ရှမ်းစော်ဘွားများ အာဏာစွန့်ပြီး နှစ်ပေါင်း ၅၀ အကြာ

အင်တာဗျူး
မေကျော်
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 20:16 - မြန်မာစံတော်ချိန်
Mizzima News

စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရန် အတွက် ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ရှမ်းစော်ဘွားများ အားလုံးက စော်ဘွား အာဏာကို စွန့်လွှတ်ခဲ့ပါသည်။ သို့သော် ယင်းသို့ စွန့်လွှတ်ပြီး နှစ်ပေါင်း ၅၀ ကြာ ယနေ့တိုင် သူတို့ မျှော်လင့် ယုံကြည်ခဲ့သော ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်မလာခဲ့။ စော်ဘွား အာဏာစွန့်သည့် အနှစ် ၅၀ ပြည့်နေ့ နှင့် ပတ်သက်၍ ရှမ်းသံတော်ဆင့် သတင်းဌာန၏ လက်ထောက်အယ်ဒီတာ ရှမ်းအမျိုးသား တဦးဖြစ်သူ ဦးစိန်ကြည်နှင့် ဆက်သွယ် မေးမြန်းထားပါသည်။

၁။ စော်ဘွားတွေ ဘာကြောင့် အာဏာ စွန့်ခဲ့တာလဲ။


အဲဒီတုန်းက ရှမ်းပြည်မှာ ရှမ်း အပါအဝင် ပအိုဝ့်၊ ပလောင်၊ ဝ၊ ဓနု စသဖြင့် သက်ဆိုင်ရာ စော်ဘွားနယ်တွေ ရှိတယ်။ အားလုံး ၃၄ နယ်ပေါ့။ အဲဒီတုန်းက ၅၉ ခုနှစ်ဆိုတော့ ဦးနုက ဦးနေဝင်းကို အိမ်စောင့် အစိုးရ အဖြစ် ခဏ အာဏာလွှဲပေးထားတဲ့ အချိန်။ ဖဆပလ အာဏာလုနေ ကြတဲ့ အချိန်ပေါ့။ အဲဒီ အချိန်မှာလည်း ရှမ်းပြည် အစိုးရ ရှိတာကိုး။ အဲဒီကမှ နောက် ဒီမိုကရေစီ ကျကျ အုပ်ချုပ်မယ့် ရှမ်းပြည် အစိုးရ အဖြစ် နောင်အနာဂတ်မှာ ပေါ်ပေါက်လာဖို့ စော်ဘွားတွေ နယ်ရှင် ပယ်ရှင်တွေ အုပ်ချုပ်တဲ့ စနစ်ကနေ လူထု အစိုးရ ဒီမိုကရေစီ အစိုးရ လက်ထဲကို အာဏာလွှဲပြောင်းတဲ့ သဘောကူးပြောင်းတာ။ အနှစ်သာရက အဲဒါ ဆိုချင်တယ်။

နောက်ပိုင်းတော့ မဟာဗမာ စိတ်ဓာတ်ရှိတဲ့ စစ်အုပ်စု ဗိုလ်နေဝင်းက ဖြစ်ဖြစ် တခြားသမိုင်းကြောင်း ကောင်းကောင်း မသိတဲ့သူတွေကဘဲ ဖြစ်ဖြစ် ရှမ်းနဲ့ ဗမာ၊ ရှမ်း အချင်းချင်း သွေးကွဲအောင် လုပ်လာတယ်။ စော်ဘွားတွေက ပအိုဝ့်၊ ပလောင်၊ ဝ စတဲ့ တိုင်းရင်းသားတွေနဲ့ တိုင်းပြည်ကို ဗမာအစိုးရ နဲ့ ဗမာ အာဏာပိုင်တွေ လက်ထဲ ရောင်းစားလိုက်တယ်လို့ ပြောလာတယ်။ ဒီဖားတပိုင်း ငါးတပိုင်း ပြည်ထောင်စု ကနေ တန်းတူ ညီမျှတဲ့ တရားမျှတတဲ့ ပြည်ထောင်စု ဖက်ဒရယ် ပြည်ထောင်စု တခု အဖြစ် ကူးပြောင်းနိုင်အောင် နယ်ရှင် ပယ်ရှင်တွေ အုပ်ချုပ်တဲ့ စော်ဘွားစနစ်ကနေ ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်တဲ့ အစိုးရ လက်ထဲကို အာဏာလွှဲပြောင်း ပေးလိုက်တယ်လို့ ကျနော်တို့ နားလည်တယ်။

အာဏာစွန့်လွှတ်ဖို့ စစ်အာဏာနဲ့ တစိတ်တပိုင်း နောက်ကွယ်ကနေ ဖိအားပေးတာတွေ ရှိချင် ရှိနေနိုင်တာပေါ့။ ခြိမ်းချောက်တာတွေ ရှိခဲ့တယ်လို့လဲ ကြားရတာတွေ ရှိပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ်က စော်ဘွားတွေရဲ့ အနာဂတ် မျှော်မှန်းချက် ကတော့ နယ်ရှင် ပယ်ရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းဖို့ဘဲ။

စော်ဘွားတွေနဲ့ သာမန်အရပ်သားတွေရဲ့ ဆက်ဆံရေး ကရော ဘယ်လိုရှိခဲ့ ပါသလဲ။


ဆက်ဆံရေး ကတော့ တခြား နယ်ရှင် ပယ်ရှင် ပဒေသရာဇ် တိုင်းပြည်တွေနဲ့ တချို့နေရာတွေမှာ ကွာမယ်။ တချို့နေရာတွေမှာ တူမှာပေါ့။ ဒါပေမယ့် အရှင်သခင်နဲ့ တိုင်းသူပြည်သားဆိုတာ အုပ်ချုပ်သူနဲ့ အအုပ်ချုပ်ခံ လူတန်းစား နှစ်ရပ်ကတော့ အဲဒီပုံစံ ရှိတာပေါ့။ ဒါပေမယ့် တိုင်းပြည် ငြိမ်သက် အေးချမ်းမှု၊ သခိုး ဓားပြ ကင်းမဲ့မှုတွေက အခုခေတ်ထက် အများကြီး သာတယ်။

ဘာကြောင့် စော်ဘွားဆိုတဲ့ နယ်ပိုင်အုပ်ချုပ်ရေးဟာ ဒီလောက်တောင် သက်တမ်းကြာရှည် တည်မြဲလာခဲ့တာလဲ။


