သြဂုတ် ၁၂ ရက် နိုင်ငံတကာလူငယ်များနေ့မှာ ရိုးရာအကတင်ဆက်ရန် ပအိုဝ်းလူငယ်ပြင်ဆင်

ဇူလိုင်လ ၃၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

လာမယ့် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် အစီအစဉ်တစ်ခုဖြစ်တဲ့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဖျော်ဖြေရေးအစီအစဉ်မှာ တိုင်းရင်းသားပေါင်းစုံမှ မိမိတို့ယဉ်ရိုးရာယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်တဲ့အစီအစဉ် ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပအိုဝ်းပြည်သူအတွက် ပအိုဝ်းခေါင်းဆောင်များ ဘာတွေပြင်ဆင် ဖြေရှင်းပေးပြီလဲ

ပြည်သူသား | ဇူလိုင်လ ၃၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ် | အမြင်ဆောင်းပါး

ကြားနေရလို့ မြင်နေရလို့ ပြောချင်တဲ့စကား ပေါ်လာပါတယ်။ ဘာလဲဆိုတော့ အစိုးရတပ်မတော်ဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့နယ် ထီထဲုင်ထိုးရွာက ရွာသားများကို မတရားအနိုင်ကျင့် အာဏာသုံးဖိနှိပ် သေနတ်နဲ့ပစ်ခတ်နေတဲ့ကိစ္စ သတင်းစာပေါ်နှင့် အင်တာနက်စာမျက်နှာပေါ် ကျယ်ကျယ်ပြန့်ပြန့်ကြားရ တွေ့ရပါတယ်။

ပအိုဝ်းအဖွဲ့အစည်းများ တောင်ကြီးမြို့တွင် စုပေါင်းဝါဆိုသင်္ကန်းနှင့် ဘုရားအနေကဇာတင်ပွဲကျင်းပ

ခွန်မေးလို့ (တောင်ကြီး) | ဇူလိုင်လ ၃၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) မှ ကြီးမှူး၍ တောင်ကြီးမြို့ရှိ ပအိုဝ်းအမျိုးသားဂေဟာတွင် အဋ္ဌမအကြိမ် စုပေါင်းဝါဆိုသင်င်္ကန်းနှင့် ဘုရားအနေကဇာတင်ပွဲကို ဇူလိုင်လ ၂၈ ရက်နေ့  နံနက် (၆) နာရီတွင် ပူဇော်ကျင်းပခဲ့ကြောင်း သိရသည်။

ပအိုဝ်းလူငယ်အတွက် နိုင်ငံရေးအမြင်

ခွန်ဆားဗွာ (ဒုံလီတန်) | ဇူလိုင် ၂၈ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ် | အမြင်ဆောင်းပါး

ပအိုဝ်းလူငယ်တစ်ယောက်အနေဖြင့် ယခုလက်ရှိ ဖြစ်ပျက်နေရသော အခြေအနေကို တင်ပြချင်ပါတယ်။ ပြီးပြည့်စုံတယ်လို့မထင်ပါဘူး။ နိုင်ငံရေး ပြုပြင်ပြောင်းလဲနေသော ခေတ်သစ်စနစ်သစ်မှာ ပအိုဝ်းလူငယ်များ ကိုယ်ကံကျမ္မာကိုယ်ဖန်တီးဖို့ အကောင်အထည်ဖော်ဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။ ဒီလူကြီး မကောင်းဘူး ဒီပုဂ္ဂိုလ်မကောင်းဘူး ပြောနေမယ့် အချိန်မဟုတ်တော့ပါဘူး။ အဖွဲ့အစည်းကမကောင်းဘူးလို့ ပြောနေမယ့်အချိန်လည်း မဟုတ်တော့ဘူးထင်တယ်။

မျဉ်းပြိုင်ကြားက ပအိုဝ်းအမျိုးသားနိုင်ငံရေး

ခွန်သန်းအောင် (TGI) | ဇူလိုင် ၂၅ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ် | အမျိုးသားရေးအမြင်ဆောင်းပါး

