လက်နက်ချ ရလလဖ စခန်းဟောင်းတွင် တိုက်ပွဲဖြစ် စစ်သားတဦး၊ ရဲတဦးသေဆုံး။ ၂ ဦးဒဏ်ရာ ရ

ခွန်အောင်မြတ်။
အောက်တိုဘာလ ၁၇ ရက်၊ ၂၀၀၈ ခုနှစ်


မကြာခင်က လက်နက်ချသွားသော ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အဖွဲ့၏ ဌာနချုပ် တပ်စခန်း နောင်ထောင်ဝ်တွင် တပ်စွဲထားသည့် မြန်မာစစ်တပ်နှင့် ရဲစခန်းကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပီအဲန်အယ်လ်အို)က ယမန်နေ့ညတွင် ၀င်ရောက်တိုက်ခိုက်သဖြင့် မြန်မာစစ်သား တဦး၊ ရဲ တဦး ကျဆုံးပြီး အခြား ၂ ဦး ဒဏ်ရာ ရရှိသည်ဟု ပီအဲန်အယ်လ်အိုက ပြောသည်။


မြန်မာစစ်အစိုးရတပ် ခလရ ၄၂၁ ကို ပီအဲန်အယ်လ်အိုတပ်ဖွဲ့မှ ဗိုလ်မှူးအောင်နိုင် ဦးစီးသည့် တပ်ဖွဲ့က ၀င် ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပီအဲန်အယ်လ်အို၏ နိုင်ငံရေးနှင့်စည်းရုံးရေးဌာန ပြောရေးဆိုခွင့်ရှိသူ ခွန်စွဲထိုက ပြောသည်။


“၁၆ ရက်နေ့ည ၁၁ နာရီ ၅၀ အဲဒီအချိန်မှာ ဗိုလ်မှူးအောင်နိုင် ဦးစီးသော ဗိုလ်မှူး ခွန်ကျော်၊ ဗိုလ်မှူး အုန်းမောင်တို့ အဖွဲ့သည် နောင်ထောင်ဝ်မြို့ ခလရ ၄၂၁ တပ်ရင်းကို ၀င်ရောက် တိုက်ခိုက်ပြီးတော့ မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။ အဲဒီ ၄၂၁ တပ်ရင်းမှာရှိတဲ့ တပ်သား သိန်းထွန်းတယောက်သေတယ်၊ နောက်ပြီးတော့ တယောက် ဒဏ်ရာရတယ်။ နောက်ပြီးတော့ ရဲစခန်းတခုကိုလည်း ကျနော်တို့ ၀င် တိုက်လိုက်တယ်။ ရဲစခန်းမှာ ဒုရဲအုပ် ချစ်ကိုအောင်က ဒဏ်ရာရတယ်။ တပ်သား ချစ်ကိုကိုက သေ သွားတယ်။ ”


ဗိုလ်မှူးစိန်ရွှေနှင့် ဗိုလ်မှူးစိုးအောင်လွင်တို့ ဦးဆောင်သည့် ရလလဖ အဖွဲ့ မြန်မာစစ် အစိုးရထံ လက်နက်ချပြီး နောက်ပိုင်း ရလလဖ ဌာနချုပ်ဖြစ်သည့် နောင်ထောင်ဝ်တွင် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။


အခုလို ၀င်ရောက်တိုက်ခိုက်ရခြင်းမှာ ဒေသခံပြည်သူများက တောင်းဆိုလာခြင်းကြောင့် ဖြစ်သည်ဟု ပီအဲန် အယ်လ်အို အဖွဲ့က ပြောသည်။


“နအဖ စစ်တပ်တွေက အဲဒီမှာရှိတဲ့ ကျေးရွာသူ ကျေးရွာသားတွေကို အနိုင်ကျင့်နှိပ်စက် ပြီးတော့ လုပ် နေတယ်။ အဲဒီမှာ ရှိတဲ့ ရွာသူ ရွာသားတွေက ကျနော်တို့ အဖွဲ့ကို တိုင်ကြား ပြီးတော့မှ ပြည်သူလူထု ရဲ့ သဘောထား ဆန္ဒအရ ကျနော်တို့ ၀င်တိုက်ရခြင်းဖြစ်တယ်လို့ ကျနော်ပြောလိုပါတယ်။” ဟု ခွန်စွဲထို က ပြောသည်။


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့သည် ၂၀၀၇ ခုနှစ် ဇွန်လပိုင်းတွင် ရလလဖ တပ်ဖွဲ့မှ ခွဲထွက်ကာ တော ပြန်ခိုပြီးနောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပီအဲန်အယ်လ်အေ)ဟု ပြောင်းလွဲဖွဲ့စည်းပြီး မြန်မာစစ် အစိုးရကို ဆန့်ကျင်တော်လှန် နေသည့် အဖွဲ့ဖြစ်သည်။


နောင်ထောင်ဝ် ဌာနချုပ်တွင် အခြေစိုက်ခဲ့သည့် ဗိုလ်မှူးစိန်ရွှေ၊ ဗိုလ်မှူးစိုးအောင်လွင် ဦးဆောင်သည့် ရလလဖ တပ်ဖွဲ့သည် မြန်မာစစ်အစိုးရ၏ ဖိအားပေးမှုကြောင့် ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့တွင် အပြီး လက်နက်ချ ခဲ့သည်။

http://www.nmg-news.com/nmg/news171008.html

Pa-O youth: autonomy granted not genuine

Self administered regions assigned to 5 different ethnic groups in Shan State are “a bunch of hoax”, according to Khun Htee, the newly elected Chairman of Pa-O Youth Organization (PYO).


26 September 2008
By Hseng Khio Fah

Ethnic groups in Shan State Kokang, Pa-O, Palaung, Danu and Wa, were granted self administrative status by the newly approved constitution drafted by the State Peace and Development Council (SPDC).

“We don’t believe that the autonomy given to us is real because they [SPDC] are an illegal government,” said Khun Htee.

“We [Pa-O] signed ceasefire agreements with the SPDC because we wanted political rights and we wanted to solve the problems by peaceful means as well as to develop our culture, literature and to promote living conditions of our people. But in practice, we don’t see that we are getting any better. It is just getting worse.”

“We will keep struggling until we achieve genuine rights, not a bunch of hoax,” he added.

The Pa-O people will join hand together with other ethnic groups to struggle to achieve democracy, solidarity of nationalities and a genuine federal union, according to the statement from the 3rd Conference of the PYO held on 20-21September, on the Thai-Burma border.

Most ethnic armed groups are still on the struggle even though the Burmese military has granted them self administration, according to Khun Htee. The Burma military has been urging non-ceasefire and ceasefire groups to surrender by 2009 and contest in the elections to be held in 2010.

“If there is a group that will participate in the elections on behalf of the Pa-O people, it must take full responsibility to achieve what our people need. If not, we will say that it has betrayed the people,” he said.

Until recently, there were two Pa-O ceasefire groups in Southern Shan State, Shan Nationalities Peoples’ Liberation Organization (SNPLO) led by Takaley and Pa-O National Organization (PNO) led by Aung Kham Hti.

The SNPLO was formed in 1968. In 1994 it concluded a ceasefire agreement with Rangoon. In 2007, one of its factions led by Chit Maung was forced to surrender to the Burmese military and another faction led by Khun Ti Sawng returned to the struggle changing its name to PaO National Liberation Organization (PNLO). The third faction led by Maj Hseng Fa surrendered in July.

On 3 August, the remaining SNPLO faction led by Soe Aung Lwin and Sein Shwe were forced to surrender.

The PNO, formed in 1976, concluded a ceasefire agreement with Rangoon in 1991. Its leader Aung Kham Hti is a co-chairman of the junta-organized Union Solidarity and Development Association (UNDA) Shan State South branch.

Outside Shan State, the only self-administered zone granted by the junta is for the Naga people in Sagaing division.

http://www.shanland.org/politics/2008/pa-o-youth-autonomy-granted-not-genuine

ပအိုဝ်းအပစ်ရပ်အဖွဲ့ ကျေးရွာသားများအား စစ်သင်တန်းတက်ရန် အမိန့်ထုတ်

သီတာထွန်း။
စက်တင်ဘာလ ၂ရက်၊ ၂၀၀၈ ခုနှစ်။


ရှမ်းပြည်တောင်ပိုင်းရှိ ကျေးရွာများတွင် အပစ်ရပ်အဖွဲ့၏ အမိန့်ဖြင့် ရွာသားများအား အခြေခံစစ်သင်တန်းနှင့် သ တင်းအပေးအယူသင်တန်းကို မတက်မနေရ အမိန့်ထုတ်ထားသည်။


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) မှ ရှမ်းပြည်တောင်ပိုင်း ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ အသက် ၁၈-၄၅ နှစ် ပြည့်သူ ကျေးရွာသားများအား စစ်သင်တန်းနှင့် သတင်းအပေးအယူ သင်တန်းတက်ကြရန် အမိန့်ထုတ်ထား ခြင်းဖြစ်ပြီး သင်တန်း ကာလမှာ သုံးလကြာမြင့် မည်ဟု ယင်းအဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။


“တရွာကို ဆယ်ယောက်နှုန်းနဲ့၊ အခြေခံစစ်သင်တန်းနဲ့ သတင်းအပေးအယူသင်တန်းပေါ့၊ သုံးလ သင် တန်းခင်ဗျ၊ ဦးအောင်ခမ်းထီဖက်က ဆင့်ထုတ်တာပေါ့နော်၊ (၂၀) ရက်နေ့ (၈) လက (PNO) ကိုယ် တိုင်က ထုတ်တာပေါ့နော်၊ ဟိုပုံးမြို့နယ်နဲ့ ဆီဆိုင်မြို့နယ်လို့ ပြောတယ်။ အဲဒါကို မတက်ဘူး ပျက်ကွယ် တယ်ဆိုလို့ရှိရင် တဦးကို ဒဏ်ငွေ လေးသောင်းနှုန်းနဲ့ ဒဏ်ရိုက်မယ်ပေါ့။”


သုံးလ သင်တန်းပြီးသွားပါက အတိုက်အခံအင်အားစုများ၏ လှုပ်ရှားမှု သတင်းများကို ရွာသားများမှ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ထံ အမြဲသတင်းပေးပို့ အစီရင်ခံရမည်ဟု သင်တန်း တက်ရောက်သည့် ဒေသခံများက ပြော သည်။