အဲဒီ ခေတ်ကာလကကို နောက်ကြောင်းပြန်ပြီး သုံးသပ် ရမယ်ဆိုရင်တော့ လုံးဝ ဥဿုံ ရာနှုန်းပြည့် မဟုတ်ပေမယ့် အခု ခေတ်နဲ့ စာလို့ ရှိရင် တရားမျှတမှုတို့၊ အေးချမ်းသာယာမှုတို့ ၊ လွတ်လပ်စွာ သွားလာ လုပ်ကိုင် စားသောက်နိုင်မှုတို့ တစိတ်တပိုင်း ရှိလို့သာ ဒီစော်ဘွား စနစ်က၊ ပဒေသရာဇ် စနစ်က သက်ဆိုးရှည်တာလို့ တစိတ်တပိုင်း ပြောနိုင်တာပေါ့ဗျာ။

စော်ဘွားခေတ်ကုန်ဆုံးသွားခြင်းအားဖြင့် ရှမ်းပြည်သူတွေအပေါ် ဘယ်လို ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်စေခဲ့သလဲ။


ကောင်းကျိုး ဆိုတာက ခေတ်မီ ပညာတတ်တွေ မြို့နေ လူတန်းစားတွေ နိုင်ငံရေး အခြေခံ ရှိတဲ့ သူတွေ ကတော့ ဒီမိုကရေစီ စနစ်ကို တဆင့်ပြီး တဆင့် ကူးပြောင်းနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာပေါ့။

နောက်ပိုင်း အခြေအနေက တမျိုးတဖုံ ဖြစ်လာတယ်။ စော်ဘွားတွေ အာဏာစွန့်ခဲ့ အချိန်ကာလ ၃ -၄ နှစ် အတွင်းမှာ တချို့ ပြည်သူလူထု အထူးသဖြင့် ကျေးလက်နေ ပြည်သူတွေ စနစ်ဟောင်းထဲမှာ ကျင်လည်ခဲ့ကြတဲ့ သူတွေကတော့ ငါတို့မှာ အရှင် သခင် မရှိတော့ဘူး။ တိုင်းတပါးက လာပြီး အုပ်ချုပ်တော့မယ်။ ငါတို့ အရှင်သခင်က မျှော်မှန်းထားတဲ့ အတိုင်း ဖြစ်လာမလား။ ကောင်းလာမလား ဆိုးလာမလား မရေမရာ ဖြစ်နေကြတဲ့ အချိန်ပါ။

အခု အချိန်ကျတော့ ရော အာဏာစွန့်ခဲ့ ရတာနဲ့ ပတ်သက် ပြီးတော့ ဘယ်လိုများ ဖြစ်နေကြ ပါသလဲ။


လုံးဝ နောင်တရတာပေါ့ဗျာ။ မဆလ ခေတ် ဒီဘက်ပိုင်းပေါ့။ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းပေါ့။ မှန်းချက်နဲ့ နှမ်းထွက်က မိုးနဲ့ မြေ၊ ဆီနဲ့ ရေ ကွာသွားတာပေါ့ဗျာ။

ရှမ်းပြည်မှာ စော်ဘွားတွေအချင်းချင်း ဘယ်လိုမျိုး ဆက်စပ်အုပ်ချုပ်မှုတွေ လုပ်ခဲ့သလဲ။

အခု ခေတ်စကားနဲ့ ပြောမယ်ဆိုရင်တော့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး၊ အချင်းချင်း ပဍိပက္ခ ဝင်မစွက်ရေးတို့ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် မှီခိုမှုတို့၊ အပြန်အလှန် ယုံကြည်မှုတို့ အပြန်အလှန် ထောက်ကူ ပံ့ပိုးမှုတို့ကို အခုခေတ်လို ပါးစပ်နဲ့ တဖွဖွ မပြော မရေးပေမယ့် အဲဒီခေတ် တုန်းက သူတို့ လက်တွေ့ အကောင်အထည် ဖော်နိုင်တယ်လို့ ထင်တယ်။

သူတို့က အချင်းချင်း မကျူးကျော်ရဘူး။ တခါတလေ ပဍိပက္ခ ပြဿနာရှိရင် ရှိမယ်။ ဒါပေမယ့် အားလုံးကို ခြုံလိုက်ရင် ပြည်နယ် တခုနဲ့တခုက ဒီ၃၄ ပြည်နယ်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်တယ်။ ရှမ်းပြည်ထဲမှာ ပြည်ထောင်စု ရှမ်းပြည် အဖြစ် အဲဒီတုန်းက ငြိမ်းငြိမ်းချမ်းချမ်း အတူ ပူးပေါင်းနေနိုင်ခဲ့တယ်။

စော်ဘွားကတဆင့် မြို့ပြနဲ့ ပြည်ထောင်စု အုပ်ချုပ်ရေးတွေအတွင်း ဘယ်လို ခေါင်းဆောင် တွေအဖြစ် ပေါ်ပေါက်ခဲ့ဖူးလဲ။


ပြည်ထောင်စုရဲ့ ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် ဆိုရင် တကယ် စစ်မှန် သန့်စင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို မျှော်မှန်းခဲ့တဲ့ ပုဂ္ဂိုလ်ဘဲ။ ဒါကြောင့်မို့ တချို့ အချင်းချင်း အမြင်ကျဉ်းတယ်လို့ ပြောကြတဲ့ လုံးဝလွတ်လပ်ရေး လိုချင်တဲ့ တချို့ ရှမ်းတွေ လူပုဂ္ဂိုလ်တွေ အဖွဲ့တွေက ရှိခဲ့တယ်။ အခုတော့ နည်းသွားပါပြီ။

နောက် ဦးနုခေတ်က နိုင်ငံခြားရေး ဝန်ကြီး တာဝန်ယူခဲ့တဲ့ မိုးမိတ် စော်ဘွား စဝ်ခွန်ချို တို့လိုပေါ့။ သူတို့ ကတော့ တကယ့်စစ်မှန်တဲ့ တန်းမီတဲ့ ပြည်ထောင်စု တည်ထောင်မယ်ဆိုပြီး အဲဒီတုန်းက ဗမာခေါင်းဆောင်တွေကို ယုံယုံကြည်ကြည် ပူးပေါင်းခဲ့တာကိုးဗျ။

လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီစနစ်အောက်မှာ ပြည်ထောင်စုအစိုးရက စော်ဘွားတွေ အပေါ် ဘယ်လို သဘောထားခဲ့လဲ။