ချို့တဲ့ တဲ့ ပြင်ဆင်မှုတွေနဲ့ ကုန်လွန်သွားခဲ့တဲ့အချိန်တွေကို အချိန်နှောင်းမှ ပြင်ဆင်ရမှန်း၊ တန်ဖိုးရှိမှန်းသိချိန်မှာ အသေချာဆုံးပြင်ဆင်မှုဖြင့် ပြန်လည်ဖြတ်ကျော်လိုလည်း ပြန်ဆည်ယူ၍ ရနိုင်သည့်အရာမဟုတ်။ ဒါကို ၂၀၁၀ မတိုင်ခင်ကာလတွင် မကြုံစဖူး ကြုံစဦးအချိန်ဆိုနိုင်ပေမဲ့ အခုချိန်အတွက် ၂၀၁၀ က ဒူးမှန်မှန် နဖူးမှန်မှန် အထုခံခဲ့ရသည့် အတွေ့အကြုံကို ဥပမာသဖွယ် သင်ခန်းစာအဖြစ် ချယူပြီး၊ လာမည့်ပုစ္ဆာကို ဘယ်လိုဆွဲရမည်ဆိုတာ အသင့်ဖြစ်ရန် ပြင်ရမည့် အချိန်ဖြစ်သည်။

ရှမ်းပြည်တိုင်းရင်းသားလူမ်ျိုးစုများ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ တောင်ကြီးမြို့တွင် ကျင်းပ

ခွန်မေးလို့ (တောင်ကြီး) | ဇူလိုင်လ (၂၅) ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

Burma Centrum Nederland မှ ကြီးမှူး၍ အနာဂါတ်ရှမ်းပြည် တိုင်းရင်းသားလူမ်ျိုးစုများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို တောင်ကြီးမြို့  ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ရုံးတွင် ဒီနေ့ နံနက် (၉) နာရီ အချိန်တွင် စတင်ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းပြည်သမိုင်းတွင် အရေးပါခဲ့သောတော်လှန်ရေးပုဂ္ဂိုလ်ကြီး ကွယ်လွန်

ခွန်ရာဇာ (တောင်ကြီး) | ဇူလိုင်လ ၂၅ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းတော်လှန်ရေးသမိုင်းတွင် အရေးပါခဲ့သောပုဂ္ဂိုလ် အမျိုးသားတော်လှန်ရေးခေါင်းဆောင်ဟောင်း ဆရာဦးမောင်ဖေသည် ၂၀၁၃ ခုနှစ်၊ ဇူလိုင်၂၂ ရက်နေ့တွင် ကွယ်လွန်သွားကြောင်း သိရသည်။

ကျောက်တန်းဒေသ စိမ်းလန်းစိုပြေရေး လူငယ်များ သစ်ပင်စိုက်ပျိုး

ခွန်သန်းအောင် (TGI) | ဇူလိုင်၂၃ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ဟိုပုံးမြို့နယ်၊ ကျောက်တန်းဒေသရှိ ခမ်းကောင်လူငယ်များမှ ဦးဆောင်၍ ကျောက်တန်းဒေသ စိမ်းလန်းစိုပြေရေးအတွက် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံဆေးခန်းနှင့် ရွာတွင်းပတ်ဝန်းကျင်များတွင် သစ်ပင်များစိုက်ပျိုးခြင်းကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့၌ ပြုလုပ်သည်ဟု ဦးဆောင်သူတစ်ဦးက ပြောသည်။

ပထမဆုံးအကြိမ် သက်ကြီးဝါရင့်နိုင်ငံရေးခေါင်းဆောင်ကြီး ဂါရဝပြုပွဲ ကျင်းပ

ခွန်ရာဇာ (တောင်ကြီး) | ဇူလိုင်လ ၂၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပထမဆုံးအကြိမ် ပြည်ထောင်စုတိုင်းရင်းသား သက်ကြီးဝါရင့်နိုင်ငံရေးခေါင်းဆောင်များ ဂါရဝပြုပွဲကို တိုင်းရင်းသားလူငယ်များကွန်ယက်က ဇူလိုင် ၂၂ ဝါဆိုလပြည့်နေ့၊ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုင်တိုင် တက်ရောက်ဂါရဝပြု ကြောင်း သိရသည်။