မတက်မနေရ သင်တန်းကြောင့် အိမ်ထောင်ဦးစီး ယောက်ျားများမှာ အလုပ်လုပ်ချိန် မရှိသဖြင့် စားဝတ်နေရေး အတွက် အခက်အခဲများနှင့် ရင်ဆိုင်ရကြောင်း ဟိုပုံးမြို့နယ်မှ ဒေသခံတဦးက ပြောသည်။


“ရွာသားဆိုတာက တောင်သူလယ်လုပ်သမားတွေ၊ အခုသင်တန်းတက်မယ်ဆိုရင် တပတ် ကို တရက် ကနှစ်ရက်ဆိုရင် အလုပ်ချိန်က မရှိတော့ဘူး၊ အမှန်က အိမ်ထောင်ဦးစီး ဆိုတာ ယောင်္ကျားက အဓိက ပေါ့၊ ယောင်္ကျားက ဒီလိုမျိုးဆို အခက်အခဲအများကြီး ရှိတာပေါ့။”


ယခု လောလောဆယ်ဆယ်တွင် သင်တန်းကို ဆီဆိုင်မြို့နယ်အတွင်းရှိ စဗျက်တိုက်နယ် ကျေးရွာအုပ်စုတွင် စတင် အကောင်အထည်ဖော်နေပြီဖြစ်ပြီး ရွာသားများမှာ မတက်ချင်ကြ သော်လည်း မတက်မနေရ အမိန့် ကြောင့် တက်နေရသည်ဟု သိရသည်။


ယင်းဒေသများသည် အပစ်ရပ်အဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ထိန်းချုပ်ရာနယ်မြေ ဖြစ်ပြီး၊ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)၊ မြန်မာစစ်အစိုးရတပ် နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့တို့လည်း လှုပ်ရှားနေသည့် နယ်မြေဖြစ်သည်။

မြန်မာတပ်အား ပအိုဝ်းအဖွဲ့ ခြုံခိုတိုက် မြန်မာစစ်တပ်မှ ၈ ဦး သေဆုံးဟု ပအိုဝ်းအဖွဲ့မှ ပြော

နွယ်လေး။
စက်တင်ဘာလ ၂ ရက်၊ ၂၀၀၈ ခုနှစ်။


ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO) သည် ဆီဆိုင် မြို့မှ ပြန်လာသည့် မြန်မာစစ်အစိုးရတပ်ဖွဲ့များကို ခြုံခိုတိုက်ခိုက်ရာ မြန်မာစစ် တပ်ဘက်မှ (၈) ဦး သေဆုံးပြီး ဒဏ်ရာ အများပြား ရသည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့က ပြောသည်။


သြဂုတ်လ (၃၁) ရက်နေ့တွင် ခလရတပ်ရင်း ၄၂၅၊ ၄၂၆ နှင့်အတူ တောင်ကြီးမြို့ ကုန်းလမ်းပို့ဆောင် ဆက် သွယ်မှု ညွန်ကြားရေး ဦးစီးဌာန(ကညန)၊ လူဝင်မှု ကြီးကြပ်ရေးဌာန (လ၀က)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ ဖြိုးရေးအဖွဲ့မှ တာဝန်ရှိများသည် ဆီဆိုင်မြို့နယ် တွင်းရှိ ကျေးရွာများတွင် အခွန်ငွေများကောက်ခံပြီး တောင်ကြီး သို့ အပြန် နမ့်အောနှင့် ထီတမောင်း ကျေးရွာကြား ဆီဆိုင်-တောင်ကြီး ကားလမ်းမတွင် (PNLO) တပ်ဖွဲ့နှင့် တစ်နာရီခန့် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။


ဆီဆိုင်မြို့နယ်တွင်းရှိ ကျေးရွာများတွင် ဒေသခံများကို အခွန်အခများ ကောက်ခံသည်ကို မကျေနပ်သဖြင့် (PNLO) အဖွဲ့မှ ဗိုလ်မှုးကျော်ထင် ဦးစီးပြီး ခြုံခိုတိုက်ခိုက်သည်ဟု ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီဝင်တဦးဖြစ်သှူ ခွန်ကျွဲထိုက ယခုလို ပြောသည်။


“နအဖစစ်သားတွေက မြို့နယ်ကိုလာပြီးတော့ လူထုကို အနိုင်ကျင့်တယ်။ မတရားအခွန် ကောက်ပြီး ပြန်လာတဲ့ သူတို့ အဖွဲ့ကို စောင့်ပစ်တာ။ လူထုဆီက ခြံမြေကို မတရားသိမ်းတယ်။ ဆိုင်ကယ် တစ်စီး လိုင်စင်လုပ်ပေးတာကို ၁၀ သိန်း ထိယူတာမျိုး အများကြီးယူတယ်။ ပြည်သူ တွေက အားကိုးရာမဲ့ တော့ ဘာမှ မတတ်နိုင်ဘူး။ လိုင်စင်လုပ် နိုင်သူက လုပ်ပြီး မတတ်နိုင်တဲ့ သူတွေက ဆိုင်ကယ်ကို ၀ှက် ထားရတာမျိုး။ သက်သေခိုင်လုံမှု မရှိပဲနဲ့ မတရားစွပ်စွဲ ဖမ်းဆီးတာမျိုး တွေလုပ်တယ်။ လွယ်တဖရီး ကျေးရွာက ရွာသူကြီး တစ်ယောက်ကို တော်လှန်ရေးအင်အားစုကို ဆက်ကြေးပေးရကောင်းလား ဆို ပြီး မတရားဖမ်းဆီး ရိုက်နှက် တယ်။”


ကျေးရွာလူထုများကို အတင်းအဓမ္မ အခွန်ကောက်ယူခြင်း၊ အဓမ္မစေခိုင်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဆက်လက်ပြုလုပ်ပါက စစ်ရေးအရ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု ခွန်ကျွဲထိုက ပြောသည်။


“ပြည်သူလူထုကို မတရားအခွန် ကောက်ခံတာကို သူတို့ဘက်က တတ်နိုင်သမျှ နောက်ဆုတ်ပေးပါ။ ဒါမှ မဟုတ်ရင် ကျနော်တို့ဘက်က စစ်ရေး အရှိန်ပိုမြင့်တက် မယ်လို့”


ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာစစ်အစိုးတပ် ခမရ ၄၂၃ က ဆီဆိုင်မြို့နယ်ရှိ ရွာသူကြီး သုံး ယောက်အား PNLO အဖွဲ့ကို ဆက်ကြေးပေးသည့် မသင်္ကာ မှုဖြင့် ဖမ်းဆီးပြီး စစ်ဆေးရိုက်နှက်ရာ ယခုချိန်ထိ ရွာသူကြီး တဦးသည် တောင်ကြီးမြို့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြင့် ကုသမှု ခံနေရသည်။


ပီအဲန်အယ်အို အဖွဲ့မှာ အပစ်ရပ် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့မှ ၂၀၀၆ ခုနှစ် အတွင်းက ခွဲထွက်ပြီး တောပြန်ခိုလာသော အဖွဲ့ဖြစ်သည်။


မြန်မာတပ်မှ ဆီဆိုင်မြိ့နယ်အတွင်း လူထုထံ အခွန်ကောက်ခံခြင်းများ ယခင်ကပင်ရှိခဲ့ပြီး ယခုချိန်ထိ လူထုများ မှာ မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် ဒေသခံအဖွဲ့စည်းများထံ တိုင်ကြားသော်လည်း တစုံတရာ ဆောင် ရွက်ပေးခြင်း မရှိဟု ဒေသခံများက ပြောသည်။

အပစ်ရပ်အဖွဲ့များ ပူးပေါင်းမည် စိုးရိမ်သဖြင့် နယ်စပ်တွင် နအဖ တပ်များတိုးချဲ့

သီတာထွန်း။
စက်တင်ဘာလ ၁ရက်၊ ၂၀၀၈ ခုနှစ်။


အပစ်ရပ်အွဲ့များကို လက်နက်စွန့်ပြီး ပါတွီဲ့ရန် ဖိအားပေးမှုများရှိနေချိန်တွင် မြန်မာ စစ်အစိုးရက ထိုင်း-မြန်မာ နယ်စပ်တလျောက်တွင် တပ်အင်အားတိုးချဲ့ချထားလာသည်ဟု ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-S) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။


မကြာမီက ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာစစ်တပ်က တပ်ရင်း()ရင်း တိုးမြှင့်ချထား လိုက်ပြီး ယင်းသည် အပစ် ခတ်ရပ်စဲထားသည့် အွဲ့များနှင့် လက်နက်ကိုင်တော်လှန် နေသောအွဲ့များ ပူးပေါင်းမည်ကို တားဆီးရန် စြ် နိုင်ကြောင်း ရှမ်းပြည်တပ်မတော်-တောင်ပိုင်း (SSA-S)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်စိုင်းဆိုင်မိန်းက ပြောသည်။


"သူတို့က ဘယ်လိုလည်းဆိုတော့ ကျနော်တို့က ဖြတ်တောက်ထား မှာပေါ့နော်၊ အကယ်၍ အပစ်အ ခတ်ရပ်စဲရေးအွဲ့တွေကို သူတို့ ညှစ်လာပြီ ဖိလာပြီဆိုတဲ့အချိန်မှာ ဒီအပစ်အခတ်ရပ်ွဲ့တွေနဲ့ ဒီ တိုက်ခိုက်နေဆဲ အွဲ့တွေ လာမပူးပေါင်းနိုင်အောင် အက်က်က ၀ိုင်းပြီးတော့ ဒီအပစ်အခတ် ရပ်ထားတဲ့ အွဲ့တွေကို ညှစ်လာနိုင်အောင် သူတို့အစီအစဉ် ရှိလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ် ခင်ဗျ၊ ဒါကောင့်မို့ ဒီလိုမျိုးနယ်မြေ တိုးချဲ့ပြီး တပ်တွေထပ်ဖြည့်ထားတယ်လို့ ကျနော်တို့ ယုံကည် တယ်ခင်ဗျ။"


မြန်မာစစ်အစိုးရ တပ်အင်အားတိုးချဲ့ရာတွင် မသိမသာတိုးချဲ့ခြင်းဖြစ်ပြီး တပ်အလွဲအပြောင်း ပြုလုပ်ရာတွင် ပြန် သွားသည့် တပ်ထက် ပြန်လာသည့်တပ်က အင်အား ပိုမို များပြားလာသည်ဟု ၎င်းက ဆက်လက်ပြောသည်။