အဲဒီ ကဏ္ဍကတော့ ကျနော်ထင်တယ် အခန်းကဏ္ဍ ၃- ၄ ခုရှိချင်ရှိနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ တချို့ ဗမာနိုင်ငံရေး ခေါင်းဆောင်တွေက စော်ဘွားတွေကို တန်းတူစွာ ဆက်ဆံတယ်။ တခြား ပြည်နယ်ခေါင်းဆောင် တွေကိုရောပေါ့ လေးလေးစားစား ဆက်ဆံတာတွေ ရှိတယ်။ အတူ ပူးပေါင်း နေထိုင်လိုတဲ့ တန်းတူညီမျှမှု ရှိတဲ့ ပြည်ထောင်စု ကို တည်ဆောက်လိုတဲ့ တချို့ ဗမာခေါင်းဆောင်တွေ ရှိသလို တချို့တွေကျတော့ နည်းသည် ဖြစ်စေ များသည် ဖြစ်စေ မဟာလူမျိုးကြီး ဝါဒရှိတဲ့ ဗမာခေါင်းဆောင်တွေရဲ့ သဘောထားက တမျိုးရှိမှာပေါ့။

ဘယ်ဘက်ကများ ပိုများနိုင်မလဲ။

ဦးနုခေတ်ကတော့ ဘယ်ဟာနည်းတယ် များတယ် ဆိုတာကတော့ ဆုံးဖြတ်ရခက်ပါတယ်။ ဦးနု ကိုယ်တိုင် ကတော့လဲ ကျနော်တို့ တောင်ပေါ်သား ပြည်နယ်သား ပြည်နယ် ခေါင်းဆောင် တွေရဲ့ သုံးသပ်ချက် အရတော့ သူက ယေဘူယျ တလျှောက်လုံး သုံးသပ်ရင်တော့ မျှတတယ်ပေါ့။ နောက်ပိုင်းမှာ သူက ဗလောင်းဗလဲ ဖြစ်လာတဲ့ အပိုင်းတွေ ရှိတယ်။ သူက ရပ်တည်မှု သိပ်မခိုင်တဲ့ အပိုင်းတွေ တွေ့လာရတယ်။ နောက်ပိုင်းမှာ တွေ့လာတာ။ ဒါပေမယ့် ဦးဘဆွေတို့ ဦးကျော်ငြိမ်း တို့ကျတော့ ဗမာပဲ ဦးဆောင်တဲ့ ပြည်ထောင်စုမျိုး အကိုကြီး ပုံစံမျိုးပေါ့ တန်းတူတဲ့ မျှတတဲ့ ပုံစံနဲ့ ဆက်ဆံပေမယ့် စိတ်နေစိတ်ထား နည်းတယ်လို့ သူတို့က ပြောကြတယ်လေ။

စော်ဘွားစနစ်နဲ့ အုပ်ချုပ်တုန်းက ပြည်မနဲ့ ဘာတွေများ ကွာခြားပါသလဲ။

ဖွံဖြိုးတိုးတက်မှု ပညာရေး၊ ကျန်းမာရေး ကဏ္ဍမှာတော့ ပြည်မနဲ့ စာလို့ရှိရင် အများကြီး ခေတ်နောက်ကျ တာပေါ့။ ဘာကြောင့်လဲ ဆိုတော့ အင်္ဂလိပ် ခေတ်ကတည်းက ပါလီမန် ဒီမိုကရေစီခေတ် မှာဘဲ ဖြစ်ဖြစ် ခုချိန်ထိ မြေပြန့် ဒေသမှာ လုပ်တဲ့ ထူထောင်ရေး ဖွံ့ဖြိုးတိုးတက်ရေး Infrastructure ( အခြေခံ အဆောက်အဦ ) က ပြည်နယ်ထက် ဦးစားပေး တယ်လို့ ပြည်နယ်သားတွေက ကျနော်အပါအဝင် အဲလို ခံစားရတာကိုး။

ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတာ စော်ဘွားအုပ်ချုပ်ရေးနဲ့ မဆိုင်ဘူးလို့များ ဆိုလိုချင် ပါသလား။

မဆိုင်ဘူးလို့ ပြောနိုင်တယ်။ စော်ဘွားကလည်း သူတို့တတ်နိုင် သလောက် သူတို့ လုပ်တာဘဲ။ သူတို့ ပြည်သူလူထု ကြီးပွားချမ်းသာဖို့၊ ပညာရေး၊ ကျန်းမာရေးတွေ ကောင်းကောင်း အဆင့်မီလာအောင် သူတို့ ကလည်း ရည်မှန်းချက် ရှိတာဘဲ။ ဒါပေမယ့် သူတို့ လုပ်နိုင်တဲ့ အပိုင်းက တချို့စော်ဘွားက နည်းနည်း လုပ်နိုင်တယ်။ တချို့ စော်ဘွားက များများ လုပ်နိုင်တယ်။ သူ့အတိုင်း အတာနဲ့သူတော့ ကွာမှာပေါ့။

ထူးခြား ထင်ရှားဆုံး ဖြစ်တဲ့ ရှမ်းစော်ဘွားတွေက ဘာကြောင့် အဲဒီလို ထူးခြားထင်ရှားခဲ့ ရတာလဲ။

လွတ်လပ်ရေး မရခင် ဒုတိယ ကမ္ဘာစစ် ပြီးတဲ့ အချိန်က စပြီးတော့ နာမည်ကြီးလာတာ ကတော့ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ အတူ ကျဆုံးခဲ့တဲ့ မိုင်းပွန်စော်ဘွား စဝ်စံထွန်းတို့ ၊စဝ်ရွှေသိုက်တို့ စဝ်ခွန်ချိုတို့ပေါ့ ။ မိုင်းပွန် စော်ဘွားတို့ မိုးနဲ စော်ဘွားတို့ပေါ့။ သိန္နီ စော်ဘွားတို့ပေါ့။

အင်္ဂလိပ် ခေတ်ကတည်းက သူတို့က လူဝင်ဆံ့တာပေါ့။ လူရာဝင်တာပေါ့။ တခြား နယ်တွေက နယ်မြေ ဒေသ မကြီးတဲ့ စော်ဘွားတွေကတော့ သူတို့ Background အပေါ်မူတည်ပြီးတော့ ဗမာပြည်ဖြစ်ဖြစ် ရှမ်းပြည် အဝန်းအဝိုင်းထဲက နိုင်ငံရေး လောက လူမှုရေးလောက ဖြစ်ဖြစ် ဝင်ဆံ့တာတော့ သူတို့က မျက်နှာငယ်တယ်လို့ ခံစားရရင် ခံစားရမှာပေါ့ အဲဒီတုန်းက။

