ဇွန်လအတွက် အာရုဏ်သစ်စာစောင် အမှတ် ၃ ထုတ်ဝေ

By Taunggyi Time on Wednesday, June 29, 2011

ပအိုဝ်းလူငယ်များစုစည်းပြီးတော့ ပအိုဝ်းဘာသာဖြင့် လစဉ်ထုတ်ဝေတဲ့ ပအိုဝ်းလို "အာ;ရုဏ်;တသာလိတ်စောင်;"၊ အင်္ဂလိတ်လို "New Dawn Journal"၊ ဗမာလို "အာရုဏ်သစ်စာစောင်" အမည်ရှိ စာစောင် ထွက်ရှိပြီဖြစ်ပါတယ်။


ယင်းစာစောင်အား ယခုနှစ် ၂၀၁၁ ခုနှစ် ဧပြီလမှ စတင်ထုတ်၍ လစဉ်ထုတ်ဝေပြီး ယခုဇွန်လတွင် အမှတ်စဉ် (၃) သို့ရောက်ရှိပြီဖြစ်ပါတယ်။


အဇင်းရွာသား ၁၀၀ကျော်ကို ဓါးစာခံအဖြစ် အစိုးရစစ်တပ် ဖမ်းဆီးထား

ဇွန်လ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်းကျေးရွာရှိ အစိုးရစစ်တပ်သည် ကရင်တပ်ဖွဲ့များ ဖမ်းဆီးထားသည့် စစ်ဗိုလ်တဦး အား ပြန်လွှတ်ပေးရန်အတွက် ဓါးစာခံအဖြစ် ယခုအချိန်တွင် အဇင်းရွာသား ၁၀၀ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း ဒေသခံ များက ပြောသည်။

ကချင်အမျိုးသမီးများ မတရားကျင့်ခံရ

သန်းထိုက်ဦး Wednesday, 22 June 2011 | ဧရာဝတီ

တိုက်ပွဲဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်က အမျိုးသမီးများကို မတရားပြုကျင့်နေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့အစည်းတခုက အင်္ဂါနေ့တွင် စွပ်စွဲလိုက်သည်။

KIAနှင့် ဆင်ဘိုစစ်ပွဲ၌ မြန်မာစစ်သား ၁၇ ဦးကျ

Friday, 17 June 2011 KNG

မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်အလယ်ပိုင်း၊ မိုးညှင်းခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲတွင် ယနေ့သောကြာနေ့တိုက်ပွဲတွင် မြန်မာစစ်သား ၁၇ ဦးကျဆုံးသွားသည်ဟု ဆင်ဘိုဒေသခံများပြောသည်။

What is ASEAN?


By Kanbawza Win | June 16, 2011

The international community who are not so familiar with the acronym of ASEAN may be wondering what it stands for? While the standard joke among the informed, floating around is an Association of Southeast Asia Authoritarian Nations. Perhaps it is partly true now that the Burmese Junta’s representative with its waving Gaung Baung (Burmese headdress usually wear by dignitaries to prove that they are no longer in uniforms) will soon be chairing this Association of Southeast Asian Nations. Nothing has changed in Burma except that instead of the soldier’s helmet they wear Gaung Baung.

အဆိပ်သင့်သူများ

“ကျောက်မီးသွေးပြာတွေရော ဖုံမှုန့်တွေပါရှုနေရတာ။
ကြာရင်ဒီဘက်ပိုင်းမှာနေတဲ့သူတွေ အဆုတ်ရောဂါတွေဖြစ်ပြီးတော့ အသက်တိုလိမ့်မယ်. . . ”

‘Government troops are carrying out a test of their strength’

Wednesday, 15 June 2011 16:09 Tun Tun | Mizzima

New Delhi (Mizzima) – Since June 9, fighting has broken out between the Kachin Independence Army (KIA), the armed wing of Kachin Independence Organization (KIO), and Burmese government troops. The United Nationalities Federal Council (UNFC) is made up of cease-fire and non- ceasefire ethnic armed groups. The alliance’s six dedicated member organizations are the Karen National Union (KNU), New Mon State Party (NMSP), Chin National Front (CNF), Kachin Independence Organization (KIO), Karenni National Progressive Party (KNPP) and the Shan State Progressive Party (SSPP).

လူကုန်ကူးခံရသူ မြန်မာ ၅၇ ဦးကို ကယ်တင်

ဘစောတင် | Wednesday, 15 June 2011 | ဧရာဝတီ

ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီခရိုင်တွင် ထိုင်းအာဏာပိုင်များနှင့် မြန်မာ အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသည့် အဖွဲ့တခုတို့ ပူးပေါင်းပြီး လူကုန်ကူးသည့် အဖွဲ့တခုကို ဝင်ရောက်ဖမ်းဆီးကာ လူကုန်ကူးခံရသူ မြန်မာ ၅၇ ဦးကို ကယ်တင် လိုက်ကြောင်း သိရသည်။

ပလောင်ဒေသမှ တရုတ်သို့ လူကုန်ကူးမှု တိုးပွားလာဟု PWO ပြော

ဇွန်လ ၁၄ရက်။ ၂၀၁၁ ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်နေထိုင်ရာဒေသ၌ မြန်မာစစ်တပ်၏ ဖိနှိပ်မှုနှင့် စီးပွားရေးကြပ်တည်းမှု ကြောင့် တရုတ်နိုင်ငံသို့ လူကုန်ကူးမှုပြဿနာများ စိုးရိမ်ထိတ်လန့်ရသည့် အခြေအနေအထိ တိုးပွားလာသည်ဟု ယနေ့ထုတ်ပြန်သည့် ပလောင် (တအာင်း)အမျိုးသမီး အစည်းအရုံး-PWO ၏ “သိမ်းပိုက်ခံဘ၀များ”အမည်ရှိ အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအတွက် တီကျစ်ကျောက်မီးသွေးတွင်း