"သူတို့ တညြ်းညြ်းနဲ့တော့ တပ်တွေဒီလိုမျိုးစုဆောင်းလာတယ်၊ သူတို့ တပ် Change (လွဲပြောင်း)သလို လိုနဲ့ ၀င်လာတဲ့တပ်ရှိတယ်၊ ထွက်သွားတာလညရှိတယ်၊ ဒီလိုမျိုးနဲ့ တဖြည်းညြ်း သူတို့ အင် အား ထပ်ညြ့်လာတယ်လို့ ကျနော်တို့ ယုံကည်ရတယ်ခင်ဗျ။"

ယခုကဲ့သို့ တပ်အင်အားတိုးချဲ့မကြောင့် SSA-S က်မှလည်း စစ်ရေးအရ ပြင်ဆင်မှုများပြုလုပ်နေသည်ဟု ၎င်းက ပြောသည်


ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းတွင် ပအိုဝ်းနီခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအွဲ့ကို မြန်မာစစ် အစိုးရကိအားပေးကာ လက်နက်အပ်နှံစေခဲ့သလို အခြားအပစ်ရပ်အဖွဲ့များကိုလည်း လက်နက်စွန့်ရနိအား ပေး မှုများရှိနေသည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်

မသင်္ကာမှုဖြင့် ဖမ်းဆီးခံရသော ရွာသူကြီး အခြေအနေစိုးရိမ်ရ

ခွန်အောင်မြတ်။
သြဂုတ်လ ၃၀ ရက်၊ ၂၀၀၈ ခုနှစ်။


ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ရွာသူကြီးသုံးယောက်ကို မသင်္ကာမှုဖြင့် မြန်မာ စစ် တပ်က ဖမ်းဆီးရိုက်နှက်ရာ တဦးမှာ ဆေးရုံတွင် ဒဏ်ရာအပြင်းထန်ခံစားရပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိ နေသည်ဟု ဒေသခံများက ပြောသည်။


မြန်မာစစ်တပ်မှ ဖမ်းဆီးရိုက်နှက်ခြင်း ခံရသော လွယ်တဖရီး ရွာသူကြီး မောင်ဦးသည် ဒဏ်ပြင်းထန်စွာရရှိပြီး ယခု တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်ဟု ယင်းဒေသခံက ပြောသည်


“စစ်တပ်ထဲမှာတုန်းကလည်း စကားပြောလို့ မရဘူး။ ပါးစပ်ကလည်း သွေးထွက်နေတယ်။ တအား လည်းနာလို့ထင်တယ်။ (၄၂၃)ကနေ ရဲစခန်းကို အပ်လိုက်တယ်။ ရဲစခန်းလည်း အခြေအနေ မဟန် လို့ ဆေးရုံမှာ သွားထားပေးတယ်။ ထားတဲ့အခါလည်း ရဲနှစ်ယောက်က ပါတယ်။ စောင့်နေကြတယ်။ အခု စကားတောင် မပြောဘူး။ တအားနာတယ်။ ဒဏ်ရာက ထိလို့တောင် မရဘူး။ ကိုင်လို့တောင် မရဘူး။ နာနေတယ်။ ထမင်းစားလို့ မရဘူး။ ပိုက်နဲ့ သွင်းပေးရတယ်၊ နောက်ပြီးတော့ ကျင်ငယ် လည်း မသွားဘူး။ ပိုက်နဲ့ စုပ်ထုတ်ပေးရတယ်။ ခုထိက စကားတောင် မပြောဘူး။ သေမယ့် သဘော ရှိတာပေါ့ ရှင်းရှင်းပြောမယ် ဆိုရင်။ ”


ယခုလလယ်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ လွယ်တဖရီးကျေးရွာ၊ နားဗောင်ရွာနှင့် ကောင်းမူးဗွာ ရွာသူကြီးများ အား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပီအဲန်အယ်လ်အို)အား ငွေကြေး ထောက်ပံ့ပေးသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။


“၀ါခေါင်လပြည့်နေ့က ဖြစ်တာ။ လွယ်တဖရီးရွာရယ် နောက် နားဗောင်ရွာ၊ နောက် ကောင်မူးဗွာရွာ သုံးရွာ၊ ရွာသူကြီး သုံးယောက် အရိုက်ခံရတယ်။ ခွဲထွက်တဲ့ ရလလဖ အဖွဲ့ က သူတို့က ရွာမှာ ပိုက် ဆံလိုက်တောင်းတယ်။ အဲဒီစာကို သူတို့က တရွာပြီးတရွာ လိုက်ပေးတာပေါ့။ နောက် သူတို့ ၀ါးခရာ ရွာရောက်တဲ့အခါကျတော့ အဲဒီ ရွာက လူတယောက်ပေါ့ အဲဒီလူတယောက်က သတင်းသွားပေးတာ။ (ခမရ) ၄၂၃ ကို သတင်းသွားပေးတာ။ သတင်းသွားပေးတော့ အဲဒီညက သူတို့ စာတွေ လိုက်သိမ်း တာပေါ့။ အဲဒီညမှာပဲ လွယ်တဖရီးရွာက သူကြီး သုံးယောက်ကို ဖမ်းခဲ့တယ်။ အဲဒီ ၄၂၃ မှာပဲ စခန်းထဲ မှာပဲ ဖမ်းထည့်တယ်။ အဲဒီရွာသူကြီး သုံးယောက်ကို ခေါ်လာပြီးတော့ အဲဒီတပ်ထဲရောက်တော့ မေး မြန်းပြီးမှ အဲဒီစစ်တပ်ထဲမှာပဲ သူတို့ ရိုက်တာ။ အမှန်အတိုင်းပြောလည်း ရိုက်တယ်။ လိမ်ပြောလည်း ရိုက်တယ်။ ဘယ်လိုပြောပြောလဲ မရဘူး။”


ကျန်ရွာသူကြီးနှစ်ယောက်ထဲမှ တစ်ယောက်သည် ပီအဲန်အယ်လ်အို ပေးပို့လာသည့် စာကို လက်ခံသည့် ရွာသူ ကြီးကို သွားခေါ်ရန် စေလွတ်ရာမှ ထွက်ပြေးသွားပြီး ကျန်တယောက်သည် ဆီဆိုင်ရဲစခန်းတွင် ဆက်လက် ဖမ်း ဆီး ထားသည်ဟု သိရသည်။


ဆီဆိုင်မြို့နယ်မှ ရယက လူကြီးများက ခမရ ၄၂၃ မှ ဒု-တပ်ရင်းမှူး မင်းမင်းထွန်းအား ဖမ်းဆီးထားသည့် ရွာသူ ကြီးများကို ပြန်လွတ်ပေးရန် သွားရောက် တောင်းပန်သော်လည်း မလွတ်ပေးသည့်အပြင် ရယက ဥက္ကဌအား ပါးရိုက်လွတ်သဖြင့် အခြားရွာသူကြီးများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ရွာသားများက ပြောသည်။


ယခုကျေးရွာသားများသည် မြန်မာစစ်အစိုးရကို ဆန့်ကျင်တိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုလည်း ကြောက်နေကြရပြီး မြန်မာစစ်တပ်မှ အရေးမှုကို ကြောက်နေကြရသည်ဟု အခြားရွာသား တစ် ယောက်က ပြောသည်။


“ဒီဟာမျိုးက မလုပ်ကောင်းဘူးပေါ့နော်။ မလုပ်သင့်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ရွာသားက လည်း ဒီအပြင်(လက်နက်ကိုင်အုပ်စု)ကိုလည်း မလွန်ဆန်နိုင်ဘူးပေါ့။ အပြစ်ဒဏ် ဆိုရင်လည်းပဲ အပြင်က ကြောက်ရတယ်ပေါ့နော်။ တပ်မတော်ကလည်း တာဝန်မယူပေးဘူး။ သူတို့ကလည်း တာဝန် ယူနိုင်မှာ မဟုတ်ဘူး။ မပေးရင် တောင်သူလယ်သမားဆိုတော့ ဖမ်းမလား၊ ရိုက်မလားပေါ့။ အဲဒါလည်း ကြောက်တယ်။ ပေးပြန်ရင်လည်းပဲ အစိုးရဖက်က တခါ ပြန်ရိုက်တယ်။ ဘယ်လိုနေရမလဲ။ ဒီရွာသား တွေက အားကိုးရာမဲ့နေတယ်။”


ဆီဆိုင်မြို့နယ်သည် ယခင်က ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ ရလလဖ ထိန်းချုပ်ရာနယ်မြေဖြစ်ပြီး ယခုအခါ မြန်မာစစ်တပ်အပြင် ရှမ်းပြည်တပ်မတော် (အက်စ်အက်စ်အေ) တောင်ပိုင်း၊ ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး (ကလလတ)နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (ပီအဲန်အယ်လ်အို) တပ်ဖွဲ့ များလည်း လှုပ်ရှားသည့် နယ်မြေ ဖြစ်သည်။

နောင်ထောဝ်အခြေစိုက် ရလလဖတပ်ဖွဲ့ နအဖထံ လက်နက်အပ်

ကိုအောင်မိုးမြင့်
RFA သြဂုတ်လ (၅) ရက်၊ ၂၀၀၈


မြန်မာစစ်အစိုးနဲ့ငြိမ်းချမ်းရေးယူထားတဲ့ ရှမ်းပြည်အဖွဲ့တစ်ဖွဲ့က မြန်မာစစ်အစိုးရကို လက်နက်အပ်လိုက်သလို တခြားလက်နက်ကိုင်တပ်ဖွဲ့တွေလဲ လက်နက်ချဖို့ကိစ္စကို စစ်အစိုးရက ဖိအားပေး တောင်းဆိုနေတယ်လို့ သိရပါတယ်။


၁၉၉၄ ခုနှစ်က မြန်မာစစ်အစိုးရနှင့်ငြိမ်းချမ်းရေးယူခဲ့ပြီး ရှမ်းပြည်တောင်ပိုင်းနောင်ထောဝ်မြို့မှာ အခြေစိုက်တဲ့ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ ရလလဖတပ်ဖွဲ့တွေဟာ သြဂုတ်လ (၃) ရက်၊ ညနေ ၃ နာရီမှာ စစ်အစိုးရစီမှာ လက်နက်အပ်လိုက်ရတယ်လို့ ရလလဖ အဖွဲ့နဲ့နီးစပ်သူတစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။

