ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာအုပ်စု၊ အင်ကြင်းကုန်းကျေးရွာရှိ
ဟိုတယ်စီမံကိန်းနေရာတွင် (၂၉-၁-၂၀၁၃) ရက်နေ့ နေ့လည် (၁၁) နာရီအချိန်တွင် မြေသားလမ်းဖောက်လုပ်နေသော မြေထိုးစက်များအား ဆက်လက်လုပ်ကိုင်မှု မပြုလုပ်ရန် အင်ကြင်းကုန်းကျေးရွာနေ ကိုအောင်ကျော်မျိုး ဦးဆောင်သော ရွာသူရွာသား (၄၀) ဦးခန့်တို့နှင့် ဟဲယာရွာမကျေးရွာရှိ အနောက်ရွှေကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးခေမာနန္ဒ ဦးစီးသော သံဃာတော် (၁၅) ပါးခန့်တို့သည် မြေထိုးစက်၏ရှေ့မှ ပိတ်ဆို့တားဆီးခဲ့သဖြင့် ဟိုတယ်ဇုန်စီမံကိန်း
မြေသားလုပ်ငန်းအား ရပ်ဆိုင်းခဲ့ရကြောင်း သိရှိရသည်။