မြန်မာနိုင်ငံ၏ တစ်ခုတည်း သော ရေနွေး ငွေ့သုံး လျှပ်စစ်ဓာတ် အားပေး လုပ်ငန်း တစ်ခု ဖြစ်သည့် တီကျစ် ကျောက်မီး သွေးသုံး ရေနွေးငွေ့ လျှပ်စစ် ဓာတ်အား ပေးစက်ရုံ ပုံမှန် လည်ပတ် နိုင်ရေး အတွက် တီကျစ် ကျောက်မီး သွေးတွင်းမှ နေ့စဉ် ကျောက်မီး သွေး တန်ချိန် ၂၀၀၀ ခန့် ထုတ်ယူ ပေးရကြောင်း သိရသည်။

အာဏာပိုင်များ ချယ်လှယ်မှုကြောင့် လက်ဖက်ဈေးကွက်ပျက်

နရီလင်းလက် | Monday, 06 June 2011| ဧရာဝတီ

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်ဒေသတွင် လက်ဖက် ဈေးကွက်အတွင်း အာဏာပိုင်များက ၀င်ရောက်ခြယ်လှယ် နေသောကြောင့် ဈေး ၂ ဆခန့် ကျဆင်းသွားပြီး စိုက်ပျိုးသူ တောင်သူများ အကျပ်အတည်း ကြုံ တွေ့နေရသည်ဟု တအာင်း (ပလောင်) အလုပ်အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

Sarah Palin should visit Burma

By Kanbawza Win | 05 June 2011
            
Now that John McCain, the highest ranking US official, has paid a visit to the pariah state of Burma in the heels of Joseph Yun, the Deputy Assistant Secretary of State for East Asia and Pacific Affairs, we construe that it is logical for Sarah Palin, the former Alaska Governor and Vice Presidential Nominee should follow suit. The rationale is not because she is a visionary or an intellect, as most of the Democrat heavy weights do, but because the Democrat led Obama Administration has done little or nothing for Burma. 

အာရုဏ်သစ်စာစောင် အမှတ်စဉ် (၂) ထုတ်ဝေ

ဇွန်လ ၂ ရက်နေ့ ၊ ၂၀၁၁


ပအိုဝ်းလူငယ်များမှ စုစည်းပြီးတော့ ပအိုဝ်းဘာသာဖြင့် လစဉ်ထုတ်ဝေတဲ့ ပအိုဝ်းလို "အာ;ရုဏ်;တသာ လိတ်စောင်;" အမည်ရှိ "New Dawn Journal" အမှတ်စဉ် (၂) ကို ပြည်တွင်းပြည်ပရှိ ပအိုဝ်းလူမျိုးများ လေ့လာဖတ်ရှုနိုင်ရန်အတွက် တင်ပေးလိုက်ပါတယ်။


ဖတ်ရှုလေ့လာရန် အောက်ပါလင့်ကို သွားပါ။

https://docs.google.com/viewer?a=v&pid=explorer&chrome=true&srcid=0B5jyy8EnAjCsYWYxNWY0MDktZThjOS00NTAzLWJmODMtYjMwYWZkNjc5Mzhi&hl=en_US

အဖိနှိပ်ဆုံး စာရင်းမှာ မြန်မာ ထိပ်တန်းက ပါရှိ

By Lisa Schlein's Report in Burmese, ဗုဒ္ဓဟူး, 01 ဇွန် 2011, ဗွီအိုအေ

ကမ္ဘာတ၀န်း အဖိနှိပ်ဆုံး တိုင်းပြည်တွေထဲ မြန်မာနိုင်ငံလည်း အပါအ၀င် ဖြစ်တယ်လို့ နိုင်ငံတကာက လွတ်လပ်ခွင့် အခြေအနေတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ Freedom House အဖွဲ့က ပြောဆိုလိုက်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတဲ့ နိုင်ငံနဲ့ ဒေသပေါင်း ၁၇ ခုထဲမှာ မြန်မာနိုင်ငံကိုပါ ထည့်သွင်း ဖော်ပြထားတဲ့ အစီရင်ခံစာ တစောင် ထုတ်ပြန်ရာမှာ Freedom House အဖွဲ့က ဖော်ပြလိုက်တာပါ။ ဒီအကြောင်း အစီရင်ခံစာ ထုတ်ပြန်ရာ ဂျီနီဗာမြို့ကနေ ဗွီအိုအေ သတင်းထောက် လီဆာ ရှလိုင်း (Lisa Schlein) သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

တိုင်းရင်းသားစာပေကို သင်ရိုးတွင်ထည့်သွင်းခွင့် ရရေး ဆွေးနွေး

ခင်ဦးသာ Thursday, 02 June 2011, Irrawaddy

ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင် ခဲ့သည့် တိုင်းရင်းသားပါတီ ၅ ပါတီက သက်ဆိုင်ရာ တိုင်းရင်းသားဒေသများ၌ ၎င်းတို့ မိခင် ဘာသာစာပေအား ဘာသာရပ်တခု အဖြစ် သင်ကြားနိုင်ရေးအတွက် လာမည့် လွှတ်တော် အစည်းအဝေးများတွင် ထပ်မံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။