"သုံးရက်နေ့ ညနေပိုင်း ၃ နာရီလောက် အဲဒီနောင်ထောဝ်ဌာနချုပ်မှာပဲ ဒုတိုင်းမှူးရယ်၊ ဗိုလ်မှူးချုပ်ချစ်ဦးရယ်၊ နောက်ပြီးတော့ ဒီ စရဖက တပ်မှူးဗိုလ်မှူးဝင်းဗိုလရယ် သူတို့ပေါ့နော်၊ နောက် ဗျူဟာမှူး ဗိုလ်မှူးမင်းနိုင်၊ သူတို့နဲ့ ဒီ အဲဒီမှာ ရလလဖမှာရှိတဲ့ ဦးစိန်ရွှေတို့ ဦးစိုးအောင်လွင်တို့ဦးဆောင်ပြီးတော့မှ လူအင်အား ၁၂၈ ယောက် ခုလောလောဆယ်ဆယ်တပ်ဖွဲ့ဝင်စာရင်းပေါ့နော်၊ လက်နက်အင်အားက ၆၂ လက်ပေါ့၊ လက်နက်အပ်လိုက်တယ်လို့ ကျနော်တို့သိရတယ်ပေါ့နော်။ သိရတဲ့ဟာကတော့ လက်နက်လိုက်တာ နိုင်ငံရေးအတွင်သဏ္ဍာန်ကြောင့် အပြောင်းအလဲလုပ်ဖို့ပေါ့။ ရလလဖကို နိုင်ငံရေးပါတီအနေ့နဲ့ ပြန်ပြီးရပ်တည်ဖို့ဆိုပြီးတော့ လောလောဆယ်ဆယ်မူအားဖြင့်အဲလိုလုပ်ထားတာပေါ့နော်”


စစ်အစိုးရစီကို လက်နက်လိုက်ရပေမယ့် ရလလဖရဲ့တပ်ဖွဲ့ဝင်တချို့ကိုတော့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ပုံစံမျိုးမဟုတ်ပဲ နယ်မြေလုံခြံရေးအတွက် လက်နက်အချို့ကို မှတ်ပုံတင်ပြီး ကိုင်ခွင့်ပြုတာပဲလို့ ပြောပါတယ်။ လက်နက်အပ်လိုက်ရတာကို အခန်းအနားနဲ့လုပ်ဖို့အတွက် စစ်အစိုးရက တောင်းဆိုခဲ့ပေမယ့် ရလလဖခေါင်းဆောင်တွေက လက်မခံခဲ့တဲ့အတွက် လက်နက်အပ်ပွဲအခန်းအနားမလုပ်ဖြစ်ပဲ စာရင်းတွေကိုသာ စာရွက်စာတမ်းတွေနဲ့အပ်လိုက်ပြီး ဓာတ်ပုံရိုက်ယူတာလောက်ပဲရှိခဲ့တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က ဗိုလ်မှူးကြီးဦးခွန်တိဆောင် ဦးဆောင်တဲ့အဖွဲ့ဟာ နောင်ထောဝ်မြို့မှ အခြေစိုက်တဲ့ ရလလဖအဖွဲ့ကနေ လွတ်မြောက်နယ်မြေကို ခွဲထွက်လာခဲ့ပြီးနောက်ပိုင်းမှာ စစ်အစိုးရကနေဖိအားပေးလာတာဖြစ်တယ်လို့ ပြောပါတယ်။


ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO နဲ့ ဇူလိုင်လဆန်းပိုင်းက ပူးပေါင်းလိုက်တဲ့ ဦးဆိုင်းဖခေါင်းဆောင်တဲ့ ရလလဖတပ်ဖွဲ့ဝင်တချို့ကိုလည်း ယခုအခါ စစ်အစိုးရအာဏာပိုင်တွေက ဖိအားပေးနေပြီလို့သိရပါတယ်။


“ဦးဆိုင်ဖတို့က ဘယ်လိုအခြေအနေရှိလဲဆို PNO နဲ့ပေါင်းထားတယ်၊ သူတို့လဲ အဲလို ( ….. ) တောပြန်ခိုမလား လက်နက်အပ်မလားပေါ့၊ အဲလိုအနေအထားမျိုးနဲ့ ဖိအားပေးထားတယ်ရှိတယ်၊ တောင်းဆိုထားတာရှိတယ်”


လောလောဆယ်ဆယ်မှာတော့ ရလလဖအခြေစိုက်တဲ့ နောင်ထောဝ်မြို့နယ်အနီးတ၀ိုက်မှာ စစ်အစိုးရရဲ့တပ်တွေ အများအပြားတိုးချဲ့ချထားလိုက်သလို လုံခြုံရေးတင်းကျပ်မှုတွေရှိနေတယ်လို့လဲပြောဆိုသွားပါတယ်။

သြဂုတ်လ ၅ ရက်၊ ၂၀၀၈ RFA မှ ထုတ်လွင့်သည့် အသံလွင့်အစီအစဉ်မှ ပြန်လည်ရိုက်နှိပ် တင်ပြခြင်းဖြစ်ပါသည်။


ပအိုဝ်းအပျိုကိုသာခေါ်ထားပြီး နအဖဂိတ်စောင့်တပ်ဖွဲ့က အဖမ်းခံရသူ ၃၀ ကျော်လွတ်ပေး

ျှမ်းသံတော်ဆင့်သတင်း

ဂျူလိုင် ၂၉ ရက် ၂၀၀၈
Teenager girl detained migrants kicking back home arrested by junta authorities at the Thai-Burma border


နယ်စပ်သို ပြန်ပိုခံရသည့် ချင်းမိုင်မှ တရားမ၀င် သျှမ်းရွှေ့ပြောင်းအလုပ်သမား ၃၇ ဦးအနက် ကျန်သူများကို နအဖတပ်ဖွဲက ပြန်လတ်ပေး သော်လည်း အသက် ၁၆ နှစ်အွယ် ပအိုဝ်းအမျိုးသမီးအား ယနေတိုင်ပြန်မလတ်ပေးသေးဟု နယ်စပ်သတင်း ရပ်ကွက် ဆိုပါသည်


ပီးခဲ့သည့်ဂျွန်လ ၂၅ ရက် ထိုင်းနိုင်ငံ ချင်းမိုင်ထောင်မှ လတ်ပေးသူ (တရားဝင်အလုပ်သမားကဒ်မှိကသည့်) သျှမ်းရွှေ့ပြောင်း အလုပ်သမား ၃၇ ဦးအား ထိုင်းလ၀က အာာပိုင်များက နောင်အုပ် - ပုံပါကျင်ကား ထိုင်း - သျှမ်း နယ်စပ် BP.၁ ဂိတ်သို ပိုဆောင်ရာတိုအား နအဖစစ်သားများ ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထား ခြင်းဖြစ်သည်


ျှမ်းနဲပအိုဝ်းတွေချည်းဘဲ ဗမာ စစ်တပ်အချုပ်ခန်းမှာ တညအိပ်ရတယ်။ မနက်ရောက် တော့ ၃၆ ယောက်ပြန်လတ်ပေးပေမဲ့ ၁၆ နှစ်အွယ် ပအိုဝ်းကလေးမကိုတော့ ပြန်မလတ်ပေးဘူး ကောင်မလေးကို မတရားကျင့်ကံမှာစိုးလို ကျနော့်ဇနီး ကျနော့် သမီးပါလို ကျနော်တို အဖွဲထဲက အာာပိုင်တွေဆီ သွားတောင်းပန်ပြောပေမဲ့ လုံးဝ ပြန်လတ်မပေးဘူး။ ဘာဖြစ်လိုဆက်ဖမ်းထားလဲ မသိဘူး ကလေးမက နမ့်ဇနို့နယ် ၀မ့်ညောင်ဆွာာ ဇာတိလိုပြောတယ်” - ဟုအဖမ်းခံရသူများအနက် နယ်စပ်သိုပြန်ရောက် လာသူ အသက် ၃၀ အွယ် ပအိုဝ်းအမျိုးသား တဦးက ပြောပြသည်


ဗမာစစ်တပ်အာာပိုင်တွေလက်ထဲရောက်သွားတော့ တယောက်မှ ပိုက်ဆံမရှိကြ တော့ ဘူး ထိုင်းကိုပြန်သွားချင်သွား ကိုယ့်ဇာတိကို ပြန်ချင်ပြန် လိုပြောပီး အာာပိုင်တွေ ပြန်လတ်ပေးတော့ တချိုလွဲာပြန်သွားကတယ် အများစုတော့ ထိုင်းကိုပြန်ဝင်ကတယ် ကလေးမ ခမျာတော့ ကနေအထိ ပြန်မလတ်လာသေးဘူး” - ၎င်းက စိတ်မကောင်းစွာ ညည်းပြသည်


အဖမ်းခံရသည့် ၃၇ ယောက်တွင် ယောကျာ်း မိန်းမ တ၀က်စီပါပီး တရားဝင် အလုပ်သမားကဒ် မှိသူများဖြစ်ကသည်ျွန်လဆန်းက ထိုင်း အာာပိုင်များ ဖမ်းဆီးခြင်းခံကရပီျးွန်လ ၂၅ ရက် ချင်းမိုင်ခိုင် ချင်းဒေါဝို့နယ် နောင်အုပ် (သျှမ်းပြည်အတောင်ပိုင်း မိုင်းတိုံ့နယ် ပုံပါကျငို့နယ်ခွဲ မျက်နှာချင်းဆိုင်)ှိ BP ၁ နယ်စပ်ဂိတ်သိုပြန်ပိုခြင်း ခံကရသည်၊ ၂၆ ရက် တည တိုအား နအဖစစ်တပ်အာာပိုင်များ ထိန်းချုပ်ထားပီး ၂၇ ရက်တွင်ပြန်လတ်ပေးခဲ့သည်

ရလလဖ တပ်ဖွဲ့များ ပီအဲန်အိုနှင့် ပူးပေါင်း

ခွန်အောင်မြတ်။
ဇူလိုင်လ ၁၄ ရက်၊ ၂၀၀၈ ခုနှစ်။


ပအိုဝ်းနီ ခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး(ရလလဖ)အဖွဲ့မှ ဗိုလ်မှူးဆိုင်ဖ ဦးဆောင်သည့်အဖွဲ့ သည် ခွဲထွက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပီအဲန်အို)နှင့် ပူးပေါင်း လိုက်သည်။


ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဟိုနမ်းဒေသတွင် အခြေစိုက်သည့် ရှမ်းပြည်လူမျိုး ပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့(ရလလဖ)မှ ဗိုလ်မှူးဆိုင်ဖ ဦးဆောင်သည့် တပ်သား ၄၀ ကျော်တို့ ပီအဲန်အိုနှင့် ပူးပေါင်းလိုက်ခြင်း ဖြစ်သည်။


ယင်းသတင်းနှင့်ပတ်သက်၍ ရလလဖနှင့် ပီအဲန်အိုတို့က မှန်ကန်ကြောင်း အတည်ပြု သော်လည်း အသေးစိပ် ပြောဆိုရန် ငြင်းဆိုခဲ့ကြသည်။