စော်ဘွား အုပ်ချုပ်ရေးကို မလိုလားလို့ ပုန်ကန်ထကြွမှုတွေ ရှိခဲ့ပါသလား။

ရှိခဲ့ပါတယ်။ ပအိုဝ့် အမျိုးသားတွေပေါ့။ ကျနော် ကတော့ လူမျိုးရေး အရ အမျိုးသားရေး အရ မမြင်ဘူး။ ပအိုဝ့်က ရှမ်းကို တော်လှန်ပုန်ကန်တာ မဟုတ်ဘူး။ နိုင်ငံရေး အရ ပြောရမယ် ဆိုရင်တော့ ပဒေသရာဇ် စနစ်ကို မကြိုက်လို့ သက်ဦးဆံပိုင် ရေရှင် မြေရှင် စနစ်ကို သူတို့က ပြောင်းပစ်ချင်တယ်။ အဲဒီ ရည်ရွယ်ချက်နဲ့ တော်လှန်ရေး လုပ်ခဲ့တယ်လို့ ကျနော် မြင်တယ်။

စော်ဘွား အုပ်ချုပ်မှု အာဏာ သက်ရောက်မှု အားကောင်း ခဲ့ပါသလဲ။ ဘာကြောင့် ပါလဲ။


အထူးသဖြင့် ကတော့ တရုတ်ပြည်မှာ မော်စီတုန်း ခေါင်းဆောင်တဲ့ ကွန်မြူနစ် ပါတီ အနိုင်ရပြီးတဲ့နောက် ရှမ်းပြည်ထဲကို ကူမင်တန် တရုတ်ဖြူတွေ အလုံးအရင်းနဲ့ ဝင်လာတာကိုး။ သူတို့ က လူသူ လက်နက် အင်အားပိုတောင့်တယ်။ စော်ဘွားပုံစံက အရင် ဘုရင်တွေ ပုံစံဘဲ အုပ်ချုပ်နေတော့ သူတို့က လူသူ လက်နက် မပြည့်စုံဘူး။ ပြည်ပက ဝင်လာတဲ့ တိုင်းတပါးသား တရုတ်ဖြူနဲ့ စာရင်တော့ အများကြီး ကွာတာပေါ့။ အဲတော့ တရုတ်ဖြူ စခန်းချတဲ့ နေရာ တွေဆိုရင် အထူးသဖြင့် ရှမ်းအရှေ့ပိုင်းပေါ့ ကျိုင်းတုံနယ်တို့ ရှမ်းပြည် အရှေ့မြောက်ပိုင်းတို့ တရုတ်ဖြူ ကြီးစိုးတဲ့ နေရာတွေမှာ တော့ စော်ဘွား အာဏာမသက်ရောက်ဘူး။ မထိရောက် ဘူးလို့ ပြောနိုင်တာပေါ့။

နောက်တခုက တရုတ်ဖြူတပ်တွေကို တိုက်ထုတ်ဖို့ ဦးနုက ပြည်ထောင်စု တပ်တွေပေါ့ ဗမာတပ်တွေပေါ့ စေလွှတ်လိုက်တယ်။ ၁၉၅၂ ခုနှစ် ကတည်းကပေါ့ အဲဒီဗမာ စစ်တပ်တွေ အခြေစိုက်တဲ့ မြို့တွေကတော့ စော်ဘွား အာဏာလျော့ကျ သွားတယ်လို့ ပြောနိုင်တာပေါ့။

လက်ရှိ စော်ဘွားတွေရဲ့ ဆွေစဉ်မျိုးဆက်တွေရဲ့ အနေအထားက ဘယ်လိုရှိပါသလဲ။

ကျနော် သိသလောက်တော့ စော်ဘွား သားသမီး အတော်များများဟာ ဗိုလ်နေဝင်း ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းလိုက်ပြီး နောက်ပိုင်း ပြည်ပကို ရောက်သွားကြတာများတယ်။ မဆလ ခေတ်ဦးပိုင်းကပေါ့။ အဲဒီ မတိုင်ခင် ကလည်း သွားကြပါတယ်။ အများအားဖြင့်ကတော့ ပညာတော်သင်ပေါ့ ဗျာ။ ပညာတတ်ပြီးမှ ကိုယ့်တိုင်းပြည် ကိုယ့်နယ်မြေ အကျိုးဆောင်ရွက်နိုင်အောင် သွားကြတာ ခပ်များများ ပါပါတယ်။ ဥပမာ သီပေါ စော်ဘွား စဝ်ကြာဆိုင် တို့လိုပေါ့။ သူ့ကို ဗိုလ်နေဝင်းက မတ်လထဲမှာ အာဏာသိမ်းတဲ့နှစ်မှာ အစဖျောက်ပြစ်လိုက်တာဘဲ။ အဲလိုနောက်ပိုင်း ဗိုလ်နေဝင်းက အာဏာသိမ်းတော့ အကုန်လုံးကို သူက ချုပ်ကိုင် လိုက်တော့ တပါတီ အာဏာရှင် ဖြစ်သွားတော့ ခပ်များများကတော့ မလာတော့ဘူးလေ။ မလာတော့ဘူး ဆိုတာက ပြန်လာရင်လည်း ဗိုလ်နေဝင်း စည်းရုံးမှုအောက်မှာ ခေါင်းငုံ့ခံနေရမှာ။ သူတို့ ခိုင်းတဲ့ အတိုင်းလုပ်နေရမှာ။ စော်ဘွား စနစ် ပဒေသရာဇ် စနစ်လည်း မရှိတော့ဘူး ဆိုတော့ သူတို့လည်း ချိန်ဆကြည့်မှာပေါ့။ ပြည်ပမှာနေပြီး ကိုယ့်အမျိုးသားအရေး အတွက် ဒီမိုကရေစီ အရေးအတွက် လုပ်တာနဲ့ ပြည်တွင်းပြန်ပြီး လုပ်တာနဲ့ ဘယ်ဟာ ပိုပြီး လုပ်နိုင်မလဲ ဆိုတာ သူတို့ စဉ်းစားမှာပေါ့။

နောက်ပိုင်းမှာ သူတို့ ပြည်ပမှာ အခြေစိုက် နေသွားကြတာရှိပါတယ်။ ဒါပေမယ့် အခု နဝတ နအဖ ခေတ်မှာတော့ ပြန်ပေါ်လာကြပါတယ်။ ကိုယ့် အမျိုးသားအရေး အတွက် ဒီမိုကရေစီ အရေးအတွက် လုပ်ဆောင်လာကြတဲ့ စော်ဘွား မျိုးနွယ်တွေ စော်ဘွားသား သမီးတွေ အများကြီး ရှိပါတယ်။

ရှမ်းအမျိုးသားတွေရဲ့ သမိုင်းတန်ဖိုး ဖြစ်တဲ့ စော်ဘွားနန်းတွေ၊ အဆောက်အဦတွေ အနေအထားက ဘယ်လိုရှိပါသလဲ။