ဟိုပုံးတွင် တောတောင်များစိမ်းလန်းဖို့ လူငယ်များသစ်ပင်စိုက်ပျိုး

ခွန်သန်းအောင် (TGI) | ဇူလိုင် ၂၁ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ဟိုပုံးပရဟိတလူငယ်များအဖွဲ့မှ ဦးဆောင်၍ ဒို့ချစ်တဲ့ကမ္ဘာလူငယ်များကို အကူအညီရယူပြီး ဟိုပုံးမြို့နယ်၊ လွယ်အွန်းကျေးရွာအုပ်စု၊ စခွီကျေးရွာတွင် သဘာဝတောတောင်များ စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်များစိုက်ပျိုးခြင်းကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့၌ ပြုလုပ်သည်ဟု လူငယ်များဦးဆောင်သူ နန်းချမ်းမြေ့အေးက ပြောသည်။

ပအိုဝ်းစာ/ယဉ်အဖွဲ့(ဗဟို)ရုံးတွင် ပအိုဝ်းအမျိုးသားများဂေဟာကိစ္စ အစည်းအဝေးကျင်းပ

ခွန်ခမ်းမြတ်(တောင်ကြီး) | ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ် | သတင်းမှတ်တမ်း

၂၀၁၃ ခုနှစ်၊ ဇူလှိုင်လ ၁၃ ရက်နေ့ တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ရုံးတွင် ပအိုဝ်းအမျိုးသားများဂေဟာကိစ္စ အစည်းအဝေး ကျင်းပပြုလုပ်ရာ အနယ်နယ်အရပ်ရပ်မှ ပအိုဝ်းသံဃာတော်များ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) မှ တာဝန်ရှိသူများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ PNA ဌာနေပြည်သူ့စစ်အဖွဲ့မှ တာဝန်ရှိသူများ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ မြို့နယ်တာဝန်ခံများ၊ မွေတော်ကက္ကူဘုရား ဂေါပကအဖွဲ့၊ ပအိုဝ်းမော် ဓမ္မကထိကအဖွဲ့၊ ပအိုဝ်းဥပဒေလူမှုအထောက်အကူပြုအဖွဲ့၊ ပအိုဝ်း အမျိုးသမီးအဖွဲ့၊ ပအိုဝ်းသွေးလှူရှင်နှင့် နာရေးလူမှုကူညီရေးအသင်း၊ ပါရမီလူမှုကွန်ရက်အဖွဲ့မှ တာဝန်ရှိသူများနှင့် တောင်ကြီးမြို့ရှိ ပအိုဝ်းမြို့မိမြို့ဖများ စုံလင်စွာ တက်ရောက်ကြပါသည်။

ပအိုဝ်းစာ/ယဉ်အဖွဲ့ ဥပဒေလူမှုကူညီရေးအသင်းမှ ဦးစီးသည့် ဥပဒေပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ခွန်ခမ်းမြတ်(တောင်ကြီး) | ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်



တောင်ကြီးမြို့တွင် USIP မှ ဦးစီးပြီး တရားဥပဒေစိုးမိုးမှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ခွန်သန်းအောင် (TGI) | ဇူလိုင် ၁၈ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (United States Institute of Peace (USIP) Rule of Law Center) မှ ကိုယ်စားလှယ်များဖြစ်သော Ms Susan Hayward နှင့် Ms Leanne Mc Kay တို့ဦးစီးစီစဉ်သည့် တရားဥပဒေစိုးမိုးရေး (Rule of Law) အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ၌ ရှမ်းပြည်နယ်၊ တောင်းကြီးမြို့ HeartBeat Restaurant တွင် ပြုလုပ်ကျင်းပခဲ့သည်ဟု အလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည့် ခွန်ခမ်းကောင်က ပြောသည်။

ညိုးမွူးလာဘမုနိတောင်စေတီဘုရား ထီးတင်ပူဇော်ပွဲကျင်းပ


ခွန်မေးလို့ (တောင်ကြီး) | ဇူလိုင်လ (၁၇) ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့ တောင်ဘက် (၂) မိုင်အကွာရှိ တောင်ကြီးမြို့ နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ ညိုးမွူးရွာတွင် ညိုးမွူးလာဘမုနိတောင်စေတီဘုရားအား ထီးတင်ပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၌ ပအိုဝ်းခေါင်းဆောင် ဦအောင်ခမ်းထီနှင့်မိသားစု သိက္ခာထပ် ၀ါဆိုသင်္ကန်းကပ် အလှူမင်္ဂလာကျင်းပ