ဗိုလ်မှူးဆိုင်ဖ ဦးဆောင်သည့်အဖွဲ့ ပီအဲန်အိုနှင့် ပူးပေါင်းလိုက်သည်မှာ မှန်ကန်ကြောင်း နယ်စပ်အခြေစိုက်သည့် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အတည်ပြုပြောသည်။


“ဗိုလ်မှူးတာကလယ်အဖွဲ့တော့ မပါဘူးလို့ ကြားတယ်။ သူတို့ဒီနိုင်ငံရေး ခေါင်းစဉ်နဲ့လုပ်တာ မဟုတ် ဘူးတဲ့။ ဒီအောက်ခြေ အဖွဲ့တဖွဲ့က သွားတဲ့သဘောမျိုး။ ကျနော်လည်း ပထမတော့ တဖွဲ့လုံး ပေါင်း သလား၊ နောက်ပြီးတော့ ဒီ ပအိုဝ်းနိုင်ငံရေးပါတီ ထူထောင်ဖို့ အတွက် လူစုသလားပေါ့ အဲလိုမျိုး ထင်တာ။ မေးကြည့်တော့ ရလလဖက နိုင်ငံရေး ခေါင်းစဉ်နဲ့တော့ ပေါင်းတာ မဟုတ်ဘူးလို့ အဲဒီလို ကြားနေတယ်။ အခုက ပေါင်းတာ မဟုတ်ဘူး အဲဒီတပ်ဖွဲ့က အခြေအနေ မကောင်းလို့ ပီအဲန်အိုထဲမှာ ၀င်လိုက်တဲ့ သဘောမျိုးပေါ့ အဲလိုဖြစ်နိုင်တယ်။”


အတည်ပြုချက်မရသေးသည့်သတင်းအရ ဟိုနမ်းဒေသမှ ဗိုလ်မှူးဆိုင်ဖဦးဆောင်သည့် အဖွဲ့ အပြင် ရလလဖ ဥက္ကဌ အခြေစိုက်နေသည့် နောင်ထောင်ဝ်ရှိ နာယကအဖွဲ့ဝင် တချို့အပါအ၀င် တပ်အင်အား ၁၀၀ ကျော်တို့ ပီအဲန်အိုနှင့် ပူးပေါင်းသည်ဟု ပီအဲန်အိုနှင့် နီးစပ်သူက ပြောသည်။


”တာကလယ်တို့အဖွဲ့က သူရိန်တို့အဖွဲ့ကလည်း ဒီဘက်ကို ထွက်လာပြီ တိုက်ပွဲတွေ လုပ်နေတယ်။ တဖက်ကလည်း အခုက အပစ်ရပ်အဖွဲ့တွေကို နိုင်ငံရေး ပါတီ ထူတောင်ကြ ဖို့ နအဖက တိုက်တွန်း နေတယ်။ နောက်ပြီးတော့ လက်နက်ကိုင်တပ်တွေလည်း အကုန်လုံး လက်နက် အပ်ချင်အပ် မအပ်ချင် လည်း အထူး ပြည်နယ်လုံခြုံရေးတပ် ရဲလုပ်၊ အုပ်ချုပ်ရေး အတွက် အကူအညီပေးဖို့တွေ တောင်းဆို တယ်။ ဒီဖိအားတွေ အောက်မှာ ဥက္ကဌ တာကလယ် ဦးဆောင်တဲ့ လက်ကျန် ရလလဖက ဘာဆက် လုပ်ရမှန်း မသိဘူး ဖြစ်နေတယ် ထင်တယ်။ ပါတီထောင်ဖို့ကလည်း အင်အားမလုံလောက်၊ တပ်က လည်း မယ်မယ်ရရ မရှိ၊ အုပ်ချုပ်ရေးနယ်မြေကလည်း တိတိပပ မပြောနိုင်ဘူးလေ။ အဲဒါဆိုတော့ သူတို့အနေနဲ့ ဘယ်လမ်းလျှောက်ရမှန်းဆိုတာ အခက်အခဲဖြစ်နေတယ်ထင်တယ်။ ကြည့်ရတာ။”
ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်သည်။


ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့သည်၁၉၉၄ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။


ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် တွင် မြန်မာစစ်အစိုးရက လက်နက်ချရန် ဖိအားပေးမှုကြောင့် ဗိုလ်မှူးကြီး ခွန်ထိဆောင် ဦးဆောင်သည့်အဖွဲ့သည့် ရလလဖ အဖွဲ့မှ ခွဲထွက်ပြီး လွတ်မြောက်နယ်မြေတွင် ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ဟု အမည်ပြောင်းလဲ ဖွဲ့စည်းပြီး မြန်မာစစ်အစိုးရကို လက်နက်ကိုင်၍ ဆက်လက် တော်လှန် နေဆဲဖြစ်သည်။


ရလလဖ၏ ဥက္ကဌဖြစ်သူ ဗိုလ်မှူးချစ်မောင်ဦးဆောင်သည့်အဖွဲ့သည် ပြီးခဲ့သည့်နှင့် ဇူလိုင်လတွင် မြန်မာစစ် အစိုးရထံ လက်နက်ချခဲ့ပြီး ဌာနချုပ်စခန်းဖြစ်သည့် နောင်ထောင်ဝ် တွင် ဥက္ကဌဟောင်း ဗိုလ်မှူးကြီး တာကလယ် နှင့် နာယကအဖွဲ့များ ဆက်လက် ဦးဆောင် သည်။


http://www.nmg-news.com/nmg/defaultmm.html

ရလလဖ တပ်ဖွဲ့များ ပီအဲန်အိုနှင့် ပူးပေါင်း

ခွန်အောင်မြတ်။
ဇူလိုင်လ ၁၄ ရက်၊ ၂၀၀၈ ခုနှစ်။ 

ပအိုဝ်းနီ ခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး(ရလလဖ)အဖွဲ့မှ ဗိုလ်မှူးဆိုင်ဖ ဦးဆောင်သည့်အဖွဲ့ သည် ခွဲထွက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပီအဲန်အို)နှင့် ပူးပေါင်း လိုက်သည်။ 

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဟိုနမ်းဒေသတွင် အခြေစိုက်သည့် ရှမ်းပြည်လူမျိုး ပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့(ရလလဖ)မှ ဗိုလ်မှူးဆိုင်ဖ ဦးဆောင်သည့် တပ်သား ၄၀ ကျော်တို့ ပီအဲန်အိုနှင့် ပူးပေါင်းလိုက်ခြင်း ဖြစ်သည်။ 

ယင်းသတင်းနှင့်ပတ်သက်၍ ရလလဖနှင့် ပီအဲန်အိုတို့က မှန်ကန်ကြောင်း အတည်ပြု သော်လည်း အသေးစိပ် ပြောဆိုရန် ငြင်းဆိုခဲ့ကြသည်။ 

ဗိုလ်မှူးဆိုင်ဖ ဦးဆောင်သည့်အဖွဲ့ ပီအဲန်အိုနှင့် ပူးပေါင်းလိုက်သည်မှာ မှန်ကန်ကြောင်း နယ်စပ်အခြေစိုက်သည့် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အတည်ပြုပြောသည်။ 

“ဗိုလ်မှူးတာကလယ်အဖွဲ့တော့ မပါဘူးလို့ ကြားတယ်။ သူတို့ဒီနိုင်ငံရေး ခေါင်းစဉ်နဲ့လုပ်တာ မဟုတ် ဘူးတဲ့။ ဒီအောက်ခြေ အဖွဲ့တဖွဲ့က သွားတဲ့သဘောမျိုး။ ကျနော်လည်း ပထမတော့ တဖွဲ့လုံး ပေါင်း သလား၊ နောက်ပြီးတော့ ဒီ ပအိုဝ်းနိုင်ငံရေးပါတီ ထူထောင်ဖို့ အတွက် လူစုသလားပေါ့ အဲလိုမျိုး ထင်တာ။ မေးကြည့်တော့ ရလလဖက နိုင်ငံရေး ခေါင်းစဉ်နဲ့တော့ ပေါင်းတာ မဟုတ်ဘူးလို့ အဲဒီလို ကြားနေတယ်။ အခုက ပေါင်းတာ မဟုတ်ဘူး အဲဒီတပ်ဖွဲ့က အခြေအနေ မကောင်းလို့ ပီအဲန်အိုထဲမှာ ၀င်လိုက်တဲ့ သဘောမျိုးပေါ့ အဲလိုဖြစ်နိုင်တယ်။” 

အတည်ပြုချက်မရသေးသည့်သတင်းအရ ဟိုနမ်းဒေသမှ ဗိုလ်မှူးဆိုင်ဖဦးဆောင်သည့် အဖွဲ့ အပြင် ရလလဖ ဥက္ကဌ အခြေစိုက်နေသည့် နောင်ထောင်ဝ်ရှိ နာယကအဖွဲ့ဝင် တချို့အပါအ၀င် တပ်အင်အား ၁၀၀ ကျော်တို့ ပီအဲန်အိုနှင့် ပူးပေါင်းသည်ဟု ပီအဲန်အိုနှင့် နီးစပ်သူက ပြောသည်။ 

”တာကလယ်တို့အဖွဲ့က သူရိန်တို့အဖွဲ့ကလည်း ဒီဘက်ကို ထွက်လာပြီ တိုက်ပွဲတွေ လုပ်နေတယ်။ တဖက်ကလည်း အခုက အပစ်ရပ်အဖွဲ့တွေကို နိုင်ငံရေး ပါတီ ထူတောင်ကြ ဖို့ နအဖက တိုက်တွန်း နေတယ်။ နောက်ပြီးတော့ လက်နက်ကိုင်တပ်တွေလည်း အကုန်လုံး လက်နက် အပ်ချင်အပ် မအပ်ချင် လည်း အထူး ပြည်နယ်လုံခြုံရေးတပ် ရဲလုပ်၊ အုပ်ချုပ်ရေး အတွက် အကူအညီပေးဖို့တွေ တောင်းဆို တယ်။ ဒီဖိအားတွေ အောက်မှာ ဥက္ကဌ တာကလယ် ဦးဆောင်တဲ့ လက်ကျန် ရလလဖက ဘာဆက် လုပ်ရမှန်း မသိဘူး ဖြစ်နေတယ် ထင်တယ်။ ပါတီထောင်ဖို့ကလည်း အင်အားမလုံလောက်၊ တပ်က လည်း မယ်မယ်ရရ မရှိ၊ အုပ်ချုပ်ရေးနယ်မြေကလည်း တိတိပပ မပြောနိုင်ဘူးလေ။ အဲဒါဆိုတော့ သူတို့အနေနဲ့ ဘယ်လမ်းလျှောက်ရမှန်းဆိုတာ အခက်အခဲဖြစ်နေတယ်ထင်တယ်။ ကြည့်ရတာ။” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်သည်။ 

ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့သည်၁၉၉၄ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် တွင် မြန်မာစစ်အစိုးရက လက်နက်ချရန် ဖိအားပေးမှုကြောင့် ဗိုလ်မှူးကြီး ခွန်ထိဆောင် ဦးဆောင်သည့်အဖွဲ့သည့် ရလလဖ အဖွဲ့မှ ခွဲထွက်ပြီး လွတ်မြောက်နယ်မြေတွင် ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ဟု အမည်ပြောင်းလဲ ဖွဲ့စည်းပြီး မြန်မာစစ်အစိုးရကို လက်နက်ကိုင်၍ ဆက်လက် တော်လှန် နေဆဲဖြစ်သည်။ 

ရလလဖ၏ ဥက္ကဌဖြစ်သူ ဗိုလ်မှူးချစ်မောင်ဦးဆောင်သည့်အဖွဲ့သည် ပြီးခဲ့သည့်နှင့် ဇူလိုင်လတွင် မြန်မာစစ် အစိုးရထံ လက်နက်ချခဲ့ပြီး ဌာနချုပ်စခန်းဖြစ်သည့် နောင်ထောင်ဝ် တွင် ဥက္ကဌဟောင်း ဗိုလ်မှူးကြီး တာကလယ် နှင့် နာယကအဖွဲ့များ ဆက်လက် ဦးဆောင် သည်။

ညီညွတ်ရေး ပြန်လည်တည်ဆောက်ရန် PNLO ကို လူမှုအဖွဲ့စည်းများဖြင့် တိုးချဲ့

ကျော်ထင်/ ၂၅ ဖေဖော်ဝါရီ ၂၀၀၈

ထိုင်း-မြန်မာနယ်စပ် အခြေစိုက် လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PNLO) ကို လူမှုအဖွဲ့စည်းများဖြင့် တိုးချဲ့ဖွဲ့စည်းလိုက်သည်။

ယင်းသို့ တိုးချဲ့ဖွဲ့စည်းလိုက်ခြင်းသည် ပြိုကွဲနေသော အမျိုးသားညီညွတ်ရေးကို ပြန်လည် တည်ဆောက်ရန် အစပြုခြင်းဖြစ်သည်ဟု PNLO က ပြောသည်။

PNLO အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်သူရိန်က နိုင်ငံရေးစနစ်များကြောင့် အစိတ် စိတ်အမြွှာမြွှာ ဖြစ်ခဲ့မှုများကို ပြန်လည်စုဖွဲ့နိုင်ခြင်းသည် ပြည်တွင်းပြည်ပတွင်ရှိသော ပအိုဝ်း လူထုနှင့် အဖွဲ့အစည်းများ ညီညွတ်ရေး တည်ဆောက်ရန် အစပြုခြင်းဟု ပြောသည်။

PNLO ကို နယ်စပ်အခြေစိုက် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (PNDO)၊ ပအိုဝ်း အမျိုး သမီးသမဂ္ဂ (PWU)၊ ပအိုဝ်းလူငယ်ဒီမိုကရက်တစ်အဖွဲ့ (PYDO) တို့မှ ကိုယ်စားလှယ်များဖြင့် ယမန်နေ့က တိုးချဲ့ဖွဲ့စည်းလိုက်သည်။

ဗိုလ်မှူးကြီး ခွန်သူရိန်က “ကျနော်တို့အားလုံး စုစည်းဖွဲ့စည်းပြီးတဲ့ နောက်မှာဆိုရင် အခန်းကဏ္ဍ အလိုက် လုပ်ငန်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လူငယ်ပိုင်းဆိုင်ရာမှာဆိုရင်လည်းပဲ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ရဲ့ နိုင်ငံရေး ရည်မှန်းချက်အောက်မှာ အတူတကွ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြောသည်။

ယခု ပေါင်းစည်းမှုတွင် နယ်စပ်အခြေစိုက် ပအိုဝ်းနိုင်ငံရေးအဖွဲ့အစည်းများဖြစ်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ခေါင်းဆောင်သော PPLO နှင့် ပအိုဝ်းလူငယ်အစည်းအရုံး PYO တို့ မပါဝင်သေးပေ။

ကျန်ရှိသော အဖွဲ့အစည်းများနှင့် ပတ်သက်၍ PNLO ဗဟိုကော်မတီဝင် ဖြစ်လာသည့် နန်းယဉ် သွယ်က “ကျမတို့ရဲ့ပေါင်းစည်းမှုမှာ တချို့ကျန်နေတဲ့ အဖွဲ့တွေကိုလည်း ပိုပြီးတော့မှ ပေါင်း စည်းလာစေချင်တယ်။ ပေါင်းစည်းပြီး လုပ်တဲ့အခါ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ အပြန်အလှန် ယုံကြည်မှုတွေ ရှိလာနိုင်မယ်။ အကောင်းဘက်ဆောင်တဲ့ အကြံဥာဏ်ပေးမှုတွေ ရလာနိုင်မယ်ပေါ့” ဟု ပြောသည်။

ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ဥက္ကဋ္ဌ ခွန်ကောဝိန်က ၎င်းတို့ အဖွဲ့အစည်းအနေဖြင့် ပေါင်း စည်းရေးအတွက် အချင်းချင်းအကြား ဆွေးနွေးညှိနှိုင်းမှု မလုပ်ရသေး၍ သဘောထားမပေးနိုင် သော်လည်း ပအိုဝ်းအဖွဲ့အစည်းများ တစုတစည်းတည်း ဖြစ်လာမှုကို ကြိုဆိုလိုက်သည်။ ။

နယ်စပ်အခြေစိုက် ပအိုဝ်းအဖွဲ့များ တူညီသော ဦးတည်ချက်နှင့် ပူးပေါင်းဆောင်ရွက်မည်

ခွန်အောင်မြတ်
ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၀၈ ခုနှစ်

နိုင်ငံရေးဦးတည်ချက် တခုတည်းအောက်တွင် ပေါင်းစည်းလုပ်ဆောင်သွားရန်အတွက် ထိုင်း-မြန်မာနယ်စပ်ရှိ ပအိုဝ်းအဖွဲအစည်းများ ပူးပေါင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ(ပီအဲန်အယ်လ်အို) ဗဟိုကော်မတီ အဖွဲဝင်များကို ယမန်နေတွင် တိုးချဲဖွဲစည်းလိုက်သည်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၏ နိုင်ငံရေး ဦးတည်ချက် ငါးရပ်ကို ပိုမို ကျယ်ပြန်စွာ လုပ်ဆောင်နိုင်ရေး အတွက် ပအိုဝ်းအဖွဲလေးဖွဲကို တစုတစည်းထဲ ပူးပေါင်း ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကီး ခွန်သူရိန်က ပြောသည်

ပြည်ပမှာ ရှိနေတဲ့ ပအိုဝ်းလူထုတွေရဲ သဘောထားတွေရော ကျနော်တို ရယူတယ် ပြည်တွင်း မှာ ရှိတဲ့ ကျနော်တို ပြည်သူရဲသဘောထားကတော့ ကျနော်တိုသိရှိထားတဲ့အတိုင်းပဲ ကျနော်တို ပအိုဝ်း အဖွဲ အစည်းတွေ ဒီလို အစိတ်စိတ်အမာမာ ဖြစ်နေတဲ့ ဟာတွေ သူက တနည်းလုပ် ကိုယ်က တနည်း လုပ် ဖြစ်နေတဲ့ဟာတွေကို ကျနော်တို ပြည်တွင်းက ပအိုဝ်းအဖွဲအစည်းတွေကလည်း ဒါတွေကို အလို မရှိပါဘူး ကျနော်တို ပအိုဝ်းအဖွဲအစည်းတွေ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ ရည်မှန်းချက် တခုထဲ အတူသွားနေတာကို ကျနော်တို ပအိုဝ်းအမျိုးသားထု တရပ်လုံးကလည်း ဒါကို လိုလား ပါတယ်။”

ပီအဲန်အယ်လ်အို ဗဟိုကော်မတီဝင် (၁၃)ဦးအတွင်းတွင် ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ (ပီအဲန် ဒီအို) ဥကဌဖြစ်သူ ခွန်စိန်ထွန်းသည် တွဲဖက်အတွင်းရေးမှူး (၂) ပအိုဝ်းလူငယ်ဒီမိုကရက်တစ်အဖွဲ (ပီဝိုင် ဒီအို) ဥကဌဖြစ်သူ ခွန်ရက်ခမ်းက ဗဟိုကော်မတီဝင်အဖြစ်နှင့် ပအိုဝ်းအမျိုးသမီးသမဂ (ပီဒဗလျူယူ) အထွေ ထွေ အတွင်းရေးမှူးဖြစ်သူ နန်းယဉ်သွယ်က ဗဟိုကော်မတီဝင်အဖြစ် တာဝန်ယူကသည်

ပအိုဝ်းအဖွဲအစည်းများ တစုတစည်းတည်း ပေါင်းစည်းလိုက်သည့်အတွက် စစ်အာာရှင် စနစ်ကို ဆန်ကျင်မအတွက် ပိုမို စည်းလုံးညီညွှတ်မရှိမည်ဟု ဗိုလ်မှူးကီး ခွန်သူရိန်က ပြောသည်

ကျနော်တို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲရဲ အဖွဲအစည်းကို တိုးချဲဖွဲစည်း လိုက်တဲ့ ကိစ မှာတော့ ဒီကနေ အခြေအနေအရမှာဆိုရင် ကျနော်တို နိုင်ငံမှာ နအဖ စစ်အုပ်စုရဲ ဖိနှိပ်မဟာ ပြင်း ထန်သထက် ပြင်းထန် လာတယ် ရက်စက်သထက် ရက်စက်လာတယ်ဆိုတဲ့ အချိန်ကျတော့ ကျနော် တို သူတပေါက် ကိုယ်တပေါက်နဲ တိုက်လို မရပါဘူး ကျနော်တို စည်းလုံးညီညွှတ်စွာနဲ တိုက်ယူမှ ပဲ ကျနော်တို ရမှာဖြစ်တယ် အဲတော့ ဒီကနေ ကျနော်တို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲကို မြှင့်တင်တိုးချဲဖွဲစည်းလိုက်တဲ့အခါကျတော့ ကျနော်တို ပအိုဝ်းတွေဟာ တစည်းတလုံးထဲ ဖြစ်သွားပီ ဆိုတဲ့အချိန်ကျတော့ တိုက်ပွဲဝင်တဲ့နေရာမှာလည်းပဲ စည်းစည်း လုံးလုံးနဲဖြစ်မယ်၊ ကျနော်တို မြန်မာပြည် ဒီမိုကရေစီစနစ် ထွန်းကားဖို ပအိုဝ်းအမျိုးသားတွေ အနေနဲ တဖက်တလမ်းကနေပီး တော့ ၀င်ပီးတော့မှ တိုက်ပွဲဝင်ပေးတဲ့နေရာမှာလည်းပဲ ပိုမိုထိထိရောက်ရောက် ရှိလိမ့် မယ်။”