စော်ဘွားနန်းတွေ အဆောက်အဦးတွေ ကတော့ နအဖ ဗမာ စစ်အုပ်စုရဲ့ လက်ခုပ်ထဲမှာ ရှိနေတာဘဲ။ သူတို့ ပြုသမျှ နုနေရတာပေါ့။ ဥပမာ- အရင်က နိုင်ငံခြား ခရီးသည်တွေ ဝင်ထွက်ခွင့် ရှိတဲ့ သီပေါစော်ဘွားဟော် ဆိုရင် လုံးဝချိတ်ပိတ် ပစ်လိုက်ပြီ။ အဲဒီ ဟော်နန်ကိုစောင့်တဲ့ SNLD ဥက္ကဌ ခွန်ထွန်းဦးရဲ့ ဦးရီးတော် တော်ကိုလည်း ထောင်ချ ပစ်လိုက်တာဘဲ။ နောက် ကျိုင်းတုံဟော်ဆိုရင်လည်း ဖျက်ပစ်ပြီးတော့ ၉၁ ခုနှစ်မှာ။ အခုဆိုရင် ဟိုတယ် လုပ်ပစ်လိုက်တာဘဲ။ အရင်က ညောင်ရွှေစော်ဘွားဟော် ဆိုရင်လည်း အခု ဗုဒ္ဓပြတိုက် လုပ်ပစ်လိုက်တာဘဲ။

မျိုးချစ် ပြည်ချစ် စိတ်ဓာတ်ရှိတဲ့ လူတွေကတော့ နှမြောတယ်၊ စိတ်နာတယ်၊ ယူကြုံးမရ ဖြစ်တယ် အဲဒါတွေ ရှိတာပေါ့။ နည်းတာ များတာ တိမ်တာ နက်တာ ဘဲ ကွာမှာပေါ့။

ဒီကနေ့အချိန် စစ်အုပ်ချုပ်ရေးနဲ့ စော်ဘွားအုပ်ချုပ်ရေး ဘယ်ဟာကို ရှမ်းအမျိုးသားတယောက်နဲ့ လိုလားသလဲလို့ မေးရင် ဘယ်လို ဖြေဆိုချင်ပါသလဲ။

ဒီလို လူ့အခွင့် အရေး၊ ဒီမိုကရေစီ အခွင့်အရေး အပြည့်အဝ ရှိတဲ့ တိုင်းပြည်ကို မရောက်နိုင်တာခြင်း အတူတူ ခုန စနစ် ၂ ခု ယှဉ်လိုက်လို့ ရှိရင် စော်ဘွား စနစ်ကိုဘဲ လိုလား ကြမှာပေါ့။ ခပ်များများ ကတော့။ ကျနော့် အဖြေနဲ့ သိပ်မကွာကြဘူးလို့ ကျနော် သုံးသပ်တယ်လေ။

ဒီနေ့က ရှမ်းစော်ဘွားတွေ အာဏာစွန့်တဲ့နေ့ ဆိုတော့ ဘယ်လို လှုပ်ရှားမှုတွေများ ဆောင်ရွက် ကြပါသလဲ။

မရှိပါဘူး။ ဒါပေမယ့် နောက်လူငယ်တွေ သတိပေးဖို့ သမိုင်းကြောင်းကို လေ့လာဖို့၊ အမှတ်ရစေဖို့၊ မမေ့ဖို့ ဆောင်းပါးတို့ သုံးသပ်ချက်တို့ ရေးတာဘဲရှိပါတယ်။

စစ်တပ်က လွှမ်းမိုး အုပ်ချုပ်တဲ့ စနစ်က တဖြည်းဖြည်းနဲ့ နည်းသွားပြီလေ ကမ္ဘာမှာ။ အဲဒီ တိုင်းပြည်တွေ ကမ္ဘာမှာ နည်းနည်းသွားပါပြီ။ ကျနော်တို့ အနှေးနဲ့ အမြန်တော့ အတိုက်အခံ အဖွဲ့တိုင်း လိုလား တောင့်တတဲ့ တန်းတူမှု၊ မျှတမှု၊ လွတ်လပ်မှု ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို မရောက်မချင်းတော့ ဒီစစ်အုပ်စု ကြီးစိုးနေတဲ့ ကာလပတ်လုံးကတော့ ဘယ်လူတန်းစား ဘယ်လူထုမဆို ဘယ်ပြည်နယ် မဆို ဒီဘဝဆိုးကတော့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။

ပဒေသရာဇ်စနစ် ဆန့်ကျင်ရေး

၁၉၃၈ ခုနှစ်ခန့်မှစ၍ ရှမ်းပြည်မှ လူငယ်အချို့သည် နိုင်ငံရေးအသိစိတ်ဓါတ် နိုးကြား လာကာ ကိုတင်အေးနှင့် ကိုဘမောင် စသည့် ရှမ်းလူငယ်များက ဦးစီး၍ အလင်းရောင် စာကြည့်တိုက်ဖွင့်လှစ်ခြင်းကြောင့် နိုင်ငံရေးစာပေများ ပိုမိုပျံ့နှံ့လာခဲ့သည်။ ဒုတိယကမ္ဘာ စစ်အတွင်း ၁၉၄၂ ခုနှစ် မေလတွင် မြန်မာတစ်ပြည်လုံးကို ဖက်ဆစ်ဂျပန်က သိမ်းယူခဲ့ သည်။ ၁၉၄၃ ခုနှစ်တွင် ဂျပန်အစိုးရသည် မြန်မာပြည်ကို လွတ်လပ်သော နိုင်ငံအဖြစ် ကြေငြာကာ ရှမ်းပြည်နယ်များကို မြန်မာနိုင်ငံအတွင်းသို့ တည့်သွင်းလိုက်သည်။ 

A slice of life on Burma's Inlay Lake

DBN Murthy

The lake measures 22 km long and 10 km wide, about three meters deep, shaped like a narrow channel located in the heart of the Shan State, in eastern Myanmar.

As I gazed at the vast expanse of water, I thought of our own lakes, dirty and spoiled by man’s activities. Here in undeveloped Myanmar (formerly known as Burma, one of the 10 poorest nations of the world) people live in harmony with nature as evident from the fairly clean waters of this vast inland lake lying in Shan Sate, where 70,000 people live on or near it in a sustainable manner.

Junta Trying to Erase Non-Burman Identities, Say Ethnic Groups

By WAI MOE
Tuesday, April 21, 2009
The Irrawaddy

Burma’s military junta is carrying out a policy of “Burmanization” in areas under its control, using land confiscation and intermarriage, sometimes by force, to dilute ethnic identities, according to a new report by three exiled ethnic groups released on Tuesday.