ခွန်မေးလို့ (တောင်ကြီး) | ဇူလိုင်လ (၁၇) ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦအောင်ခမ်းထီနှင့်မိသားစုမှ ကြီးမှူး၍ ပအိုဝ်းအမျိုးသားအားလုံး ဆင်းရဲ ဒုက္ခမှ လွှတ်ကင်းပြီး နိဗ္ဗာန်ချမ်းသာသို့ ရောက်ရန်ရည်စူး၍ ရဟန်းသံဃာတော်များအား သိက္ခာထပ် ၀ါဆိုသင်္ကန်းကပ် အလှူမင်္ဂလာတော်ပွဲကို တောင်ကြီးမြို့ အေးစေတီကျောင်းတိုက်၌ ယနေ့ ဇူလိုင်လ ၁၆ ရက် နံနက် (၉) နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆီဆိုင် ဘန်းယဉ်အခြေစိုက် ခမရ ၄၂၆ မှ အစိုးရတပ်မတော်သား ကျေးရွာများအပေါ် မတရားငွေကြေးတောင်းခံ

ခွန်ရာဇာ (တောင်ကြီး) | ဇူလိုင် ၁၆ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် နားသံကျေးရွာအုပ်စု ပချားကလိုးရွာနှင့် ကျောင်းယရွာတွင် လွန်ခဲ့သည့် ဇွန်လ ၁၆ ရက်၊ ဘန်းယဉ်အခြေစိုက် ခမရ (၄၂၆) မှ ဗိုလ်မှူး ဝင်းကိုဦး အပါအ၀င် မြန်မာအစိုးရစစ်သား (၄) ဦးက ရွာသူကြီးထံ ငွေကြေးများ မတရားတောင်းခံခြင်းအခြေနေကို အရေးယူပေးရန် ဒေသခံရွာသားများက ဒေသဦးစီးထံသို့ တင်ပြထားကြောင်း သိရသည်။

ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥပဒေ လူမှုကူညီရေးအသင်းမှ ဦးစီး၍ ဥပဒေပညာပေးသင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပ

ခွန်ခမ်းမြတ် (တောင်ကြီး) | ဇူလိုင် ၁၄ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥပဒေလူမှုကူညီရေးအသင်းမှ ဦးစီးကျင်းပသော ဥပဒေပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို တောင်ကြီးမြို့၊ ဒဲဉ်သီးလာဗွေကွင်းခန်းမတွင် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် (တနင်္ဂနွေနေ့) နံနက် ၉း၀၀ နာရီ အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

သစ်တောကြိုးဝိုင်းကို ထိန်းသိမ်းသည့် ရွာသားများအား အစိုးရစစ်တပ်က ဖမ်းဆီးပစ်ခတ်

ခွန်စိမ်းမောင် (တောင်ကြီး) | ဇူလိုင်လ ၁၄ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ် ထီထဲုင်ထိုးရွာရှိ ရေထွက်ဦးသစ်တောကြိုးဝိုင်းကို ထိမ်းသိမ်းစောင့်ရှောက်သည့် ကျေးရွာသားများအား အစိုးရစစ်တပ်က ဖမ်းဆီးပစ်ခတ်မှုများ ပြုလုပ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ထီထဲုင်ထိုးရွာတွင် ရေထွက်ဦးရှိ သစ်တောကြိုးဝိုင်းကို ထိန်းသိမ်းသော အပြစ်မဲ့ရွာသားများအား (ဇူလိုင်လ ၁၁ နေ့ ၂၀၁၃ ခုနှစ်) ရက်နေ့တွင် ဘန်းယဉ်အခြေစိုက် အစိုးရတပ်မတော် ခမရ (၄၂၆) စစ်တပ်မှဗိုလ်ကြီးဟိန်းဇာနည်၊ တပ်သားမြစည်သူနှင့် ပိုင်ပိုင်တို့ (၃) ဦးသည် ရွာသားများကို ဖမ်းဆီးချည်နှောင်ပြီး ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေ ထီထဲုင်ထိုးရွာသား တစ်ဦးက ယခုလိုပြောသည်။

ဆီဆိုင်တွင် အစိုးရစစ်သား ရမ်းကားပစ်ခတ်မှုကြောင့် အပစ်မဲ့ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရ

ခွန်ရာဇာ (တောင်ကြီး) | ဇူလိုင် ၁၃ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီထဲုင်ထိုးရွာတွင် ၂၀၁၃ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အပြစ်မဲ့ရွာသားများကို ထီထဲုင်ထိုး စစ်တပ်စခန်းအခြေစိုက် အစိုးရတပ်မတော်သားသုံးဦး၏ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပအိုဝ်းအားလုံး မြန်မာနိုင်ငံသားစီစစ်ရေးကဒ်ပြားပြုလုပ်ရန် PNO နာယက ခွန်မောင်တုတ် တိုက်တွန်း

ခွန်မေးလို့ (တောင်ကြီး) | ဇူလိုင် ၁၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းတိုင်းရင်းသားတို့ ၏ မြန်မာနိုင်ငံသား အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် ပအိုဝ်းလူမျိုးဖြစ်ကြောင်း သက်ဆိုင်ရာမြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရုံးတွင် မှတ်ပုံတင်ပြုလုပ်ကြရန် မြန်မာနိုင်ငံရှိ ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ် (PNO) ပါတီ ဗဟိုနာယဂ ဦးခွန်မောင်တုတ်မှ ပအိုဝ်းပြည်သူလူထုများကို တိုက်တွန်းလိုက်သည်။

အေးသာယာမှ တောင်ကြီးအတက် ဆိုက်ကယ်နှင့် ကား ယဉ်တိုက်မှုဖြစ်


ခွန်သန်းအောင် (TGI) | ဇူလိုင်လ ၁၁ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

အေးသာယာမှ တောင်ကြီးမြို့ပေါ်သို့ နှစ်လမ်းသွားမှ အတက်လမ်းတွင် ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီး ယဉ်တိုက်မှုတရပ်ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

ဆီဆိုင်၊ ဆိုက်ခေါဝ်ကျေးရွာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြည်သူအသုံးပြုသည့်လမ်းကို ရောင်းစား

နှင်းသစ္စာ (TGI) | ဇူလိုင်လ ၁၁ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စုအတွင်းရှိ ဆိုက်ခေါဝ်စံပြကျေးရွာ၊ အောင်သုခရပ်ကွက်မှ ဆိုက်ခေါဝ်ဈေးအနောက်ဘက်ရှိလမ်းကို ထိုရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရောင်းစားခဲ့ကြောင်း ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေတွင် ရပ်ကွက်တွင်းနေထိုင်သူများက ဆိုသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပအိုဝ်းအမျိုးသားစည်ကားရာ မြေပြန့်ဒေသများတွင် ပါတီရုံးသစ် တိုးချဲ့ဖွင့်လှစ်

ခွန်မေးလို့ (တောင်ကြီး)၊ ဇူလိုင်လ ၁၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီဟာ မြန်မာပြည်အောက်ပိုင်း ပအိုဝ်းလူမျိုးများ အများအပြားနေထိုင်ရာ ဒေသများဖြစ်တဲ့ မွန်နဲ့ကရင်ပြည်နယ်အတွင်းက မြိုင်ကလေးမြို့၊ သထုံမြို့၊ ဖားအံမြို့၊ ကော့ကျိုက်မြို့၊ ကောကရိတ်မြို့နှင့် ရေကျော်ကြီး စတဲ့မြို့မှားမှာ ယခု ဇူလိုင်လ အတွင်းတွင် အဖွဲ့ချုပ်ရုံးများ တိုးချဲ့ဖွင့်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တွင် ကုန်းကျော်တံတားတည်ဆောက်ပြီးသော်လည်း ယာဉ်ကြောပိတ်ဆို့မှု ဆက်ဖြစ်နေဆဲ

ခွန်ရာဇာ (တောင်ကြီး) | ဇူလိုင် ၁၀ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းကုန်းကျော်တံတားတည်ဆောက်ပြီး အသုံးပြုနေသော်လည်း ပြည်လမ်းမကြီးသာ အဆင်ပြေပြီး လှည်းတန်းမီးပွိုင့်တွင် ကားပါကင်နှင့် စည်းကမ်းမဲ့ ယာဉ်မောင်းများကြောင့် ကျန်လမ်းများ ယာဉ်ကြောပိတ်ဆို့မှု ဆက်လက်ဖြစ်ပွားနေကြောင်း ဇွန်လ ၆ ရက်နေ့တွင် စုံစမ်းသိရှိရသည်။