ယခု တိုးချဲဖွဲစည်းသည့်အပေါ် ပအိုဝ်းပြည်သူလွတ်မြောက်ရေးအဖွဲ(ပီပီအယ်လ်အို)နှင့် ပအိုဝ်းလူငယ် အစည်း ရုံး (ပီဝိုင်အို) တို ပူးပေါင်းပါဝင်မ မရှိသေးသော်လည်း ထောက်ခံကိုဆိုကောင်း ပြောဆိုကသည်

ပီပီအယ်လ်အို ဥက ဗိုလ်မှူးကီး ခွန်ဥကာက ကျနော်တိုကတော့ ကိုဆိုတယ် ဘာကောင့်လဲ ဆို တော့ လူငယ်တွေ၊ အမျိုးသမီးတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တဲ့ အဖွဲအစည်းတွေက နိုင်ငံရေးလုပ် ငန်းမှာ ပိုပီးတော့ ပါဝင်လာ ဖိုလိုတယ်။ ပိုပီးတော့ စိတ်ဝင်စား ပိုပီးတော့ လုပ်လာဖိုလိုတယ် အဲဒါ အခု နိုင်ငံရေးလုပ်ငန်း လုပ်ဖိုအတွက် ပူးပေါင်းကတယ်ဆိုရင်တော့ ကျနော်တိုဒါ ကိုဆိုရမှာဖြစ် တယ် မူအားဖြင့်ပေါ့လေ။” ဟု ပြောသည်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲသည် ၂၀၀၇ ခုနှစ် နှစ်လယ်ပိုင်းတွင် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက် ရေးအဖွဲမှ ခွဲထွက်တောခိုပီး မြန်မာစစ်အစိုးရကို လက်နက် ကိုင်တော်လှန်နေသော အဖွဲအစည်းဖြစ်သည်

နအဖစစ်အစိုးရ၏ ကြေညာချက်အမှတ် ၁/၂၀၀၈ နှင့် ကြေညာချက်အမှတ် ၂/၂၀၀၈ အပေါ် ကေအိုင်အို၏ သဘောထားထုတ်ပြန်ချက်

တိုက်ပွဲဖြစ်ပွားပြီးနောက် ရှမ်းလက်နက်ကိုင် ခေါင်းဆောင်သုံးဦးကို ဖမ်းဆီး

2008.02.20

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့က ရှမ်းပြည်တောင်ပိုင်းက စစ်အစိုးရတပ်တွေကို ပအိုဝ်းတပ်က ဝင်ရောက် တိုက်ခိုက်ပြီးနောက ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေး ခေါင်းဆောင်သုံးဦးကို တောင်ကြီးမြို့က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းထဲက ခေါ်ဆောင်သွားပြီး အခုချိန်ထိထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ ရှမ်းနိုင်ငံရေးလှုပ်ရှားသူတွေပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၇ရက်နေ့ ကြ တောင်ကြီးမြို့နဲ့ ၅၈ မိုင်အကွာမှာရှိတဲ့ ဆီဆိုင်မြို့က စစ်ဖက်ဆိုင်ရာလုံခြုံရေး (စရဖ) နဲ့ အစိုးရတပ်တွေဖြစ်တဲ့တပ်မ (၄၂၃) ကို ဗိုလ်မှူးကြီးခွန်သူရိန်ခေါင်းတောင်တဲ့ ပီအန်အယ်လ်အေခေါ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်၊၊ တိုက်ပွဲဖြစ်ပြီးနောက် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ် ရလလဖနောင်ထော် အခြေစိုက် လက်ရှိဗဟိုဌာနချုပ် ခေါင်းဆောင်သုံးဦးဖြစ်တဲ့ ဥက္ကဌစောတာကလယ်၊ ဒု-ဥက္ကဌခွန်စိန်ရွှေနဲ့ နိုင်ငံရေးမှူး ဦးစိုးအောင်လွင်ကို စစ်တပ်က ခေါ်ယူထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

အခုလိုရှမ်းခေါင်းဆောင်တွေကို ခေါ်ယူထိန်းသိမ်းရတဲ့ဖြစ်ရပ်မှာ တောခိုအဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားရေးလွတ်မြောက်ရေးတပ်ဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်သူရိန်တို့တပ်ရဲ့ ပစ်ခတ်မှုဟာ ရလလဖအဖွဲ့ကိုဦးဆောင်နေတဲ့ နောင်ထော်အခြေစိုက် တာကလယ်တို့အဖွဲ့က ကာကွယ်ကူညီပေးထားလို့ ဆိုပြီးစွပ်စွဲနေတယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်တပ်အရာရှိတွေနဲ့ ရလလဖခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှုမှာ တောခိုအဖွဲ့ဖြစ်တဲ့ ခွန်သူရိန်အဖွဲ့က အခုလို ၀င်ရောက်တိုက်ခိုက်တာကို ကြောင်းပြပြီး လက်ရှိရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ ရလလဖကို လက်မှတ်ထိုးပြီး လက်နက်အပ်ခိုင်းတယ်။ ပြန်တောခိုမလား လက်နက်ချမလားဆိုတဲ့မေးခွန်းတွေထုတ်ပြီး ဖိအားပေးအကျပ်ကိုင်နေတယ်လို့ ရလလဖနဲ့နီးစပ်သူ ရှမ်းနိုင်ငံရေးလှုပ်ရှားသူ စိုင်းမင်းလွင်က ပြောပါတယ်။

အခုလက်ရှိရှမ်းပြည်နယ်အတွင်းမှာ ရှေ့ဖြစ်လာမယ့်နိုင်ငံရေးအခြေအနေက အတော်ကိုတင်းမာနေပြီး ဌာနချုပ်ရဲဘော်တွေကလည်း လွယ်လွယ်နဲ့အညံ့ခံမှာမဟုတ်သလို သူတို့ခေါင်းဆောင်လူကြီးတွေကို အခုလိုစစ်တပ်ကခေါ်သွားပြီး ထိန်းသိမ်းထားတာနှစ်ရက်ရှိနေပြီတဲ့အတွက် တပ်ကိုအဆင်သင့်ပြင်နေပြီး အခြေအနေကိုစောင့်ကြည့်နေကြတယ်။ တောင်ကြီးမှာရှိတဲ့ ရလလဖရုံးကိုလည်း စစ်ဖက်ရေးရာအဖွဲ့က စောင့်ကြည့်ထားပြီး ဖုန်းလိုင်းကိုပါ ဖြတ်တောက်ထားသလို တောင်ကြီးမြို့ပေါ်က ဖုန်းလိုင်းတွေကိုလဲ ဖြတ်တောက်ထားတယ်လို့သိရပါတယ်။

ရလလဖဖက်ကလဲ မြန်မာစစ်တပ်ရဲ့ဖိအားပေးမှုအပေါ် အညံ့ခံမဲ့ပုံမရှိတဲ့အပြင် ခွန်သူရိန်တို့အဖွဲ့ကလဲ စစ်ကြေငြာထားတဲ့အတွက် ဆီဆိုင်မြို့လူထုကတော့ စစ်ပွဲဖြစ်မယ့်အရိပ်အယောင်တွေ မြင်ရလို့ စိုးရိမ်နေကြတယ်လို့ ရှမ်းနိုင်ငံရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ဒီအကြောင်းသတင်းကို RFA သတင်းထောက် မဆုမွန်က သတင်းပေးပို့ထားပါတယ်။

http://www.rfa.org/burmese/thadin/2008/02/20/shan_troop_leaders_detained/

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ၏ သဘောထားရပ်တည်ချက်နှင့် တောင်းဆို/တိုက်တွန်းချက်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့သည် ၁၉၄၉ ခုနှစ်တွင် စတင်ခဲ့သော ပအိုဝ်းအမျိုးသားတော်လှန်ရေးမျိုးဆက်ဖြစ်သည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) သည် အကြမ်းဖက်သမားများမဟုတ်ပါ။ တတိုင်းပြည်လုံးရှိ ပြည်သူတစ်ရပ်လုံးနှင့် ပအိုဝ်းအမျိုးသားပြည်သူတို့အား အကြမ်းဖက်အုပ်ချုပ်နှိမ်နှင်းနေသော အကြမ်းဖက်သမား၊ သောင်းကျန်းသူနအဖကို တိုက်ခိုက်နေသည့် ပအိုဝ်းအမျိုးသား တော်လှန်ရေးသမားများသာဖြစ်သည်။

ထို့ကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) သည် စစ်မှန်သည့် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးနှင့် ပအိုဝ်းအမျိုးသားတို့ တန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန်အလို့ငှါ ၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့ (၁၉း၃၀) အချိန်တွင် ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ရှိ နအဖ၏ စစ်ဘက် ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနှင့် စကခ (ရ) လက်အောက်ခံ ဆီဆိုင်မြို့အခြေစိုက် ခမရ (၄၂၃) တပ်ရင်းအား ၀င်ရောက်တိုက်ခိုက်လိုက်သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့အနေဖြင့် အောက်ပါတောင်းဆိုချက် (၆) ရပ်ကို တောင်းဆို လိုက်သည်။ နအဖအနေဖြင့် အောက်ပါတောင်းဆိုချက် (၆) ရပ်ကို လိုက်လျော မည်ဆိုလျင် စစ်ဆင် တိုက်ခိုက်မှုများကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့မှ ရပ်စဲထား မည်။ နအဖမှ လိုက်လျောမှု မရှိလျင် တိုက်ခိုက်မှုများကို အရှိန်မြင့် ဆက်လက်လုပ်ဆောင် သွားမည်။