The joint report, by three groups representing Burma’s Arakan, Mon and Pa-O ethnic minorities, accuses the country’s ruling generals of “looking to tighten their grip on power is through their policy of ‘Burmanization.’”

“As a greater number of troops are deployed in the border regions populated by the ethnic minorities, many soldiers move their families onto land confiscated from local villagers or are encouraged to marry local women,” said the report.

In some cases, the report claims, ethnic women are pressured to marry soldiers as a means of escaping destitution.

Titled “Holding Our Ground: Land Confiscation in Arakan & Mon States, and Pa-O Area of Southern Shan State,” the report was co-written by the Thailand-based All Arakan Students’ & Youths’ Congress (AASYC), the Pa-O Youth Organization (PYO) and the Mon Youth Progressive Organization (MYPO).

The report also claims that Burmese authorities award business contracts in their areas to soldiers, while businesses owned by local people are shifted into “the hands of regional and local authorities.”

The groups also said that in Burma, laws ban teaching ethnic languages “in order to promote Burmese as the only language.”

Such measures are part of the junta’s ongoing efforts to dilute the culture of ethnic minorities and spread the influence of the majority Burman race, the report stated.

The three ethnic groups also pointed out how military installations in Burma affect land confiscation in their areas.

“As long as the expansion of the military in ethnic states of Burma continues, land will be forcibly confiscated with little or no compensation being given to the owners,” they said in the report.

According to the report, land seized by the army is used both for military purposes and for state-run projects such as farms and other businesses operated by military personnel.

The report claimed that the military has seized more than 7,600 acres of land in Mon State since 1998 and more than 1,100 acres in Arakan State in the past five years.

The report did not include the situation in Arakan State’s Maungdaw, Buthidaung and Rathedaung townships, which are predominantly inhabited by members of the Rohingya Muslim minority group. Aung Marm Oo of the Arakan group, the AASYC, one of the co-authors of the report, said he did not include the Rohingya areas because it is a “sensitive” issue.

The Irrawaddy could not verify the facts and claims in the report with independent sources. However, a Shan independent researcher on development in Kachin State and northern Shan State recently said that ethnic language schools were allowed in areas controlled by the ceasefire groups, the Kachin Independence Organization and the Shan State Army- North.

Junta’s dual policy causing people to face food, water shortages, instability

Shan Herald Agency For News
Tuesday, 21 April 2009 15:57
Hseng Khio Fah

A new report released today called “Holding Our Ground” decries that the Burma’s military junta’s dual policy of expanding militarization and land confiscation has been causing people to face widespread problems such as food and water shortages and instability.

The report particularly focuses on three ethnic areas of Burma: Arakan State, Mon State and Pao-O region of southern Shan State, documented by three grassroots organizations: All Arakan Students and Youth Congress (AASYC), Mon Youth Progressive Organization(NYPO) and Pa-O Youth Organization(PYO).

Most people from those areas were rural people who engage in many kinds of agriculture and farmers who depend on their lands and farms to cultivate various kinds of food and vegetables for their living.

The report says the reason for land confiscation is the need to feed and financially support increasing troop numbers whose top generals have imposed a policy of self reliance where the Army must produce its own food and obtain basic materials, but also every unit has to raise fund by itself.

Each battalion is assigned 280 acres of land to produce rice plus 2 acres for every soldier who has a family to feed, according to a 2005 report by Nationalities Youth Forum (NYF).

“What usually happens is they [the junta] confiscate several times more,” a Burma watcher was quoted as saying. “For instance, in Mongnai Township, southern Shan State, there was only one Light Infantry Battalion, (LIB) # 518. According to the order the unit should have a over 320 acres, but it actually confiscated more than 10,000 acres of land.”

“This is not about holding ground, as the title of the report says,” he quipped. “This is about losing ground.”

“Lands were confiscated with little or no compensation being given to the owners,” said Aung Marm Oo from AASYC.

Another is the junta’s construction and development projects which has led to several forced labor, disastrous environmental effects and violence against ethnic nationalities and sexual harassment of local women and girls.

“Local villagers were forced to go for road construction, work in military barracks and have to act as guides for troops in search of rebel groups,” he added.

For instance, villagers in Nawng Day village, Hopong township, southern Shan State were forced to porter for the Burmese Army at least two or three times in a week from November 7, 2007 to January 1, 2008, ultimately forcing 9 of the village’s 16 households to leave.

The dual policy has also resulted in forced relocation. It is estimated that between 600,000 and 1 million people are being internally displaced people (IDPs) and most are fleeing to its neighboring countries such as Thailand, China, Malaysia and Bangladesh to seek better life.

“That is also the reason why the number of migration in the neighboring countries has been increasing,” Aung Marm Oo added.

In Burma, there were 215 infantry battalions (IB) and 340 light infantry battalions (LIB) in September 2006, according to Network for Democracy and Development (NDD), a dissident group that has been monitoring the Tatmadaw (Burma’s armed forces) for years. And about 30% of them are reported to be in Shan State.

http://www.shanland.org/index.php?option=com_content&view=article&id=2543:juntas-dual-policy-causing-people-to-face-food-water-shortages-instability&catid=87:human-rights&Itemid=285

တိုင်းရင်းသားလူငယ် (၃) ဖွဲ့ပေါင်း စစ်တပ်မှ မြေယာသိမ်းဆည်းမှုအစီရင်ခံစာ ထုတ်ပြန်

ဇော်ကြီး။

ဧပြီလ ၂၁ ရက်၊ ၂၀၀၉ ခုနှစ်။

တိုင်းရင်းသားလူငယ်အဖွဲ့ (၃)ဖွဲ့ပေါင်း၍ တိုင်းရင်းသားဒေသများတွင် မြေယာသိမ်းပိုက်ခံရခြင်းနှင့် ပတ်သက် သည့် အစီရင်ခံစာတစောင် ယနေ့ ထုတ်ဝေလိုက်သည်။

‘ကျွန်ုပ်တို့၏ မြေယာများကို သိမ်းပိုက်ထားခြင်း” ခေါင်းစဉ်ဖြင့် အစီရင်ခံစာကို ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC)၊ တိုးတက်သော မွန်လူငယ် အစည်းအရုံး (MYPO)နှင့် ပအိုဝ်းလူငယ် အစည်းအရုံး (PYO)တို့ စုပေါင်း၍ ထုတ်ဝေခြင်းဖြစ်သည်။