တောင်ကြီးမြို့မှ ပအိုဝ်းအမျိုးသားများဂေဟာ သမိုင်း

ခွန်ပနောင် | ဇူလိုင် ၇ ရက်၊ ၂၀၁၃ ခု၊ တောင်ကြီးတိုင်းမ် | ဖြစ်ရပ်မှန်အမြင်ဆောင်းပါး

သမိုင်းအစဉ်အလာကြီးမားခဲ့သော ပအိုဝ်းအမျိုးသားတို့သည် နောင်လာနောက်သား အနာဂတ် မျိုးဆက်သစ်လူငယ်များ အစဉ်အလာကောင်းမွန်လာစေရေးအတွက် ရည်ရွယ်၍ အမျိုး၊ ဘာသာ၊ သာသနာ၊ ထွန်းကာရေး၊ စည်းလုံးညီညွတ်ရေး၊ ယဉ်ကျေးမှု့ အမွေအနှစ်များ မပပျောက်စေရေးအတွက်၊ မျက်စိဖွင့်၊ နားပွင့်ရန်၊ အမျိုးသားရေးလက္ခဏာဖြစ်ပေါ်စေသော တန်ဖိုးမဖြတ်နိုင်သည့် ကျောင်း၊ ကန်၊ ဘုရားတည်ဆောက် လှူဒါန်းခြင်း၊ အထိမ်းအမှတ်ကျောက်တိုင်များ စိုက်ထူခြင်း စသည့်အမှတ်တရဖြစ်စေ၊ ဂုဏ်ယူဖွယ်ဖြစ်စေ၊ အမြော်အမြင်ကြီးမားစွာဖြင့် သမိုင်းဝင်အမွေအနှစ်များ ထားရစ်ခဲ့ရာတွင် တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ ကုန်သည်လမ်းပေါ်ရှိ အမှတ် (၉၈/၁) နှင့် (၉၈/၂) ဟု ခေါ်တွင်သည့် ပအိုဝ်းအမျိုးသားပိုင် အဆောက်အဦးလည်း ပါဝင်ပေသည်။

ပအိုဝ်းဂေဟာထိန်းသိမ်းရေးအဖွဲ့ အစီရင်ခံစာ

ဇူလိုင် ၆ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ် | ဖြစ်ရပ်မှန်ဆောင်းပါး

ဒုတိယကမ္ဘာစစ်ပြီး ကမ္ဘာနှင့်အ၀ှမ်း၊ နယ်ချဲ့လက်အောက်မှ နိုင်ငံပေါင်းများစွာလွတ်လပ်ရေး ရရှိခဲ့ကြသည်။ မြန်မာနိုင်ငံလည်း အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မှန်ကန်သော နိုင်ငံရေးဦးဆောင်မှုကြောင့် နိုင်ငံရေးအသိစိတ်ဓါတ် နှိုးကြားတက်ကြွစွာ လွတ်လပ်ရန် ကြိုးပမ်းခဲ့ကြ သည်။ ထိုနည်းတူ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးခွန်ကြည်နှင့် ဦးလှဖေတို့၏ စည်းရုံးသိမ်းသွင်းမှုကြောင့် ပအိုဝ်းအမျိုးသားများ နိုင်ငံရေးနိုးကြားတက်ကြွလာကြသည်။ ၁၉၄၇-ခုနှစ်တွင် ဦးဟိန်မောင်၊ ဦးအောင်သာ၊ ဦးဟိန်တိထွန်း အစရှိသော ပအိုဝ်းခေါင်းဆောင်များက ပအိုဝ်းလှိုင်ဗူ ခေါ် ပအိုဝ်းစုစည်းအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကြသည်။

ပအိုဝ်းခေါင်းဆောင်းများ ၂၀၁၅ မှာ မဲနိုင်လိုလျင် ပအိုဝ်းပြည်သူကို အလုပ်အကျွေးပြုစေချင်

ခွန်သွီးပအိုဝ်းခမ်းကောင် | ဇူလိုင် ၅ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ် | အမြင်ဆောင်းပါး

