြားချက်နဲ့ ဒေသတွင်းမှာ လှုပ်ရှားနေရတာ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့ဖြစ်တာကြောင့် PNO ရဲ့ မဲရရှိရေးနဲ့ စစ်တပ်အာဏာ ဖြန့်ကျက်မှုကို ရာနှုန်းပြည့် အထောက်အပံ့ ပေးနိုင်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။