အစီရင်ခံစာ ခေါင်းစဉ်တပ်ရခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး အထွေထွေအတွင်းရေးမှူး အောင်မင်းဦးက ယခုလိုပြောသည်။

“အဓိကကတော့ ကျနော်တို့ ဒီတိုင်းရင်းသားဒေသတွေမှာပေါ့နော် မြေယာသိမ်းမှုတွေ ဖြစ်တယ်။ အဲတာကို နိုင်ငံတကာကရော ပြည်တွင်းပြည်ပက အတိုက်အခံအင်အားစု တွေရော သိပ်မသိ ကြဘူးပေါ့နော်။ ကျနော်တို့ဒီလိုမျိုးလုပ်လိုက်ခြင်းအားဖြင့် နိုင်ငံတကာကလည်း သိလာမယ် ဒ်ီအတိုက် အခံ အင်အားစုတွေလည်း သိလာမယ်ပေါ့နော်။ နောက်တခုက ပြည်ထဲကလူတွေပေါ့နော်၊ ရေဒီယို နားထောင်တဲ့သူတွေ၊ ဒီဖက်ကထုတ်တဲ့ စာစောင် တွေကိုကြည့်ဖို့ အခွင့်အလမ်းရတဲ့သူတွေပေါ့နော်၊ သူတို့လည်း သိသွားမှာပေါ့နော်။ ဒါကြောင့်မို့ ကျနော်တို့ ရီပို့စ် ခေါင်းစဉ်ကိုလည်း ကျွန်ုပ်တို့၏ နယ်မြေများ ကို သိမ်းပိုက် ထားခြင်းလို့ ပေးရခြင်း ဖြစ်ပါတယ်။”

ဒေသခံများအနေဖြင့် လျော်ကြေးတစုံတရာမရဘဲ မြေယာအသိမ်းခံရမှုများအပြင် စစ်တပ် တည်ဆောက်ခြင်းနှင့် အခြားတပ်တွင်း လုပ်ငန်းများ၌ အဓမ္မ လုပ်အားပေးစေခိုင်းခံရမှုများ လည်းရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့တန်းလျားတွေဆောက်တဲ့ဟာ၊ အဆောက်အဦတို့ ဆောက်တဲ့ဟာ၊ လမ်းတံတား တွေဆောက်တဲ့ ဟာပေါ့ သူတို့လုပ်ပေးရတာတွေရှိတယ် ရွာသားတွေအနေနဲ့ပေါ့နော်။ နောက်တခုက သူတို့ပုဇွန်ကန်တို့ ငါးကန်တို့ လုပ်တဲ့ခါမှာလည်း လုပ်အားပေးရတာလည်း ရှိတယ်။ လယ်တွေကိုသိမ်းတယ်။ အဲဒီရွာသား တွေဆီက လယ်တွေကို သိမ်းတယ်။ အဲဒီ ရွာသားတွေကပဲ အဲဒီလယ်တွေကိုထွန်ပေးရတယ်။ ရိတ်သိမ်းပေးရတာပေါ့။ ကောက်ပဲသီးနှံတွေ။ ကိုယ့်ဟာနဲ့ကိုယ်လာပြီး ကိုယ့်ထမင်းနဲ့ ကိုယ်ယူလာ ပြီးတော့ လုပ်အားပေးရ တယ်။ လျော်ကြေးပေးတာတွေ တန်ရာတန်ကြေးပေးတာတွေမရှိဘူး။”

၁၉၉၅ မှ ၂၀၀၅ ခုနှစ်အတွင်း၌ ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းဒေသမှ ဒေသခံများ၏ မြေယာသိမ်းခံရမှုကြောင့် အလုပ်လက်မဲ့များလာပြီး ဘိန်းစိုက်ပျိုးမှု ပိုမိုတိုးလာသည်ဟု ပအိုဝ်းလူငယ်များအစည်းအရုံး အထွေထွေ အတွင်းရေးမှူး ခွန်ချန်ကီ က ယခုလို ပြောသည်။

“ကျနော်တို့ ပအိုဝ်းဒေသမှာဆိုရင် ရှမ်းပြည်တောင်ပိုင်းမှာဆိုရင် ဘိန်းစိုက်ပျိုးမှုများ လာတယ်။ အခုအစိုးရက ပြောနေတယ် ဘိန်းအစားထိုးသီးနှံလို့ ပြောနေတယ်။ တကယ်တန်းကျတော့ ဘိန်းအစားထိုး သီးနှံ မဟုတ်ဖူး။ သီးနှံအစားထိုးဘိန်းလို့ ကျနော်တို့ ဆိုလိုချင်တယ်။ ဒါကြောင့် ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတာကို သူတို့ကမြေသိမ်းတာ၊ သိမ်းပြီးတော့မှ လူတွေက မြေကွက်ကိုထပ်ရဖို့ မလွယ်ဘူးလေ။ အဲတာ ဘိန်းလုပ်ငန်းကို စိတ်ဝင် စားလာကြတယ်။ တောင်ပေါ် ဒေသတွေမှာ အဲလိုမျိုး ဘိန်းကိုစိုက်လာကြတာပေါ့။”

လွန်ခဲ့သည့် ၁၀ နှစ် အတွင်းက ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းဒေသတို့တွင် မြန်မာစစ်အစိုးရ တပ်ရင်းများတိုးချဲ့ချထားမှုကြောင့် ဒေသခံတို့၏ မြေယာများ တပ်ပိုင်မြေအဖြစ် အသိမ်းခံခဲ့ ရခြင်းကို ၂၀၀၈ ခုနှစ်အတွင်းက စစ်တမ်း ကောက်ယူ၍ ဖော်ပြခဲ့ခြင်းဖြစ်သည် အစီရင်ခံတွင် ဖော်ပြထားသည်။

http://www.nmg-news.com/nmg/news210409a.html

"Holding Our Ground" Land Confiscation in Arakan & Mon States, and Pa-O Area of Southern Shan State

"Holding Our Ground" Land Confiscation in Arakan & Mon States, and Pa-O Area of Southern Shan State

Expanding Militarisation in Burma Robbing People of their Land

Embargoed for April 21, 2009

Burma’s military junta’s policy of land confiscation and human rights abuse to support ever increasing army numbers has been documented in a new report by three grassroots Burmese political organisations: All Arakan Students’ and Youths’ Congress, Mon Youth Progressive Organization and Pa-O Youth Organization, called “Holding Our Ground”.

Primary research and first-hand testimony from numerous victims included in the report exposes the violations and abuse they have suffered at the hands of the State Peace and Development Council (SPDC), Burma’s ruling military regime.