သဘောထားရပ်တည်ချက်

နအဖစစ်ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးလမ်းပြမြေပုံ (Road Map) ၇ အချက်အတိုင်း ဆက်သွားလျင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့အနေဖြင့် နအဖနှင့်နိုင်ငံရေးစကား ပြောစရာမရှိ၊ နောင်တက်လာမည့် ဒီမိုကရေစီနည်းကျပြည်သူမှရွေးချယ် တင်မြောက်ထား သော တရားဝင်အစိုးရနှင့်သာ နိုင်ငံရေး၊ ပအိုဝ်းတိုင်းရင်းသားအရေးကိစ္စများကို စကားပြောမည်။


တောင်းဆိုချက် (၆) ရပ်

။ နအဖအနေဖြင့် တပြည်လုံးအတိုင်းအတာအရ ဖိနှိပ်အုပ်ချုပ်မှုများ၊ တိုင်းရင်းသားဒေသများတွင် စစ်ရေးပြင်ဆင်ခြင်း၊ စစ်ဆင်ရေးထိုးခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းလုပ်ရပ်များကို ရပ်တန့်ရန်

၂။ တိုင်းပြည်အား စစ်ဗိုလ်ချုပ်များအုပ်ချုပ်နေခြင်းကို အလိုမရှိ၊ စစ်ခေါင်းဆောင်များနှင့် စစ်တပ်များ စစ်တန်းလျားသို့ပြန်ရန်

၃။ စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် နအဖစစ်ခေါင်းဆောင်များ စိတ်ကြိုက်ရေးဆွဲထားသည့် နိုင်ငံရေးလမ်းပြမြေပုံ (Road Map) (၇) ချက်နှင့် အမိန့်အာဏာဖြင့် ကျင်းပခဲ့သော အတုအယောင် ညောင်နှစ်ပင်ညီလာခံမှ ချမှတ်ထားသည့် အခြေခံမူ (၁၀၄) ချက်ကို ပြန်လည်ရုပ်သိမ်းရန်

၎။ မသမာသောနည်းလမ်းများကို အသုံးပြုပြီး မေလတွင်ပြုလုပ်မည့် (၁/၂၀၀၈) ပါအတုအယောင် လူထုဆန္ဒခံယူပွဲနှင့် (၂/၂၀၀၈) ပါ (၂၀၁၀) ခုနှစ်တွင်ပြုလုပ်မည့်ရွေးကောက်ပွဲ ထုတ်ပြန် ကြေငြာချက်ကို ပြန်လည်ရုပ်သိမ်းရန်

၅။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီးထားသောနိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွတ်ပေးရန်

၆။ တိုင်းရင်းသားကိုယ်စားလှယ်များ၊ အတိုက်အခံနိုင်ငံရေးပါတီများနှင့် အတိုက်အခံနိုင်ငံရေး အင်အားစုများအားလုံး ကြားဖြတ်အစိုးရတစ်ရပ်ဖွဲ့စည်းပြီး ကြားဖြတ်အစိုးရသို့ အာဏာလွဲအပ်ရန်

တိုက်တွန်းချက်

မြန်မာတစ်နိုင်ငံလုံးတွင် မှီတင်းနေထိုင်ကြသော ရဟန်းသံဃာများ၊ ပြည်သူများ၊ ကျောင်းသား/သူများ၊ တိုင်းရင်းသားများ၊ အရပ်လက်ဆိုင်ရာနိုင်ငံ့ဝန်ထမ်းများ၊ စစ်ဘက်ဆိုင်ရာနိုင်ငံ့ဝန်ထမ်းများ၊ အတိုက်အခံနိုင်ငံရေးပါတီများ၊ အတိုက်အခံနိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် တိုင်းပြည်၏အာဏာကို မတရားရယူထားပြီး တိုင်းပြည်ကို အဘက်ဘက်မှ အောက်ဆုံးထိမွဲပြာကျအောင် အုပ်ချုပ်နေသော နအဖစစ်အာဏာရှင်တစ်စုအား ဖြုတ်ချနိုင်ရေးအတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၏ တောင်းဆိုချက် (၆) ရပ်နှင့် သဘောထားရပ်တည်ချက်ကို ၀ိုင်းဝန်းရပ်ခံကြပါရန် အလေးအနက်တိုက်တွန်းလိုက်သည်။

၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉)ရက်
ဗဟိုကော်မတီ
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)

ဆီဆိုင်ရှိ မြန်မာတပ်စခန်းများကို ပအိုဝ်းဝင်တိုက်၊ နှစ်ဦးသေ

ခွန်အောင်မြတ်
ဖေဖော်ဝါရီလ ၁၉ ရက် ၂၀၀၈ ခုနှစ်

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မိုရှိ မြန်မာစစ်အစိုးရ တပ်စခန်းများကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (ပီအဲန်အယ်လ်အေ)က ယခုရက်ပိုင်းအတွင်းတွင် ၀င်ရောက်တိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်ဘက်မှ တပ်ကပ်ကီး တဦးအပါအ၀င် နှစ်ဦးသေဆုံးသည်

ဆီဆိုင်မို အခြေစိုက်သည့် မြန်မာစစ်တပ် စစ်ဘက်ရေးရာ လုံခုံရေးတပ်ဖွဲ(စရဖ)ရုံးနှင့် ခမရ (၄၂၃) တပ်စခန်း တိုကို ယခုလ ဖေဖော်ဝါရီ ၁၇ ရက်နေတွင် ပီအဲန်အယ်လ်အေက ၀င်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ (ပီအဲန်အယ်လ်အို) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကီး ခွန်သူရိန်က ပြော သည်

အဲဒီတိုက်ပွဲမှာကတော့ ကျနော်တို ဖက်မှာတော့ အကျအဆုံးမရှိပါဘူး နအဖ ဘက်မှာ ကတော့ စစ် ဘက်ရေးရာ လုံခုံရေးတပ်ဖွဲက ကျနော်တို လေ့လာစုံစမ်းသိရှိရတဲ့ သတင်းအရဆိုရင်တော့ တပ်ကပ်ကီးအဆင့်ရှိတဲ့ သန်းစိုး သေဆုံးပီးတော့ ရဲတပ်ဖွဲက တစ်ယောက်ကျတယ်လို သိရတယ် အဲဒီ (၄၂ ၃) တပ်မှာတော့ ဘယ်လောက်ကျတယ်ရာရတဲ့ သတင်းကလည်း အတိအကျ မသိရသေးပါဘူး စုံစမ်းဆဲပဲ ဖြစ်ပါတယ်။”

ယခုတိုက်ပွဲသည် တိုင်းပြည်ကို မတရားအာ
ာရယူထားပီး တိုင်းရင်းသား ပြည်သူတရပ်လုံးအပေါ် အကမ်းဖက် ဖိနှိပ်အုပ်ချုပ်နေသည့် စစ်အစိုးရကို တော်လှန်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကီး ခွန်သူရိန်က ပြောသည်

နအဖအနေနဲ ရုတ်မက် Road Map (၇) ချက် အတိုင်းကို ဆက်ပီးတော့မှ သွားမယ်ဆိုရင်တော့ ကျ နော်တို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲအနေနဲက နအဖနဲ နိုင်ငံရေး စကားပြောစရာလည်း မရှိဘူး အဲတော့ နောက်တက်လာမယ့် ဒီမိုကရေစီနည်းကျပေါ့ ပြည်သူလူထုကနေပီးတော့မှ ရွေး ချယ်တင် မြောက်ထားတဲ့ တရားဝင်အစိုးရနဲပဲ ကျနော်တို ပအိုဝ်းအမျိုးသားရေးကိစတွေ နိုင်ငံရေး ကိစတွေ စကားပြော မယ်ဆိုတဲ့ ကျနော်တို သဘောထားရပ်တည်ချက်ရှိပါတယ်ဟု၎င်းက ဆက် ပြောသည်


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ
(ပီအဲန်အယ်လ်အို) က ယနေကညာချက် ထုတ်ပြန်ပြီး နအဖစစ်အစိုးရအား စစ်အာရှင်စနစ်တည်မဲရေးအတွက် ရေးဆွဲထားသည့် နိုင်ငံရေးလမ်းပြမြေပုံ (၇)ချက်နှင့် အမိန်အာာဖြင့်ကျင်းပခဲ့သော အတုအယောင် ညောင်နှစ်ပင်ညီလာခံမှ ချမှတ်ထားသည့် အခြေခံမူ(၁၀၄) ချက်ကို ပြန်လည်ုပ်သိမ်းရန် တိုင်းရင်းသားကိုယ်စားလှယ်များ အတိုက်အခံနိုင်ငံရေးပါတီများနှင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများဖြင့် ကားဖြတ် အစိုးရတစ်ရပ်ဖွဲစည်းပီး ကားဖြတ်အစိုးရသို အာာ လွဲအပ်ရန် တောင်းဆို ထားသည်

တပြည်လုံးအတိုင်းအတာအရ ဖိနှိပ်အုပ်ချုပ်မများ တိုင်းရင်းသားဒေသများတွင် စစ်ရေး ပြင်ဆင်ခြင်း စစ်ဆင်ရေးထိုးခြင်း လုပ်ကံသတ်ဖြတ်ခြင်းင်းပန်းနှိပ်စက်ခြင်း လုပ်ရပ်များကို ရပ်တန်ရန်နှင့် စစ်ခေါင်းဆောင်များ စစ် တန်းလျားသိုပြန်ရန် တောင်းဆိုထားပြီး မလိုက်လျောပါက စစ်ဆင်တိုက်ခိုက်မအရှိန်မြင့် ဆက်လက် လုပ် ဆောင်သွားမည်ဟု ကေညာချက်တွင် ပါရှိသည်

ပီအဲန်အယ်လ်အို သည် ၂၀၀၇ ခုနှစ် ဇွန်လတွင် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲမှ ခွဲထွက်ပြီး နောက်ဖွဲစည်းခဲ့သည့် အဖွဲဖြစ်ပြီး ၁၉၄၉ ခုနှစ်တွင် စတင်ခဲ့သည့် ပအိုဝ်းအမျိုးသားတော်လှန်ရေး မျိုးဆက် ဖြစ်သည်ဟုကေညာချက်တွင်ဖေါ်ပြထားသည်

မြန်မာစစ်အစိုးရထံ တရားဝင် လက်နက်အပ်နှံသွားသည့် ဗိုလ်မှူးကီး ခွန်ချစ်မောင် ဦးဆောင်သည့် ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ (ရလလဖ) အဖွဲဝင်တဦးက ၁၇ ရက်နေတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကောင်း ယင်းတိုက်ပွဲတွင် ကျဆုံးဒ်ရာရမများရှိကောင်း အတည်ပြုပြောဆိုသည်