မျိုးချစ်စိတ်ဆိုသည်မှာ လူမျိုးတိုင်းရှိကြပါသည်။ မျိုးဆက်သစ်ဆိုသည်လည်း ထိုနည်း၎င်း ရှိကြပါလိမ့်မည်။ သမိုင်းဆိုသည်လည်း လူမျိုးတိုင်း ပုဂ္ဂိုလ်တိုင်းမှာ ရှိကြပါသည်။ ဆိုလိုသည်မှာ သမိုင်းကို အကောင်းမြင် ရေးသားသော စာရေးဆရာနှင့် အဆိုးမြင် ရေးသားသော စာရေးဆရာများ ရှိကြပါလိမ့်မည်။

ပဋိပက္ခသတင်းစာပညာဆိုင်ရာ ဖိုရမ်တစ်ခုကို ရန်ကုန်တွင်ပြုလုပ်

ခွန်သန်းအောင် (TGI) | ဇူလိုင် ၄ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

မြန်မာသတင်းမီဒီယာများ ပဋိပက္ခသတင်းစာပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခုကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၅၊ ၆ ရက်နေ့တို့တွင် ရန်ကုန်မြို့၊ Park Royal Hotel ၌ ကျင်းပကြောင်း သတင်းသမားတစ်ဦးက ပြောသည်။

တောင်ကြီးတွင် သဘာဝပတ်ဝန်းကျင်နှင့်လူမှုဝန်းကျင်ဆိုင်ရာ စာပေဟောပြောပွဲကျင်းပ

ခွန်သန်းအောင် (TGI) | ဇူလိုင် ၂ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ဒို့ချစ်တဲ့ကမ္ဘာလူငယ်များမှ စီစဉ်သော စာရေးဆရာဒေါက်တာခင်မောင်ညို၊ ဦးစည်သူလွင်နှင့် အော်ပီကျယ်တို့ဟောပြောသည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာ စာပေဟောပြောကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်၊ အင်္ဂါနေ့ ညနေ ၄ နာရီအချိန်တွင် တောင်ကြီးမြို့၊ အောက်မေ့ဖွယ်ဓမ္မာရုံ၌ ကျင်းပသည်ဟု အစီစဉ်တွင် ပါဝင်လုပ်ဆောင်သူတစ်ဦးက ပြောသည်။

တောင်ကြီးမြို့နယ် ကျေးရွာနေဒေသခံများကို မျိုးဆက်ပွားကျန်းမာရေးပညာပေး

ခွန်သန်းအောင် (TGI) | ဇူလိုင် ၂ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စုရှိ မူရားရွာတွင် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက မိခင်နှင့်ကလေး ကျန်းမာရေးပညာပေးဟောပြောပွဲကို ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်နေ့၌ ကျင်းပရာ ဒေသခံများစိတ်ဝင်တစား တက်ရောက်ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဦးထွန်းကြည်က ပြောသည်။

ဇူလိုင်လ ၁ ရက်နေ့ထုတ်တိုင်းမဂ္ဂဇင်းကို ကန့်ကွက်ရှုတ်ချသည့်အပေါ် ထောက်ခံဆန္ဒပြ

ခွန်ရာဇာ တောင်ကြီး | ဇူလိုင် ၁ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံမှဗုဒ္ဓ၏သားတော် သံဃာတော်တစ်ပါးဖြစ်သူဦးဝီရသူအား တိုင်းမဂ္ဂဇင်းဆောင်းပါး စာမျက်နှာပေါ် ဘင်လာဒင်ကဲ့သို့ခိုင်းနှိုင်း ရေးသားဖော်ပြခြင်းကို နိုင်ငံတော်သမ္မတရုံးက ကန့်ကွက်ခြင်းကို ထောက်ခံသောအနေဖြင့် မကွေးကျောင်းတိုက်ဆရာတော်ဦးပါမောက္ခ၊ မစိုးရိမ်စာသင်တိုက် ဦးအောင်မြိုင် နှင့်ရှေ့နေဦးအေးပိုင်တို့ ဦးဆောင်ပြီး ဇွန်လ ၃၀ ရက်၊ မြို့တော်ခန်းမရှေ့တွင် ထောက်ခံဆန္ဒပြသွားကြောင်း သိရသည်။