The SPDC’s ongoing dual policy of increasing militarisation and forced land confiscation without compensation causes widespread problems throughout Burma. However, this report focuses on three areas – Arakan State, Mon State and the Pa-O region of southern Shan State. This is because the treatment received by the people in these areas has attracted only limited media attention in the past.

“The abundance of natural resources and biodiversity, together with the presence of rebel groups, have seen these three areas suffer a high level of land confiscation as part of the SPDC’s policy of increased militarization and the exploitation of natural resources for profit” said Aung Marm Oo, the chief author of the report.

By robbing people of the land from which many make their living, many citizens face drastic problems such as food and water shortages, an inability to educate their children or find work.

“The main reason for land confiscation is the need to feed and financially support increasing troop numbers” he added.

One of the further reasons for land confiscation is government construction and development projects. These projects often use forced labour and have disastrous environmental effects in many areas. All of which has lead to people having severe health problems throughout the country. Consequently, tens of thousands of people are fleeing Burma in search of a better life.

“The army is based there not for waging war but for guarding foreign companies involved in oil and gas exploration in Arakan coastal areas”, a villager from a village in Kyauk-phru township said.

For further information contact any of the following:

Aung Marm Oo (AASYC)
081-6736326 (mobile)
055 506 618 (off)
aung.marmoo@gmail.com
aasyc.ghq@gmail.com


Aie Son (MYPO)
08-37618086 (mobile)
034 595 614 (off)
aieson1980@yahoo.com
mypo_office@yahoo.com


Tun Tin (PYO)
08-52884211 (mobile)
055 533 115 (off)
khunchankhe@gmail.com
pyohq@yahoo.com

ပဒေသရာဇ်စနစ် တော်လှန်ရေး။

ပထမကမ္ဘာစစ်အပြီးတွင် ဥရောပနိုင်ငံများသည် စီးပွားရေးကျဆင်းလာမှုကြောင့် ဗြိတိသျှ ကိုလိုနီအုပ်ချုပ်မှုအောက်ရောက် မြန်မာပြည်ကိုလည်း အထွေထွေအကျပ်အတည်းများ ရိုက်ခတ်လာသည်။ စီးပွားရေးကျပ်တည်းမှုကြောင့် နယ်ရှင်စော်ဘွားများလည်း ခါတိုင်း ထက် အခွန်ကို (၅ဝ)ရာခိုင်နှုန်း တိုးမြင့်ကောက်ခံသဖြင့် သေမထူးနေမထူးဆင်းရဲသား ပြည်သူများသည် ပဒေသရာဇ်စနစ်ကို တော်လှန်လိုသော စိတ်ဓါတ်ပြင်းပြလာကြသည်။ 

မြို့ဈေးဆင်းသည့် ပအိုဝ်းရွာသားများအပေါ် နအဖစစ်သားငွေညှစ်

ဗုဒ္ဓဟူးနေ့၊ 01 ဧပြီလ 2009 သျှမ်းသံတော်ဆင့်

လဲချား အခြေစိုက်တပ်ရင်းမှ နအဖ စစ်သားများ မိုင်းကိုင်မြို့ အနောက်ဘက်၌ နယ်လှည့်စခန်းချပြီး မြို့ထဲဆင်းသည့် တောင်ပေါ်မှ ကျေးလက် လူထုအပေါ် ပိုက်ဆံများ ညှစ်ယူနေကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်းရပ်ကွက်ကဆိုသည်။

မတ်လ နှောင်းပိုင်းက လဲချားအခြေစိုက် ခလရ ၆၄ မှ ဗိုလ်မှူးကျော်စွာလင်း ဦးဆောင်သည့် အင်အား ၂၀-၃၀ ပါ စစ်ကြောင်း တကြောင်းသည် မိုင်းကိုင် အနောက်ဘက်သို့ စစ်ကြောင်း လှည့်လည်စဉ် ကုန်းကန်ရွာ၌ ဂိတ်စခန်း ထောင်ပြီး တောင်ပေါ်မှ မိုင်းကိုင်မြို့သို့ ဈေးဆင်းဝယ်သည့် (ကောင်းဖယ်ရွာနှင့် နောင်ဟွယ်ရွာ) ပအိုဝ်း နှင့် သျှမ်း ရွာသားများ အပေါ် ပိုက်ဆံသောင်းချီ ခြိမ်းခြောက်ငွေညှစ်ခဲ့သည်ဟု ဆို၏။

ဒေသခံတဦးက “တောင်ပေါ် ကျေးလက်လူထု မြို့ထဲဈေးသွားရင် ဘိန်းတွေ သယ်သွား ရောင်းတတ်တယ်ဆိုပြီး စွပ်စွဲရှာ ဖွေတယ်။ မြို့ဈေးက အပြန် ရွာသားတွေ ၀ယ်လာတဲ့ ဆေးဝါး၊ ဓါတ်ခဲ၊ အခြားအသုံး အဆောင်ပစ္စည်း တွေ့မိရင် သူပုန် တွေကိုသွားထောက်ပံ့ဖို့ ၀ယ်တာဖြစ်ရမယ်လို့ ခြိမ်းခြောက်ပြီး ငွေညှစ်ပြန်ရော” ဟုဆို၏။

မိုင်းကိုင်မြို့မှ ခေတ်ပညာတတ် လူငယ်တဦးကလည်း - “တခါတလေ ဗမာစကား မပြောတတ်တဲ့သူနဲ့တွေ့ရင် ထိုးနှက် ကန်ကျောက်တယ်။ သူပုန်လို့ငြိုးတယ်။ အူကြောင်ကြောင် အတတ လုပ်ရင်တော့ ပိုက်ဆံတွေ့ရင် အကုန်ယူတာဘဲ” ဟု ဆို၏။

မတ်ခ်ျ ၂၀ ရက်နေ့မှစ၍ ယနေ့အထိ အဆိုပါ စစ်ကြောင်း အား ပိုက်ဆံ ပေးရသည့် သျှမ်း၊ ပအိုဝ်းရွာသား ၁၀ ဦးကျော် ရှိပြီဖြစ်ကြောင်း၊ တယောက်လျှင် အနည်းဆုံး ကျပ် ၂၀၀၀ မှ ၅၀၀၀ အထိ ပေးခဲ့ရကြောင်း၊ ယခင်က နှင့်မတူဘဲ ဗမာစကား မတတ်ကျွမ်းသည့် ရွာသားများ မြို့ထဲဆင်းရန် အခက်အခဲကြုံနေရကြောင်း သိရပါသည်။

http://www.mongloi.org/burmese/index.php?option=com_content&view=article&id=387:2009-04-01-11-56-14&catid=90:2008-08-03-06-47-55&Itemid=289